ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from The Net
အုတ်ဖို ခမရ ၆ ကတော့ ပတ်ပြီး နွှာခံနေရတာပါ။ ဆော်နေတာကလည်း တပ်ရင်း ၃၈၀၂ ဘဲဗျ။တပ်ခွဲသာ အလှည့်ကျပြောင်းနေမယ်။ဖြစ်စဉ်က ဒီလိုဗျ။တပ်ခွဲ ၄ ဟာ စကစ ရဲ့ FOC (Fiber Optic Cable ) လိုင်းကို ဖြတ်တောက်ထားလိုက်တယ်။စကစသားများ ထွက်လာရပြီလေ။ထွက်အလာမှာ ပဒေသာမိုင်းနဲ့ ကြိုဆိုပေးလိုက်တာပါ။နောက်ဆုံးအခြေအနေအရ မွင်းနား ၁၀ပွဲ နဲ့ ပြင်းထန်ဒဏ်ရာရ ၃ပွဲ ဖြစ်ပါတယ်။အုတ်ဖို ၀င်းသရက်ရွာ ချောင်းအနီးမှာ မြေအောက်ကေဘယ်ကြိုးကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး ထန်းပင်ကုန်းရွာကနေအထွက် မိုင်းထောင် တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။စကစ ရဲ့ FOC Cable လိုင်းတွေဟာ နိုင်ငံအနှံ့ဖြန့်ကျက်ထားပါတယ်။ေနရာမသိမှာစိုးလို့ ဆိုင်းဘုတ်အဖြူလေးတွေ စိုက်ထားပါတယ်။အများကြီး မနက်ပါဘူး။ ၄ ပေအနက်တူးရမယ်ဆိုရင် ၂ ပေ လောက်ဘဲ တူးပြီး မြှုပ်ထားတာများပါတယ်။ဒီဖြစ် စဉ်မျိုး သဘောကျပါတယ်။

သင်္ကြန်မတိုင်ခင် ကာလတွေမှာ စကစ လမ်းလျောက်ပွဲအပြီး အင်အားတွေကို မိခင်တပ်ရင်းတွေဆီ ပြန်လွှတ်ပြီး အင်အားဖြည့်တင်းမှုတွေ လုပ်လာနိုင်ပါတယ်။သင်္ကြန်ပွဲအတွက် လုံခြုံရေး ထုတ်သုံးရမှာမို့ တပ်ရင်းဌာနချုပ်တွေမှာ မူလအင်အားထက်လျော့ နည်းသွားပါလိမ့်မယ် ခင်ဗျာ။"လွယ်ဂျယ်မြို့ကိုရရင် Photo ပြပါဆိုပြီး လာ ment တဲ့ တစ်ယောက်" အခု Movie တွေပါ တက်လာပြီဆိုတော့ "ကျေနပ်သွားမလား ကြေကွဲသွားမလား"တော့ မသိ ပါ နော်။

၂၀၂၄ ဧပြီ

ဇင်ယော် - ပြည်သူ့စစ်သား
‼️Breaking News - နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ် ကာမီကာဇေ ဒရုန်းတွေဖြင့် တိုက်ခိုက်ခံရ‼️

ဧပြီလ (၄) ရက်နေ့ ဒီကနေ့ မနက် (၉) နာရီခန့် အချိန်က နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေ ဒရုန်း (၁၆) စီး၊ အေလာ လေတပ်ကို ဒရုန်း (၁၃) စီးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း၊ စစ်ရုံးချုပ် တစ်ခုလုံး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ကုန်တာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ် မသိရှိရသေးပေမယ့် ဧလာလေတပ်ကတော့ မီးလောင်ပျက်စီးခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။

#4C_TruthNews
Forwarded from The Net
၂၀၂၄ ဧပြီ ၀၄ စစ်ရေးသုံးသပ်ချက်

ကချင် 💪💪💪

ဆွမ်ပရာဘွမ် ခလရ ၄၆ ရဲ့ ဗျူဟာကုန်းစခန်းကို ကီယာတို့ ရက်သတ္တပါတ် ၃ ပါတ်တိတိ တိုက်စစ်ဆင်နေပေမယ့် မရသေးပါဘူး။နေ့စဉ်နီးပါး စကစဘက်က ဗုံးကြဲ တိုက်ခိုက်လျက်ရှိပါတယ်။၃ပါတ်ကာလဖြစ်တဲ့အတွက် စကစရဲ့ အရန်ရေ ဘယ်လိုရနေလဲ?? ရေမရအောင် ဖြတ်နိုင်ရင် အလံဖြူထောင်ပါလိမ့်မယ်။မိုးမောက်က လက်ကျန်ဖြတ်တဲ့ ကိစ္စ မပြတ်သေးပါဘူး။ဒဂေါ်ရွာ အထက်က မိုင်ဆတ်ကောင် ရတခမရ ၆၀၂ စခန်းကုန်းကိုတော့ မနက် ၀၇၃၀ မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရတခမရ ၆၀၂ ဟာ ရွှေကူအခြေစိုက်ဖြစ်ပြီး စကခ ၂၁ လက်အောက်ခံတပ် ဖြစ်ပါတယ်။၈၈ နဲ့ ၂၁ က အရုပ်ရေးရတော့မလားနော်။

လွယ်ဂျယ်ကို ရပြီးဖြစ်တဲ့ ဒူးဝါးကြီးတို့ အနေနဲ့ မိုးမောက်ဘက်ကို လှည့်တော့မလားဘဲ။စကစအနေနဲ့ မိုးမောက်က ၀၀မ် ၊၀ဘော် ၊ကျရီ ဘက်တွေကို ဗုံးကြိုပြီး ကြဲနေတယ်။မံစီမြို့နဲ့ ၁၀မိုင်တောင်မ‌ဝေးတဲ့ ဟန်ထက်စခန်းကုန်းကိုလည်း မနေ့ညက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဟန်ထက်ရွာဟာ မဘိမ်းဘက်ကို သွားလို့ရသလို နန့်ခမ်းဘက်ကို သွားလို့ရတဲ့ လမ်းကြောင်းတွေ ရှိတာမို့ ရှမ်းအရှေ့ နဲ့ စစ်ကိုင်းကို ချိတ်ဆက်ပေးနိုင်ဖို့ ဗျူဟာကျတဲ့ နေရာဖြစ်ပါတယ်။မန္တလေးသွားတဲ့ လမ်းပေါ်မှာ တည်ရှိတဲ့ရွာဖြစ်ပါတယ်။ဖားကန့် Happy KTV မှာ‌လည်း မနက်အစော ၆ နာရီလောက်တည်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရခိုင် 💪💪💪

ရခိုင် စစ်မျက်နှာမှာ AA နဲ့ အတူ မြေပြင်အတွေ့ အကြုံ ရယူထားတဲ့ YDF တို့ ထုတ်ဖော်ပြောလာပါပြီ။ ဒါကြောင့် ရခိုင်ကိစ္စ မြန်မြန်ပြတ်ရင် မကွေးအစပ် ယောသားတွေ ဆက်ပြီး လက်စွမ်းပြကြပါလိမ့်မယ် ။ AA တို့ အမ်းတောင်ကြားလမ်းကို ဖြတ်တောက်ထားတယ်ဆိုတည်းက နတ်ရေကန်ပါ မှ ပါပါ့မလားလို့ တွေးနေတာ။ပဒါန်းလမ်းခွဲ ဇင်ပြွန်း၊ ဂေါ့ကြီး ၊နတ်ရေကန် ၊လင်းဒဲ စတဲ့နေရာတွေ အပိုင်ခြေကုပ်ယူ ထားတယ် ဆိုမှတော့ "တက်မလာနဲ့..တောက်ချပစ် လိုက်မယ်" ဆိုသလိုပါ့။လေးဘက်လေးတန် ပိတ်ဆို့ ခံထားရတဲ့ အမ်းဟာ နောက်၁လလောက် အထိ တောင့်ခံနိုင်မလား ဆိုတာကတော့.........

စကစကို အရမ်းလျော့တွက်လို့ မရပါဘူး။မတိုက်သေးသရွေ့ အခုချိန်ထိ တောင့်ခံထားနိုင်ဆဲ ဖြစ်ပါတယ်။အမ်းမှာ မြို့ခံတပ်အပြင် စကခ ၅ ရဲ့ နည်းဗျူ ဟာစခန်းတွေလည်း ရှိနေသေးတာမို့ တောဟိန်းတောင်ဗျူဟာကို အဓိကထား တိုက်စစ်ဆင်နေရတယ်လို့ ထုတ်ပြန်သွားပါတယ်။အမ်းဘက်မှာ ပူနေရသလို စစ်တွေမှာလည်း ဖြောင့်အောင် အိပ်ရတဲ့ ပုံမရှိပါဘူး။စစ်တွေမြို့ ပတ်ချာလည်မှာ မိုင်းတွေ ပတ်ထောင်ပြီး ကာရံထားတဲ့ပုံပါ။စစ်တပ်အဆိုအရ မအိပ်သောကင်းသမားပေါ့ ဗျာ။ပျားလဲချောင်း သံ လမ်းဘေးမှာ မိုင်းပေါက်ကွဲမှုကြောင့် အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။တောင်ပိုင်းသားတွေ အစွမ်းဖော်လိုက်ပီ။ "ရခိုင်သားမှန်လျင် အစွမ်းဖော်ပါ" ဆိုတဲ့အတိုင်း။

တောင်ကုတ်သားတွေ တိုင်းမှူးအသစ်‌ကို ဂျင်းကျွေးနေတယ် ထင်ပါရဲ့။စကခ ၅ စစ်ဦးစီးမှူး (ပထမတန်း) စာကပ်ပြီးတောင် ကြေငြာနေရတယ်။အရင်တိုင်းမှူးက ဒကစမှူးကိုတောင် နားပန်ကျင်းတာ G1 လောက်ဆိုရင် ဖျင်ပိတ်ကန်မယ့် အနေအထားရှိတယ်။ချသာ ချ။ ဒါမျိုးအားပေးတယ်။မောင်းတော ၆ မိုင်ကုန်းစခန်းလည်း "အောင်မြင်စွာဆုတ်ခွာ" ဆိုပြီး ဟစ် ကြွေးနေပြန်ပါတယ်။ဆုတ်ခွာစရာ ဘကုန်းရှိနေသ ရွေ့တော့ မှုစရာ မရှိပါလေ။ဘူးသီးတောင်မှာ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို အဓိကထား တိုက်စစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားတယ်ဆိုတော့ အလွန်ဆုံးေနာက်ထပ်၂ရက်ကြာပါလိမ့်မယ်။ပလက်၀ တစ်ခုတည်းနဲ့တင် ကျေနပ်လို့ မရသေးတဲ့ အနေအ ထားမှာ စစ်တွေ ၊ကျောက်ဖြူဟာ အဖြေဖြစ်ပါတယ် ။လာမယ့် တပ်မွေးနေ့အတွက် အဲဒီနှစ်ခုတည်းက တစ်နေရာကတော့ သေချာပါတယ်။

အညာ 💪💪💪

မုံရွာမြို့ တောပုရွာမှာလည်း ပျူသူ့စစ် စခန်းတစ်ခုကို Drone နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒရုန်း ဒဏ်ကို စကစ အလူးအလဲ ခံနေရပါတယ်။ပျူစခန်းတစ်ချို့တွေမှာဆို လက်နက်မကိုင်ခိုင်းဘူး။ထုတ်ပေးထားရင်လည်း သံကြိုးနဲ့ ချည်ထားတာများတယ်။နယ်မြေအနေအထားအရ ကိုင်ကြတာတွေလည်း ရှိပါတယ်။ပျူသူ့စစ် စခန်းတွေထက် Purely စကစ စခန်းတွေကို ဦးတည်သင့်ပါတယ်။စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း ဖောင်းပြင်ဘက်မှာလည်း ပူးပေါင်းအဖွဲ့တွေ နဲ့ စကစ SNA နှစ်ဘက် တိုက်ပွဲပြင်းထန်နေတာ လဆန်းတည်းက ဖြစ်ပါတယ်။စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းကုန်း၊ မနော်သာ ၊ဇောင်းကလော ၊အင်ကြင်းကုန်းရွာတွေ ရွာလုံးကျွတ် စစ်ရှောင်နေကြရပါတယ်။

‌မြေလတ် 💪💪💪

ရခိုင်နဲ့ မြေလတ် ဆက်စပ်လို့ရသွားပြီ။နပခ ကွပ်ကဲမှုအောက် စကခ ၅ လက်အောက်ခံ ရတခမရ ၃‌၄၆ (တောင်ကုတ်) က စစ်သည် ၄ ဦး၊ အိမ်မဲအ‌ခြေစိုက် ရတခလရ ၆၃ က စစ်သည် ၂ ဦးကို PRA က ဖမ်း ဆီးရမိတယ်လို့ ထုတ်ပြန်လာတယ်။စစ်မက်ပြင်းထန်နေတာထက် စစ်ရှုံးနေတာ လက်နက်ချခိုင်းနေတာကြောင့် ကိုယ်လွတ်ရုန်းပြေးကြတဲ့ သဘောဖြစ်မယ် ။ရခိုင်ရဲ့ အပြင်ဘက်ကိုတော့ ရခိုင်တပ်တွေ ဘယ်နည်းနဲ့မှ မထွက်နိုင်ခဲ့တာ ၅ နှစ်ကျော် ၆ နှစ်လောက်ဖြစ်နေပြီ။အာဏာစသိမ်းတဲ့ နှစ်မှာတော့ ရခိုင်စစ် သားတွေ လမ်းလျောက်ပွဲ ခဏနွှဲလိုက်ရသေးတယ်ဆိုတော့ အမ်း ပဒါန်း ထွက်ပေါက် ၀င်ပေါက် စကစ မထိန်း ချုပ်နိုင်တာ သေချာသွားပြီ။PRA နဲ့ AA မြေလတ်မှာ ဆက်ပြီး
Forwarded from The Net
အောင်မြေချဲ့ပါလိမ့်မယ်။လက်ရှိဖမ်းဆီးရမိတဲ့ လမ်းကြောင်းအရ ငဖဲ ဆင်ခြေတိုင် ဘက်နားမှာလို့ ကောက်ချက်ဆွဲချင်ပါတယ်။မှန်ခဲ့ရင် မင်းဘူးဘက်ကို ဖြစ်ပါလိမ့်မယ်။ရေနံမြေ ... ရေနံမြေ...

ကမ်းရိုးတန်း 💪💪💪

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့သမုတ်ချုံ ရွာဘက်မှာ တော်လှန်ရေးအဖွဲ့တွေ ရဲ့ ဒရုန်းယာယီစခန်း တစ်ခုကို စကစပူးပေါင်း စစ်ကြောင်း အင်အား ၇၀ ခန့်က စီးနင်းတိုက်ခိုက်တာ ခံလိုက်ရပါတယခ။စကစရဲ့ လှုပ်ရှားစစ်ကြောင်းဟာ အင်အား ၇၀ နဲ့ လာတယ်ဆိုတော့ သတင်းအတိအကျ ရတာ သေချာပါတယ်။ ဒါကြောင့် Mission အပြီး ထုတ်ပြန်ချက်ကြေငြာတဲ့ နေရာမှာ တစ်ချို့အကြောင်းအရာတွေ လွှဲတာတို့ Safe Zone ရောက်မှ သတင်းထုတ်တာမျိုးတွေ လုပ်ရပါ့မယ်။ထား၀ယ် မေတ္တာမြို့ကိုတော့ ပိတ်ဆို့ ထားနိုင်ဆဲ ဖြစ်ပါတယ်။

ကရင် 💪💪💪

ဖာပွန်မှာ စကစဟာ စစ်ရှောင်စခန်းတွေကိုဘဲ အဓိကထား လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ထီးခီး မောတောင်ဘက် ကော်သူလေးခေါင်း‌ ပေါင်းကိုယ်တိုင် ဆင်းလာနေပါတယ်။ဖထီးတို့ စိတ် ဆိုးလာပြီ လို့ ပြောရပါ့မယ်။ကော့ကရိတ်ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာ ၄လကျော်လာပေမယ့် မရသေးတာကြောင့် ဖြစ်ပါတယ်။ မြို့ရဲ့ ၇၀ % ကို ဖထီးတို့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပေမယ့် ခလရ ၉၇ တပ်ရင်းဌာနချုပ် တည်ရှိနေတဲ့ မြို့လယ်နေရာကို မထိန်းချုပ်နိုင် ဖြစ်နေခြင်းပါ။ ပိတ်ဆို့ဖြတ်တောက်ထားတယ်ဆိုပေမယ့် ဘားအံ နဲ့ အ၀င်အထွက် တစ်ပေါက်ကိုတော့ ဟပေးထားပါတယ်။သို့သော် အလံဖြူထောင်ခြင်း မရှိတဲ့အတွက် အခုပိတ်လိုက်ပြီဖြစ်ပါတယ်။ကော့ကရိတ်မြို့မှာ ခလရ ၉၇ အပြင် စကခ ၁၂ ၊ ခလရ ၂၃၀ ၂‌၃၁ နဲ့ အမြောက်တပ် အမတ ၃၂၁ တို့ လည်း ရှိနေပါသေးတယ်။

ကရင်နီ 💪💪💪

ဖားဆောင်းဘက် သတင်းကောင်းထပ်ရှိပါလိမ့်မယ် ။ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ရှားတောဘက်မှာ ပြည်ပပညာရှင်တွေ ပါ၀င်အား ဖြည့်ပါလိမ့်မယ်။

ရှမ်းတောင် 💪💪💪

PNLA တို့ ဟိုပုံး တစ်နေရာမှာ အင်အားဖြည့် စစ်သင် တန်းတွေ ပို့ချနေတယ်။စကစလည်း စစ်မှုထမ်းဥပဒေနဲ့ ရလာတဲ့ လူသစ်တွေကို ဟိုပုန်း တကန (တပ် မတော်နည်းပညာကောလိပ်)မှာ အခြေခံသင်တန်း ပေးနေတယ်။စခတ (စစ်အခြေခံလေ့ကျင့်ရေးတပ်) နဲ့ တတက ( တိုင်းဗဟို တပ်‌မတော်တန်းမြင့်ကျောင်း) တွေအပြင် အခြားသင်တန်းကျောင်းတွေမှာပါ လူခွဲပြီး သင်တန်းပေးနေတာဖြစ်တယ်။အရေးပေါ်ဖြစ် လာရင် တပ်ဖြန့်ခွဲပြီးသလို ဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။

ရှမ်းမြောက် 💪💪💪

အသံတွေ ပိုစိပ်လာနေပါတယ်။မနန္ဒာတို့ သံလွင်ရဲ့ အနောက်ခြမ်းဘက်မှာ လှုပ်လာနေပါပြီ။လားရှိူး နဲ့ သိန္နီဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လားရှိုး ရမခကို တိုက်မယ်လို့ အသံထွက်နေပေမယ့် စကခ ၁ ကျောက်မဲကို အရင် သမနိုင်တယ်လို့ ထင်ပါတယ်။ဘယ်နေရာသိမ်းသိမ်း ကျေနပ်ကြမယ် ထင်ပါတယ်။

စကစဟာ ရုပ်လုံးပေါ်ပြီး မျက်နှာဖုံးတွေ ကွာကျလာပါပြီ။ကာကွယ်ရေး ဒု၀န်ကြီး အဆင့်လည်း ဖမ်းဆီး စစ်ဆေးခံနေရပြီ။နောင်တစ်ချိန်ဖြစ်လာမယ့် အစိုးရ ဖွဲ့စည်းပုံမှာ ကာကွယ်ရေး၀န်ကြီးဌာနသည် ကာကွယ် ရေးဦးစီးချုပ်အထက်မှာ ရှိကိုရှိနေရမယ်။ဒါ လုံး၀ အရေးကြီးပါတယ်။ဒီစကားမျိုး အထဲမှာတုန်းကလည်း ပြောခဲ့ဖူးတယ်။အဲ့တုန်းက အဆဲခံခဲ့ရတယ်။

ရန်ကုန် 💪💪💪

နောက်ဆုံး သတင်းတစ်ခု အရေးကြီးပါတယ်။အခု ဧပြီလထဲမှာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ကုန်သွယ်သင်္ေဘာ အစီး ၅၀ ကမ်းကပ်ပါ့မယ်။ကဲ .ခါးတောင်း ကျိုက် နှာခေါင်းပိတ်ပြီး ရေငုပ်ကြ ရအောင်လားဗျို့။ရန်ကုန်မှာ တအုန်းအုန်း ဖြစ်နေတယ်ဆိုပြီး အများကြီးဘဲနော်။ရန်ကုန်သူ၊ ရန်ကုန်သားများပါရင် တစ်ခု ခု ပြောခဲ့ကြပါအုန်း 🤫🤫🤫

၂၀၂၄ ဧပြီ

#ZinYawCaptain
Forwarded from Nway Oo Channel
ရေစကြိုမြို့ ထွေအုပ်ရုံးအတွင်းမှ မအလ စခများ ပစ်ခတ်သော လက်နက်ကြီးကြောင့် အပြစ်မဲ့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရေစကြို၊ ဧပြီ ၄

ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်းမှ မအလ စခများက လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းကားပစ်ခတ်ခဲ့ပါသည်။
မအလ စခများ ရမ်းကားပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးသည် ညနေခင်း လူစည်းကားရာ အမှတ် ၅ ရပ်ကွက်၊ ရွာဘိုးရပ် မအိုတိုက်ဘုန်းကြီးကျောင်းအနီး ဈေးအတွင်း ကျရောက်ပေါက်ကွဲပြီး မုန့်လင်မယား ရောင်းသူ အမျိုးသမီး တစ်ဦး၊ ခရမ်းချဉ်သီး‌ရောင်းသူ အမျိုးသမီး တစ်ဦးနှင့် ဈေးဝယ်လာသူ အမျိုးသမီး ၂ ဦး ပေါင်း ၄ ဦး ထိမှန် ဒဏ်ရခဲ့ပါသည်။အမျိုးသမီး၂ ဦး ဒဏ်ရာပြင်းထန်သောကြောင့် ပခုက္ကူ ဆေးရုံအရေးပေါ်ပို့ထားရ‌ကြောင်း၊ ကျန်၏လက်နက်ကြီး တစ်လုံးမှာ သစ်ပင်ချိတ်နေပြီး ကံကောင်းထောက်မစွာ မပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။
ရေစကြိုမြို့ပေါ်တွင် ရုံးပေါင်းစုံအတွင်းမှ မအလ စခများ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းကားပစ်ခတ်နေပြီး မတ်လ ၂၃ ရက်နေ့က အပြစ်မဲ့ပြည်သူ ၃ ဦး၊ မတ်လ ၃၀ ရက်နေ့က တစ်ဦး ထိမှန် သေဆုံးခဲ့ပါသည်။

#InfoCommitteeYesagyo
#MRSN
Apr 4 , 8:50PM
#MagwayInfo
Forwarded from U U Aung Pwel ️
"မြိုပေါ်က ဝန်ထမ်းတွေပါ ကျနော်တို့ကို ဆက်သွယ်ပြီး ထွက်ပြေးလာတာတွေရှိတယ်" ဟု ၎င်းကပြောသည်။

ပြည်သူလူထုကိုမျက်နှာမူပြီး လုပ်ကိုင်နေသော တော်လှန်ရေးရဲဘော်များကို ငဲ့ညှာသောအားဖြင့် စစ်မှုမထမ်းဘဲ တော်လှန်ရေးနယ်မြေများသို့ လာရောက်ခြင်းသည် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း မြိုင်မြို့နယ်၊ ရပ်ကျေးပကဖတာဝန်ခံတစ်ဦးကပြောသည်။

"စစ်မှုထမ်းဥပဒေပြဌာန်းပြီး ဒီကာလမှ ဝင်လာတဲ့သူတွေကိုလည်း ထွေထွေးထူးထူးမမြင်ပါဘူး။ ရန်သူဆီပါမသွားဘဲ ကိုယ့်ဘက်ကိုဝင်လာတော့ အကောင်းဆုံးတော့ လုပ်ပေးရတာပေါ့။ တော်လှန်ရေးကို အစကတည်းက မပါခဲ့သည့်တိုင် အခုလိုအရှိန်ကောင်းနေတဲ့ အချိန်မှာ သူတို့(စစ်ကောင်စီ)ဆီ ပါမသွားဘဲ ကျနော်တို့နဲ့ လာပေါင်းတာတော့ အကောင်းဆုံးပါပဲ" ဟု ၎င်းကပြောသည်။

စစ်မှုမထမ်းလိုသူများအနေဖြင့် မြိုင်ပကဖထံ တပ်သားအဖြစ်ဝင်ရောက်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်သလို ခိုလှုံသူအနေဖြင့်လည်း လာရောက်ခိုလှုံနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - မြိုင်ပကဖ / ပုံစာ - မြိုင်ပကဖ ရဲဘော်များ
#MPA
#HlaingInfo
Forwarded from U U Aung Pwel ️
"ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107 တစ်စင်းထက် ၂၀ ရာခိုင်နှုန်း ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်" လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြောကြားခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရုံးချုပ် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့  Kloud Drone တပ်ခွဲက ပြုလုပ်ခဲ့တာဖြစ်ပြီး အေလာလေတပ်ကိုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ လီသာပရော့ တပ်ခွဲက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

#SR
#HlaingInfo
Forwarded from U U Aung Pwel ️
“မနေ့က ၁၁ နာရီ ၄၅ မိနစ်လောက်ကနေစရှို့တာ၊ ကျောပကစကနေ ဆင်းလာတဲ့ စစ်ကြောင်းဖြစ်ဖို့ များတယ်ဗျ၊ အဲဒီစစ်ကြောင်းက ရေမျက်နီရဲစခန်းကို အဝင်မှာ စခန်းရဲ့ အနီးပတ်ကျင်အိမ်တွေကို ရှို့ တာ၊ အဓိကတော့ သူတို့ ပစ်ကွင်း မြင်ကွင်းရှင်းဖို့အတွက်လည်း ဖြစ်နိုင်တယ်ဗျ၊ အဲဒီကနေ ကူးစက် ပြီးတော့ အိမ်ခြေ ၂၀၀ ကျော်ပါသွားတာပါဗျ။ ဒီညနေပိုင်းတော့ မီးကူးစက်တာတော့မရှိတော့ဘူး၊ မီးကြွင်းမီးကျန်လောက်တော့ ရှိသေးတယ်” YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့သို့ မီးရှို့နေသော အကြမ်းဖက်စစ်သားများကို YRA ထီးလင်းတပ်ဖွဲ့မှ ၄၀ မမဖြင့် သွားရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ ရေ မျက်နီရဲစခန်းနှင့် အနီးတဝိုက် တောင်ကုန်းများတွင် အကြမ်းဖက်စစ်သားများနေရာယူ တပ်စွဲ ထား ကြောင်း သိရသည်။

“ကျောကပစနေ ဆင်းလာတာ၊ အင်အား ၆၀ /၇၀ လောက်ပဲ မှန်းထားတယ်၊ ပိတ်ဆို့ထားပေမယ့် သူတို့က သွားနေကြလမ်းကြောမဟုတ်ပဲနဲ့ တောလမ်းတွေထဲအတိုင်း ရေမျက်နီဘက်ကို သွားတာဗျ၊ ဘာမတိုက်ပွဲမှာ မဖြစ်လိုက်ရဘူး၊ မနေ့ကတော့ မီးစရှို့တဲ့အချိန် ကျနော်တို့အဖွဲ့တွေက ၄၀ မမ နဲ့ ပစ်လိုက်သေးတယ်၊ ပစ်လိုက်တော့ မီးရှို့နေတဲ့နေရာနားမှာ ၃ ယောက်ရှိတာ၊ အဲဒီ ၃ ယောက်ထဲက တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာရသွားတာပေါ့၊ ဒါလေးပဲ ဖြစ်သေးတယ်” ဟု YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

"စစ်ရုံးချုပ်ကို ပစ်တယ်လို့ သတင်းတွေတက်လာတော့ PDF တွေ ဘေးကင်းပါ့မလား စိတ်ပူခဲ့တာ။ ဘေးကင်းပြီးဆိုမှ စိတ်ချနိုင်တာ။ ကျတော်တို့ စစ်ကို မျှော်တယ်ပြောလည်း ပြော။ နေပြည်တော် ပစ်မှတ်တွေကို ချဖို့လိုတာအမှန်ပဲ"ဟု နေပြည်တော်ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)
တည်ရှိရာနှင့် အေလာလေတပ်တို့ကို ယနေ့တွင်  ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်မှုများရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုသတင်းစတင်ထွက်ပေါ်လာချိန်၌ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် သတင်းအမှားဖြစ်ကြောင်း ရေးသားခဲ့ကြသည်။ နာရီနည်းငယ်ကြာတွင် စစ်ကောင်စီကဝန်ခံလိုက်ရသည်။နေပြည်တော်လေဆိပ်သို့ ပြန်သန်းလာသည့် ဒရုန်း လေးစီးနှင့် ဇေယျာသီရိမြို့နယ် ပျံသန်းလာသော ဒရုန်းသုံးစီး စုစုပေါင်း ၇စီးကို ပစ်ချနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိဟု  စစ်ကောင်စီကဆိုခဲ့သည်။

စစ်ရုံးချုပ်၊ ​အေလာ​လေတပ် နှင့် အာဏာသိမ်း​ခေါင်း​ဆောင်၏ ​အိမ်တို့အား Kamikaze ဒရုန်း အစင်း ၃၀ ​ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။

NUG ကာကွယ်​ရေးဝန်ကြီး ဦး​ရည်မွန်ကလည်း
"ဒီ​နေ့ ​နေပြည်​တော်"ဟု ​ခေါင်းစဥ်တပ်၍ဒရုန်း ​စစ်ဆင်​ရေးနှင့်ပတ်သက်၍"ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107တစ်စင်းထက်  ၂၀%ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ" ဟု ​ရေးသားထားသည်။

(​PDF များနှင့် နေပြည်​တော်ကိုတိုက်ခိုက်ခဲ့​သော Kamikaze  ဒရုန်းများထဲမှ အချို့ကို​​တွေ့ရစဥ်။ဓါတ်ပုံ-POA)
#LNO
#HlaingInfo
Forwarded from U U Aung Pwel ️
ယခုအကြိမ် တံခါးဖွင့်အစည်းအဝေးတွင်လည်း အကြမ်းဖက်မှုလုပ်ဆောင်‌နေသည့် အီရန်နှင့် မြန်မာနိုင်ငံ စစ်တပ် များအပေါ် ဖိအားပေးမှုများတိုးမြှင့်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် စုစုပေါင်း ၁,၆၅၂ ခု ဖြစ်ပွားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများကိုတားဆီးရန် မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများစုက ကန့်သတ်ပိတ်ဆို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ပိတ်ဆို့မှုများရှိနေသည့်ကြားကပင် ၂၀၂၃ ခုနှစ် ဧပြီလကနေ ဩဂုတ်လအတွင်း မြန်မာနိုင်ငံတွင်းကို လောင်စာဆီ သင်္ဘော ၆ စီး ဝင်ရောက်ခဲ့သည်ဟု Amnesty International အဖွဲ့က ဂြိုဟ်တုဓာတ်ပုံများနှင့်တကွ ဖော်ပြထား သည်။

ယင်းအပြင် အိန္ဒိယလေတပ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်အုပ်စု၏လေတပ်ထံ ကုန်ပစ္စည်းအမျိုးပေါင်း ၅၂ မျိုးပေးပို့ခဲ့သည်ဟု Justice Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများလျော့နည်းမသွားဘဲ၂၀၂၃ ခုနှစ် ၁ နှစ်တည်းမှာပင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၂၂၈ ခုထိရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်စုစုပေါင်း၏ ၇၄ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ပုံစာ - ၇၆ နှစ်မြောက် လေတပ်နှစ်ပတ်လည်အခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်စဉ်။
#TLKN
#HlaingInfo
Forwarded from Htain Lin Nay (ထိန်လင်း နေ)
နောက်ထပ် ဒရုန်းအစီးရေ များလာရင် ကြောက်စရာကြီးနော်။

အခုဆို ခွေးခေါင်းဆောင်တွေ အိပ်ယာရွှေ့အိပ်နေလောက်ပြီ။ ဘယ်အိမ်ရာမှာ ဘယ်သူတွေ ဘယ်နားနေတယ်ဆိုတာ ဖရဲသီးက တည်နေရာပေးလို့ သိပြီးကုန်ပြီ။

ဟို နေပြည်တော် အလယ်က ခြောက်လုံးတန်းကရော အေးဆေးနေရအုံးမှာလား။

သန်းရွှေကြီး အသက်ကြီးမှ ဒရုန်းဗုံးထိပြီး ကားယားသေရင် ကြည့်မလှဘူးနော်။

စောက်သုံးမကျတဲ့ မင်းအောင်လှိုင်ကို အာဏာတက်သိမ်းခိုင်းပြီး သန်းရွှေကိုယ်တိုင် လက်နတ်ချရင်တော့ ကြည့်ကောင်းမယ်။

နို့မို့ အငြိမ်းစားဗိုလ်ချုပ်တွေ အကုန်လုံး စမုံတုံးမယ့် အခြေအနေရောက်နေပြီ။

ပြည်သူကို ရန်သူလို သဘောထားတဲ့ကောင်တွေ မျိုးပြုတ်ဖို့ ပြင်ထားကြ....။


#ထိန်လင်းနေ
#htainlinnay

https://t.me/+_ddlLy1mgTQzZmU1
Forwarded from MMWeather
လာမည့် ၁ ပတ်အတွင်း(ဧပြီ ၅ ရက်မှ ၁၁ ရက်အတွင်း) ဖြစ်နိုင်သော မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်း
ဧပြီလ ၅ ရက် - ၁၂၅၀ နာရီ
===

🔸 အယ်လ်နီညို၊ လာနီညာနှင့် အိုင်အိုဒီ positive
အယ်လ်နီညိုဖြစ်နေတဲ့အခြေအနေကတော့ လာမဲ့ ၁ လ ၂ လအတွင်း(ခန့်မှန်း မေလအကုန် ဇွန်လဆန်း ကာလအတွင်း)ပြီးဆုံးပြီး ကြားနေရာသီဥတုဖြစ်စဉ် Neutral ကာလကို ရောက်လာနိုင်မယ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေက တဖြည်းဖြည်းမြင့်တက်လာပြီး ဖြစ်နိုင်ချေ ၈၅% အထိရှိလာနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနဲ့ ရာသီဥတုစောင့်ကြည့်လေ့လာရေးဌာနကြီးတွေက ထုတ်ပြန်ထားတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကဆက်လက်ရှိနေတာကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကို ဆက်လက်ရင်ဆိုင်နေရဆဲပါဘဲ။ ကျနော်အရင်က ကြိုတင်ခန့်မှန်းထားတဲ့ မိုးဦးမိုးအခြေအနေအတိုင်း မကောင်းနိုင်ပဲ မိုးလယ်နဲ့ မိုးနှောင်းမှာသာ မိုးကောင်းနိုင်ပါမယ်။ အယ်လ်နီညိုဆက်လက်ဖြစ်ပေါ်နေနိုင်တဲ့အခြေအနေတွေကြောင့် မုတ်သုံအဝင်လဲ ပုံမှန်ထက်အနည်းငယ်နောက်ကျနိုင်ချေရှိမယ်လို့တော့ ခန့်မှန်းနိုင်ပါတယ်။

🔸 မိုးဦး/မိုးလယ်ကာလ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ
ဘင်္ဂလားပင်လယ်အော်မှာ ဇွန်လနဲ့ ဇူလိုင်လတွေအတွင်းမှာ လေဖိအားနည်း၊ မုန်တိုင်း ဖြစ်လာရင် ပင်လယ်ရေမျက်နှာပြင်အပူချိန်မြင့်တက်နေတာ၊ ကုန်းတွင်းအပူချိန်မြင့်တက်နေတာတွေကြောင့် အားကောင်းပြီး အန္တရာယ်များတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပတယ်၊ ဘယ်နိုင်ငံဘက်ကိုရွေ့လျားနိုင်မယ်ဆိုတာကတော့ မုန်တိုင်းဖြစ်လာချိန်မှာရှိနေမဲ့ လေတိုက်ခြင်း၊ အပူချိန်၊ စိုထိုင်းဆ၊ ဖိအား စတဲ့ လေထုအလွှာတွေအတွင်းဖြစ်ပေါ်မဲ့ ပြောင်းလဲမှုတွေပေါ်မှာမူတည်ပါတယ်။

🔸 အပူချိန်မြင့်တက်နိုင်ချေ
အပူချိန်မြင့်တက်နိုင်ချေက မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အနောက်ပိုင်းတွေမှာ ဧပြီလ ၁၀ ရက်နေ့အထိ ၉၀% အထက်သေချာမှုရှိနေတယ်။ ၁၀ ရက်နေ့နောက်ပိုင်းမှာတော့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်နည်းနည်းလျော့နိုင်တာတွေ့ရပါတယ်။
နောက် ၄ ရက်အထိ(ဧပြီ ၅ ရက်မှ ၈ ရက်အထိ)တော့ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ အပူချိန် ၄၀°C အောက် မကျနိုင်ဘူး၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၄၃°C - ၄၄°C အထိ အပူချိန် မြင့်နေနိုင်ဦးမယ်။

🔸 မိုးရွာသွန်းနိုင်ချေ
မိုးရွာနိုင်ချေကျတော့ ကရင်ပြည်နယ်မှာ ဧပြီ ၁၀ ရက်နေ့ ၅၃% အထိ သေချာမှုရျိနိုင်ပြီး ရန်ကုန်တိုင်းပဲခူးတိုင်းတွေမှာ မိုးရွာနိုင်ချေက ၂၅% လောက်ပဲ ရှိတယ်။
ကချင်ပြည်နယ်မှာ ဧပြီ ၅ ရက်နဲ့ ၆ ရက် မိုးရွာနိုင်ချေ ၄၉% ရှိတာတွေ့ရပြီး ဧပြီလ ၇ ရက်နောက်ပိုင်း ကချင်ပြည်နယ်မှာလဲ မိုးရွာနိုင်တဲ့ အခြေအနေမတွေ့တော့ပါဘူး။

🔸 လေပြင်းတိုက်ခတ်နိုင်ချေ
ရခိုင်ရိုးမတလျှောက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အနောက်ပိုင်းဒေသတချို့မှာ မှာ လေပြင်း တနာရီ ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်နိုင်ကြောင်းတွေ့ရပါတယ်၊ လေတိုက်နိုင်တဲ့အရပ်ကတော့ အနောက်ဘက်နဲ့ တောင်ဘက်အရပ်များကလေတိုက်နိုင်ချေ ပိုများပါတယ်။

🔸 နောက် ၄ ရက်အတွက် မိုးလေဝသအခြေအနေခန့်မှန်း
ပြည်နယ်တိုင်းမြို့ကြီးတွေအပါအဝင် မြို့တော်တော်များများရဲ့ ၄ ရက်အတွင်းဖြစ်နိုင်သောမိုးလေဝသအခြေအနေတွေကို MMWeather Website မှာတင်ပေးထားတာရှိပါတယ်။
https://www.mmweather.org/divisional-cities-weather
https://www.mmweather.org/non-divisional-cities
Forwarded from Shwe Moe
ကာမီကာဇေ အပူလှိုင်း— 🔥

ဒီနေ့ (ဧပြီလ၅ရက်နေ့) တော်လှန်ရေးရဲဘော်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံးထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၁) ကို မကွေတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့က Rocket (၂၅) လုံးနဲ့ ထပ်ကြိတ်လိုက်ပြန်ပြီ။

အဲ့ဒီ့ စစ်ရုံးထဲကလူတွေ အိမ်ပြန်ခွင့်မပေး၊ဖုန်းသုံးခွင့်မပေး၊ပိတ်လှောင်ထားတယ်၊ဗိုလ်ချုပ်အဆင့်တွေပါထိခိုက်တယ်လို့သိရတယ်။

🔥

မနေ့ ( ဧပြီလ ၄ ရက်နေ့ )ကလည်း နေပူတော်ကို ကြိတ်လိုက်တဲ့ ကာမီကာဇေဒရုန်းတွေကြောင့် ကျွတ်ကြဲသွားကြတဲ့ မင်းအောင်လှိုင် နဲ့ သူ့ကောင် စစ်ဗိုလ်ချုပ်တွေ ဒီနေ့ ထပ်ခံရတော့ ကြောက်လန့်ကုန်ပြီပေါ့။

🔥

နိုင်ငံတကာမီဒီယာတွေမှာလည်း တော်လှန်ပြည်သူတွေက နေပြည်တော်ကို ဒရုန်းတွေနဲ့ တိုက်တဲ့ အကြောင်း ဟိုးလေးတကြော်ပါပဲ။

မင်းအောင်လှိုင်ကောင်ကြီးနဲ့ သူ့ကောင်လည်းပျာယာခတ်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ Jammer တွေကို ပြန်စစ်ဖို့၊ အဆင့်မြှင့်ဖို့ အဆင့်ဆင့်
ဆဲဆဲဆိုဆိုနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွေတင်ခိုင်း၊၂၄ နာရီ ဒရုန်းစောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ပေါ့။

🔥

ဒရုန်းကျတဲ့နေရာတွေက အသံတော်တော်ကျယ်တယ် ၊ ဗုံးတွေ ကျသွားတဲ့ နေရာတွေကို အခုအထိ
သတင်း မထုတ်ပြန်ရဲကြဘူး။

ပြည်သူတွေရဲ့ လူ့အခွင့်ရေးကို
ပြတ်ပြတ်သားသား ချိုးဖောက်၊ရယ်မောပြောင်လှောင်ခဲ့တဲ့ လူတစ်စုပါ။ သူ့တို့ အသက်မှ တန်ဖိုးရှိတယ်ထင်နေကြတဲ့ လူတစ်စုပါ။

အဲ့ဒီ့ စစ်ရာဇ၀တ်ကောင်လူတစ်စုကို အပြစ်ပေးဖို့ အချိန်အကြာကြီး စောင့်စရာမလိုတော့ဘူးလို့ မျှော်လင့်ပါတယ်။

🔥🔥🔥

မရွှေမိုး-ကိုရီးယား
April 5th, 2024.
စစ်လက်နက်ပစ္စည်းစက်ရုံကို မီးပေးနေတဲ့ ဓါတ်အားစက်ရုံနဲ့ကင်းပုန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

ပေါက်၊ ဧပြီ ၄၊ ၂၀၂၄။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ စစ်လက်နက်ပစ္စည်းစက်ရုံကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေတဲ့ ချောင်းကူးပင်မဓါတ်အားခွဲ လျှပ်စစ်စက်ရုံနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။

စစ်လက်နက်ပစ္စည်းစက်ရုံကို လျှပ်စစ်ဓါတ်အားဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ ဧပြီ ၃ ရက် ညနေ ၅ နာရီကနေ ညနက်အထိ ချောင်းကူးပင်မဓါတ်အားခွဲ လျှပ်စစ်စက်ရုံနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ဒရုန်း ၄ စီးနဲ့ 3 kg ၆ လုံး၊ 1.8 kg ၂ လုံး ၊ 800 g ၆ လုံး ၊ 500 g ၂၄ လုံး ကြဲချပြီး Rocket ကျည်ဖူး ၁၅ ဖူးနဲ့ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ချောင်းကူးရွာဝန်းကျင်က အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရကာ နွား ၂ ကောင်သေခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲသာဖြစ်ပြီး လက်ရှိမှာ မသိရသေးဘူးလို့ ဗိုလ်ဘလိတ်ကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Joker ပြောက်ကျားတပ်ဖွဲ့ ၊ မြိုင်ပကဖနဲ့ ပေါက်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ပေါက် #ကပစ၂၄ #ကင်ပုန်းဝပ် #ဒရုန်းဗုံးကြဲ #စစ်ပွဲ

https://youtu.be/BCdVDIUCVkw
Forwarded from U U Aung Pwel ️
“နားဖော့မှာ စကစခွင့်ပြုပြီး စိုက်ထားတဲ့ ဘိန်းခင်းကို KIA ဖျက်ဆီးလိုက်ပါတယ်”ဟုလည်း ကချင်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း "ဘိန်းခင်းတွေကို KIAက ရှင်းလင်းနေတာပါ။ စကစ တပ်နဲ့ တရုတ်လောပန်းတွေ ပေါင်းစိုက်ထားတာ။ နယ်စပ်နားမှာ ဟုတ်တယ်။ စကစတပ်ကိုတော့ သိမ်းထားလိုက်ပြီ။ အခု ဘိန်းခင်းတွေကို ရှင်းနေတာ"ဟု ပြောသည်။

ဗျူဟာမှူးထိုင်သည့် နားဖော့ တပ်စခန်းကို KIAက မတ်လ ၂၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ နားဖော့တပ်စခန်း အပါအဝင် အဆိုပါ ဒေသတွင်းရှိ တပ်စခန်းများကို မတ်လ ၂၀ရက်နှင့် ၂၁ရက်တို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

(နားဖော့ စစ်ကောင်တပ်စခန်းအနီး ဘိန်းခင်းအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
#LNO
#HlaingInfo
Forwarded from U U Aung Pwel ️
လက်ရှိမှာ ပတ်ဝန်းကျင်အနှံ့ကူးစက်ပျံ့နှံ့တဲ့အန္တရာယ်မရှိသေးဘဲ မွေးမြူရေးလုပ်သားဟာ ပိုးရှိတဲ့ နွားနဲ့ တိုက်ရိုက်ထိတွေ့ ရက ကူးစက်ခံရတာဖြစ်ပေမယ့် လူရဲ့ ခုခံအားစနစ်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းမရှိလို့ သေဆုံး နှုန်းအလွန်များပြားခြင်းက အထူးသတိထားရမယ့် အရေးဖြစ်ပါတယ်။

တစ်ကမ္ဘာလုံး လူသားတွေကို ကူးစက်ပျံ့နှံ့ သွားရင် သေဆုံးနှုန်းက ကိုဗစ်ထက် အဆ ၁၀၀ ပိုးဆိုးနိုင်ကြောင်း ပစ်ဘတ်စ်ငှက်တုပ်ကွေး စူးစမ်းလေ့လာသူ ဆာရက်ရှ်ကူချီပူဒီက New York Post မှာ သတိပေးပြောကြားသွားပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ဖြစ်စမှာ သေဆုံးနှုန်း၂၀ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပေမယ့် နောက်ပိုင်း ကူးစက်သူရဲ့ ၀ . ၁ ရာခိုင်နှုန်းသာ သေဆုံးနှုန်းရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၃ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာ ကြက်ငှက်တုပ်ကွေးကူးစက်ခံရသူထဲမှာ သေဆုံးနှုန်းက ၅၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အတွက် ပိုမိုပျံ့နှံ့နိုင်သလို သေဆုံးနှုန်းလည်း ပိုမြင့်တက်လာနိုင်တဲ့ ကြက်ငှက်တုပ်ကွေး မျိုးစိတ်သစ် A (H5N1) ကနေ တစ်ဆင့်ထပ်ပြီး မျိုးခွဲသစ်တွေအဖြစ် ခွဲထွက်လာမယ့် ဗိုင်းရပ်စ်တွေသာ ကမ္ဘာအနှံ့ပျံ့နှံ့သွားရင် အဆိုးရွားဆုံး ရောဂါကပ်ဘေးဆိုက်နိုင်တယ်လို့ ဆာရက်ရှ်ကူချီပူဒီက သတိပေးထုတ်ပြန်သွားပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လက်ရှိမှာ ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးထုတ်နိုင်ဖို့ စမ်းသပ်မှု အဆင့်တစ်ခုရှိတဲ့ အဖွဲ့ ၂ ဖွဲ့ကို ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ အမိန့်ပေးစေခိုင်းထားကြောင်း Washington Post မှာ ဖော်ပြခဲ့ပါတယ်။

Ref:New York Post
#MKN
#HlaingInfo
Forwarded from The Net
၂၀၂၄ ဧပြီ ၀၆ စစ်ရေးသုံးသပ်ချက်

ကရင် 💪💪💪

နာမည်ကြီး မြ၀တီ ခလရ ၂၇၅ ဘက်မှာတော့ ပစ် ခတ်သံတွေနဲ့ တစ်မနက်လုံးညံနေပါပြီ။ပိုင်မှတွယ်တတ်တဲ့ မြွေဟောက်တွေဆိုတော့ အဆုံးသတ် မြန်ပါစေကြောင်း ဆုတောင်းကြရအောင်ပါ။ခလရ ၂၇၅ ကို တိုက်နေတာ မဟုတ်သေးဘဲ ၂၇၅ ထဲကနေ လက် နက်ကြီး ပစ်ကူပေးနေခြင်းဖြစ်ပါတယ်။မြ၀တီ လက် ခတ်တောင်ဘက်နဲ့ တောင်ကလေး ဘုန်းကြီးကျောင်းဘက်မှာ စကစ ရဲ့ လင်ပျံတွေ မပြတ်ဝဲနေပါတယ်။မြ၀တီအနေအထားနဲ့ ပတ်သက်ရင် မပူပါနဲ့။နောက် ကျခဲ့ရင်တောင် မြေပြင်အနေအထားအမှန်ကို ပြောပြပေးပါ့မယ်။ကော့ကရိတ် ခလရ ၉၇ ကိုလည်း ပိတ် ဆို့ထားရာကနေ ထိုးစစ်အသွင်ကူးပြောင်းနိုင်တော့မလားလို့ ဆိုရမှာဖြစ်ပါတယ်။

ကျိုက်ထီးရိုးဘုရားမှာ တပ်စွဲထားတဲ့ စကစ ညွန့်ပေါင်းတပ်တွေဟာ အမြောက်တင်ယာဉ် ၈ စီးနဲ့အတူ မနေ့က နေ့လည် တစ်နာရီက ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။၎င်းထုတ်နှုတ်စစ်ကြောင်းဟာ ဖာပွန်ကို စစ် ကူစစ်ကြောင်းအဖြစ် ချီတက်မှာပါ။သင်္ကန်းညီနောင်မှာ လင်ပျံ နေ့တိုင်း တိုက်ခိုက်မှုကြောင့် ကွင်းကလေးဆိုတဲ့ ရွာပျောက်သလိုဖြစ်သွားပါတယ်။လင်ပျံ အ မျိုးအစားစုံ ပုစင်းမျိုးစုံနဲ့ မပြတ်တိုက်ခိုက်နေလို့ ဖထီးတို့ ထင်သလောက် ခရီးမပေါက် ဖြစ်နေပါတယ် ။ လေကြောင်းတိုက်ခိုက်မှုတွေ ကြားထဲကနေ သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာနဲ့ ခမရ ၃၅၇ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကော်ပရာတို့ ဆိုပါတယ်။စစ်ဗျူဟာမှူးတို့ရဲ့ ဟောင်၀စ်ဇာ နှစ်လက်ပါ သိမ်းပိုက်ရရှိတယ်လို့ မြေပြင်သတင်းပေးပို့လာတာရှိပါတယ်။

ကရင်နီ 💪💪💪

ရှမ်းတောင် ပင်လောင်းကနေ မိုးဗြဲ လွိုင်ကော်ဘက်ကို အင်အားဖြည့် ယာဉ်တန်း ၃ စီး ထွက်လာဖို့ရှိနေပါတယ်။ပင်လောင်းကနေ ဖယ်ခုံကြား ကျောက်ပြား ၀ယ်(ကင်းပုန်း၀ပ်) တဲ့ အဖွဲ့ တွေ ရှိနေပါတယ် ။ မိုးဗြဲ ခမရ ၄၂၂ ကိုတော့ ဂျိုဝါးနီတို့ တပ်ရင်း၀င်ဗျင်းနေကြောင်းပါ ခင်ဗျာ။ပြည်သူ့ကူညီမှုကြောင့် ရထားတဲ့ RPG နဲ့ ကွင်းဖွင့်နေကြောင်းပါ။

အညာ 💪💪💪

ညနေ နေညိုရင် ရွှေဘိုကို သတိရကြတယ်မို့လား။အခုတော့ နေမညိုခင် မနက်အစောတည်းက ရွှေဘိုမြို့ပေါက်မှာ တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။နောက်ဆက်တွဲ သိရတာနဲ့ ပြောပါ့မယ်။

မြေလတ် 💪💪💪

ယောသားတွေ အိမ်ကွင်း၊အဝေးကွင်း လက်စွမ်းထက်နေပါတယ်။ထီးလင်းကနေ ထွက်လာတဲ့ အင် အား ၇၀ ပါ စစ်ကြောင်းကို ထလင်းရွာထဲမှာ မိုင်းကွင်းခင်းတိုက်ခိုက်တာ တပ်စိတ်တစ်စိတ်လုံး ကျွံ၀င်လာတဲ့ အတွက် မွင်းနား ၄ ပွဲ ရလိုက်ပါတယ်။ဂန့်ဂေါသားများ လက်ရာဖြစ်ပါတယ်။ဟောဗျ ... ပခုက္ကူက ယာဉ်တန်း အစီး ၁၀၀ မရောက်သေးဘူးဗျ။ဆန့်ငင် ဆန့်ငင် သွားနေရတော့ စိတ်သိပ်ရှည်တော့တာ မှုတ်ဖူး။၇ စီးအလှူပေးလိုက်ပါပြီတဲ့။ရည်မှန်းချက်ရောက်ရင် တင်လာတဲ့ ရိက္ခာလည်း ကုန်နေလောက်ပါပြီ။ကမ္မမြို့နား ရောက်အလာမှာ သိမ်းယူဖျက်စီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ပူးပေါင်းအဖွဲ့တွေက ပြောတာတွေ့ရပါတယ်။

နေပူတော် 💪💪💪

အေလာ လေတပ်ကတော့ Ambulance ကား ၁၅ စီး နဲ့ ကုတင် ၁၀၀၀ ကို ပျာယာခတ်ပြီး ထွက်သွားရတယ်ဆိုတော့ ကျေနပ်ကြပါကုန်လော့။

ရှမ်းတောင် 💪💪💪

စကစရဲ့ စစ်ရေးပြင်ဆင်မှုပါ။ရပခ လက်အောက်ခံ ခလရ ၂၈၇ နဲ့ ခလရ ၂၉၂ ရွှေညောင်မှာ ယာဉ်တင် အသင့်စုဖွဲ့ထားပါတယ်။ညောင်ရွှေမှာ တိုက်ပွဲသံ သဲ့ သဲ့ ကြားရပါပြီ။မအလဟာ သူတိုင်းမှူးလုပ်ခဲ့တဲ့ တသခ တာချီလိတ်ကို ကောင်းကောင်းကြီး စည်းရုံးထားနိုင်တာကိုတော့ အံ့ဩရပါလိမ့်မယ်။

ရှမ်းမြောက် 💪💪💪

ဗထူးတပ်နယ်မှာ စုဖွဲ့ထားတဲ့ ထုတ်နှုတ်စစ်ကြောင်းတွေနောင်ချိုအထိ တောတိုးချီတက်မှာဖြစ်ပါတယ်။ဒီည အခြေပြု မှာက တောင်ခမ်းဖြစ်တယ်လို့ သိရပါတယ်။

ကချင် 💪💪💪

မံစီမြို့ ဟန်ထက် စခန်းကတော့ ကျွန်တော့် စာရင်းထဲ မှာ သိမ်းပိုက်ပြီးဖြစ်လို့ ထပ်မဖော်ပြတော့ပါ ခင်ဗျာ။ ဟန်ထက် စခန်းကုန်းအကြောင်း ဧပြီ ၄ ရက်နေ့ကပို့စ်မှာ ဖော်ပြခဲ့ပြီးဖြစ်လို့ ထပ်မပြောတော့ဘူးနော့။ကီယာ ခေါင်းပေါင်းရဲ့ နားဖော့စခန်းမှာ အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုပြီး ဖော်ထုတ်ပေးမှုကြောင့် မအလ ပျာယာခတ်သွားပုံရပါတယ်။ကျွန်တော် နားဖော့စ ခန်းမှာ နေခဲ့ဖူးပါတယ်။တကယ် မှန်ပါတယ် ။( အခုမှ ဖော်ကောင်လုပ်တာ မဟုတ်ပါ။နားဖော့ ဂွင်၀င်ဖူးတဲ့ စစ်သား (ခြေလျင်စစ်သား) တိုင်းသိပါတယ်။အခု CDM စစ်ဗိုလ် (ခြေလျင်စစ်ဗိုလ်) တွေ ရှိပါတယ်။သူတို့လည်းပြောပါလိမ့်မယ် ) အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ စကခ၂၁ စကခမှူး မှူးချုပ် ကျော်ဇင်အေး ပြုတ်ပါတယ် ။တပ်မ ၈၈ က နည်းဗျူဟာ ၁ ဟန်းကောမှူး မှူးကြီး သက်ခိုင် ပြုတ်ပါတယ်။

နဗဟ ၁ မှူး ဆိုတော့ မတ်စိကိုက်သွားတဲ့ တပ်မ ၈၈ မှူး နေရာ လူအသစ်ထပ်မရောက်သေးရင် ခေတ္တတပ် မမှူး လုပ်နေရတဲ့ သဘောပါ။တနိုင်း ဒကစမှူး မှူးချုပ် မြတ်မင်းမိုးလည်း ပြုတ်ပါတယ်။တစ်လနီးပါး ခံစစ်ဆင်ပေးနေတဲ့ ပူတာအို ‌ဗျူဟာမှူး မှူးကြီး မင်းသီဟကတော့ ရာထူးတိုးသွားပါတယ်။စကခ ၁၃ ဘုတ်ပြင်းကို စကခမှူး အဆင့်တိုးနဲ့ ပြောင်းရပါတယ်။
Forwarded from NUG Myanmar
🌤️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၈.၄.၂၀၂၄ မှ ၁၄.၄.၂၀၂၄ အထိ)

အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
ယခုတစ်ပတ်အတွင်းထူးခြားချက်မှာ လာမည့်ရက်သတ္တပတ်အတွင်း ရာသီအကူးအပြောင်းကာလတွင် မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများ၌ မွန်းလွဲနှင့်ညနေပိုင်းများတွင် မိုးတိမ်တောင်ငယ်များ စတင်ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်ခြေရှိနိုင်ပါကြောင်း သတိပြုစေလိုပါသည်။

ယခုတစ်ပတ်တွင် လေပွေလှိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်နိုင်ခြေအလွန်နည်းပါသည်။ အခြားတဖက်တွင်လည်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ကုန်ဆုံးခါနီး အယ်နီညို၏သက်ရောက်မှုကြောင့် နေ့အပူချိန်များ (၄၀-၄၁-၄၂) ဒီဂရီစင်တီဂရိတ် အထိမြင့်တက်လာစေနိုင်ပြီး အပူဒဏ်ခံရသကဲ့သို့ တောင်ဘက်မှ ရေငွေ့ပါသောလေများသည် မြန်မာနိုင်ငံပေါ်သို့ တိုးဝင်လာနိုင်သဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာ စေနိုင်သည်ကိုလည်း သတိပြုစေလိုပြီး ထိုအခြေအနေများက အပူဒဏ်ကို ပြန်လည်သက်သာစေနိုင်ပါသည်။

ဧပြီလနောက်ဆုံးရက်သတ္တပတ်အတွင်း မုန်တိုင်းငယ်များဖြစ်ပေါ်လာနိုင်ခြေရှိပါသည်။

🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေသတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှု့နိုင်ပါသည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️
#မိုးလေဝသသတင်း
#WeatherForecast
#MOHADM
Forwarded from 娜娜 · 文熙
မဲဆောက်လေဆိပ်ဖြစ်စဉ် ထိုင်းအစိုးရကို ဖိထာ မေးခွန်းထုတ်

ဧရာဝတီ၊ ဧပြီ ၈၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်၌ မြန်မာအမျိုးသား လေ ကြောင်းလိုင်း (MNA) လေယာဉ် ဆင်းသက်မှုနှင့် ပတ်သက်၍ ထိုင်းအစိုး ရအနေဖြင့် ပြည်သူများအား ပွင့်လင်းမြင်သာစွာရှင်းလင်းသင့်ကြောင်း Move Forward ပါတီခေါင်းဆောင်၏ အကြံပေး ဖိထာ လင်ဂျာရွန်ရတ်က ပြောဆိုလိုက်သည်။

၎င်းက "ပြည်သူတွေအနေနဲ့ အစိုးရနဲ့ စစ်တပ်ဆီက အဖြေကိုစောင့်နေကြတယ်။ မဲဆောက်လေဆိပ်မှာ ဘာဖြစ်ခဲ့ကြတာလဲ၊ ပစ္စည်းတွေ၊ လက်နက်တွေ သယ်ယူတာမျိုးဆိုရင် မြန်မာစစ်ကောင်စီကို ကူညီပေးတာလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ အသေးစိတ်ရှင်းလင်းပေးရပါမယ်" ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီဟုတ်မဟုတ်ဆိုသည်ကိုလည်း အသေးစိတ် ဆန်းစစ်ရန်လိုကြောင်း၊ ကူညီပေးမည်ဆိုလျှင် ဘက်မရွေးဘဲ ကူညီပေးသင့်ကြောင်းလည်း ဖိထာက ပြောဆိုသည်။

မဲဆောက်မြို့မှ ရန်ကုန်မြို့သို့ ဧပြီ ၇ ရက်မှ ၉ ရက်နေ့အထိ အရေးပေါ် လေယာဉ်ခရီးစဉ် ပျံသန်းခွင့်ပြုရန် စစ်ကောင်စီက ထိုင်းအစိုးရထံ မေတ္တာရပ်ခံထားကာ ယမန်နေ့ညပိုင်းတွင် MNA လေယာဉ် ၁စီး မဲဆောက်လေဆိပ်၌ ဆိုက်ကပ်ခဲ့ပြီး မြဝတီရှိ ဝန်ထမ်းများ၊ ပစ္စည်းများကို သယ်ဆောင်သွားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားကြသည်။

ဓာတ်ပုံ -khaosod
Forwarded from Shwe Moe
Breaking news—

မော်လမြိုင်မှာ ဒီနေ့ ညနေ ၅ နာရီ ၁၀ မိနစ်မှာ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း အစည်းအဝေးလုပ်နေတုန်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ က Fixed Wing Drone နဲ့ကြိတ်— စိုးဝင်း နဲ့ ရတခ တိုင်းမှူးတို့ အစည်းအဝေးကနေ ချက်ခြင်းထွက်ပြေး။
ဧပြီ ၈ ၊ ၂၀၂၄

#PVTVNews