ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
သတင်းထုတ်ပြန်ခြင်း

ရက်စွဲ - ၁၀ ဇူလိုင် ၂၀၂၅

မြိုင် ပကဖသည် မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ တိုက်ခိုက်ရေးအဖွဲ့များ ပူးပေါင်း၍ ၉.၇.၂၀၂‌၅ ရက်နေ့ နံနက် ၄ ၃၀ အချိန်မှ စတင်ပြီး မြိုင်မြို့ ပခုက္ကူသွားလမ်း မြိုင်မြို့အတွင်း အရှေ့ဖျားရှိ စီမံကိန်းရုံး စကစအထိုင်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှုရှိပြီး သုံ့ပန်းအရှင် ၁၂ ဦး ဖမ်းမိကာ ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့၍ မိမိတို့ဘက်မှ ဆေးဝါးကုသပေးလျှက်ရှိပါသည်။ မိမိတို့တော်လှန်ရေးရဲဘော်များဘက်မှလည်း အထိုင်စခန်းအား ဝင်ရောက်စီးနင်းစဉ်တွင် ရန်သူဘက်မှ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ပါသည်။ မိမိတို့ ရဲဘော်များနှင့် စခ၊ ရခ၊ ပခတို့ တိုက်ပွဲဖြစ်ပွားစဉ်အချိန်တွင် စစ်ကူပေးရန်အတွက် မြိုင်မြို့မရဲစခန်းမှ စစ်ကြောင်းကိုလည်း နံနက် ၀၉ ၃၀ အချိန် တစ်ကြိမ် နေ့လယ် ၁၂ ၀၀ အချိန် တစ်ကြိမ် ညနေ ၁၅ ၁၅ အချိန် တစ်ကြိမ် သုံးကြိမ်တိတိ စစ်ကူပေးရန်ထွက်လာသော စကစများကိုလည်း ရှေ့သို့ပင် မတိုးရဲဘဲ ကြောက်လှန့်၍ နောက်ကြောင်းပြန်လှည့်ကာ ပစ်ခတ်မှုများစွာရှိခဲ့ပြီး မိမိတို့ရဲဘော်များဘက်မှ နေရာအသာစီးယူ၍ ပစ်ကူပေး ဖြတ်တောက်ခြင်းတို့ ရဲဘော်အသီးသီးတာဝန်ကျေပွန်စွာဖြင့် ဟန်ချက်ညီညီ ပစ်ခတ်တိုက်ခိုက်တားဆီးနိုင်ခဲ့ပါသည်။ ညနေ ၁၆ ၃၀ အချိန်တွင် ၁ ကြိမ်၊ ၁၇ ၀၀ အချိန်တွင် ၁ ကြိမ် ၂ ကြိမ်တိတိ ‌ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း မိမိတို့ ရဲဘော်များ နေရာအသီးသီးယူကာ ထိခိုက်မှုမရှိ ဆက်လက်၍ စကစ အထိုင်စခန်းဖြစ်သော စီမံကိန်းရုံးအား တိုက်ခိုက်ခဲ့ရာတွင် ညနေ ၁၉ ၀၀ အချိန် အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ပါသည်။ ရန်သူ့ဘက်မှ သုံ့ပန်း ၁၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လ ၂၀၆၀၇၂ ရဲအုပ် သောင်းထွေးစိုး၊ လ ၁၆၄ ၅၂၁ ရဲအရာခံ ထွန်းမင်းဇော်၊ လ ၁၉၀၂၂၉ ရဲတက ဇော်ဝင်းနိုင်၊ လ ၂၃၇၃၉၆ ရဲဒုတက တင်မျိုးထွန်း၊ လ ၂၆၆၆၅၄ ရဲတပ်သား ဇော်နိုင်၊ လ ၂၇၇၅၅၅ ရဲတပ်သား ရဲရင့်အောင်၊ လ ၂၈၇၃၅၇ ရဲတပ်သား သန်းတိုးအောင်၊ လ ၂၈၈၅၄၃ ရဲဒုတက မင်းမင်းထွန်း၊ လ ၂၈၉၆၅၂ ရဲတပ်သား မင်းမင်းဇော်၊ လ ၂၃၇၃၉၆ ရဲဒုတက သက်ကိုကို၊ ကပ ၉၆၂၂၈၁ တက ဦးထွန်း၊ တ ၄၈၃၁၆၈ တပ်သား မျိုးနိုင်ဝင်း သုံ့ပန်းအသီးသီးတို့ ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် သုံ့ပန်းများအား ဆေးဝါးကုသပေးလျှက်ရှိပါသည်။ ရန်သူ့ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့ သိမ်းဆည်းရမိခဲ့ပါသည်။ ၉.၇.၂၀၂၅ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မြိုင်မြို့နယ် သနပ်ရင်းကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ‌၁ ဦး နှင့် လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ပခုက္ကူ တပ်မ ၁၀၁ မှ ပေါက်မြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော ယာဉ်တန်း ၁၄၀ ကျော်ပါ စစ်ကြောင်းနှင့် အင်အား ၁၀၀၀ ကျော်ပါ စကစများသည်လည်း မေလ ၂၇ ရက်နေ့မှစ၍ စစ်ကြောင်းထိုးလျှက်ရှိပြီး လိပ်ရွေ့သည့်ပမာ ချည်တက်နေ၍ တိုက်ပွဲမျာူ အဆင်မပြတ်ဖြစ်ပွားနေပြီး မိမိတို့ မြိုင်၊ ပေါက် ရဲဘော်များ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ လက်နက်များ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းစစ်ကြောင်းမှာ လေကြောင်းတိုက်ခိုက်မှုဖြင့် အကြိမ်ပေါင်းများစွာ ပြုလုပ်၍ ဖြေးဖြေးချင်း စစ်ကြောင်းရွေ့လျှက်ရှိပြီး အချိန်မရွေး လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိတွေ့မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိရှိစွာဖြင့် ဘေးလွတ်ရာသို့ ရှောင်ရှားပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ၁၀.‌၇.၂၀၂၅ ရက်နေ့ နံနက် ၀၇ ၀၀ အချိန်တွင် မြိုင်မြို့တွင်း စီမံကိန်းရုံးအား ရှင်းလင်းရေးဆောင်ရွက်စဉ် စကစများနှင့် မိမိတို့ဘက်မှ ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ စကစဘက်မှ ထိခိုက်မှုရှိနိုင်ပြီး မိမိတို့ဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခုတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်သောအဖွဲ့များမှာ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO) ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Denfece Force တို့ဖြင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

မြိုင် ပကဖ

https://t.me/https7starmyaing
စည်းလုံးခြင်းရဲ့အင်အားနဲ့
ရလာတဲ့အောင်မြင်မှုတွေ
ဒီထက်ပိုပြီး စည်းလုံးရင် ဒီထက်ပိုပြီးအောင်မြင်မှာ
အသေအချာပဲ။

ကိုးဆောင်ဂိတ်လည်း မရှိတော့ဘူး
အခု ထန်းဘူးတောဂိတ်လည်း ရပြီ။

ချောင်းဆုံးဂိတ်နဲ့ မန္တလေးလမ်းဂိတ်
နှစ်ဂိတ်ပဲကျန်တော့တယ်။

ငါတို့မြို့ကို ငါတို့ပြန်ရဖို့
တစ်လှိုင်းပြီး တစ်လှိုင်း
တစ်ဂိတ်ပြီး တစ်ဂိတ်လာမယ်
ပြေးပေါက်ရှာထား ဂေါင်းကြီးတို့။

မ Thay ချင်တဲ့ကောင်တွေ
အလင်းဝင်ဖို့ ပြင်ထားကြ။

We Love Myaing .

https://t.me/https7starmyaing
ရေစကြို ⚠️

ရေစကြိုနယ် အရှေ့ခြမ်း ဖြတ် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက်  အရပ်သို့ပျံသန်း။

#WaiHin
Jul 10, 10:14 PM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️ မြိုင်

မြိုင်ဖြတ်၍ Jet Fighter 1 စီး အနောက်သို့ ပျံသန်း။

22:15Jul 10
#EAR
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor) 2 စီး ပခုက္ကူတပ်မ ၁၀၁ ပေါ်တွင် ပျံဝဲးနေကြောင်း သိရပါသည်။

#3SM
Jul -11 , 11:35PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်🔴

ဇူလှို လ ၁၀ မနေ့က

မြိုင်မြို့ တစ်နေရာ တွင် တံတားဦးလေတပ်မှတပ်လာသော ဂျတ်ဖိုက်တာ ၂ စီးဖြင့် (5:00PM, 5:09PM, 5:14 PM)  အချိန်တို့ကလေကြောင်း တိုက်ခိုက်သွားကြောင်း သိရပါသည်။

#3SM
Jul - 11 , 11:43PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor) 2 စီး ပခုက္ကူမြို့နယ် ဖြတ် အနောက်မြောက်အရပ်သို့ပျံသန်း ။

#MRSN
Jul -11 , 12:02PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor) 2 စီး ပခုက္ကူမြို့နယ် ဖြတ် အနောက်မြောက်အရပ်သို့ပျံသန်း ။

#3SM
Jul -11 , 12:02PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင် ⚠️

မြိုင်နယ် တနေရာမှာ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး ပျံသန်းဝဲ။
Jul 11 ,  12:40 PM
မြိုင်🔴

မြိုင်နယ် တစ်နေရာ တွင် မိထ္ထီလာရှမ်းတဲ့လေတပ်မှ တပ်လာသော ဂျတ်ဖိုက်တာတစ်စီးဖြင့် (12:36PM,  12:40PM,  12:45PM)  အချိန်တို့ကလေကြောင်းတိုက်ခိုက်သွားကြောင်း သိရပါသည်။

#3SM
Jul-11 , 1:06PM
📬 သတင်းပေးပို့ ရန် @myaing3starbot
မြိုင်

မြိုင်နယ် တစ်နေရာတွင် Y-8 စစ်ထောက်ပို့လေယာဉ် ၁စီး ပျံဝဲး။

#3SM
Jul 11,1:44PM  PM
📫သတင်းပို့ရန် @myaing3starbot
11.7.25 မြိုင်မြို့

နေပြည်တော်ဧလာလေတပ်မှ Y-12Military Transport Aircraft(1)စီးဖြင့်မြိုင့်မြို့ခွေးခြံထဲသို့
1:39=(1ထုပ်)
1:43=(1ထုပ်)
1:47=(1ထုပ်)
1:52=(1ထုပ်)
1:57=(2ထုပ်)
2:02=(1ထုပ်)
2:07=(1ထုပ်)
2:13=(1ထုပ်)
စုစုပေါင်(8ကြိမ်ရိက္ခာထုပ်(9)ထုပ်ကြဲချပေးခဲတယ်လို့သိရ။

JuI.11.4:51PM

https://t.me/https7starmyaing
11.7.25,မြိုင်မြို့တောင်ပိုင်

ပခုက္ကူ တပ်မ ၁၀၁ မှ (Paramotor)အင်ဂျင်တပ်လေးထီး(2) စီးဖြင့် (12:57PM1:00PM)အချိန့်က မြိုင်နယ်တောင်ခြမ်း ပန်တိုင်တောရွာ စာသင်ကျောင်း ထဲသို့ လေကြောင်းတိုက်ခိုက်မူ(2)ကြိမ်ပြုသွားတယ်လို့သိရ။
(ထိခိုက်မူမရှိ)ဟုသိရ။

JuI.11.4:51PM

https://t.me/https7starmyaing
🤬21
11.7.25🚨မြိုင်မြို့🚨

မိတ္ထီလာရှမ်းတဲလေတပ်မှ FTC-2000G Fighter Jet(1)စီးဖြစ့်(12:36PM12:40PMအချိန်ခန့်နှင့်
တံတားဦး လေတပ်မှ Yak-130 Fighter Jet(1)စီးဖြစ်(12:05PM)အချိန်ခန့်က မြိုင်မြို့ထဲသို့လေကြောင်တိုက်ခိုက်မူပြုလုပ်သွာတယ်လို့သိရ။

JuI.11.4:51PM

https://t.me/https7starmyaing
1
♦️မိဘ ပြည်သူများခင်ဗျာ♦️

ပခုက္ကူ တပ်မ ၁၀၁ ခွေးခြံမှ ထွက်ခွာလာ​သည် စစ်ခွေးကားကြီး(2)စီးအင်းအားအပြည့်မှာ ငဖောင်ကံရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။

#PKU

Jul -11, 4:08PM

https://t.me/https7starmyaing
⁨မြိုင်မြို့စီမံကိန်းရုံးထဲက ရဲတွေကို လက်နက်ချဖို့ ဘယ်လိုစည်းရုံးခဲ့လဲ (Reel)

မြိုင်၊ ဇူလိုင် ၁၁၊ ၂၀၂၅။

ဒါက မကွေးတိုင်း၊ မြိုင်မြို့ စီမံကိန်းဦးစီးဌာနရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ ရဲတွေကို တိုက်ခိုက်ချိန် အဆောက်အဦအတွင်း နောက်ဆုံးကျန်နေတဲ့ရဲတွေကို လက်နက်ချဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖိတ်ခေါ်နေတာပါ။

စီမံကိန်းဦးစီးဌာနရုံးမှာ အင်အား ၃၀ ခန့်နဲ့အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြိုင်ပကဖနဲ့မဟာမိတ်တွေက ဇူလိုင် ၉ ရက်နေ့မနက် ၄ နာရီမှာ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲတနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက စီမံကိန်းဦးစီးဌာနရုံးအဆောက်အဦကို ဝိုင်းထားချိန် လက်နက်ချအညံ့ခံဖို့ ဖိတ်ခေါ်ခဲ့တာပါ။

အဲဒီနောက် ရဲအုပ်အဆင့်ရှိသူ ၁ ဦးအပါ ရဲ ၁၂ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ချခဲ့ပြီး ည ၇ နာရီမှာ တိုက်ပွဲပြီးဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ငယ် ၁၃ လက်အပါအဝင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP⁩

#မြေလတ်အသံ
#မကွေး #မြိုင် #စီမံကိန်းရုံး #ရ#လက်နက်ချ #စည်းရုံး

https://www.youtube.com/shorts/eCOySJyzUJs?feature=share
👍2
ပခုက္ကူမြို့နယ်

ငဖောင်ကန်ရွှာသို့ရောက်ရှိနေသော စခများမှာ
ငဖောင်ကန်ရွှာရှိ ပြည်သူ( ၁၀)ဦးထက်မနည်း
ဖမ်းစီးပေါ်တာစွဲသွားတယ်လို့ သိရ။

Jul -11, 6:08PM

https://t.me/https7starmyaing
🤬2
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် ကန်နီပျူရွာ မှ စစ်ခွေး ပျူခွေးများမှ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

#3SM
Jul -11 , 8:00PM
📬 သတင်းပေးပို့ရန် @myaing3starbot
🙏2
ပခုက္ကူမြို့ ⚠️

ပခုက္ကုမြို့ စက်မှု့ ဇုန်ဘက်တွင် စစ်ခွေးများမှ ပြည်သူများအား ပေါ်တာစွဲးဖမ်းစီးနေကြောင်း သိရပါသည်။

#3SM
Jul-12 , 9:02AM
📬 သတင်းပေးပို့ရန် @myaing3starbot
🤬3
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ အမှတ်၆ ဘောလုံးကွင်းမှမအလစစ်ခွေးများစထွက်နေပြီးသီတာလမ်းဆုံကိုပေါ်တာဆွဲမည်ဟုသိရပါသည်။

#3SM
Jul -12 , 10:24AM
📬 သတင်းပေးပို့ရန် @myaing3starbot
🤬2🙏1
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ ပေါရှိမိဘပြည်သူများ သတိထားသွားလာစေရန်အသိပေးခြင်း

ပခုက္ကူမြို့နေရာအနှ့အပြားတွင် လူငယ်များအား ဖမ်းစီးပေါ်တာ စွဲးခြင်းများပြုလုပ်နေပြီး မကွေး မြို့ သို့ ပို့စောင်သွားမည်ဟုသိရပါသည်။

အမျိုးသား များပါမက အမျိုးသမီးများပါ ဖမ်းစီးသွားမည်ဟုသိရပါသည်။

#3SM
Jul-12 , 11:31AM
📬 သတင်းပေးပို့ရန် @myaing3starbot
🤬2