ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from The Net
၂၀၂‌၄ ခုနှစ် ဧပြီ ၂၀ စစ်ရေးသတင်းကောက်နုတ် သုံးသပ်ချက်

မြို့တပ်ရင်း ဌာနချုပ်အဆင့်တွေ Sold Out ဆို ပြီး မပြောရတာတောင် ကြာနေပြီကော။အခု ကျွန်တော့် အသွေးအသားထဲကနေ Sold Out ပြောချင်နေပြီ။မကြာလောက်တော့ဘူးလို့ ဆိုချင်ပါတယ်။

ကချင် 💪💪💪

မမတို့လက်ရာတွေ တဖြည်းဖြည်း ပိုစိပ်လာပါတယ်။အေလာ ၊မင်္ဂလာဒုံ ၊တံတားဦး ဟော .. အခု နလခလို့ခေါ်တဲ့ မော်ဖောင်း (အလယ်မော်ဖောင်း)က မြစ်ကြီးနား လေတပ်စခန်းဌာနချုပ် အလှည့်ရောက်လို့လာပါပြီ။ ၂၀၂၄ ခုနှစ်အတွင်းမှာ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး ဆယ်လုံးတိတိ ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ရောက်ခဲ့ဖူးတဲ့ လေတပ်တွေထဲမှာ တစ်ခုအပါ အဝင်ဖြစ်ပါတယ်။အပျက်အစီး စာရင်းသိရရင် ထပ်ပြောပေးပါ့မယ်။နန့်ယား နဲ့ ဂရစ်ကွက် ၅ ကွက်လောက်သာဝေးတဲ့ စင်ကြိုင်မှော်ဘက်မှာ ကီယာတို့ ထိတွေ့မှုစယူနေပါတယ်။အခု မနက်အစော ၄ နာရီမထိုးခင် ဖားကန့်နဲ့ ညောင်ပင်ကြားမှာ စကစစစ် ကြောင်းကို ကီယာတို့ သုံးနေရာလောက်ကနေ စောင့်ပြီးကြိုဆိုပေးပါတယ်။စကစစစ်ကြောင်း ရုတ်ချည်း ရပ်တန့်သွားပါတယ်။ပစ်ကူချက်ချင်းပေးလို့သာ စစ်ကြောင်း သတ်ကွင်းထဲကနေ နောက်ကိုဆုတ်နိုင်တာပါ။မွင်းနား ၁၃ ပွဲ ၊ဒါန်းစီး ‌၄ ပွေ နဲ့ အရှည်တွေ ရပါတယ်။စကစစစ်ကြောင်း ညောင်ပင်ရွာတောင်ဘက်မှာ ပြန်အခြေပြူထားဆဲ ဖြစ်ပါတယ်။

အထူး ဒေသ ၁ ထဲမှာပါတဲ့ ချီဖွေမြို့ Sold Out ဖို့ နီးလာပါပြီ။ဦးစခုန်တိန့်ယန်း ရဲ့ ခစတ သုံးရင်း ကာရံထားတဲ့ လဘော်လချိတ်တို့ ရှိရာမြေ။ဂန့်ဂွန်အခြေ စိုက် ခစတ ၁၀၀၁ ကွပ်ကဲမှုနယ်မြေထဲက မျော်ဂျောင် ၊မျောဇန်ကူး၊ ငါးမောဇွပ် စခန်းတွေ ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။အဲဒီ တပ်ရင်း သုံးရင်းမှာ ခင်ခဲ့ရတဲ့ မိတ် ဆွေတစ်ချို့ရှိဖူးပါတယ်။သူတို့တွေရဲ့ ရင်ထဲက ခံစားချက်ကို သိတာမို့ အမြန်ဘက်ပြောင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ကချင်သတင်းအနှစ် ချုပ်လေး နည်းနည်းပြောပြမယ်။ဖားကန့်ရော တနိုင်းလမ်းကြောင်းကိုပါ ကီယာတို့ ဖြတ်တောက်ထားပါတယ်။ဗန်းမော် ၊လွယ်ဂျယ် လမ်းပိုင်း ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်။လွယ်ဂျယ်က ကုန်ကားတွေ ကီယာခွင့်ပြုချက်နဲ့ ဖြတ်သန်းလို့ရတယ်။အလျင်လောက်တော့ မမြန် ဆန်သေးပါ။မြန်ဆန်ဖို့အတွက် ဗန်းမော်ကို တိုက်ဖို့ သိမ်းနိုင်ဖို့ လိုနေသေးတယ်။တနိုင်း၊ ပ ယင်းမှော် နဲ့ ရွှေဖောင် ကတော့ အားလုံးနီးပါးရဖို့ဆိုရင် နည်း‌နည်းတော့ ထပ်ကြိုးစားရအုံးမယ်။

အာရက္ခ 💪💪💪

ရေရှည်မျှော်တွေး တတ်ပါပေတယ်။စကစရဲ့ လူသစ်စုတပ်အင်အားဖြည့်တင်းမှုနဲ့ ဘင်္ဂါလီအရေးကိုတွေ့လို့ "အာရကန် မှန်သမျှ သုံးနှစ် စစ်မှုထမ်းရမယ်"လို့ ဆိုလိုချင်တဲ့ သဘောပါ။တစ်ကယ်က အင်အားလိုတဲ့နေရာနဲ့ လက်နက်လိုတဲ့နေရာ ပေါင်းစည်းနိုင်ရင် လွယ်လွယ်လေးဘဲဗျ။စကစ အင်အားဘယ်လောက်ရှိလဲ။လူညီရင် ပြိုင်တူ ဝင်လုံးပစ်လို့တောင်ရတယ်။

ရာမည 💪💪💪

မွန်တွေလည်း အကွက်စိပ်နေဆဲပါ။ကျိုက်မရော နယ် ခံတပ် ခမရ ‌၂၀၈ နဲ့ သံကလောင်ရွာဘက်မှာ NMSP (AD) နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်။သံချပ်ကာကားနဲ့ အင်အားဖြည့်တင်းနေလာတဲ့ စကစ စစ်ကြောင်းနဲ့ အ ပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။တရာနာ နဲ့ သံကလောင်ဘက်ကိုတော့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။မော်လမြိုင်ကနေ မွန် နဲ့ ကရင်ကို စစ်အင်အားတွေ ရ‌သလောက် ဖြည့်တင်းနေခြင်းဖြစ်ပါတယ်။

ကရင် 💪💪💪

မြ၀တီ အာရှလမ်းမကြီး ပြန်ဖွင့်တယ်လို့တော့ မြို့ခံတွေက ပြောပါတယ်။ကျုံဒိုးတစ်ဝိုက်မှာတော့ ပွဲကြီးပွဲသေး စုံနေပါတယ်။တပ်မဟာ ၆ နဲ့ ၇ ပူးပေါင်းပြီး သိက္ခာဆယ် တိုက်ပွဲ၀င်နေပါတယ်။မြို့နေလူထုအား လုံးရှောင်သွားကြပြီလို့ သိရပါတယ်။စကစဟာ အခုလူသစ်စုဥပဒေ အရ ခေါ်ယူထားတဲ့ တပ်သားသစ်တွေကို လုံး၀ ထုတ်သုံးတာမတွေ့ရသေးပါဘူး။လေ့ ကျင့်နေဆဲ ကာလသာဖြစ်ပါတယ်။တစ်ခုပြောလိုတာက စစ်ရည်မ၀သေးတဲ့ တပ်သားသစ်တွေကို ခိုင်းရတာ အရမ်းကောင်းပါတယ်။ဂရုစိုက်ရမှာဖြစ်ပါတယ်။ပြောင်းပြန်ကြီး ပြောသွားတာကို တွေ့လိုက်ရလို့ပါ။

ရတတမခ ၅၅ ရဲ့ ချီစစ်ကတော့ ကော့ကရိတ် ၅ တိုင်နားအထိ ရောက်လာနေပြီထင်ပါတယ်။ခလရ ၂၇၅ ဖားချောင်းကနေ သင်္ဃန်းညီ နောင်ကြော ပူးပေါင်းတပ်တွေ ထပ်ဖြန့်ထားပြီးဆိုတော့ ခြေလျင်တင့်ပူး ပေါင်းစစ်ကြောင်းဟာ ပခုက္ကူက ထွက်လာတဲ့ ယာဉ်တန်းလို ဖြစ်ကောင်းဖြစ်သွားနိုင်ပါသေးတယ်။မြဝတီမှာ တော့ အမှတ် ‌၂ တံတားက ငတိတွေ ကို ‌Drone နဲ့ တိုက်ခိုက်ထားပါတယ်။ဒရုန်း နဲ့ တိုက်မယ့် အစား RPG လေကွဲတစ်လုံးလောက်သာ ပစ်ထည့်ပေးလိုက်ရင်တောင် မျိုးကန်းပါတယ်။ပြောလို့တောင်မဆုံးသေး။အခုမနက် ၆နာရီက ပစ်သံခတ်သံကြားနေရပြီတဲ့ဗျာ။

ကရင်နီ 💪💪💪

လွိုင်ကော်၊ မိုးဗြဲ၊ ဆီဆိုင်ကို စကစ စစ်ကြောင်းတွေ အင်အား သုံးပြီး ၀င်လာနိုင်ပါတယ်။မိုးဗြဲ တပ် ခမရ ၄၂၂ ကိုတော့ အပြီးသတ် ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။အပြီးသတ်နိုင်ခြင်းတော့ မရှိသေးပါ။စကစတပ်ဟာ အနာခံပြီးတိုက်နေတာမို့ အဖိုးတန် ကြယ်အချို့လည်း ကြွေလွင့်ခဲ့ရပါတယ်။

ရန်ကုန် 💪💪💪
Forwarded from The Net
ဖြစ်လိုက်ရင် အသဲအသန်ကြီးဘဲဆိုတော့ စကစ ဘာမှ လုပ်မတတ်ဖြစ်တာပေါ့။ရွှေပြည်သာ၊ ဘုရင့်နောင် အောင်ဇေယျ တံတား ၃ စင်းလုံး လုံး၀ ခဏပိတ်ချလိုက်ရတယ်။မင်္ဂလာဒုံလေဆိပ်ကနေ အရေးကြီး ပစ္စည်းသယ်ဖို့ ပိတ်တာဆိုဘဲ။အရေးကြီး ပစ္စည်းဆိုတိုင်းလည်း အထင်မကြီးနဲ့။စကစ ဗိုလ်ချုပ်များဟာ သူတို့ အလိုရှိသမျှ အကုန်အရေးကြီး လုပ်ပစ်တာ။ပူတာအိုလို နေရာမျိုးက တမာရွက်ကို အညာကနေလင်ပျံနဲ့ သယ်ပြီး ထိပ်တန်းလျှို့ဝှက် လုပ်ချင်လုပ်သေးတာ။တစ်လက်စတည်း ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်ထဲက ငါးသိုင်းချောင်းတံတားကိုလည်း ည ၉နာရီ လောက်မှာ အရေးပေါ် ပိတ်လိုက်ရပါသေးတယ်။အားလုံး ဆက်စပ်ရင်တော့ စကစ Wanted တစ်ခု ရှိနေပုံရတယ်။ သတိထားကြပါ။

မန္တလေး 💪💪💪

ပြင်ဦးလွင်ကို ဗဟိုပြု၍ စကစတပ်တွေ လွန်းထိုးနေပါတယ်။သကြန်တွင်း ရှော့ဒုံးစားပြီးတည်းက ဂဏှာမငြိမ်ဖြစ်နေပါတယ်။မိုးကုတ်မြို့နယ်ထဲက ကျတ်ပြင်ရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပါသေးတယ်။ဒီမ နက်အစောဘဲ ဖြစ်ပါတယ်။ဒီပွဲမှာတော့ စကစ ဘက်က သတင်းလက်ဦးပုံရပါတယ်။ပူးပေါင်းအဖွဲ့တွေ မိုင်းလုံဘက်ကို လေကြောင်းပစ်ကူကြောင့် ဆုတ်ထားရပါတယ်။ဒါတောင် မွင်းနား ၁၈ ပွဲ ရလိုက်ပါတယ်။ပျူသူ့စစ်တွေများတဲ့ စစ်ကြောင်းပါ။အညာမြေလတ်လည်း ငြိမ်မနေပါဘူး။သတင်းကောင်းမှ ထည့်ပြီး ပြောပေးပါ့မယ်။သတင်းမကောင်းလို့ မ ဟုတ်ပါ။ဟိုဘက်ဒီဘက် ပြင်နေဆဲမို့ပါ။

ခစတ။ ။နယ်ခြားစောင့်တပ်ရင်း ( ကချင် နှင့် ကရင် မတူညီပါ။ကကနယ် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး လက်အောက်တွင်ရှိပါ သည်။ကချင်နယ်ခြားစောင့်တပ်များတွင် စကစဘက်မှ ဗိုလ်မှူးတစ်ဦးခေါင်းဆောင်၍ အရာရှိ ၄ ဦး၊ စစ်သည် ၅‌၆ ဦး တွဲဖက်၍ စစ်ဘက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများ ဆောင်ရွက်ပါသည်။ကျန်အင်အားမှာ တိုင်းရင်းသားများဖြစ်ပါသည်။လစာရိက္ခာ၊ အုပ်ချုပ်ထောက်ပံ့မှု ခြေလျင်ခြေမြန်တပ်ရင်းအတိုင်းဖြစ်ပါ သည်။သို့သော် တပ်ရင်းမှူးရာထူးမှာ ဗိုလ်မှူးသာ ပေးထားပါသည် )

၂၀၂၄ ဧပြီ
ဇင်ယော်
#ZinYawCaptain
ဆော

ကပစ-၂၅သို့ ​ဆိပ်ဖြူ ကပစ-၂၂ တက် MI-17 Military Helicopter (1)စီး၊ Mi-35P Attack Helicopter (1)စီး အရှေ့မြောက်အရပ်မှ ဆင်းသက်။

#NAS
#WaiHin
Apr 20,4:09PM
📫သတင်းပို့ရန် @WaiHinScoutBot
သက်ဆိုင်ရာ ပြည်နယ်တွေမှာ ရှိတဲ့ EROs တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်တဲ့အတွက် ဘာတွေ ဘယ်လောက် အကျိုးဖြစ်ထွန်းခဲ့လဲ။

သက်ဆိုင်ရာ ပြည်နယ်တွေက EROs တွေနဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့အတွက် နံပါတ် (၁) အတွေ့အကြုံရတယ်။ နံပါတ် (၂) လက်နက်ရပါတယ်။ စစ်ရေးမှာ အတွေ့အကြုံရှိမှု မရှိမှုက စကား အများကြီးပြောပါတယ်။ အထူးသဖြင့် ထုအင်အားနဲ့တိုက်တဲ့ မဟာဗျုဟာမြောက်ထိုးစစ်တွေမှာ ပါဝင်ခွင့်ရတာက PDF ရဲဘော်တွေအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒီအတွေ့အကြုံကလည်း အောင်ပွဲအလီလီရတဲ့ အတွေ့အကြုံဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ လက်နက်ရတယ်ဆိုတာမှာ လက်နက်ငယ်သာမက PDF အဓိက လိုအပ်နေတဲ့ လက်နက်ကြီးပါ ပါဝင်ပါတယ်။ PDF တပ်မတော်ဆင်နွှဲရမယ့် မဟာဗျုဟာ ထိုးစစ်တွေအတွက် အထောက်အပံ့ကောင်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

EROs တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့NUG အကြား ဆက်ဆံရေး ဘယ်လိုရှိလဲ။

ဒီနှစ် ဇန်နဝါရီ (၃၁) ရက်က ထုတ်ပြန်ခဲ့တဲ့ K3C-NUG ဘုံသဘောထားရပ်တည်ချက်က အထူး အရေးကြီး ပါတယ်။ တော်လှန်ရေးကာလသာမက တော်လှန်ရေးအလွန်ကာလမှာပါ ထားရှိရမယ့် အခြေခံမူတွေ၊ လုပ်ငန်းစဥ်တွေကို ညှိနှိုင်းသဘောတူခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပေါ် ဘယ်လိုသဘောထားကြမလဲ၊ နိုင်ငံတကာတိုက်တွန်းနေတဲ့ Dialogue ဆိုတဲ့ ကိစ္စပေါ် ဘယ်လို သဘောထားကြမလဲ၊ ပြည်နယ်တွေ သတ်မှတ်ဖွဲ့စည်းရေး၊ ပြည်နယ်တခုချင်းရဲ့ နယ်မြေ၊ နယ်နမိတ်များ ပိုင်းခြားသတ်မှတ်ရေး ကိစ္စတွေကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ကိုင်တွယ်ဖြေရှင်း ကြမလဲ စတဲ့ အရေးကြီးတဲ့အချက်တွေ ပါဝင်ပါတယ်။ K3C နဲ့ NUG အကြား ရှေ့ဆက်လုပ်ငန်းစဥ် တွေအတွက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုတွေလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်အောက်ကနေ ဘယ်ပြည်နယ်၊ ဘယ်ဒေသတွေ အရင်ဆုံး လွတ်မြောက်လာမလဲ။

စစ်ရေးရော နိုင်ငံရေးပါ အားကောင်းတဲ့ ပြည်နယ်တွေ ဒေသတွေကတော့ အရင်ဆုံး လွတ်မြောက် ကြမှာပါပဲ။ အခုကို ပြည်နယ် (၇) ခုလုံးရဲ့ အဓိကအစိတ်အပိုင်းတွေဟာ လွတ်မြောက်နေပြီလို့ ပြောနိုင်တဲ့ အနေအထားပါ။ အလားတူ ပြည်မမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ကိုယ်ပိုင် လွတ်လပ်မှုနဲ့ နေထိုင် နေကြတဲ့ မြို့ရွာတွေ အမြောက်အမြား ရှိနေပါပြီ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အကြောင်း ပြောပြပေးပါဦး။

စစ်ရေးက ပြည်သူ့စစ်မဟာဗျုဟာကို အားပြုရတာ ဖြစ်တဲ့အတွက် တဖက်မှာ PDF တပ်မတော်ကို ထူထောင်သလို တဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကို ရပ်ကျေးအဆင့်ထိ ဖွဲ့စည်းတည်ထောင်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ရေးနဲ့အုပ်ချုပ်ရေးဆိုတာ တော်လှန်ရေးမှာ ဘယ်လက်နဲ့ညာလက်လိုပါပဲ။ လက်နှစ်ဖက်လုံး အားကောင်းဖို့ လိုပါတယ်။ စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ပြီဆိုတာတဲ့ ဒီနယ်မြေတွေမှာ အုပ်ချုပ်ရေး လေဟာနယ်မဖြစ်စေဖို့၊ မင်းမဲ့ဒေသမဖြစ်စေဖို့၊ အုပ်ချုပ်ရေး ထူထောင်တာ ပအဖဖွဲ့စည်းတာ ကိုလည်း တပြိုင်တည်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ပလဖဆိုတာတော့ ရဲလုပ်ငန်း ဆောင်ရွက်တဲ့ အဖွဲ့ပါ။

မကြာခင် မဟာဗျုဟာမြောက် ထိုးစစ်တွေ ပေါ်ပေါက်လာတော့မလား။

PDF တပ်မတော်အနေနဲ့ဆိုရင် ထုအင်အားတည်ဆောက်ပြီး မဟာဗျုဟာထိုးစစ်ဆင်ဖို့ ပြင်ဆင် နေတဲ့ ကာလလို့ ပြောနိုင်ပါတယ်။ ထိုးစစ်က ခံစစ်ထက် ပိုပြီး အချိန်ယူရပါတယ်။ ပိုပြီး အရင်းအနှီး စိုက်ထုတ်ရပါတယ်။ ရှေ့မှာ ပြောခဲ့သလို ရန်သူကို အနိုင်ယူနိုင်မယ့် နည်းလမ်း ကျွန်တော်တို့ ရဲဘော်တွေမှာ ရှိနေပါပြီ။ ပွဲမြန်မြန်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာ အသိပေးလိုပါတယ်။

#MOD
#HlaingInfo
ထို့အပြင် ကေအဲန်ယူနှင့်သက်ဆိုင်သော သတင်းအချက်အလက်၊ ဓါတ်ပုံများနှင့် ရုပ်သံများကို အကြောင်း အရာ နှင့်မသက်ဆိုင်သော (သို့မဟုတ်) ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေသော သတင်းများတွင် ဖော်ပြခြင်း မပြုရန်နှင့် ဗဟို၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်တို့မှ လုံခြုံရေးအရ သတ်မှတ်ထားသော နေရာများဖြစ်စေ၊ ရိုက်ကူးခွင့်ပိတ်ပင်ထားသော နေရာများဖြစ်စေ၊ ခွင့်ပြုချက်တောင်းခံထားမှုတွင် မပါ၀င်သော အကြောင်းအရာ များတို့ကို ရိုက်ကူးခွင့်မပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “မီဒီယာတွေနဲ့ သတင်းမီဒီယာဆို့စ်တွေနဲ့ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အသစ်ပေါ်လာတဲ့အဖွဲ့တွေကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အဆင်ပြေချော မွေ့ရေးဆောင်ရွက်တာကြိုဆိုပါတယ်။ ဒါပေမဲ့ မလိုလားအပ်ဘဲနဲ့ self-censorship ကိုအားပေးတဲ့ဟာမျိုးကိုတော့ အားမပေးဘူး မကြိုက်ဘူးပေါ့ဗျာ။” ဟု မှတ်ချက်ပြုသည်။

IPCM အနေဖြင့်လည်း သတင်းမီဒီယာကျင့်ဝတ်များနှင့်လျော်ညီစွာ သတင်းရယူရန်နှင့် သတင်းရ ယူပိုင်ခွင့်ကန့် သတ်ခံရခြင်းတို့အပေါ် အဆင်ပြေချောမွေ့စေရန် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးတိုးဇော် လတ်က ဖြည့်စွက်ပြောသည်။

ဆက်လက်၍ KNU ၏ သတင်းနှင့်ပြန်ကြားရေးမူဝါဒနှင့်စည်းကမ်းချက်များတွင် အဖွဲ့အစည်း၏ လုံခြုံရေး၊ ဂုဏ်သိ က္ခာနှင့် ပုံရိပ်ကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေမည့် ပြုမူလုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ရိုက်ကူးထားသည့် ရုပ်သံများဖြစ်စေ၊ ဓါတ်ပုံများဖြစ်စေတာ၀န်ရှိသူများမှ စစ်ဆေးရန်တောင်းခံ လာပါက ရိုက်ယူထားသည်များကို ပြသပေးရမည်ဖြစ်ကြောင်းနှင့် KNU က ထုတ်ပြန်ထားသည့် ရုပ်သံများကို ပြန်လည်သုံးစွဲမည်ဆိုပါက ခွင့်ပြုချက်တောင်းခံ၍ credit ဖော်ပြပေးရမည်ဟုလည်း ပြောဆိုထားသည်။

အထက်ဖော်ပြပါ စည်းကမ်းများကို မလိုက်နာသည့် သတင်းထောက်နှင့်သတင်းမီဒီယာများ KNU ၏ Black list (အမည်ပျက်စာရင်း)သွင်းခြင်းအပြင် သတင်းမီဒီယာကောင်စီသို့လည်း တိုင်ကြား ခံရမည်ဖြစ်ပြီး သတင်းမှား များဖော်ပြပါက တောင်းပန်ရန်နှင့်အမှားပြင်ဆင်ချက်ဖော်ပြရန်လည်း ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး‌ကောင်စီ-IEC ကလည်း ကရင်နီပြည်အတွင်း သတင်းယူရန် ရောက်ရှိလာသည့် ပြည်တွင်းပြည်ပမီဒီယာသမားများ IEC သို့ ခွင့်ပြုချက်တောင်းခံရန်၊ ကရင်နီ၏စစ်ဆင်ရေး၊ အုပ်ချုပ်ရေးကို ထိခိုက်စေသည်တို့ကိုရှောင်ရှားရန်နှင့် ကျင့်ဝတ်ထက်ကျော်လွန်လုပ်ဆောင်သော မီဒီယာများ သတင်းရယူခွင့်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ဧပြီလ(၁၆)ရက်နေ့က ထုတ်ပြန်သတိပေးခဲ့သည်။

Photo crd: The Guardian

#KIC
#HlaingInfo
Forwarded from Shwe Moe
' မြိုင် ' တဲ့—

ချစ်စရာနာမည်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အညာမြေက ဒေသလေးတစ်ခုပေါ့။

ဒီကာလလေးမှာလည်း ချစ်စရာဒေသလေးက ချစ်ဖို့ကောင်းတဲ့ မြိုင်သူ/မြိုင်သားတွေဟာ ကိုယ့်ဒေသ၊ကိုယ့်မြေမှာ အညာမြေအတွက်အောင်လံစိုက်ထူနိုင်ဖို့ သတ္တိရှိရှိနဲ့ ရွပ်ရွပ်ချွံချွံ စွန့်စားနေကြတာ အံ့မခန်းပါပဲ။

မြိုင်နယ်အတွင်းမှာ ရန်သူခေါင်းမဖော်နိုင်အောင်
တစ်ကယ့်ကို ပြောင်ပြောင်မြောက်မြောက်နဲ့ အောင်ပွဲယူနေကြတဲ့ ရဲဘော်တွေအတွက် အသက်ခန္ဓာလုံခြုံဖို့ ကျည်ကာအင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေ စတဲ့ ရဲဘော်တစ်ဦးစာ အကာအကွယ်အပြည့်စုံ ဆင်ပေးဖို့ လိုအပ်တာကြောင့် ရန်ပုံငွေရရှိဖို့ လိုအပ်လာပါတယ်။

ဘယ်လောက်ပဲ သတ္တိရှိတယ်ပြောပြော
ဆင်ကြယ်ဖိနပ်စီး၊ စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး စွန့်စားနေကြရတဲ့ အညာသားရဲဘော်တွေအတွက် အသက်ကယ်ပစ္စည်းတွေ ကူညီထောက်ပံ့ရတာ မွန်လည်းမွန်မြတ်လှပါတယ်။

ဒါကြောင့် ကမ်ပိန်းထောက်ပို့ တစ်ခါမှတောင် မလုပ်ဖူးကြသေးတဲ့ မြိုင်နယ်က တပ်ရင်း (၄) ရင်း အတွက် မြန်မာငွေကျပ် သိန်း (၄) ထောင် ရှာဖွေသွားမယ့် "နံ့သာမြိုင်" ကမ်ပိန်းလေး ပြုလုပ်ပြီး ရဲဘော်တွေရဲ့ အသက်တွေကို အတတ်နိုင်ဆုံး ကာကွယ်ဖို့နဲ့ ပိုကောင်းတဲ့ တိုက်ပွဲရလဒ်တွေအတွက် ဆက်ပြီး ကြိုးစားသွားကြဖို့ ဖြစ်ပါတယ်။

ဒီ နံ့သာမြိုင်ကမ်ပိန်း ကို ယနေ့ မတ်လ (၁၅) ရက်နေ့က စ လို့ ဧပြီလ (၃၀) ရက်နေ့ ထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သတ်မှတ်ပမာဏက သိန်း (၄) ထောင် ဖြစ်ပြီး မြိုင်နယ် အခြေစိုက် ပခုက္ကူခရိုင် အမှတ် ၂၊ ၆၊ ၇၊ ၁၇ တပ်ရင်းတို့ကို ထောက်ပို့သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် စကစရဲ့ စစ်ကြောင်းမှန်
သမျှကို ရရာ လက်န*က်နဲ့ ရှင်းပေးနေတဲ့ အညာဒေသက ဒီ ရင်း (၄) ရင်း ကို ပစ္စည်း စုံညီ ဖြစ်သွားဖို့ရာ ကူညီထောက်ပို့ကြဖို့ အထူးပင် မေတ္တာရပ်ခံလိုက်ရပါတယ်။

ဆက်သွယ်ရန်— https://www.facebook.com/profile.php?id=61556353949713 page ကိုတိုက်ရိုက်ဆက်သွယ်ပေးပါရှင်။

⬇️⬇️
တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing Supporting Battalion (MSB) - မြိုင်ထောက်ပို့တပ်ရင်း၏ ထောက်ပို့ တပ်ရင်းလေးရင်းဖြစ်သော ပခုက္ကူခရိုင် အမှတ်(၂)တပ်ရင်း၊ အမှတ်(၆)တပ်ရင်း၊ အမှတ်(၇)တပ်ရင်း၊ အမှတ်(၁၇)တပ်ရင်းတို့နှင့်အတူ ပခုက္ကူခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ် (၁၄)တပ်ရင်း၊ မြိုင်မြို့နယ် ပ.က.ဖ နှင့် ပေါက်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Myaing Supporting Battalion - MSB အနေဖြင့် ထောက်ပို့ တပ်ရင်းများရှိ ရှေ့တန်း ရဲဘော်များကို ကျည်ကာဝတ်စုံများ တပ်ဆင်ပေးနိုင်ရန် "နံ့သာမြိုင်ကမ်ပိန်း" ကို မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိပြုလုပ်လျက်ရှိပြီး တော်လှန်ပြည်သူများအနေဖြင့် ၅၀ ရာခိုင်နှုန်း ပင်မပြည့်သေးသောကြောင့် ကမ်ပိန်း၌ ပူးပေါင်း ပါဝင်ကြရန် Myaing Supporting Battalion တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
ပေါက်နယ်

‌23 Apr 2024 12:15PM
ပေါက်နယ် ဖလန်ကိုင်း ရေနံမြေ စခန်းစွန့်သွာတဲ့နေရာကို အကြမ်းဖက် စခ ပခများ  ဂျက်ဖိုက်တာ  ၂ စီးဖြင့်  အကြိမ်‌ရေများစွာ ဗုံးသီးများကျဲချ
မီးလောင်‌နေတယ်လို့ကနဦးသိရ။

⚠️⚠️⚠️ ပြည်သူများ သတိထားသွားလာနေထိုင်ကြပါရန်။

#Pauk
#MRSN
Apr 23 , 12:30PM
📬သတင်းပို့ရန် @WaiHin8
"စစ်တပ် အာဏာသိမ်းမှုကို ကာကွယ်နိုင်မယ့် ဥပဒေ ထိုင်းမှာ ပေါ်ပေါက်လာဖွယ်ရှိ"

■ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ အဖြစ်ဆိုးကို မြင်တွေ့သွားပြီးနောက် ထိုင်းစစ်ခေါင်းဆောင်တွေက အဆိုပါ ဥပဒေကို လက်ခံခဲ့

စစ်တပ်ကနေ မကြာခဏ အာဏာသိမ်းမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ စစ်တပ် ထိပ်တန်းအရာရှိ တစ်ဦးဦးက နိုင်ငံ့အာဏာသိမ်းဖို့ ကြံစည်လာပါက ဝန်ကြီးချုပ်ကနေ အဲ့ဒီလူကို ရာထူးကနေ ချက်ချင်း အနားပေးနိုင်မယ့် ဥပဒေတစ်ခု ပြင်ဆင်ပြဌာန်းဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဒီအာဏာသိမ်းမှု အကာအကွယ် အစီအမံ တစ်ရပ်ကို ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ဧပြီလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပြီး စစ်တပ်ဘက်က လက်ခံခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး Jamnong Chaimongkol က ပြောဆိုပါတယ်။

အဆိုပါ ဥပဒေအရ တကယ်လို့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ တစ်ဦးဦးက အစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းဖို့ ကြံရွယ်လာပါက ဝန်ကြီးအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ဝန်ကြီးချုပ်က အဲ့ဒီစစ်အာဏာသိမ်းဖို့ ကြံစည်သူကို ရာထူးကနေ ချက်ချင်း အနားပေးနိုင်မှာ ဖြစ်ပါတယ်။

ထိုင်နိုင်ငံရေးကို လေ့လာသုံးသပ်နေသူတွေကတော့ ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အဖက်ဖက်က ကျရှုံးနေတဲ့ အခြေအနေနဲ့ မကြာမီ နိုင်ငံကနေ စွန့်ခွာ ထွက်ပြေးကြရတော့မယ့် အနေအထားကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီးနောက်-

သူတို့တွေလဲ ဒီလို အဖြစ်ဆိုးတွေ ကြုံလာရနိုင်တာကို တွက်ဆမိကာ အဆိုပါ ဥပဒေကို သဘောတူခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း စစ်တပ် အာဏာသိမ်းမှုဟာ ၁၉၃၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၃ ကြိမ်ရှိခဲ့ပြီး နောက်ဆုံး အာဏာသိမ်းမှုမှာ စစ်တပ်ခေါင်းဆောင် ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းစစ်တပ်က ရွေးကောက်ခံ ယင်လတ်ရှာနာဝပ် အစိုးရအဖွဲ့ဆီကနေ ၂၀၁၄ မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။

#4C_TruthNews
"ခွေးချန်နယ်တွေကို ဖတ်သင့်သလား"
------------------------------------

ဖတ်ပါ။ အား ပေးပါတယ်။ ဒီကောင်တွေ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေကို တိုက်ရိုက်သော်လည်းကောင်း သိရနိုင်သလို သွယ်ဝိုက်ပြီး သိရတာတွေလဲ အများကြီးပါ။

ကိုယ့်လယ်ဗယ် မြင့်ရင် မြင့်သလောက် ယူတတ်ရင် ယူတတ်သလို ရတာတွေ မနည်းပါဘူး။

ဒါပေမယ့်.....

မင်းအောင်လှိုင်ရဲ့ ခွေးတပ်က လူမျိုးရေး အရ ပြောရရင် ဗမာ အများစု ကြီးစိုးခဲ့တဲ့ စစ်တပ်။ ဘာသာရေးကတော့ လုံးဝကို အကျည်းတန်တယ်။ ခွေးတပ် အတွင်းမှာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ ဘာသာဝင်တွေကို ပေါ်ပေါ်တင်တင် နှိပ်ကွပ်ခဲ့တာ။

လက်ရှိ ခွေးတပ်ထဲမှာ တပ်မမှူးနဲ့ အထက်က ခွေးကြီးတွေ အကုန်လုံးက ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ကောင် တစ်ကောင်မှကို မရှိတာ။ အဲ့သလိုကို ခွဲခြား နှိပ်ကွပ်ခဲ့တာ။

ခွေးတပ်က ကောင်တွေက တပ်တွင်းမှာလဲ လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေ နှိပ်ကွပ်မှုတွေ ပြုလုပ်နေသလို တပ်ပြင်ပက ပြည်သူတွေကိုလဲ သူတို့လို စောက်ပိန်းတွေ ဖြစ်အောင် ခေတ်အဆက်ဆက် မှိုင်းတိုက်ခဲ့ကြတာ။

ဒီသုံးနှစ် အတွင်းမှာလဲ ခွေးတပ်ရဲ့ လူမျိုးရေးနဲ့ ဘာသာရေးကို အသုံးချပြီး သွေးခွဲခဲ့တဲ့ စရိုက်ဆိုးတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပြီးပြီ။ သန္ဓေယုတ် ခွေးတပ်ရဲ့ နည်းမျိုးစုံ သပ်လျှို သွေးခွဲမှုတွေကိုလဲ ကြည့်တတ် မြင်တတ်ကြဖို့ လိုပါတယ်။

အခုချိန်အထိ ဒါကို ကွက်ကွက်ကွင်းကွင်း မမြင်သေးပဲ ခွေးချန်နယ်တွေ ဖတ်ပြီး စောက်ပိန်း ဖြစ်နေရင်တော့.. 😈

#4C_TruthNews
"ပူးသတ်ကောင်"
-----------------

ခွေးချန်နယ်တွေထက် ပိုပြီး သန္ဓေယုတ်တာက ပူးသတ်ကောင်တွေပဲ။ စာဖတ်သူတွေ ကိုယ့်ဉာဏ် မျက်စိနဲ့ မြင်အောင် ကြည့်ကြပါ။ ဒီလောက်ပဲ ပြောချင်ပါတယ်။

ဘာဒေတာ ဘာအချက်အလက်မှ မရှိပဲ ပေါက်လွှတ်ပဲစား ရေးတင်နေတာတွေ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် တွေ့နေရတယ်။

ဒါ ဒုတိယအကြိမ်မြောက် သတိပေးတာပါ..။

#4C_TruthNews
မြဝတီတိုက်ပွဲကြောင့် မြေပြင်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတယ်။ အဓိက အမြတ်ထွက်ခဲ့သူ ကတော့ စောချစ်သူရဲ့ BGF တဖြစ်လည်း KNA တပ်တွေပေါ့။ KNA ဟာ မြဝတီကို အပြီးအပိုင် အုပ်ချုပ်ခွင့် ရသွားတယ်။ မနေ့က စောချစ်သူကို ဆေးရုံက ပြန်ဆင်းလာတဲ့ စိုးဝင်းက တိုက်ရိုက် ဆက်သွယ် ညှိနှိုင်းပြီး အချက် ၄ ချက် တောင်းဆို ခဲ့တယ်လို့ သတင်းရတယ်။

အတိုချုပ် ပြောရရင်တော့ (၁) မြဝတီမှာ တိုက်ပွဲ မဖြစ်အောင်ထိန်းပြီး ဘေးကင်းတဲ့ safe zone၊ ကုန်သွယ်ရေး ဇုန်ဖြစ်အောင်း ထားပေးဖို့ (၂) မြဝတီမြို့ အုပ်ချုပ်ရေးကို KNA က အပြည့်အဝ တာဝန်ယူပြီး ၂၇၅ တပ်ကို သူ့နေရာသူ ပြနနေခွင့် ပေးဖို့ (၃) တံတား-၂ မှာ အကောက်ခွန်၊ လဝက တွေ ပြန်ထိုင်ခွင့် ပြုဖို့ (၄) အခြေအနေကို ရက်ပိုင်းအတွင်း ပုံမှန်အတိုင်း ဖြစ်အောင် ထိန်းပေးဖို့ ဆိုတဲ့ အချက်တွေပဲ ဖြစ်တယ်။

ဒီနေရာမှာ တခု သတိပြုရမှာ စကစက KNA ကို သူတို့ လက်အောက်ခံ အနေနဲ့ အမိန့်ပေးတာမျိူး မဟုတ်ဘဲ Third party အဖွဲ့အစည်း တစ်ခုအနေနဲ့ ကြားဝင်ပေးဖို့ တောင်းဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်။ စခ ဝါဒဖြန့် မီဒီယာတွေ ရေးနေသလို မြဝတီကို စကစနဲ့ BGF ပေါင်းပြီး ထိန်းချုပ်တယ် ဆိုတာ မဟုတ်ဘူး။ KNA လက်ထဲ မြဝတီကို အပြီး အပ်လိုက်ရတာ။ စကစရဲ့ ၂၇၅ လို တပ်တောင် သူတို့ ခွင့်ပြုချက်နဲ့မှ နေရာ ရွှေ့ပြောင်းရတာ။

အဲဒါက ကိုယ့်အတွက် ကောင်းသလား မေးရင် ကောင်းတာလည်း ရှိတယ်၊ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ ကတော့ အသက်တွေ စတေးပြီး အကြီးအကျယ် တိုက်ခဲ့ပြီးမှ ပိုင်ပိုင်နိုင်နိုင် မရလိုက်တာပေါ့။ ကောင်းတာကတော့ စကစက မြဝတီကို အပြီးအပိုင် လက်လွှတ် လိုက်ရတာပဲ။ သင်္ကန်း ညီနောင်က ရင်း ၃ ရင်း စလုံး ပြုတ်ပြီး မြဝတီ မြို့စောင့်တပ်တောင် နယ်စပ် တံတားအောက် သွားပုန်း နေရတဲ့ ဖြစ်ရပ်ကလည်း ကမ္ဘာသိတဲ့ ကိစ္စကြီး ဖြစ်သွားပြီ။

ဒါပေမယ့် KNA ရှိနေတာ စကစ အုပ်ချုပ် နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလားလို့ မေးစရာ ရှိတယ်။ မြင်သာအောင် ပြောရရင် KNA တဖြစ်လည်း BGF ဆိုတာ အရင်ကတည်းက တော်လှန်ရေး အင်အားစုတွေလနခဲယမ်း ရရှိရာ အရင်းအမြစ် တွေထဲက တစ်ခုပဲ။ ပြီးတော့ ကိုယ့်လူတွေကို စကစလက်ထဲ အပ်တာလည်း ဒီကောင်တွေပဲ။ သူတို့က မီးစတဖက် ရေမှုတ် တဖက်နဲ့ third party လုပ်နေတာ တော်လှန်ရေး စကတည်းက ခုချိန်ထိပဲ။

Zin Thaw Naing

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/7205
Forwarded from Shwe Moe
အခုရက်ပိုင်းအတွင်း ခွီးတွေသောင်းကြမ်းနေ—

ကျမတို့ တော်လှန်ရေးအင်အားစုတွေကြားထဲထိုးခွဲဖို့ ဗျူဟာသုံးတာတွေအဓိက လုပ်နေတာ စရခ(စစ်ဖက်ရေးရာအရာရှိချုပ်ရုံး)ကနေ လုပ်နေတာ။

ဒီကောင်တွေက စစ်ရုံးမှာရှိတဲ့ အဆောင်အလိုက် telegram team ဝါဒဖြန့်ချီရေးအဖွဲ့၊ Facebook ဝါဒဖြန့်ချီရေး အဖွဲ့၊ TikTok ဝါဒဖြန့်ချီရေးအဖွဲ့ စသဖြင့် ဝါဒဖြန့်ဖို့ အဖွဲ့တွေကို လစာပေးပြီး တမင်သက်သက်ကို စုဖွဲ့ထားကြတယ်။

ထောင်နဲ့ချီတဲ့ ဝါဒဖြန့်ချီရေး စစ်သားတွေက နေ့တိုင်းနေ့တိုင်း ကျမတို့ကို ဝါဒဖြန့်သွေးခွဲနေတာ။

ကျမတို့ဘက်ကပြန်တိုက်နေတာက ရာဂဏန်းတောင်မပြည့်ဘူး။ ကျမတို့ဘက် မှာ ဝါဒဖြန့်အဖွဲ့လည်း စနစ်တကျမရှိဘူး။ ဖွဲ့ဖို့ကြိုးစားခဲ့တာလည်း မအောင်မြင်ဘူး။ ကျမတို့ဘက်က တော်လှန်ရေးကိုပဲ အာရုံစိုက်ကြတယ်။

အဲ့ဒီတော့ ကျမတို့ဘက်က သူတို့ကို ပြန်ချေပဖို့ သိပ်အားနည်းတယ်။ ကိုယ်လက်လှမ်းမှီရာ ဝင်ကြိတ်ပဲ လုပ်နေကြတာ။

ဒါကြောင့် ကျမလည်း အရင်ပုံစံအတိုင်းလည်းရေး— နောက်ပြီး ရွဲ့လိုက်၊စောင်းလိုက်၊ ဆဲလိုက်၊ ဆိုလိုက် အဖွဲ့ထဲ ဝင်အားဖြ
ည့်နေရတာ။

အခုတလော ခွီးတွေ အရင်ကထက်ပို သောင်းကြမ်းနေတယ်။ ကျမတို့ပြည်သူတွေ သတိထားကြပါ။

ခွီးတွေ အောင်မြင်လာတာ နှစ် ၇၀ ကျော်ပြီ— သူတို့ ထပ်ပြီး ဂျင်း ထည့်တာ မခံကြပါနဲ့။

မရွှေမိုး-ကိုရီးယား
April 24th, 2024.

#MaShweMoeKorea
‼️တိုင်းစစ်ဌာနချုပ် ဖင်စုတ်သွားတဲ့နေ့‼️
---------------------------------------

ဧပြီလ ၂၄ ရက်နေ့ မနေ့ည ၇ နာရီလောက်က မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့တွေက တက်ကြိတ်တာ ဗဟိုကင်းတောင် ပွင့်ထွက်သွားပြီးစစ်ခွေးတွေ အတုံးအရုံးကို သေကြတာ အလောင်းတွေ ဆိုရင် တစစီတွေ ဖြစ်ကုန်လို့ ဂေါ်ပြားနဲ့ လိုက်ကျုံးရတယ် ဆိုပဲ။

နမခ ဖရဲသီးက အတိအကျ သတင်းပေးတာနော် 😎

နမခမှာ ဘယ်လောက်အထိ မရှုမလှ ခံလိုက်ရလဲ ဆိုရင် တိုင်းမှူး သန်းထိုက်တောင် ကုတင်အောက် ပြေးဝင်ပုန်းနေရတယ် ဆိုလား.. အဟစ်ဟစ်

ဘာလက်နက်တွေနဲ့ ဘယ်လိုတွေ ဆော်သွားလို့ နမခ ဒီလောက်အထိ ဖင်စုတ်သွားလဲ ဆိုတာ တော်လှန်ရေး တပ်ဖွဲ့တွေက ထိခိုက်မှု အသေးစိတ် စာရင်းတွေနဲ့အတူ မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ 4C က လောလောဆယ် အမြည်းကျွေးပြီး အစထုတ်ပေးထားတာပါ။

ပွဲက ဘယ်လောက်အထိ ပျက်သွားလဲ ဆိုတော့-

မြန်မာပြည် အလယ်ပိုင်းက တိုင်းစစ်ဌာနချုပ်ကြီးကို မနေ့ညက YAK-130 တိုက်လေယာဉ်နဲ့ ၈ ပတ်တိတိ ကင်းပတ်ပေးရတဲ့ အဆင့်ထိကို ဆော်ခံလိုက်ရတာပါတဲ့ဗျာ..။

နမခ ဖရဲသီးက ကွက်စတိ သတင်းပေးတာနော်.. 😈

#4C_TruthNews
"လေးစားဖွယ်ရာ ဖရဲသီး စိတ်ဓာတ်"
----------------------------------

မိသားစု မိဘ ဆွေမျိုးတွေ စတဲ့ သွေးရင်းသားရင်းတွေနဲ့ အညှာကိုင်ပြီး စစ်ရှုံးကောင်စီရဲ့ ယုတ်မာကောက်ကျစ်စွာ အကျပ်ကိုင်ထားမှုတွေကြောင့် စစ်တပ်ထဲက အရာရှိ စစ်သည် တချို့ဟာ အောက်တန်းစား အသိုင်းအဝိုင်းကို စွန့်ခွာလိုသော်လည်း အခုချိန်အထိ ရုန်းမထွက်နိုင်ပဲ နေနေကြရတဲ့ သူတွေ ရှိနေပါတယ်။

အဲ့ထဲက တချို့တွေက တော်လှန်ရေးအတွက် တကယ်ကို အားကိုးရပြီး အရေးပါတဲ့ ဖရဲသီးတွေ ဖြစ်လာပါတယ်။ တချို့ ဖရဲသီးတွေရဲ့ အတွင်းကျကျ လုပ်ကွက်တွေက အခုချိန်မှာ ဖော်ပြလို့ မရသေးတာကြောင့် နောင်တချိန်တော့ ရေးဖြစ်ကောင်း ရေးဖြစ်ပါလိမ့်မယ်။

အခုတော့ လေးစားဖွယ်ရာ စိတ်ဓာတ်လေး တစ်ခုကိုပဲ ပြောပြချင်လာလို့ပါ။

စစ်ဌာနချုပ်ကြီး တစ်ခုကို တိုက်တော့မယ့်အချိန် ဖြစ်ချင်တော့ တကယ်ကို အရေးပါတဲ့ သတင်းတွေကို အချိန်ကိုက် ပေးပို့နေတဲ့ ဖရဲသီးက ပစ်မှတ်နေရာမှာ တာဝန်ကျနေတယ်။ ဒါကိုသိတဲ့ တော်လှန်ရေး ရဲဘော်က မေးတယ်။ မစ်ရှင် ဖျက်လိုက်ရမလားပေါ့။

"ကျနော်က စစ်သားပါဗျာ။ သေချင် သေပါစေ လုပ်စရာ ရှိတာ ဆက်လုပ်ပါ" တဲ့။ "ပြည်သူတွေအတွက် သစ္စာစောင့်သိပေးရင်း တော်လှန်ရေး ရဲဘော်တွေရဲ့ လက်နက်နဲ့ သေသွားတာ ဂုဏ်ငယ်စရာ မရှိပါဘူး" တဲ့။

တကယ်တော့ စစ်ရှုံးကောင်စီဘက်ကသာ ဖရဲသီးကို ဖမ်းမိခဲ့မယ်ဆိုရင် ဘယ်လိုတွေအထိ အရေခွံ နွှာခံရမယ် ဆိုတာ ဒီဖရဲသီးတွေ မသိ မရှိဘူး။ ကျွဲလိုနွားလို ကျွန်လို ခိုင်းစားချင်လို့ကို မိသားစုလိုက် အကျပ်ကိုင် ခိုင်းစေခံနေရတဲ့ သူတို့တွေက ခွေးတပ်ရဲ့ စရိုက်ဆိုးကို အသိဆုံး။

ဓမ္မဘက်ကို ရပ်တည်ချင်သော်ငြား ဘယ်လိုမှ မစွမ်းသာတော့လို့သာ သူတို့တွေရဲ့ ဘဝတွေကို ရင်းနှီးပြီး ဖရဲသီး လုပ်ပေးနေကြတာ။

နှစ်ဘက်စလုံးရဲ့ လက်နက်နဲ့ အချိန်မရွေး သေသွားနိုင်တဲ့ ဘဝတွေ..။

#4C_TruthNews
တိုက်ပွဲသတင်း ထုတ်ပြန်ကြေညာခြင်း
ရက်စွဲ။          ။25.4.2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက် မြောက်တိုင်း စစ် ဌာန ချုပ် (နမခ) အတွင်းသို့ ရှော့တိုက်
ရော့ကတ်များ၊ကာမီကာဇေ ဒရုန်းများ
ဖြင့် ဧပြီ ၂၄ရက် ည ၇နာရီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်
အတွင်းရှိ
-ဇေယျာသီရိခန်းမ အစည်းအဝေးပြုလုပ်
နေစဥ် ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး
တိုင်းအရာရှိအကြီး ၂ ကောင်အပါအဝင်
တိုင်းအရာရှိများ မွင်းခါးဖြစ်။

-ဗဟို ကင်း ရှော့တိုက်ရော့ကတ်
ထိမှန် ဆင့်ကွဲပွင့်ထွက်ပြီး ဗိုလ်မှူးအပါအဝင် တပ်စိတ် ၁ စိတ် ပေတရာမှာအသားစများဂေါ်ပြားဖြင့်ကျူံးယူခဲ့ရကာ မွင်းခါးဖြစ်။

-တိုင်းရုံးကင်းစောင့် ရဲခွေး ၄ ကောင် ကတုတ်ကျင်းထိပ် ထိမှန်ခဲ့ပြီး မွင်းခါးဖြစ်။

-စစ်တိုင်းမှူး သန်းထိုက်အိမ်ယာဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်ရှိ။

-စစ်မြေပြင် ဆေးတပ်ရင်း (မဆရ ၇) အရာရှိရိပ်သာ ထိမှန်ခဲ့ မွင်းခါးပွဲရေ များ။

-တပ်ဆေးရုံ တဆခွဲ (၄/၃၀၀) အရာရှိရိပ်သာ ထိမှန်ခဲ့ အတိုအပြတ် မွင်းခါးပွဲရေများ။

-ထပရ ၉၂၉ ရိက္ခာသိုလှောင်ရုံ
ထိမှန်ခဲ့။

-စရဖ(နခ) ရုံးအဆောက်အအုံ
ထိမှန်ခဲ့။

-BE မိုင်းတပ်ဖွဲ့ ရိပ်သာဆောင် ထိမှန်ခဲ့ပြီး ထိခိုက်မှုများရှိ။

၄/၃၀၀ နှင့် တပ်နယ်တွင်း သံပြာကာကားများဖြင့် တိုပြက် ပရီမွင်းခါး သယ်ပို့ အဝင်အထွက်များကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အပြီး နမခ နှင့် အမတ ၅၀၈ မှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်ဘေးပတ်ဝန်းကျင်ပြည်သူ့ရွာများကို ရမ်းသမ်းပစ်ခတ်။
နမခ စစ်တိုင်းမှူး သန်းထိုက်မှ အရေးပေါ် လေကြောင်းအကူခေါ်ကာ ည ၉နာရီအချိန်တွင် တံတားဦးလေတပ်စခန်း မှ Yak-130 Light Attack Fighter Jet (၁)စီးတက်လာခဲ့ပြီး နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင် ၈ ပတ် ကင်း ပတ်ဝဲပေးတဲ့
အဆင့်ထိရောက်ရှိခဲ့သည်။

ယခုတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)နှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့၊
Dragon Brothers Task Force-DBTF၊Advance-47၊ Chindwin Brothers, ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင် ရင်း ၁၃ စသည့်မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

လေကြောင်းရန်ကာကွယ်ပေးပါသော လေကြောင်းကင်းထောက်အဖွဲ့ Nationawide Air Scout-NAS ကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
Forwarded from Shwe Moe
မျက်ရည်ဝဲမိတဲ့နေ့တွေ အကြောင်း— 🍂

ဪ.. ‘ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်
တိုက်ကြီး ဆောက်တော့မယ်’တဲ့လား။

ထိုင်းရဲ့ ဝံ့ဝံ့ကြွားကြွားရေးထားသတင်းကို ဖတ်လိုက်ရတဲ့အခါ ထိုင်းဘက်မှာရောက်နေတဲ့ ကိုယ့်တိုင်းပြည်ထဲက စစ်ဘေးရှောင်တွေရဲ့ မျက်နှာ၊ တော်လှန်ရေးရဲဘော်တွေရဲ့မျက်နှာတွေ၊ တော်လှန်ပြည်သူတွေရဲ့ မျက်နှာတွေကိုပြေးမြင်မိတယ်။

အဲ့ဒီ့ မိုးမျှော်တိုက်ကြီးမှာ ငါတို့မြန်မာတွေဘယ်နှစ်ယောက်လောက်များ အလုပ်ကြမ်းဝင်လုပ်ကြလိမ့်ဦးမလဲ။

ကျမရဲ့ ရင်ထဲဖြစ်လာတာ မခံချင်စိတ်တွေ ..

🍂

ထိုင်းနိုင်ငံကို ကျမ မကြာခဏရောက်ပါတယ်။ ထိုင်း နိုင်ငံကို ခြေချမိတဲ့အခါတိုင်း အိမ်နီးနားချင်း ကျမတို့မြန်မာနိုင်ငံကို သိပ်သတိရတယ်…ကျမ ရင်ထဲမှာ လွမ်းဆွေးမှုတွေက လွှမ်းခြုံလာမြဲ..မျက်ရည်တွေဝဲလာမြဲ။

မြန်မာပြည်လိုအိုက်စပ်တဲ့ ရာသီဥတု၊ မြန်မာပြည်မှာရှိတဲ့အပင်တွေ၊ အာရှသူ အာရှသား ညိုချောလေးတွေ၊ တချို့နေရာတွေရောက်ရင် မမြင်ရတာကြာပြီဖြစ်တဲ့ မီးသွယ်ထားတဲ့ဓာတ်ကြိုးရှုပ်ရှုပ်နဲ့ ဓာတ်တိုင်တွေ..

ထူးဆန်းတာက ထိုင်းမှာ မိုးရွာတဲ့နေ့တွေဆိုရင် ကျမတို့ မြန်မာပြည်က မြေအနံ့ကိုရတာပဲ။ အခြားနိုင်ငံတွေ မိုးရွာတဲ့အချိန် မြေအနံ့နဲ့ တူကိုမတူတာ..။

🍂

ထိုင်းလည်း ကျမတို့လိုပဲ စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာစစ်တပ်က အာဏာသိမ်းထားတာပဲ မဟုတ်လားလို့ ဝမ်းနည်းပန်းနည်း မနာလိုစိတ်ဖြစ်မိတာ အမှန်…

ဘာကွာလို့လဲ
ဘာကွာလို့လဲ

🍂

ပြည်သူ့မျက်နှာကို လုံးဝမကြည့်တာနဲ့ ကြည့်သင့်သလောက်ကြည့်တာ ကွာတယ်လေ။ ကျမတို့ ပြည်သူတွေ ကံဆိုးတယ်လို့ပြောရမလား၊ ရိုး အ တယ်လို့ဆိုရမလား။

🍂

စစ်အုပ်စု ကပ်စား ယက်စားနေတဲ့ လူတစ်စုက လွဲပြီး..စစ်အာဏာသိမ်းတာ ဘယ်နိုင်ငံက ပြည်သူမှ လက်မခံပါဘူးလေ.. ထိုင်း ပြည်သူတွေလည်း ဆန္ဒပြကြတာပဲမဟုတ်လား။

ထိုင်းမှာလည်း ရှပ်ဝါတွေ၊ ရှပ်ပြာတွေ စတဲ့ အရောင်မတူတဲ့ ပါတီထောက်ခံသူတွေလည်း ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ကြတာပဲ။ အစိုးရကြား ၊ ပါတီတွေကြား ၊ ဝန်ကြီးတွေအချင်းချင်းကြား ပွတ်တိုက်မှုတွေရှိတာပဲ။

ဒါပေမယ့် သူတို့က သူတို့ရဲ့ပွတ်တိုက်မှုတွေကြားမှာ ပြည်သူတွေ ဓားစာခံမဖြစ်ခိုင်းဘူး။ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ခဲ့တယ် ။

မြန်မာစစ်တပ်လို ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နင်းပြီး လူမြင်ကွင်းမှာ ရက်ရက်စက်စက် ဦးခေါင်းကိုသေနတ်နဲ့ချိန်ပြီး သတ်ဖြတ်ခဲ့တာမျိုးရှိခဲ့သလား။

ထိုင်းနိုင်ငံဟာ အာရှကျားတွေထဲက တကောင်ဖြစ်ခဲ့ပြီ၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုက တားမရ၊ ဆီးမရ။ GDP လား— မပြောနဲ့တော့၊ ကျမတို့နိုင်ငံထက် အများကြီး အများကြီး သာတယ်။

မြို့တော်ဘန်ကောက်မှာ နေရာအနှံ့ပေါ်ပေါက်လာတဲ့ မိုးမျှော်တိုက်တွေ ၊ အခြေခံ အဆောက်အအုံတွေ ၊ ခေတ်မှီတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အစရှိတဲ့ အသွင်အပြင်တွေနဲ့ ..

🍂

ကျမတို့ကတော့ အဲ့ဒီ့မှာ အလုပ်သွားလုပ်နေရပြီ။

ထိုင်းနိုင်ငံမှာ ကျမတို့နိုင်ငံသားတွေ သန်းနဲ့ ချီရှိတယ်၊ စစ်တမ်းတွေအရ မြန်မာ ၄ သန်းလောက်ရှိနိုင်တယ်လို့ သိရတယ်။

🍂

ထိုင်းနိုင်ငံ ပြောင်းလဲ တိုးတက်လာတဲ့ အချိန် ကျမတို့နိုင်ငံမှာတော့ပြည်တွင်းစစ်တွေ မပြီးနိုင်မဆုံးနိုင်၊ အကျင့်ပျက်ခြစားမှုတွေ သောက်သောက်လဲ၊ အာဏာအလွဲသုံးစားမှုတွေကြောင့် သွေးချောင်းစီး..။

အမေစုအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေနဲ့ ပြည်သူတွေအားလုံးမှာ အလုပ်ကိုယ်စီတွေ ရှိလာခဲ့သေး၊

ကျမ ၂၀၁၉ မှာ မြန်မာပြည် အလည်ခဏပြန်တော့ တကယ့်ကို ပြောင်းလဲနေတာ။

ဒါတွေ အခု ဆောင်းတွင်းအိပ်မက်လို.. နိုးထလာတဲ့အချိန်မတိုင်ခင်မှာပဲ အကုန်လုံးကွယ်ပျောက်ခဲ့ရပြီ။

🍂

ဟို မိစ္ဆာကောင်ကြီးကို ကျမအရမ်းမေးချင်တယ်၊ ကျမတို့ပြည်သူတွေမှာ ဘာအပြစ်တွေရှိလို့ ဒီလောက်ရက်စက်ရတာလဲ။

ဒီလောက် ခိုးယူပြီး ချမ်းသာကြွယ်ဝနေပြီပဲ— နောက်ထပ် ဘယ်လောက်မှ အသက်ရှင်ဖို့ မကျန်တော့တဲ့ လူသက်တမ်းနောက်ဆုံးအချိန်လေးရောက်နေတဲ့အထိ ဘာကြောင့်များ အာဏာကို ငမ်းငမ်းတက်ပြီး လိုချင်နေတာပါလိမ့်နော်။

🍂

သူများနိုင်ငံတွေမှာဖြင့် ကမ္ဘာအမြင့်ဆုံးမိုးမျှော်တိုက်တွေ ဆောက်ဖို့ကြံနေကြတဲ့အချိန် ကျမတို့ တိုင်းပြည်မှာတော့ အဝီထက် ပိုနက်တဲ့ ချောက်နက်ကြီးထဲကို ဆွဲချတာကို ခံနေရတယ်။

🍂

ကျမတို့ စည်းစည်းလုံးလုံး တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ထားမှ ချောက်ထဲမကျမှာ..

မစည်းလုံးပဲ တစ်ယောက်တစ်ပေါက်ဖြစ်နေရင် အဲ့ဒီ့ လူသတ် မိစ္ဆာကောင်ကြီးတွေကို ကျမတို့နိုင်ငံက ဘယ်တော့မှ ဖယ်ရှားနိုင်မှာမဟုတ်ဘူး— ပြည်သူတွေလည်း သေလှပြီ။

ကျမတို့လည်း ကမ္ဘာ့အမြင့်ဆုံးတစ်ခုခု ရနိုင်အောင်် လုပ်ကြရအောင်ပါ။

🍂🍂🍂

မရွှေမိုး( ကိုရီးယား )
April 26 ,2024
ဒီတော်လှန်ရေးကနေ အနာဂတ်နိုင်ငံတော်အတွက် ဘာတွေလိုချင်သလဲဆိုရင်-

- AA ရဲ့ ရခိုင်တွေကို တခိုင်တည်းဖြစ်အောင် စုစည်းသလို ညီညွတ်ချင်တယ်။

- KIA ရဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ထားရှိတဲ့ မေတ္တာတရားတွေ ပြန့်လွင့်စေချင်တယ်။

- KNDF ရဲ့ လူမျိုး၊ဘာသာ မရွေးပူးပေါင်းဆောင်ရွက်တဲ့စနစ်တွေကို ပြန့်နှံ့စေချင်တယ်။

- PDF အဖွဲ့တွေရဲ့ စိတ်ဓါတ် ဇွဲ သတ္တိ ခွန်အားတွေကို အနာဂတ်တိုင်းပြည်အတွက် အသုံးချချင်တယ်။

မလိုချင်တာတွေကတော့

- အချင်းချင်းတွေကြား သွေကွဲ ရန်လိုမှုတွေ မရှိချင်တော့ဘူး။

- ကိုယ်ကျိုးစီးပွားအတွက် တစ်ဘို့တည်းကြည့်တတ်တဲ့ ခေါင်းဆောင်တွေ မလိုချင်ဘူး။

- ပြည်သူကို ပြည်သူလို့ မမြင်တဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့ကို မဆို မလိုချင်တော့ဘူး။

- ဖက်ဒရယ်ဒီမိုကရေစီကို မယုံကြည်တဲ့ Warlord လုပ်ချင်တဲ့ အဖွဲ့အစည်းတွေ မရှိစေချင်တော့ဘူး။

- ဘာသာရေး၊ လူမျိုးရေးတွေနဲ့ အသုံးချခံတွေ မဖြစ်စေချင်တော့ဘူး။
Forwarded from The Net
ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်

"အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်"
********

Dark Shadow UG အဖွဲ့က ရဲဘော်အရိပ် (ပန်ဒါလေး) ရေးသားသည်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ UG ၁၄ ယောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး မီဒီယာမှာ ရေးသားဖော်ပြခံခဲ့ရပြီးပြည်သူလူထုရော စိတ်မကောင်းဖြစ် ဘေးကင်းဖို့ ဆုတောင်းစာတွေနဲ့အတူ Dark Shadow UG အဖွဲ့က ရဲဘော်တစ်ချို့ဖမ်းဆီးခံရပြီး ကျန်ရဲဘော်တွေ အိမ်တွင်း ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အမှတ်တရနေ့လေး ဖြစ်ခဲ့ရတယ်။

၂၇.၄.၂၀၂၂ အဲ့နေ့က Mission တစ်ခုကဖို့ စီစဥ်ထားရာကနေ အဖွဲ့ကညီကိုတစ်ယောက်ရဲ့အသိ နေခန့်နိုင် (ခေါ်) မာဖလာ မျက်မှန်ဝတ် ငရုတ်သီးထောင်းနေတဲ့ကောင်လေး သတင်းပေးမှုကြောင့် အတွင်းစည်းပေါက်ပြီး ကြိုစောင့်ဖမ်းခံခဲ့ရတယ်ပေါ့ဗျာ။ အဲ့ကနေ Under Control ဖြစ်ပြီး ဆက်စပ်ရာကနေ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းကိုဝင်စီးခံရဖို့ ဖြစ်လာခဲ့တယ်။ အဲ့နေ့က အဖွဲ့ကညီကိုတစ်ချို့အဆက်သွယ်မရလို့ စိတ်ပူ အိမ်မှာစောင့်နေရင်း တစ်ချို့သတင်းတွေကြောင့် လူစုခွဲရင်း ပစ္စည်းခွေးစာ အထုပ်ကြီးမရွေ့နေရင်း ကိုက် ၅၀ အကွာကနေ အမေနဲ့ကိုင်ဆဲခံရတဲ့ အသံတွေနဲ့ အတူတူ အင်အားအလုံးအရင်း ပစ်ခတ်ဖမ်းဆီးရာကနေ အထုတ်တွေချ ဖိနပ်ပါချွတ်ပြီးငယ်သံပါအောင် ကိုနိုင်ရယ်နဲ့ကျနော် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအလတ်ချောင်းကျေးရွာထဲမှာ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရတယ်။

တစ်ကယ့်ကို ကိုက်၅၀ အကွာကနေ လိုက်ပစ်ခတ်ဖမ်းရင်း ကျနော်ရယ် ကိုနိုင်ရယ် လယ်ကွင်းလမ်းကြိုလမ်းကြားထဲ လူစုကွဲသွားခဲ့ရတယ်။ ကိုနိုင်ကတော့ လမ်းတစ်ဖက်တစ်ချက် လယ်ကွင်းတွေဆီပြေးရင်းလွှားရင်း အခက်ခဲပေါင်းစုံနဲ့ နောက်ဆုံး ရန်ကုန်တစ်ဖက်ကမ်းကို အရင်ရောက်ခဲ့ရတယ်။ ကျနော်ကတော့ S I G သေနတ်အတိုတစ်လက်နဲ့အတူတူ အိမ်ကြားတွေ လမ်းကြားတွေကို ပြေးနေမိတယ်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရွာလေးတွေမှာက လယ်ကွက်တွေများတယ်။ ရွာဆိုတော့ လယ်ကွက်ရွံ့တွေလည်းရှိတယ် ကျနော့်ဆီမှာ အတိုပါတယ်ဆိုတော့ ရပ်ကွက်ကိုထုတ်ပေးဖို့ပြောပြီး နောက်ကနေ အင်အားအလုံးရင်း ပစ်ခတ်ဖမ်းရင်း ကျနော်လည်း ကြောက်ကြောက်နဲ့ လမ်းကြားတစ်ခုက အိမ်အောက်ကိုဝင်ပြေးရင်း ရွံ့တွေလူးနေခဲ့ရတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့အိမ်နောက်ဘေးတွေကို ပေတူးနွံလူးနေတဲ့ကြားကနေ ထွက်ပြေးရင်း အိမ်တစ်အိမ်ကို အကူညီတောင်းခဲ့တယ် ဒါပေမယ့် သူတို့ကလည်း ကြောက်အားလန့်အားနဲ့ သူခိုးသူခိုးဆိုလို့ ထပ်ပြေးလိုက်ရသေးတယ်။

ထွက်ပြေးရင်း အသံတွေနားထောင်ရင်း အဖွဲ့ထဲက ညီကိုတွေက ကျနော်တို့ဖမ်းခံလိုက်ရပြီ သေပြီသတင်းကြားနေရတဲ့အချိန် ကျနော်အဖမ်းမခံရသေးဘူး။ ဝင်စီးခံနေရပြီဆိုတာကို အကိုအမတွေကို ရအောင်ဖုန်းဆက်စာပို့ပြောခဲ့သေးတယ်။ ခဏအကြာမှာ စစ်ကောင်စီအင်အားအလုံးရင်းနဲ့ ကျနော်တို့ပြေးရာကို လိုက်လာရင်း စစ်ဖိနပ်သံတွေကို ကြောက်စိတ်နဲ့ နားစွင့်ခဲ့ရတယ်။ အဲ့တာနဲ့ပဲထပ်ပြီး တရွတ်တိုက်ပုန်းရင်း ထပ်ပြေးရာကနေ အိမ်တစ်အိမ်ရဲ့ အိမ်သာတွင်းထဲကို တစ်အိအိနဲ့ နစ်သွားခဲ့ရတယ်။

အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်။ အဆူးပင်ခြံခြားထဲ ပုန်းနေရင်း ဖုန်းကနေ မိသားစုရယ် ညီကိုမောင်နှမတွေကို ဆက်သွယ်ခဲ့တယ်။ သူတို့ကတော့ဖမ်းခံရပြီ ထင်နေချိန် မယုံမှာစိုးလို့ ဓာတ်ပုံရအောင်ရိုက်ပို့ရင်း ဒီတစ်ခါ ငါဖမ်းခံရရင် သေမှာ အရင်ကလွတ်ငြိမ်းနဲ့လို လွတ်လာမှာမဟုတ်ဘူး။

ငါအဖမ်းခံရရင် ကျန်သူဆက်တော်လှန်လို့ရမှာဆိုတဲ့စိတ်နဲ့ အချိတ်ဆက်တွေ ကို အကုန်ဖျက်ချထားလိုက်တယ်။ မကြာခင်မှာပဲ အိမ်တစ်အိမ်ကို ကျနော်ကပြည်သူ့ကာကွယ်ရေးတပ်ကပါ မြို့ပြပျောက်ကြားတပ်ဖွဲ့ကပါဆိုပြီး အကြိမ်ကြိမ် လက်အုပ်ချီပြီး ကန်တော့ပြောနေမိတယ်။ တစ်ကယ်က ကျနော်ပြောနေတဲ့ကလေးက အသက်အရွယ်တော်တော်လေးကိုငယ်တယ်။ လက်အုပ်ချီကန်တော့နေမိတာ အဲ့ကနေကလေးက သူ့မိသားစုကိုပြောပြရင်း ခေါ်လာတဲ့အချိန်သေချာရှင်းပြတဲ့အခါ အိမ်နောက်ဘေး ထမိန်အောက်တန်း ထမိန်ကြားထဲမှာ ပုန်းနေခဲ့ရပြန်တယ်။

အဲ့အချိန်မှာဘေးအိမ်တွေက ဇော်မင်းထွန်းရဲ့ MRTV မိန့်ခွန်းကိုဖွင့်ထားနေချိန် ကျနော့်မှာ မျက်နှာသေးသေးလေးနဲ့ ကြောက်စိတ်ဝင်ရင်း ခြေတုန်လက်တုန်ဖြစ်နေခဲ့ရတယ်။ အဲ့ကနေ ကျနော်ချစ်ရတဲ့ အကို၊ ညီကိုတွေသူငယ်ချင်းတွေက ဖုန်းဆက်ရအောင် ထုတ်ဖို့ကူညီရင်းကနေ အစောက မိလ္လာတွင်းထဲက ပေကြံနေတဲ့ ကျနော်ကို ရေပေးချိုးခဲ့တယ်။ ဟာသပြောရအုံးမယ် မျက်နှာဇီးအရွက်လောက်နဲ့ အဲ့အချိန်ကြောက်လွန်နေတာဖြစ်မယ်
Forwarded from The Net
နံတာလည်းမသိဘူး ငရုတ်သီးဖတ်တွေ ကပ်နေတာလည်းမသိဘူး အခါခါသပ်ချရေလောင်းချနေခဲ့တာ။
ရေချိုးရင်းကနေ အဲ့က ကျေးဇူးရှင်မိသားစုအကူညီကြောင့် ရေချိုးအဝတ်စားလဲ ဦးထုပ်ဆောင်းပြီး ကျေးဇူးရှင်ဆိုင်ကယ်နဲ့ လာကယ်တဲ့အချိန် တတ်ခွပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကမ်းကိုရောက်ရှိခဲ့တယ်။ အဲ့အချိန်က လူပေါင်းစုံရွာထဲမှာမထွက်ပဲ ကြောက်နေချိန် ကိုယ်ပဲထွက်လာတော့ ဝိုင်းကြည့်ခံခဲ့ရတယ်။ ကြည့်မြင်တိုင် အလတ်ကျေးရွာ ဒီဖက်ဆိပ်ကမ်းကနေ ကူးမယ်ဆိုပြီး စက်လှေပေါ်အတတ် တစ်ကိုယ်လုံးက ညှီဆို့ဆို့နဲ့ ချွဲကျိအရည်တွေကြောင့်ရယ် ကြောက်စိတ်ရယ်ကြောင့် ဆိပ်ကမ်းရဲ့ စက်လှေပေါ်ကနေ ကျခဲ့ရတယ်။ ပြန်ရုန်းထပြီး စက်လှေပေါ်ပါလာတဲ့အကိုက ငါ့ညီ မကြောက်နဲ့ပုံပျက်နေပြီးဆိုပြီး ဆွဲခေါ်ပေးခဲ့ရာကနေ ရန်ကုန်တစ်ဖက်ကမ်းကိုလွတ်မြောက်ခဲ့ရင်း ဘေးကင်းရာကိုရောက်ရှိခဲ့ရတယ်။

သေဘေးကလွတ်ခဲ့ရတော့ အရမ်းပျော်ခဲ့တယ် ကျန်အခက်အခဲကတော့ကြော်နိုင်မယ်တွေးရာကနေလွတ်မြောက်ထိရောက်ခဲ့တယ်။ အဲ့အချိန်ကတော့ကြောက်စရာပေါ့ ခုတော့ ဟာသတွေကိုဖြစ်လို့ ညဘက်အိပ်တိုင်း ဒီဖြစ်စဥ်ကြီးကိုစိတ်ထဲစွဲနေမိတယ်။ မျက်လုံးမှိတ်အိပ်တာနဲ့ အိမ်မက်က အပြင်မှာလိုပဲ နေ့တိုင်းနီးပါး ပစ်ခတ်ဖမ်းဆီးပြေးလွှားနေရတုန်းပဲဗျာ။ အဲ့အချိန်တုန်းက ကူညီခဲ့တဲ့ အိမ်ရှင်မိသားစုရယ် ထွက်လို့ရအောင်ချိတ်ဆက်ပေးတဲ့ ကျနော်အကိုရယ် သူငယ်ချင်းခိုင်မင်းရယ် အမည်မဖော်လိုတဲ့အရဲစွန့်လိုက်ပို့ပေးတဲ့ အကိုတို့ကို တကယ်ကျေးဇူးတင်ပါတယ်။
တော်လှန်ရေးကြီးပြီးလို့ မသေသေးရင် ကူညီခဲ့သူတွေ အသက်ရှင်အောင် ရုန်းကန်ခွင့်ပေးသူတွေကို လာကန်တော့ပြီး ကျေးဇူးပြန်ဆပ်ခွင့်ရချင်ပါသေးတယ်။ ခုချိန်ကတော့ ကူညီပေးခဲ့တဲ့ဒီကလေး ဒီလူငယ် ခုလိုရှင်သန်နေတာကိုမြင်ရရင် ကူညီခဲ့ရကျိုးနပ်ပြီး ဂုဏ်ယူနေမယ်မျှော်လင့်ပါတယ်။

မှတ်ချက် - ရဲဘော်အရိပ် (ပန်ဒါလေး)၏ ခွင့်ပြုချက်ဖြင့် UG ရဲဘော်တယောက်၏ အတွေ့အကြုံကို အများပြည်သူ သိရှိစေရန် ပြန်လည်မျှဝေခြင်းဖြစ်သည်။ ဓာတ်ပုံ - ရဲဘော်အရိပ် ပြေးလွှားနေစဉ် အသက်ရှင်နေသေးကြောင်း သက်သေပြ ဓာတ်ပုံ (၂) ပုံနှင့် ယခုလွတ်မြောက်နယ်မြေရောက် ဓာတ်ပုံ (၁) ပုံတို့ကို ဖော်ပြပေးလိုက်ပါသည်။

#RedNewsAgency