ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
1
Photo
Update New:ဂန့်ဂေါမြို့နယ်၊​မြင်းဇာကျေးရွာရှိ ဘုန်းကြီးကျောင်းကို  ယနေ့ညအစောပိုင်း လေကြောင်းမှ ဗုံးကြဲချတိုက်ခံရမှုကြောင့် ဘုန်းကြီး၁ပါးနှင့်ကိုရင်၁ပါး မစိုးရိမ်ရဒဏ်ရာများရရှိ၊ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အဦးတချို့ ဗုံးစများထိမှန်ပျက်စီးမီးလောင်။

၇.၁.၂၀၂၆/သတင်း-ရောင်နီ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊မြင်းဇာကျေးရွာအတွင်းရှိ ဘုန်းကြီးကျာင်းကို  ယနေ့ညအစောပိုင်း ၆နာရီ၃၆မိနစ်အချိန်က တံတားဦးလေတပ်မှတက်လာသော Yak-130 Fighter Jet(၁)စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပါသည်။ဂျက်ဖိုက်တာမှ (Rocket)ဗုံးသီး၂လုံးဖြင့် ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်သွားကြောင်း ဒေသခံများထံကသိရှိရပါတယ်။

*ဂျက်ဖိုက်တာနဲ့ဘုန်းကြီးကျောင်းကို ချသွားလို့ ကျောင်းက ဘုန်းကြီး၁ပါးနဲ့ကိုရင်လေး၁ပါး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်ဗျ၊ကျောင်း၀ိုင်းအတွင်းက အဆောက်အဦးတချို့တော့ ဗုံးစထိမှန်ပြီး မီးလောင်တာနဲ့ပျက်စီးမှုတစ်ချို့ ရှိခဲ့တယ်။ဂျက်ဖိုက်တာက ကလေးမြို့နယ်ဘက်ကနေပတ်ပြန်ပြီးဝဲလာခဲ့တာဗျ ပစ်မှတ်နေရာကို မချခင် အခြားနေရာတွေကိုပျံသန်းပြီးမှ လာချသွားတာပါ၊ခုလ်ိုကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတ်ိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့လေကြောင်းရန်အန္တရာယ်ကို အထူးသတိထားဖို့လိုအပ်နေကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ယောအလင်းတန်းကိုပြောကြားထားပါတယ်ယ်။ဂန့်ဂေါမြို့နယ်အတွင်းကို ယခုလ၃ရက်နေ့မှစ၍ လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်လာနေတာကြောင့် ပြည်သူတွေအနေဖြင့် လေကြောင်းသတိနှင့်လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန်လိုအပ်နေပါသည်။

ဂန့်ဂေါမြို့နယ်တွင်Y12၊ဂျက်ဖိုက်တာတို့ဖြင့်  ယခုလ၃ရက်နေ့မှစ၍ နေ့စဥ်လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၈)ကြိမ်ထက်မနည်းရှိနေပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရှိသူများလည်း ရှိနေပါသည်။စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့်ယခုလအတွင်း ဂန့်ဂေါခရိုင်(ယောဒေသ)အတွင်းမှာ ထိခိုက်ဒဏ်ရာရှိသူ၅ဦးထက်မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ထီးလင်းမြို့နယ်အတွင်းက သေဆုံးသူအမျိုးသား၁ဦးရှိခဲ့ပါတယ်။ထီးလင်းမြို့နယ်အတွင်း ယနေ့မနက်Y12ဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် ၃နှစ်အရွယ်ကလေးငယ် ၁ဦးအပါအ၀င် ၃ဦးထိခိုက်ဒဏ်ရာရရှိကာ ထိုထဲမှ အမျိုးသား၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရှိရပါသည်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေသော ဂန့်ဂေါမြို့နယ်ဟာ လာမည့် ဇန်နဝါရီလ၁၁ရက်နေ့တွင် အတုအယောင်ရွေးကောက်ပွဲကို မြို့ပေါ်မှာသာ ကျင်းပပြုလုပ်မည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။၎င်းတို့ရဲ့အတု​အယောင်ရွေးကောက်ပွဲပြုလုပ်မည့်ရက်နီးလာသည်နဲ့အမျှ ဂန့်ဂေါမြို့နယ်အတွင်းနေရာများကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်နေခြင်းဖြစ်ပါသည်။

ပုံ~မြင်းဇာကျေးရွာဘုန်းကြီးကျောင်းဗုံးကြဲချတိုက်ခိုက်ခံရခြင်းများ။

ယောအလင်းတန်း
3👍1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆ /၂၅၇/၂၅၈မှ စခများ အနောက်မြောက်အရပ်သို့ ဦးတည်ထွက်ခွာနေကြောင်းသတင်းရရှိ။

#WES
8:05am,Jan 8

#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ်

ပခုက္ကူမြို့ တပ်မ ၁၀၁ မှတပ်လာသော စက်တတ်လေထီးParamotor 2 စီးဖြင့်မြိုင်မြို့နယ် စက်မှု့ 2 စက်ရှံ အတွင်းသို့ ရိက္ခာ ခဲးရမ်းများပေးပို့သွားကြောင်း သိရပါသည်။

#3starmyaing
Jan-8 , 8:31AM
📬 သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်⚠️

ပခုက္ကူမြို့နယ် ကန်တော်ရွာစစ်ခွေးဂိတ်နှင့် ဘုန်ကြီးကျောင်းထဲတွင် ရောက်ရှိနေသော စစ်ခွေးပျူခွေးစစ်​ကြောင်းသည်၊ လူစစ်တန်းစီးပြီး ထွက်ရန်ပြင်ဆင်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
𝐉𝐚𝐧-8,8:25𝐀𝐌
#3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
1👍1
ပေါက်မြို့နယ် ⚠️

ပေါက် ကပစ (24.မှာယနေမနက် 7.နာရီခမ့်မှာထွက်လာသော စကစ အင်အား.200.ဝင်ကျင်မှာ ပေါက်နယ်အနောက်တောင်ပိုင်ကျောက်တံခါးရွာသိုယောက်ရှိနေကျောင်သီရပီ
‌7..1..2026
ရေဖြူရွာမှာထွက်လာသော စကစ နှင် ပျူ ခတ်မှန်အင် 100ခမ့်မှာရေဖြူအရှေဘက်ကျောက်ခွဲစက်အ‌ေရှ‌‌ေမြာက်ဖက်ယောက်နေကျောင်သီရ

ပခုက္ကူမြို့နယ်⚠️

..........‌8.1.2025.
ပခုက္ကူ တတ်မ 101.မှာ 6.ရက်နေကထွက်လာသော စကစ များမှာ ကံတောပြင်ရွာမှာတစ်ဆင် အနောက်သို စတင်ထွက်ခွာနေကြောင်းသိရ

ပေါက်မြို့နယ် ⚠️

ပေါက်မြို နယ်အနောက်တောင်ပိုင်
ကျောက်တံခါးရွာသို စကစများဝင်ယောက်နေကျောင်သီရပီ ကျောက်တံခ့ါးရွာသီု့ခရီဖျတ်သွာမည်မီဘပြီသူများ အနေဖြင်ဖျတ်မသွာကျပါရန်အသီပေအပ်တယ်

#ရောင်နီဌာနေ
#3starmyaing
Jan-8 , 9:44AM
📬 သတင်းပေးပို့ရန် @myaing3starbot
2👍2
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်တော်ရွာမှ ထွက်ခွာလာသော စခစစ်ကြောင်းမှာ ရွာသာယာရွာသို့ရောက်ရှိနေကြောင်းသိရ..
(စစ်ကြောင်းသတိပြုနေကြပါရန်)

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰10:02AM
@Daungmin
#MRSN
Jan-8 , 10:10AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
Breaking New:ဂန့်ဂေါမြို့​အနီးရှိ မြင်းဇာကျေးရွာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရ။

၇.၁.၂၀၂၆/သတင်း-ရောင်နီ

ဂန့်ဂေါမြို့​​အနီးရှိ မြင်းဇာကျေးရွာကို စစ်ကောင်စီမှ ယခုည ၆နာရီ၃၆မိနစ်အချိန်က တံတားဦးလေတပ်မှတက်လာသော ဂျက်ဖိုက်တာ၁စီးဖြင့် လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲချတိုက်ခိုက်သွားသည်ဟု ကနဦးစုံစမ်းသိရှိရပါသည်။အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများလည်း ရှိနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲချသွားသည့် မြင်းဇာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဒေသခံများထံက သိရှိရပါသည်။

ဂန့်ဂေါမြို့နယ်ဟာ ယခုလ၃ရက်နေ့မှစ၍ နေ့စဥ်မပြတ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံနေရပြီး ယခုညလေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူများနေတဲ့ကျေးရွာကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပါသည်။ထို့ကြောင့် ပြည်သူများအနေနဲ့ညပိုင်းအချိန်များတွင် လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြပါရန် သတ်ိပေးအပ်ပါသည်။

Update New:ဂန့်ဂေါမြို့နယ်၊​မြင်းဇာကျေးရွာရှိ ဘုန်းကြီးကျောင်းကို ယနေ့ညအစောပိုင်း လေကြောင်းမှ ဗုံးကြဲချတိုက်ခံရမှုကြောင့် ဘုန်းကြီး၁ပါးနှင့်ကိုရင်၁ပါး မစိုးရိမ်ရဒဏ်ရာများရရှိ၊ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အဦးတချို့ ဗုံးစများထိမှန်ပျက်စီးမီးလောင်။

၇.၁.၂၀၂၆/သတင်း-ရောင်နီ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊မြင်းဇာကျေးရွာအတွင်းရှိ ဘုန်းကြီးကျာင်းကို ယနေ့ညအစောပိုင်း ၆နာရီ၃၆မိနစ်အချိန်က တံတားဦးလေတပ်မှတက်လာသော Yak-130 Fighter Jet(၁)စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပါသည်။ဂျက်ဖိုက်တာမှ (Rocket)ဗုံးသီး၂လုံးဖြင့် ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်သွားကြောင်း ဒေသခံများထံကသိရှိရပါတယ်။

*ဂျက်ဖိုက်တာနဲ့ဘုန်းကြီးကျောင်းကို ချသွားလို့ ကျောင်းက ဘုန်းကြီး၁ပါးနဲ့ကိုရင်လေး၁ပါး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်ဗျ၊ကျောင်း၀ိုင်းအတွင်းက အဆောက်အဦးတချို့တော့ ဗုံးစထိမှန်ပြီး မီးလောင်တာနဲ့ပျက်စီးမှုတစ်ချို့ ရှိခဲ့တယ်။ဂျက်ဖိုက်တာက ကလေးမြို့နယ်ဘက်ကနေပတ်ပြန်ပြီးဝဲလာခဲ့တာဗျ ပစ်မှတ်နေရာကို မချခင် အခြားနေရာတွေကိုပျံသန်းပြီးမှ လာချသွားတာပါ၊ခုလ်ိုကျေးရွာတွေကို ပစ်မှတ်ထား လေကြောင်းတ်ိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့လေကြောင်းရန်အန္တရာယ်ကို အထူးသတိထားဖို့လိုအပ်နေကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ယောအလင်းတန်းကိုပြောကြားထားပါတယ်ယ်။ဂန့်ဂေါမြို့နယ်အတွင်းကို ယခုလ၃ရက်နေ့မှစ၍ လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်လာနေတာကြောင့် ပြည်သူတွေအနေဖြင့် လေကြောင်းသတိနှင့်လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန်လိုအပ်နေပါသည်။

ဂန့်ဂေါမြို့နယ်တွင်Y12၊ဂျက်ဖိုက်တာတို့ဖြင့် ယခုလ၃ရက်နေ့မှစ၍ နေ့စဥ်လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၈)ကြိမ်ထက်မနည်းရှိနေပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရှိသူများလည်း ရှိနေပါသည်။စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့်ယခုလအတွင်း ဂန့်ဂေါခရိုင်(ယောဒေသ)အတွင်းမှာ ထိခိုက်ဒဏ်ရာရှိသူ၅ဦးထက်မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ထီးလင်းမြို့နယ်အတွင်းက သေဆုံးသူအမျိုးသား၁ဦးရှိခဲ့ပါတယ်။ထီးလင်းမြို့နယ်အတွင်း ယနေ့မနက်Y12ဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် ၃နှစ်အရွယ်ကလေးငယ် ၁ဦးအပါအ၀င် ၃ဦးထိခိုက်ဒဏ်ရာရရှိကာ ထိုထဲမှ အမျိုးသား၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရှိရပါသည်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေသော ဂန့်ဂေါမြို့နယ်ဟာ လာမည့် ဇန်နဝါရီလ၁၁ရက်နေ့တွင် အတုအယောင်ရွေးကောက်ပွဲကို မြို့ပေါ်မှာသာ ကျင်းပပြုလုပ်မည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။၎င်းတို့ရဲ့အတု​အယောင်ရွေးကောက်ပွဲပြုလုပ်မည့်ရက်နီးလာသည်နဲ့အမျှ ဂန့်ဂေါမြို့နယ်အတွင်းနေရာများကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်နေခြင်းဖြစ်ပါသည်။

ပုံ~မြင်းဇာကျေးရွာဘုန်းကြီးကျောင်းဗုံးကြဲချတိုက်ခိုက်ခံရခြင်းများ။

ဂန့်ဂေါမြို့၊ခလရ(၅၀)တပ်မှ ယနေ့ညတွင်မြို့အနီးကျေးရွာတွေဘက်ကို ၁၂၀မမလက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ။

၇.၁.၂၀၂၆/သတင်း~ရောင်နီ

ဂန့်ဂေါမြို့၊ခလရ(၅၀)တပ်မှ မြို့အနီးကျေးရွာတွေကို ယနေ့ည ၁၀နာရီ၁၅မိနစ်အချိန်ကစ၍ ၁၂၀မမလက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရှိရပါသည်။အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိမရှိ မသိရှိရသေးပါ။

``လက်နက်ကြီးပစ်နေတယ် ၊၁၂၀မမတွေထင်တယ် အသံကတော်တော်ကျယ်တယ်ဗျ။မြို့ပေါ်ကနေ ဒီတိုင်းကြားနေရတာ။ပစ်နေတာက မြစ်အနောက်ဘက်ကမ်းရှိ စိုင်ဒူး၊ဇဟော၊လုံဟော စတဲ့ရွာတွေဖက် ကျမယ်ထင်တယ် ခုထိပစ်သံကြားရတာတော့ ၂ချက်ထိရှိပြီဖြစ်ကြောင်း ´´ဂန့်ဂေါမြို့ဒေသခံတစ်ဦးက ယောအလင်းတန်းကိုပြောပါတယ်။ခလရ(၅၀)တပ်မှ ထပ်မံ၍ လက်နက်ကြီးပစ်ခတ်ခြင်းများကို ပြုလုပ်လာန်ိုင်၍ မြို့အနီးကျေးရွာတွေအနေနဲ့ လက်နက်ကြီးအန္တရာယ်အပြင် မြို့ထဲမှ ရုတ်တရက်ထွက်လာတတ်သော မြေပြင်စစ်ကြောင်းအန္တရာယ်များလည်း
1
အထူးသတိကြုနေထိုင်ကြပါရန် သတိပေးအပ်ပါသည်။

ဂန့်ဂေါမြို့၊ခလရ(၅၀)တပ်မှစစ်ကောင်စီတပ်သားများဟာ ဇန်နဝါရီလ ၁၁ရက်နေ့ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မြို့အနီးအနားရှိကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ပြီး မြို့အနီးကို တော်လှန်ရေးတပ်ဖွဲ့များမကပ်လာန်ိုင်အောင် ကြိုတင်ပြင်ဆင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံကသိရှိရပါသည်။

ယောအလင်းတန်း
#MRSN
Jan-8 , 10:13AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
2👍2
ရေစကြိုမြို့နယ်

ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ခွေးတပ်များမှ အနောက်မြောက်အရပ်သို့ ထွက်လာသော စစ်ခွေးများသည်၊ ဇီးတော ပျူရွာသို့ ဝင်ရောက်နေကြောင်း သိရ။

Jan-8-10:10AM

AZ...🦅

7StarMyaing

📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
1👍1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ရွာမှ ထွက်လာသော အကြမ်းဖက်ခွေးစစ်ကြောင်းသည် ရွာသာယာရွာမှတဆင့် ကံရပ်ကြီးရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

NY..🦅
Jan 8, 10:49 AM

7StarMyaing

📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
1
ပခုက္ကူမြို့နယ် 🔥

ပခုက္ကူမြို့နယ် ကန်တော်ရွာ မှထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ပခုက္ကူမြို့နယ်ကံရပ်ကြီးရွာမှ ပြည်သူပိုင်နေအိမ်များအား မီးရို့နေကြောင်း သိရပါသည်။

#3starmyaing
Jan-8 , 10:54AM
📬 သတင်းပေးပို့ရန်
@myaing3starbot
👍1
ထီးလင်းမြို့ကို တပ်မ ၉၉ မှတပ်ဖွဲ့ဝင်များ အစားထိုးစစ်ကြောင်းအဖြစ်ရောက်ရှိလာ

8.1.2026 ၊ထီးလင်း

မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့ကို အစားထိုး (တပ်သားအလဲအပြောင်း)စစ်ကြောင်းအဖြသ် တပ်မ ၉၉ တပ်က စစ်အုပ်စုတပ်ဖွဲ့ဝင်များ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ယမန်နေ့ဇန်နဝါရီလ ၇ ရက်နေ့မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် မုံရွာနမခ ကနေ Mi 17 စစ်ထောက်ပို့ ရဟတ်ယာဥ် ၂ စီးနဲ့ ထီးလင်းမြို့ကို ပို့ဆောင် လူစားထိုး အလဲအပြောင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောပါတယ်။

တပ်မ ၉၉ တပ်ဟာ မန္တလေးတိုင်း၊မိတ္ထီလာမြို့အခြေစိုက် တပ်မတစ်ခုဖြစ်ပါတယ်။စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်က အဆိုပါ တပ်မ ၉၉ က တပ်သားအများအပြားကို ကရင်နီပြည်နယ်ကို စစ်ကူပို့ဆောင်ပေးခဲ့ဖူးပါတယ်။တော်လှ-န်ရေးစွမ်းရည်ကောင်းလှတဲ့ ကရင်နီပြည်မှာ ဘီလူးစစ်ကြောင်းဆိုပြီး နယ်မြေတွေမှာ စစ်ကြောင်းထိုးလှုပ်ရှားခဲ့ရာ တပ်မ ၉၉ စစ်ကြောင်းတစ်ခုလုံး ပြု-တ်ခဲ့တဲ့ ဖြစ်စဥ်ကတော့ အထင်အရှားဖြစ်ခဲ့ဖူးပါတယ်။

ထီးလင်းမြို့မှာ အရင်ရှိနေတဲ့ တပ်မ ၃၃၊တပ်မ ၇၇၊တပ်မ ၂၂၊တပ်မ ၅၅နဲ့ တပ်မ ၁၀၁ စတဲ့တပ်ပေါင်းစုက အင်အား ၁၂၀ ကျော်ခန့်ကို ယခု မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ကတပ်ဖွဲ့ဝင်များ၊ပစ ခေါ် စစ်မှုထမ်းတပ်သားသစ်များဖြင့် အဓိက အစားထိုးပြုလုပ်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ရဟတ်ယာဥ် ၂ စီးနဲ့ ယမန်နေ့က တပ်မ ၉၉ တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ရောက်ရှိထားပြီး ယနေ့မှာလည်း အင်အား ၆၀ ခန့်ကို ရဟတ်ယာဥ် ၂ စီးဖြင့်ထပ်မံပို့ဆောင်ဖို့ရှိနေတာကြောင့် ထီးလင်းမြို့ပတ်လည်ကို စစ်အုပ်စုတပ်ဖွဲ့များ ကင်းပုန်းများချထားတယ်လို့သိရပါတယ်။

အနယ်နယ်အရပ်ရပ်မှာ စစ်အုပ်စုနဲ့ ပြည်သူ့တော်လှ-န်ရေးအင်အားစုများ တို-က်ပွဲတွေ ပြင်းးထ-န်ဖြစ်ပွားနေတာကြောင့် လူစားထိုးအပြောင်းလဲလုပ်တာကလွဲရင် အင်အားထပ်တိုးတာတွေကို လုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း၊ယခုလို အဖွဲ့လိုက်၊စစ်ကြောင်းလိုက် ပြောင်းလဲမှုတွေလုပ်တယ်ဆိုတာကလည်း နေရာတခုတည်းမှာ အနေကြာလာတာနဲ့အမျှ သက်ဆိုင်ရာ ဒေသခံ တော်လှ-န်ရေးအဖွဲ့အစည်းတွေဖြင့် နားလည်မှုယူ မိမိတို့အသက်မ​ေ သစေရေးအတွက် အနေအစားချောင်အောင် ပြုမှုနေထိုင် နိုင်တာကြောင့် အပြောင်းအလဲကို လုပ်ဆောင်ရတာဖြစ်တယ်လို့ စစ်သတင်းရင်းမြစ်ကပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jan-8 , 11:28 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
3
ပေါက်

တံတားဦးလေတပ်မှတပ်လာသော Y-12(1).စီ=ပေါက်နယ်တောင်ပိုင် ပင်တောင်ပျူရွာ သို့ ရိက္ခာခဲးရမ်းထုပ်ဟုယူဆရသော

10=31=1=ထုပ်
10=36=1=ထုပ်
10=41=1=ထုပ်
10=45=1=ထုပ်
10=49=1=ထုပ်
10=53=1=ထုပ်
10=57=1=ထုပ်

(7).ကျိုမ် (7)ထုပ်ချပေးသွားကြောင်းသိရပါသည်။
.
📡..#-ရောင်နီဌာနေ
#3starmyaing
Jan-8 , 12:04PM
📬 သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ် 🛑

မြိုင်မြို့နယ် ညောင်ကုန်းရွာနှင့် မကျည်းကန်ရွာကြား တစ်နေရာသို့ မိထ္ထီလာရှမ်းတဲ့လေတပ်မှတပ်လာသော ဂျတ်ဖိုက်တာတစ်စီးဖြင့် ယနေ့မနက်(6:02AM) အချိန်က လေကြောင်းတိုက်ခိုက်မှု့ ၂ကြိမ်ပြုလုပ်သွားကြောင်း သိရပါသည်။

#3starmyaing
Jan-8 , 12:45PM
📬 သတင်းပေးပို့ရန်@myaing3starbot
2👍1
ပေါက်မြို့နယ် ⚠️

8..1..2026
ရေဖြူ အရှေ့ဘက် ကျောက်ခွဲစက်မှာ.ယနေမနက် 8.နာရီ50.မီနစ်ခမ်မှာထွက်လာသော စကစ ခွေး(100).ခန့်မှန်းက ရေဖြူတောင်ဘက် (၂).မိုင်ခန့်အကွာသိုရောက်ရိုနေကြောင်းသိရပါသည်။

ကပစ ၂၄မှ ၁၁ နာရီခန့်က စကစခွေအင်အား.70.ခန်မြောက်အရပ်သို့ထွက်ခွာသွားကြောင်းသီရပါသည်။

#ရောင်နီဌာနေ ပြည်သူအကြိုးပြု

#3starmyaing
Jan-8 ,1:00PM
📬 သတင်းပေးပို့ရန် @myaing3starbot
2
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် ကံရပ်ကြီးရွာမှ ပြည်သူနေအိမ်များအား မီးရှို့ခဲ့သော စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူမြို့နယ် ကံရပ်ကြီးရွာနှင့် ကန်တိန်ရွာကြားတွင်ရှိနေကြောင်းသိရပါသည်။

#3starmyaing
Jan-8 , 1:27PM
📬 သတင်းပေးပို့ရန်
@myaing3starbot
2
Jan 8
2:00PM

ဧရာဝတီမြစ်ကြောင်းမှ တက်လာသော စခ စစ်ကြောင်းသည် တောင်သာမြို့နယ် နှင့် ညောင်ဦးအစပ်ရှိ မာလာ(တောင်သာ)မြစ်ဆိပ်သို့ရောက်ရှိနေပြီး သေနတ်များပစ်ဖောက်နေ၊

ပြည်သူများဂရုစိုက်ကြပါ

လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာ

#3starmyaing
Jan-8 ,2:05PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍21
ဂန့်ဂေါမြို့တွင် စစ်ကောင်စီမှပြုလုပ်မည့်ရွေးကောက်ပွဲနေ့တွင် မြို့ကို တော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်မှာကို စိုးရိမ်၍ ယနေ့မှစ၍ အင်အားအများအပြားဖြင့် မြို့ထဲကိုကင်းပတ်နေ။

၈.၁.၂၀၂၆/သတင်း-ရောင်နီ

ဂန့်ဂေါမြို့တွင် ယနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက်ပိုင်း ၁၁နာရီအချိန်မှစ၍ ခလရ(၅၀)တပ်ရှိ စစ်ကောင်စီတပ်သားများ၊မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များပါသော ကား၆စီးဖြင့် မြို့ထဲကို လှည့်ပြီးကင်းပတ်နေကြကြောင်းသိရှိရပါသည်။မြို့ပေါ်ကို ကင်းပတ်နေကြသော စစ်ကောင်စီတပ်ဖွဲ့များဟာ အင်အား ၅၀ကျော် ပါဝင်ပြီး ကား၁စီးပေါ်တွင် ပွိုင့် ၅စက်သေနတ်ပါ တင်ထားကြောင်းစုံစမ်းသိရှိရပါတယ်။

``ခလရ၅၀တပ်ကနေ ထွက်လာကြတာ ကား၆စီးနဲ့အင်အား၅၀ကျော်လောက်ပါတယ်၊ကား၆စီးထဲက လူကြီးစီးတဲ့၁စီးပေါ်မှာ ပွိုင့်၅စက်သေနတ်တစ်လက်တင်ထားတယ်။ရွေးကောက်ပွဲက ၁၁ရက်နေ့လုပ်မှာဆိုတော့ မြို့အနား တော်လှန်ရေးတပ်ဖွဲ့တွေ မကပ်ရဲအောင်လို့ အင်အားပြတဲ့သဘောနေမယ်ဗျ။ညကလည်း မြစ်အနောက်ဘက်ခြမ်းကို ၁၂၀မမ ၂ချက်ထုသေးတယ် ဘယ်နားတွေကျလည်းတော့မသိဘူး။နောက်ပြီး ဒီနေ့ကစမြို့အ၀င်ဂိတ်တွေမှာ လုံခြုံရေးတိုးထားတယ်လို့လည်း ကြားနေရကြောင်း ´´ဂန့်ဂေါမြို့နေပြည်သူတစ်ဦးက ယောအလင်းတန်းကို ပြောပါတယ်။စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရမည့်ဖြစ်တဲ့အတွက် မြို့ပေါ်ရပ်ကွက်၄ခုမှာ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်ထားကြောင်းသိရှိရပါသည်။

စစ်ကောင်စီအနေနဲ့ လွန်ခဲ့သောရက်ပိုင်းက ဂန့်ဂေါမြို့၊ခလရ(၅၀)တပ်ကို Mi17ရဟတ်ယာဥ်ဖြင့် လစ်လပ်နေသောတပ်ရင်းမှုးနေရာအတွက် အရာရှိအသစ်အပါအဝင် စကစအင်အား ၁၀ယောက်ထက်မနည်း အင်အားဖြည့်တင်းထားကြောင်းသ်ိရှိရပါသည်။စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၂)တွင် ဂန့်ဂေါမြို့နယ်ပါဝင်နေပြီး မြို့ပေါ်ရှိ အမှတ်(၁)မြောက်ကုန်းရပ်ကွက်၊အမှတ်(၂)စည်ပင်သာယာရပ်ကွက်၊အမှတ်(၃)မြို့မရပ်ကွက်နှင့်အမှတ်(၄)ကျောတိုက်ရပ်ကွက်တို့ရှိ စာသင်ကျောင်းမှာကို မဲရုံများအဖြစ် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။*အထက်ကခိုင်းလို့ လုပ်ရတဲ့အနေအထားဖြစ်နေတာပါ၊ဘာလို့ဆို ဂန့်ဂေါမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီက ကြံ့ခိုင်ရေးပါတီ(USDP)ပဲရှိတာလေ။ပြိုင်ဖက်မရှိလို့ ကြံဖွတ်ပါတီကပြိုင်တဲ့အမတ်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်တောင် စကစရဲ့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးပြီ။နောက်ပြီး သူတို့လုပ်တဲ့ရွေးကောက်ပွဲကလည်း တမြို့နယ်လုံးမှာ ရှိတဲ့မဲပေးခွင့်ရတဲ့သူတွေနဲ့မြို့ပေါ်ကမဲပေးခွင့်ရှိသူတွေအကြား နှိုင်းယှဥ်ကြည့်ရင် ၆ပုံ၁ပုံလောက်ဖြစ်နေတယ်။မြို့ပေါ်မှာခုလက်ရှိက သူတို့လက်အောက်ကဝန်ထမ်းတွေအများစုနေကြတာလေ။တမြို့နယ်လုံးမှာ ကျေးရွာအုပ်စု(၇၀)ကျော်ရှိပြီး မြို့ပေါ်၄ရပ်ကွက်နဲ့ကျောကပစ(၂၃)ရှိရာ ကန့်သတ်ကျေးရွာတို့မှာသာ မဲရုံလုပ်နိုင်တာဟာ သူတို့ရဲ့စိုးမိုးထိန်းချုပ်ထားနိုင်တဲ့နယ်မြေအခြေအနေကိုသိသိသာသာမြင်တွေ့ရကြောင်း *ဒေသတွင်းစစ်ရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးထံကသိရှိရပါသည်။

စစ်ကောင်စီအနေနဲ့ဂန့်ဂေါမြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေသော်လည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြင်းဇာကျေးရွာ၊တောင်ခင်ရန်းကျေးရွာ၊ရွှေဘိုကျေးရွာ အစရှိတဲ့ကျေးရွာများကို လေကြောင်းမှ Y12၊ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဥ်ပြုလုပ်နေတာဖြစ်ပါတယ်။ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအထူးသတိရှိကြဖို့နှင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာနေရာများအနီးတဝိုက်ကို သွားလာခြင်းများမပြုလုပ်ကြရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတိပေးပြောဆိုထားပါသည်။

ယောအလင်းတန်း
#MRSN
Jan-8 , 2:53 PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
2👍1
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်ရက်ကြီးရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ (ဒေသအခေါ် ရွှေဘုံသာကျောင်းအနီး သို့ရောက်ရှိနေကြောင်းသိရ..
(စစ်ကြောင်းသတိပြုနေကြပါရန်)

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Jan-8 , 3:28PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot