ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from U U Aung Pwel ️
ထို့ပြင် အဖွဲ့အစည်း ၃ ဖွဲ့စလုံး၏ နာယကများ၊ အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်ခဲ့ကာ စည်းလုံးရေး၊ စစ်ရေး နှင့် နိုင်ငံရေး စသည့် အရေးကြီးသည့် အချက်အလက်များ၊ စစ်သည်တော်များ လိုက်နာရမည့် စစ်စည်းမျဉ်း၊ စည်းကမ်းများ၊ လက်နက် ကိုင် နည်းဥပဒေ လမ်းစဉ်များကိုတိကျ သေ ချာစွာ လိုက်နာရန်၊ နွေဦးတော်လှ.န်ရေး၏ အဓိက အသက်သွေးကြောဖြစ်သည့် ပြည်သူလူထု တစ်ရပ်လုံးအား အစဉ်အမြဲ ဦးထိပ်ပန်ဆင်လေးစားရန်၊ ယခင်ထက် ပိုမိုကောင်းမွန် ကျစ်လစ်ခိုင်မာ သော စုဖွဲ့မှုအင်အားစုဖြစ်စေရန်၊ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုဖြင့် ရရှိသော လက်နက်များနှင့် စစ် အသုံးအဆောင်ပစ္စည်းများကို အသက်နှင့်ရင်း၍ လေးစားတန်ဖိုးထားရန် အစရှိသည့် ရဲဘော် တစ်ဦး ချင်းစီ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
Forwarded from U U Aung Pwel ️
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ (27 Revolution Forces) နှင့်အတူ Urban Underground Revolution Force YSO ၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လျှပ်စီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်၊ ပခုက္ကူလိုကယ်တပ်ပေါင်းစုအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
Forwarded from Nway Oo Channel
ပြည်နယ်/တိုင်းအသီးသီးမှ လူငယ်များကို စစ်တပ်က လေ့ကျင့်ရေးတပ်များဆီသို့ စစ်သားများအဖြစ် လူစုဆောင်း နေပြီး မိုဘိုင်းလ်ဖုန်းများ လုံး၀ အသုံးပြုခွင့်မပေးသည့်အပြင် မိသားစုနှင့်ပါ အဆက်အသွယ် ဖြတ်ခိုင်း

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံတစ်ဝန်း ၊ ပြည်နယ်/တိုင်းအသီးသီးမှ လူငယ်များကို စစ်တပ်က လေ့ကျင့်ရေးတပ်များဆီသို့ စစ်သားများအဖြစ် လူသစ်စုဆောင်းပေးပို့ နေပြီး မိုဘိုင်းလ်ဖုန်းများ လုံး၀ အသုံးပြုခွင့်မပေးသည့်အပြင် မိသားစုနှင့်ပါ အ ဆက် အသွယ် လုပ်ခွင့်မပြုကြောင်း စစ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သန်လျင်မြို့နယ်တွင် စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက အောင်ချမ်းသာရပ်ကွက်မှ လူငယ်တချို့ကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် လိုအပ်သော အဝတ်အစားတချို့၊ ဆေးဝါးတချို့ကိုသာ ယူဆောင်ခိုင်းပြီး လက်ကိုင်အသုံးပြုနေသည့် မိုဘိုင်းလ်ဖုန်းများကို သယ်ယူခွင့် မပေးကြောင်း သိရှိရသည်။

"လိုအပ်တဲ့ အဝတ်အစား၊ ဆေးဝါးတွေ ထည့်ခိုင်းတယ်။ ဖုန်းတော့ မယူရဘူးလို့ ပြောတယ်။ တပ်ထဲမှာ ဖုန်းသုံးခွင့်မပေးရင်လည်း အပြင်ကို ခဏထွက်ပြီး အိမ်နဲ့ဆက်သွယ်ဖို့ ဖုန်းဆက်တာမျိုးလည်း ခွင့်မပြုဘူး။ ကိုယ် ဘယ်တပ်မှာ ရောက်နေလဲဆိုတာကိုလည်း မိသားစုကို အသိပေးခွင့်မပြုဘူး။ မတ်လ ၂၈ ရက်နေ့ကတည်းက ခေါ်သွားတာ။ အခု ၃၀ ရက်နေ့အထိ အဆက်အသွယ်မရတော့ဘူး" ဟု မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်မှ
စစ်သားအဖြစ် စုဆောင်းခံရသော လူငယ်တစ်ဦး၏ မိဘတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့ပြင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းအဖြစ် စစ်သားစုဆောင်းရန် လုပ်ဆောင်ရာတွင် ဥပဒေမဲ့ ဖမ်းဆီးမှုများ အပါအဝင် တရားဥပဒေနှင့်မညီသော ဖမ်းဆီးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းသန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စုတွင် စစ်မှုထမ်းမည့် လူငယ်များကို ဆေးစစ်မည်ဟုဆိုကာ မတ်လ ၂၉ ရက်နေ့ညပိုင်း ဖမ်းဆီးပြီး ထွေ/အုပ်ရုံးတွင် ညအိပ်ခိုင်းခဲ့ကြောင်း၊ ခေါ်ယူသည့်အရေအတွက်မှာလည်း အလွန်များပြားနေကြာင်း သိရှိရသည်။

"သန်လျင် ကျောင်းကံကျေးရွာမှာဆိုရင် အိမ်ခြေ ၂၀၀ ဝန်းကျင်ပဲရှိပါတယ်။ အဲဒါကို အပိုင်း ၅ ပိုင်းခွဲ ပြီး တစ်ခါခေါ် ၃ ယောက်နှုန်းနဲ့ ခေါ်တယ်။ တခြားရပ်ကွက်တွေမှာ ၁ ဦးပဲ ခေါ်တာကို လုပ်နေကြတာ" ဟု သန်လျင်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မတ်လ ၂၉ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ ၈၄လမ်း၊ ၄၁ လမ်းနှင့် ၄၂လမ်းအကြား မင်းစံရပ်ကွက်ကိုမနေ့ည၁၂နာရီကစစ်ကားများရောက်လာကာလူငယ်လေးရောက်ကိုစစ်မူထမ်းရန်ခေါ်ဆောင်ကြောင်း ၊ မိဘများမှာ မည်သည့်နေရာ လိုက်ရမှန်းမသိဘဲ ငိုယိုနေကြကြောငး သိရှိရသည်။

နေပြည်တော်တွင်လည်း စစ်မှုထမ်းမည့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများရရှိပြီး ရဲကားများဖြင့် လေ့ကျင့်ရေးတပ်များသို့ ပို့ဆောင်နေကြကြောင်း သိရှိရသည်။

#MagwayInfo
မြိုင်နယ်ကိုင်းတောမစခပခစက်မှု(2)ဝင်သွားသိ့ရ
30.3.24

3 star
မှော်ဘီ⚠️

မှော်ဘီလေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကျဲလေယာဉ္ တစ်စီး ​အရှေ့မြောက် ဘက်သို့ ပျံတက်။

#WaiHin
Mar 30,5:15 PM
📫သတင်းပို့ရန် @WaiHinBot
မြိုင်နယ်
စက်မှု (2)မှစခများ သရက်ကွရွာနှင့် ဆားလင်းကန်ရွာကြားရောက်နေကြောင်းသိ့ရ
31.3.24/5:00AMဝန်းကျင်း
#t.w#
3 star
မြိုင်နယ်စက်မှု(2)မှစခ သမန်းကန်အနောက်ဘက် (ေဒသအခေါ်)မြေနီကုန်းရောက်နေသိရပြီး
ဝတ်ကျူံးရွာတောင်ဘက်စခရောက်သိရ
31.3.24
#T.W.#
3 Star
Forwarded from The Net
၂၀၂၄ ဧပြီ ၁ရက် စစ်ရေးသုံးသပ်ချက်

အညာ 💪💪💪

မြင်းမူကတော့ စနိုက်ကြော် လက်တည့်စမ်းပါပြီ။စစ်ကိုင်းကနေ မြင်းမူကို မြေထိုးစက်နဲ့ တစ်ကြောင်းထိုး မိုင်းရှင်းနေတဲ့ စကစအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွင်းနား ၂ပွဲရလိုက်ပါတယ်။စကစတို့ခမျာ အောက်ကလည်း မိုင်း၊အပေါ် မှာက ပိတုန်း၊ ဘေးဘီဝဲယာ လည်းကြည့်ရနဲ့ တော်တော် ဗျာများနေလောက်ပြီ။မြင်းမူဘက်မှာ စကစ အင်အားများနေသေးတယ်။ အခုလို တစ်ကြောင်းထိုး မိုင်းရှင်းနေတာ စစ်ကိုင်း ၀န်းကျင်မှာ ပိုစိပ်လာတယ်။တပ်ရွှေ့ပြောင်းမှု ကြီးကြီးမားမား ရှိနိုင်တယ်။အရင်လို လေကြောင်းမချီနိုင်တော့တာလား ??၀န်းကျင်ကို ယာဉ်တန်းနဲ့ ကွက်စိပ် ကင်းလှည့် စိုးမိုးချင်တာလား??မပြောတတ်သေး။

မြေလတ် 💪💪💪

ယောနယ်ဂိတ်၀ ပခုက္ကူကနေ ထွက်လာတဲ့ စကစယာဉ်တန်းကိုလည်း "အချိန်တန် ရောက်သွားမှာပါလေ" ဆိုပြီး စောင့်ပေးနေရတယ်။မတ်လ ၂၂ ရက်က ထွက်လာတဲ့ ရိက္ခာ နဲ့ အင်အားဖြည့် ယာဉ်တန်း အစီးရေ ၁၀၀ ဟာ ကမ္မထိပဲချောချောမွေ့မွေ့ရောက်ပါတယ်။ကမ္မကို ကျော်လာတာနဲ့ မှိုခင်းပြီး တိုက်ခိုက်ခံရတာကြောင့် မရွေ့တော့ပါဘူး။ယာဉ်တန်း ကြန့်ကြာနေတဲ့အတွက် ဗိုလ်ကြီး နဲ့ တပည့်လေး‌ယောက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် အိမ်ပြန်သွားပါတယ်။လက်ရှိမှာတော့ ပေါက်ဘက်ကို လမ်းအတိုင်း မသွားရဲတော့ဘဲ ‌မြေထိုးစက် နဲ့ တစ်ကြောင်းတိုး လမ်းရှင်းကာ တိုးဖို့စီစဉ်နေပါတယ်။ရည်မှန်းချက်က ကျောက်ထုကို ဖြစ်နိုင်ချေနည်းပါတယ်။ကျောက်ထုကို အပေါ်ကနေ ရိက္ခာဖြည့်နေကျမို့ပါ။

ကရင် 💪💪💪

ဖာပွန်က ခြေလျင်တပ်ရင်းတစ်ရင်း စစ်လက်နက် ပစ္စည်းတပ်စုတစ်စုကို လက်လွှတ်ရတယ်။အခြေချစစ်ဗျူဟာကိုလည်း ပိတ်ဆို့ ခံထားရတဲ့ စကစဟာ Y12 တွေ လွှတ်နေပါတယ်။အောက်ကနေ လာဖို့တော့ ခက်ခဲသွားပါပြီ။တံခွန်တိုင် ၊ဝေဆာ ၊မယ်တရိုး၊ ဝေနောင် နေရာအားလုံးကို တပ်မဟာ ၅ အဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ပြီးဖြစ်လို့ပါ။မြ၀တီ ဘားအံ ကားလမ်းမှာတော့ စကစရဲ့ စစ်ဆေးရေးဂိတ်တွေ ဆုတ်ခွာသွားပြီဖြစ်ပါတယ်။ဘားအံမြို့အထွက် ဂိတ်တစ်ခုသာ ကျန်ပါတော့တယ်။မြ၀တီမှာတော့ ခလရ ၂၇၅ က လက်နက်ကြီးနဲ့ပစ်၊လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာတော်တော်များများ ပျက်စီးမှု များပြားနေဆဲဖြစ်ပါတယ်။

လေးကေ့ကော်က ဆည်းဆာကုန်းကိုဖထီးတို့ တိုက် ခိုက်သိမ်းပိုက်လိုက်ပါတယ်။ရေကန်ကုန်းလို့ခေါ်တံ့ ဆည်းဆာစခန်းဟာ စွယ်တော်ဗျူဟာကုန်းရဲ့ ကာကင်းစခန်းငယ်တစ်ခုဖြစ်ကာ အင်အား ၂၀ လောက်ရှိပြီး အားလုံး စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ကြာအင်းဆိပ်ကြီးက ရတခလရ ၃၂ နဲ့ ရတခမရ ၅၆၀ က စစ်ကြောင်းတွေတော့ အလံဖြူထောင်တယ်လို့ ဆိုပါတယ်။မှန်ခဲ့ရင်တောင် စစ်ကြောင်းတွေသာ ဖြစ်ပါတယ်။တပ်ရင်းတွေမဟုတ်ပါ။ဖြစ်စဉ်ဖြစ် ပွားရာကတော့ စုကလိ နဲ့ ဝေါလေဘက်ခြမ်း ဖြစ်ဖို့များပါတယ်။ကော်သူလေးအာမီထံ လက်နချခြင်းဖြစ်ပါတယ်။( မြေပြင်တိုက်ပွဲတွင် ပါ၀င်ခဲ့တဲ့ ခေါင်း ဆောင်တစ်ယောက်ရဲ့ ပြောပြချက်သာ ဖြစ်ပါသည် )

ရခိုင် 💪💪💪

ရခိုင်မှာ ကျန်နေတဲ့ ဧည့်တပ်တပ်မ ရတတမခ ၂၂ လက်အောက်က ရတခမရ၂၀၂ က စစ်ကြောင်းမှူး ဗေဒါမာလာ ဝေမာန်ထွန်း AA တို့ထံမှာ စစ်သုံ့ပန်း အဖြစ်ရှိနေတာ ထုတ်ပြလာပါလိမ့်မယ်။ဘူးသီးတောင်ကနေ ဆုတ်ခွာလာတဲ့ တပ်မိသားစု၀င်တွေ စစ်တွေကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကို ဟိမ၀န္တာ ချီးမွမ်းခန်း ဖွင့်နေပါတယ်။တကယ်က ဘူးသီးတောင်ကနေ စစ်တွေထိ ရေလမ်းခရီးက မလွယ်တာမှန်ပါတယ်။တစ်ချို့နေရာမှာ ချောင်းတွေထဲလည်း၀င်ရတာပါ။အရမ်းကျဉ်းသလို အခုချိန် ရေနည်းပြီး သောင်တွေလည်း ထွန်းတော့ ကွေ့ပတ်ပြီး မောင်းရတာပါ။AA တို့ တမင်လွှတ်ပေးလိုက်ပုံပါ။သဇင်မြိုင်နဲ့ သပြေတောကြားလို နေရာမျိုးမှာဆို အေးဆေး လုပ်လို့ကိုင်လို့ ရပါတယ်။ထိန်းသိမ်းရတာ ခက်ခဲသလို အုပ်ချုပ်မှုကိစ္စလည်း များပါတယ်။အဓိ က ဆန်ကုန်လို့ပါပဲ။ဘာဘူတို့ကလည်း စိတ်ဓာတ်ပဲဗျာ။ AA နဲ့ လည်း ဆွေးနွေးတယ်။စကစ နဲ့လည်း စကားပြောတယ်။သေဘာတူညီဖို့နောက်တစ်ဖွဲ့ နဲ့ပဲ ကျန်တော့တယ်။ချင်းအဖွဲ့ နဲ့ ပါ။AA က နေ စနိုက်ပါ သင်တန်းသားတွေ ထပ်ဆင်းပါတယ်။ AA စနိုက်ပါ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုရင် ကားခေါင်းခန်းထဲမှာ အာရားရားတွေ ထိုင်ပြီး မလိုက်ရဲတဲ့အထိ စွမ်းပါတယ်။

ကချင် 💪💪💪

ဒူးဝါးကြီးတို့ အမုန်းဆွဲနေဆဲပါ။စိန်လုံ လွယ်ဂျယ် လမ်းပေါ်က ဗျင်ဝိုင် စခန်းကုန်း စောစောစီးစီး မောနီး မနက် ၇နာရီခွဲ မှာပဲ ကီယာတို့ အလံထပ်စိုက်လိုက်ပါပြီ။မိုးမောက် ခမရ ၄၃၇ ကနေ အမြောက်နဲ့ တောက်လျောက် ပစ်ကူပေးနေလို့ တောမီးတွေပါ လောင်နေပေမယ့် ကီယာတို့ဘက်က အသာစီးရနေဆဲပါ။ငှက်ကင် သတင်းက မဟုတ်ပါ။တပ်မမှူး ကိုယ်တိုင် ထိသွားရလောက်အောင် ဖြစ်သွားတဲ့ မကွေးအခြေစိုက် တပ်မ ၈၈ စစ်ဦးကျိုးသွားပြီ ဖြစ်ပါတယ်။တပ်မမှူး သတင်းကို "မှားတယ် မသေသေးဘူး"ဘာညာပြောနေကြတာ ရှိပါတယ်။မပခဒုတိုင်းမှူး ကိုယ်တိုင် ဗန်းမော်ကို နာရေးကိစ္စနဲ့ ညအိပ်ရောက်လာနေပါတယ်။တပ်မ ၈၈ဟာ အရင် ‌တပ်ချုပ် တပ်မမှူး လုပ်ခဲ့တဲ့ ဖိန့်ဖိန့်တုန် တပ်မတစ်ခုဖြစ်ပါတယ်။ဘပု လက်ထက်မတော့ တပ်မဆိုတာလည်း နာမည်သာ ရှိပါတော့တယ်။စိန်လုံကဘာ ပင်မဗျူဟာကုန်း မကြာမီ မျှော်နေရုံသာပေါ့ဗျာ။
Forwarded from The Net
ဟိုပင်နားမှာ ယမန်နေ့ က တက်လာတဲ့ မိုးညှင်းက စစ်ကြောင်း နဲ့ ထိတွေ့မှု စဖြစ်ပါတယ်။လေကြောင်းက ချက်ချင်း တိုက်ခိုက်မှု လုပ်သွားပါတယ်။ကြာကြီးကွင်းဆိုတော့ နန့်ရင်းလက်က ရှမ်းနီတွေပါ ထွက်လာတယ်လို့ ယူဆရပါတယ်။လယ်မှီး မြိုသစ်က လေးဆိုတာ အလွတ်ရနေတဲ့ နေရာမို့ ခန့်မှန်းချက်တွေက ကွက်တိကျခြင်း ဖြစ်ပါတယ်။ပေါက်ကရလေးဆယ်လို့ ခေါ်တဲ့ ဟိုပင် ခလရ ၄၀ ကတော့ မှားကြဲခံရလို့ ရှမ်းနီရော မအလများပါ မတ်စေ့ကိုက်ကုန်ပြန်ပါတယ်။ဖားကန့် ကို တပ်ကူ မရရအောင် လွှတ်လိုတဲ့ သဘောပါ။တနိုင်းက စကစ စစ်ကြောင်း လုံးခင်းမှာ တန့်နေပါတယ်။ဖားကန့်ဟာ တပ်ကူအချိန်မီ မရောက်လာလို့ သွေးပျက်နေပုံပါ ။တပ်မကုန်းကနေ လက်နက်ကြီး တစ်လုံး အခြောက်တိုက် ထပစ်ပါတယ်။မှော်မောင်းလျှံ ရွာထဲကျပါတယ်။အမယ်အိုတစ်ယောက် တိမ်း ပါးခဲ့တယ်လို့ သိရပါတယ်။KIA အနေနဲ့ ယနေ့ အထိ စကစ တပ်ရင်းဌာနချုပ် ၇ ခုအား သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ် ။

ရှမ်းမြောက် 💪💪💪

မနန္ဒာတို့ လားရှိုးသို့ အလည်ထွက်လာကြတယ် ဆိုပဲ။Shopping ထွက်တာတော့ မဟုတ်လောက်ပါချေ ။သကြန်ပြီးရင်တော့ ပွဲ ဖြစ်နိုင်ပါလိမ့်မယ်။အခု ကတော့ ဆိုင်ထားတုန်း ဖြစ်ပါတယ်။ဈေးမတည့်သေးပါဘူး။

ရှမ်းတောင် 💪💪💪

ပင်လောင်းအထွက် နောင်ဝိုးတံတားတော့ ကျိုးပါချေပြီ။တံတားချိုးတာ လမ်းဖျက်တာ ဘယ်သူပါလဲ ဗျို့ ။ဆီဆိုင်ကို လက်ရှိ စကစ ပြန်ထိန်းချုပ်ထားနိုင်နေပါတယ်။

နေပူတော် 💪💪💪

လမ်းလျောက်ပွဲက အင်အားတွေ စစ်ရုံးချုပ် အတွက် အရန်အင်အားဆိုပြီး ကင်းစောင့်နေရရှာပါတယ်။မနက်ဖြန်မှ အသုတ်လိုက် ပြန်လွှတ်ပါလိမ့်မယ်။လမ်းမှာတွယ်လို့ရပါပြီ။ကြိုကြားကြိုကြား လစ်ထွက်လာတဲ့အဖွဲ့တွေ ဆော်ခံထိတာရော သူ့ဘာသာသူ တိမ်းမှောက်ကုန်တာရော ကြားရတာ စိတ်ချမ်းသာပါဘိ။

ရာမည 💪💪💪

ကျိုက်ထို အခြေစိုက် တပ်မ ၄၄ ကတော့ ၄၅ နှစ် မြောက် တပ်နှစ်ပတ်လည်နေ့ ကျင်းပမယ်ဆိုဘဲ။ညစာစားပွဲ ပါမှာဆိုတော့ သတင်းကြိုစောင့်မယ်ဗျာ ။

လက်ရှိစကစရဲ့ နည်းဗျူဟာက ကျွန်တော်တို့ တော် လှန်ရေးအဖွဲ့အားလုံးရဲ့ တီးကွက်အတိုင်း လိုက်ကနေရတဲ့ အခြေအနေကို ရောက်လာပါပြီ။ကျွန်တော်တို့ ဘာဆိုင်း တီးကြမလဲ။တစ်ယောက်တစ်ပေါက် ဆိုရင်တော့ သူတို့တီးတဲ့အတိုင်း ပြန်လိုက်ရတော့မယ့် အနေအထားပြန်ရောက်သွားနိုင်ပါတယ်။စကစရဲ့ အင်အားချိနဲ့ မှု ခုလို အနေအထားမျိုး နောက်တစ်ခါ ထပ်ရဖို့ မလွယ်ကူပါ ။

မင်္ဂလာပါ အေပရယ် 💪💪💪💪💪

၂၀၂၄ ဧပြီ ၀၁
ဇင်ယော်
#ZinYawCaptain
Forwarded from YU ATARASHI
မြိုင်

မနေ့က မြိုင်မြို့ထဲကို‌ရောက်တဲ့ စစ်ကြောင်း(၂၀၀)ခန့်ဟာ မြိုင် စက်မှု(၂)ထဲသို့ ရောက်ရှိသွားကြောင်း သိရှိရပါသည်။

#နွေဦးတော်လှန်ရေး-မြိုင်မြို့
MRSN
Apl 1 ,  5:40PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Nway Oo Channel
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
1.4.2024

မြိုင်မြို့နယ်တောင်ပိုင်း စက်မှု ၂ ကနေ မနေ့ကမနက်ပိုင်းက ထွက်လာပြီး မြိုင်မြို့ထဲကို
ဝင်ရောက်ခဲ့တဲ့ အင်အားနှစ်ရာခန့်ပါတဲ့
စစ်ကောင်စီတပ်တွေဟာ ယနေ့မနက်ပိုင်းမှာ
မြိုင်မြို့ကနေ ပြန်ထွက်လာပြီး စက်မှူ ထဲကို
ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမရွာပျူစခန်းကနေ
3 လပိုင်း 27 ရက်နေ့က ထွက်ခွာလာတဲ့
စစ်ကောင်စီတပ်တွေဖြစ်ပြီး
28 ရက်နေ့ညက သရက်ကန်ရွာ
29 ရက်နေ့ညက ကိုင်းတောမရွာ
30 ရက်နေ့ညက စက်မှု ၂
31 ရက်နေ့ညက မြိုင်မှာ ညအိပ်ခဲ့တာဖြစ်ပြီး
4 လပိုင်း 1 ရက် ဒီနေ့ညမှာ စက်မှု၂ ကို
ပြန်ရောက်သွားတာဖြစ်ပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ရေးအခြေအနေ
တင်းမာနေတာကြောင့် စက်မှု ၂ နဲ့
တစ်မိုင်ပတ်လည်အတွင်းကို ပြည်သူများ
သွားလာခြင်းမပြုကြဖို့ သတိပေး တားမြစ်ထားပြီး
သတိပေးချက်ကို မလိူက်နာပါက
ဖြစ်ပေါ်လာသည့် အကြောင်း ကိစ္စရပ်များကို
တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့
မြိုင်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက
သိရပါတယ်။

We Love Myaing

#MagwayInfo
စစ်မှုထမ်းဥပဒေ အကောင် အထည်ဖော်ပြီးနောက် အသတ်ခံရသည့် အုပ်ချုပ်ရေးမှူး ၄၂ဦးအထိရှိလာ
စကစ အစိုးရ အတည်ပြုထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရစနစ်စတင်ပြီးနောက် စစ်မှုထမ်းစာရင်းကောက်ခံသော အုပ်ချုပ်ရေးမှူး အသတ်ခံရမှုမှာ တစ်လအတွင်း၄၂ ဦးအထိရှိလာပြီဖြစ်သည်။
ရန်ကုန် မကွေး တောင်ငူ ရေး စစ်ကိုင်း မန္တလေးနှင့် ပဲခူးတို့ရှိ အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
Forwarded from Magway Regional Scout Network (YU ATARASHI)
၂၅၆ တပ်ရင်းမှ မအလ စခများ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လမ်းပိတ်ထားကာ ပြည်သူများအပေါ် ယုတ်မာရမ်းကားနေ

ဧပြီ ၂၊ ၂၀၂၄

ရေစကြိုမြို့နယ် ၂၅၆ တပ်ရင်း ဘောလုံးကွင်းထဲတွင် မအလ စခများက ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီး တပ်ဆင်ထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် နေ့ရော ညပါ ရမ်းကားပစ်ခတ်နေကြောင်း သိရှိရပါသည်။
ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်အချိန်ကစပြီး ၇ နာရီကျော်အချိန်အထိ ၁၀ လုံးခန့် ရမ်းကားပစ်ခတ်ခဲ့ကြောင်း၊ မည်သည့်ရွာများကို ကျရောက်ပြီး ထိခိုက်ပျက်စီးမှုများ မသိရှိရသေးပါ။
ရေစကြိုမြို့ကို မြိုင်နယ် လင်းကတော၊ ဆင်ဖြူရှင်တံတား၊ အောင်မိုးလမ်းခွဲဘက်မှလာသော တစ်ခုတည်းသာရှိသည့် လမ်းမကြီးကိုလည်း ၂၅၆/၂၅၇ တပ်ရင်းရှေ့တွင် အတားအဆီးများ ပြုလုပ်ထားပြီး လမ်းပိတ်ထားသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး ပြည်သူများ သွားလာရေး အခက်အခဲများဖြစ်နေကြကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
MRSN
Apl 2 ,  10:14AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Nway Oo Channel
စကစ ရဲ့ Y8 လေယာဥ်တစီး တရုတ်ပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ခဲ့သဖြင့် တရုတ်လေတပ်က လိုက်လံ မောင်းထုတ်

၂ ဧပြီ | နွေဦးအသံ |

ကချင်ပြည်နယ် ၊ ဆွမ်ပရာဘွမ်ဘက်ကိုသွားတာလို့ ယူဆရတဲ့ အကြမ်းဖက် စကစ ရဲ့ Y8 အမျိုးအစား လေယာဥ်တစီးဟာ ဧပြီ ၂ ရက် ၊ မနက် ၉ နာရီခွဲမှာ တရုတ်ပိုက်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် တရုတ်လေတပ်က လိုက်လံမောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

"Y8 က မီးကျဥ်လိုဟာမျိုးတွေကျဲပြီးသွားနေတာကို တရုတ်လေတပ်က ဖိုက်တာ ၄ စီးနဲ့ လိုက်မောင်းထုတ်တာပါ"လို့ ဒေသခံတဦးက ပြောပါတယ်။

အကြမ်းဖက် စကစ ရဲ့ Y8 လေယာဥ် လိုက်လံမောင်းထုတ်ခံရပြီးနောက်မှာတော့ တရုတ်လေတပ်ရဲ့ တိုက်ခိုက်ရေးလေယာဥ်တွေဟာ မြန်မာ -တရုတ် နယ်စပ်တလျှောက် ကင်းလှည့် ပျံသန်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ စကစ ရဲ့ Y8 လေယာဥ် တရုတ်ပိုက်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်ဘက်က သတင်းထုတ်ပြန်တာမျိုး တစုံတရာ မတွေ့ရသေးပါဘူး။

ဓါတ်ပုံ | ပုံအဟောင်း

People Spring



#MagwayInfo
Forwarded from The Net
၂၀၂၄ ဧပြီ ၀၃ ရက် စစ်ရေးသုံးသပ်ချက်

ကချင် 💪💪💪

စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကျောက်ခဲ၊ စိန်ပြောင်းဗုံးသီးတွေ နဲ့ ပစ်ချနေရတယ် ဆိုတာ မှန်ပါတယ်။သို့သော် စကစမှာ လေယာဉ်ဗုံးသီးတွေ နည်းသွားပြီဆိုပြီး ပေါ့ဆလို့ မရသေးပါဘူး။အရေးပေါ်အခြေအနေတစ်ခုခုကြောင့် လေယာဉ်ပေါ်လိုက်လာတဲ့ စကစသားများရဲ့ အပိုဆောင်းစီမံချက်လည်း ဖြစ်နိုင်ပါတယ်။"အာပီဂျီနဲ့ပါပစ်တယ်" ဆိုတဲ့ skill က နည်းနည်းများပါတယ်။အဲဒီ Skill အပြင် "Y8တွေ စိနဘက် နယ်ကျော်တယ်" ဆိုတဲ့ စကားထွက်လာပါတယ်။တီလုပ်ဘက်က ထွက်တာ မဟုတ်ပါ။

ပိတ်စနီကြီးတွေ ခင်းပြထားတာလည်း မရဆိုတာ့ နည်းနည်း တင်းသွားတဲ့ပုံပါ။မပခမှာတော့ အိမ်ရှင်တိုင်းမှူး ၊တနိုင်းဒကစမှူး၊ စကခ၃ မှူးတို့ ယူရေနီယမ်ကိစ္စ နဲ့ ငါးပိကြော်စားနေရသလို စကခ ၂၁ မှူးလည်း ခပ်လှုပ်လှုပ်ပါ။ဧည့်သည် တပ်မ ၈၈ တပ်မမှူး ရက် လည်ပြီးတာနဲ့ သူ့အလှည့်ကျမယ်လို့ မြင်ပါတယ်။စိန်လုံကဘာ တပ်မကုန်းကို ရပြီးတဲ့နောက် အထောက် အကူစခန်းတွေလည်း အလိုလို ကျရတော့တာပါ။လက်ကျန်စခန်းတွေကို ကီယာတို့ တံမြက်စည်း ဆက်ပြီး လှည်းနေပြီး ကျောက်စခန်းနဲ့ မဒါဘွမ်စခန်းတို့ကို မနေ့က ညနေ ၄နာရီ မိနစ်၄၀မှာ ထပ်ပြီး အောင်လံလွှင့်နိုင်ခဲ့ပါတယ်။

အညာ 💪💪💪

အညာမှာလည်း ပွဲပြန်စည်လာနေပါတယ်။နွားထိုးကြီးမှာလည်း စကစ စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေ ဒရုန်း နဲ့ ဆော်တာ ထိချက်က အားရစရာပါ ။ စစ်ကိုင်းလို နယ်မြေကျယ်တဲ့ နေရာမှာ ဒေသချင်း ခရိုင်ချင်း အခုလိုမျိုး ချိတ်ဆက်ပြီး တိုက်ပွဲဖော်ဆောင်ရင် စကစ စိတ်ကြိုက် စစ်ဆင်ရေးမလုပ်နိုင်ပါဘူး။အဖွဲ့တွေများလှတဲ့ စစ်ကိုင်းမှာ အားလုံးမချိတ် ဆက်နိုင်ရင်တောင် ‌ဒေသချင်း၊ ကျေးရွာချင်း လက်ချင်းချိတ်ပြီး ဘေးနံတပ် သဘောမျိုး စစ်ဆင်နိုင်လာတာဟာ ကောင်းမွန်အကျိုးရှိလာပါလိမ့်မယ် ။ (နွားထိုးကြီးဟာ လပခနန်းတွင်းတိုင်းစစ်ဌာနချုပ်နဲ့ များစွာမကွာဝေးလှကြောင်းပါ )

ခန္တီးဘက်မှာတော့ နည်းနည်းထူးတဲ့ အဖွဲ့ ဆိုပြီး တွေ့လိုက်တယ်။အဖွဲ့နာမည် အတိုကောက် က NSCN(K) ခွဲထွက် ENNO/ENDA တဲ့ ဗျ .. သိကြလား ? ဒုခေါင်းဆောင် ရှန်းခန်းအောင် (ခ) ရှန်းမောင် ဦးစီးအဖွဲ့ နဲ့ စကစစစ်ကြောင်း လောင် ငေါက်ရွာက ဆုံဆည်းရာ စားသောက်ဆိုင်အနီးမှာ ထိတွေ့မှုဖြစ်တယ်တဲ့ ဗျ။သတင်းရရင် ဆက်ပြောပြပါ့မယ်ခင်ဗျ။

ကရင် 💪💪💪

သင်္ကန်းညီနောင် အခြေစိုက် ခမရ ၃၅၅ ကိုတော့ ဖထီးတို့ ပူးပေါင်းတပ်တွေ ဝိုင်းဗျင်းနေပါတယ်။ခမရ ၃၅၅ ဟာ လွန်ခဲ့တဲ့ ရက်က ပူးပေါင်းတပ်တွေရဲ့ စီး နင်း တိုက်ခိုက်မှု ခံထားရပြီး စစ်ကူလာတဲ့ အင်အားဖြည့်တပ်တွေကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။မွင်းနား အနည်းဆုံး ပွဲ ၂၀ နဲ့ အထက် ရှိနိုင်ပြီး ဒါန်းစီးတာလည်း မနည်းသလို အတိုအရှည်တွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။ချစ်ြကြည်ရေး ဘောပွဲ အရှိန်ကောင်းနေသလို တိုက်ပွဲတွေကလဲ ပြင်းထန်နေကြောင်းပါ ခင်ဗျာ။

ရခိုင် 💪💪💪

AA တို့ သေချာလုပ်ကြပါ 😂😂😂။ကျီးကန်းပြင် က ကိုလှရွှေတို့ လက်နက်ချချင်နေတာ ဆက်သွယ်မရလို့ ဒီကို လာပြောတယ်နော်။အေးလေ ... ကိုစစ်တို့ ကျ လစ်ပြီးတော့ ရဲမြညွန်တို့ကျ ချန်ခဲ့တော့ ဘယ်ပြောကောင်းမလဲ။အစတည်းက ပြောပါတယ်။ဦးရဲကြီးတွေ သဘောကောင်းပါတယ်လို့။ AA ကြေငြာပါတယ်။ပဒါန်း အမ်း ကားလမ်း ပိတ်ထားပါပြီတဲ့။ပဒါန်း ကနေ အမ်းအထိ ခရီးစဉ်ဟာ ကားလမ်းနဲ့ အင်မ တန် သွားလို့ကောင်းတဲ့ ခရီးပါ။ဂဏန်းကားတွေ လေအသင့် ဖြတ်ရတဲ့ အရသာဟာလည်း မမေ့နိုင်ပါ။"ပဒါန်း အမ်း ကားလမ်းကို ဖြတ်တောက်ထားပါပြီ"လို့ လွန်ခဲ့တဲ့ရက်က ကျနော်ပြောခဲ့တယ် မဟုတ်ပါလော။

ပုသိမ်ဘက်ကလည်း သတင်းသာ မထုတ်သေးတာပါ။အမ်းကို စကစလာဖို့ မလွယ်တာ ကြာပါပြီ။အမ်း ဟာ ဒကစလောက်ကိုင် အဖြစ်ထက် ပိုဆိုးပါတယ်။အမ်း ပဒါန်း သွားဖူးကြရင် သိမယ်ဗျ။မဟာပိုက်လိုင်းကြီးကဖြူးဖြောင့်လို့ဗျာဖျက်စရာ မလိုပါဘူး။ သဘာ၀အရင်းအမြစ်တွေ နှမြောဖို့ကောင်းပါတယ်။ အဲဒီ လမ်းသွားဖူးသူ ကြုံဖူးသူများရှိကြလား။ဂက်စ်ပိုက်လိုင်း အချို့နေရာတွေမှာ မီးရှူးတိုင်လို နေရာမျိုးတွေဆို ဓာတ်ဖမ်းလို့ ကောင်းသဗျာ။သို့သော် အမ်းအထွက် နာမည်ကျော် ပဲပဒုံ စစ်ဆေးရေးဂိတ်နဲ့ ပဒါန်းအ၀င် ပူးပေါင်းဂိတ်တွေကတော့ စကစတို့ ဆုတ် ခွာရုတ်သိမ်းတာမျိုး မရှိသေးပါ။

နေပူတော် 💪💪💪

ဟိုတယ်ဇုံဘက်က ဖြစ်စဉ် မအောင်မြင်ခဲ့သည့် တိုင် ချီးကျူးရပာမယ်။အလုပ်ဖြစ်ခဲ့ရင်အကောင်ကြီးကြီးရမယ့် အနေအထားပါ။စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေ "စက်ဘီး ဆိုင်ကယ် ဆင်းတွန်းပါ " ဆိုရာကနေ "ကားလည်းမရဘူး ဆင်းတွန်းခိုင်း"ဖို့အမိန့်ထုတ်လေမလားမသိ။ဖြစ်စဉ်က ကားကို ပြန်လည်ပြုပြင် အဝေးထိန်းစနစ်နဲ့ မောင်းလို့ရအောင်ညလုပ်ထားပြီး မိုင်းအဖြစ် လုပ်ထားတဲ့ Mission ဖြစ်ပါတယ်။စကစ ဘက်က လက်ဦးမှုရယူပြီး "အသက်မဲ့ဖြစ်အောင်လုပ်လိုက်နိုင်တယ်" လို့ဆိုပါတယ်။ဗိုလ်ကြီးများ၊ ဗိုလ်မှူးများ ကားရပ်ထားတယ်ဆိုရင်တောင် ကပ်ရဲမှာ မဟုတ်တော့ပါဘူး။

ပဲခူး 💪💪💪
Forwarded from The Net
အုတ်ဖို ခမရ ၆ ကတော့ ပတ်ပြီး နွှာခံနေရတာပါ။ ဆော်နေတာကလည်း တပ်ရင်း ၃၈၀၂ ဘဲဗျ။တပ်ခွဲသာ အလှည့်ကျပြောင်းနေမယ်။ဖြစ်စဉ်က ဒီလိုဗျ။တပ်ခွဲ ၄ ဟာ စကစ ရဲ့ FOC (Fiber Optic Cable ) လိုင်းကို ဖြတ်တောက်ထားလိုက်တယ်။စကစသားများ ထွက်လာရပြီလေ။ထွက်အလာမှာ ပဒေသာမိုင်းနဲ့ ကြိုဆိုပေးလိုက်တာပါ။နောက်ဆုံးအခြေအနေအရ မွင်းနား ၁၀ပွဲ နဲ့ ပြင်းထန်ဒဏ်ရာရ ၃ပွဲ ဖြစ်ပါတယ်။အုတ်ဖို ၀င်းသရက်ရွာ ချောင်းအနီးမှာ မြေအောက်ကေဘယ်ကြိုးကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး ထန်းပင်ကုန်းရွာကနေအထွက် မိုင်းထောင် တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။စကစ ရဲ့ FOC Cable လိုင်းတွေဟာ နိုင်ငံအနှံ့ဖြန့်ကျက်ထားပါတယ်။ေနရာမသိမှာစိုးလို့ ဆိုင်းဘုတ်အဖြူလေးတွေ စိုက်ထားပါတယ်။အများကြီး မနက်ပါဘူး။ ၄ ပေအနက်တူးရမယ်ဆိုရင် ၂ ပေ လောက်ဘဲ တူးပြီး မြှုပ်ထားတာများပါတယ်။ဒီဖြစ် စဉ်မျိုး သဘောကျပါတယ်။

သင်္ကြန်မတိုင်ခင် ကာလတွေမှာ စကစ လမ်းလျောက်ပွဲအပြီး အင်အားတွေကို မိခင်တပ်ရင်းတွေဆီ ပြန်လွှတ်ပြီး အင်အားဖြည့်တင်းမှုတွေ လုပ်လာနိုင်ပါတယ်။သင်္ကြန်ပွဲအတွက် လုံခြုံရေး ထုတ်သုံးရမှာမို့ တပ်ရင်းဌာနချုပ်တွေမှာ မူလအင်အားထက်လျော့ နည်းသွားပါလိမ့်မယ် ခင်ဗျာ။"လွယ်ဂျယ်မြို့ကိုရရင် Photo ပြပါဆိုပြီး လာ ment တဲ့ တစ်ယောက်" အခု Movie တွေပါ တက်လာပြီဆိုတော့ "ကျေနပ်သွားမလား ကြေကွဲသွားမလား"တော့ မသိ ပါ နော်။

၂၀၂၄ ဧပြီ

ဇင်ယော် - ပြည်သူ့စစ်သား
‼️Breaking News - နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ် ကာမီကာဇေ ဒရုန်းတွေဖြင့် တိုက်ခိုက်ခံရ‼️

ဧပြီလ (၄) ရက်နေ့ ဒီကနေ့ မနက် (၉) နာရီခန့် အချိန်က နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေ ဒရုန်း (၁၆) စီး၊ အေလာ လေတပ်ကို ဒရုန်း (၁၃) စီးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း၊ စစ်ရုံးချုပ် တစ်ခုလုံး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ကုန်တာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ် မသိရှိရသေးပေမယ့် ဧလာလေတပ်ကတော့ မီးလောင်ပျက်စီးခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။

#4C_TruthNews
Forwarded from The Net
၂၀၂၄ ဧပြီ ၀၄ စစ်ရေးသုံးသပ်ချက်

ကချင် 💪💪💪

ဆွမ်ပရာဘွမ် ခလရ ၄၆ ရဲ့ ဗျူဟာကုန်းစခန်းကို ကီယာတို့ ရက်သတ္တပါတ် ၃ ပါတ်တိတိ တိုက်စစ်ဆင်နေပေမယ့် မရသေးပါဘူး။နေ့စဉ်နီးပါး စကစဘက်က ဗုံးကြဲ တိုက်ခိုက်လျက်ရှိပါတယ်။၃ပါတ်ကာလဖြစ်တဲ့အတွက် စကစရဲ့ အရန်ရေ ဘယ်လိုရနေလဲ?? ရေမရအောင် ဖြတ်နိုင်ရင် အလံဖြူထောင်ပါလိမ့်မယ်။မိုးမောက်က လက်ကျန်ဖြတ်တဲ့ ကိစ္စ မပြတ်သေးပါဘူး။ဒဂေါ်ရွာ အထက်က မိုင်ဆတ်ကောင် ရတခမရ ၆၀၂ စခန်းကုန်းကိုတော့ မနက် ၀၇၃၀ မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရတခမရ ၆၀၂ ဟာ ရွှေကူအခြေစိုက်ဖြစ်ပြီး စကခ ၂၁ လက်အောက်ခံတပ် ဖြစ်ပါတယ်။၈၈ နဲ့ ၂၁ က အရုပ်ရေးရတော့မလားနော်။

လွယ်ဂျယ်ကို ရပြီးဖြစ်တဲ့ ဒူးဝါးကြီးတို့ အနေနဲ့ မိုးမောက်ဘက်ကို လှည့်တော့မလားဘဲ။စကစအနေနဲ့ မိုးမောက်က ၀၀မ် ၊၀ဘော် ၊ကျရီ ဘက်တွေကို ဗုံးကြိုပြီး ကြဲနေတယ်။မံစီမြို့နဲ့ ၁၀မိုင်တောင်မ‌ဝေးတဲ့ ဟန်ထက်စခန်းကုန်းကိုလည်း မနေ့ညက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဟန်ထက်ရွာဟာ မဘိမ်းဘက်ကို သွားလို့ရသလို နန့်ခမ်းဘက်ကို သွားလို့ရတဲ့ လမ်းကြောင်းတွေ ရှိတာမို့ ရှမ်းအရှေ့ နဲ့ စစ်ကိုင်းကို ချိတ်ဆက်ပေးနိုင်ဖို့ ဗျူဟာကျတဲ့ နေရာဖြစ်ပါတယ်။မန္တလေးသွားတဲ့ လမ်းပေါ်မှာ တည်ရှိတဲ့ရွာဖြစ်ပါတယ်။ဖားကန့် Happy KTV မှာ‌လည်း မနက်အစော ၆ နာရီလောက်တည်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရခိုင် 💪💪💪

ရခိုင် စစ်မျက်နှာမှာ AA နဲ့ အတူ မြေပြင်အတွေ့ အကြုံ ရယူထားတဲ့ YDF တို့ ထုတ်ဖော်ပြောလာပါပြီ။ ဒါကြောင့် ရခိုင်ကိစ္စ မြန်မြန်ပြတ်ရင် မကွေးအစပ် ယောသားတွေ ဆက်ပြီး လက်စွမ်းပြကြပါလိမ့်မယ် ။ AA တို့ အမ်းတောင်ကြားလမ်းကို ဖြတ်တောက်ထားတယ်ဆိုတည်းက နတ်ရေကန်ပါ မှ ပါပါ့မလားလို့ တွေးနေတာ။ပဒါန်းလမ်းခွဲ ဇင်ပြွန်း၊ ဂေါ့ကြီး ၊နတ်ရေကန် ၊လင်းဒဲ စတဲ့နေရာတွေ အပိုင်ခြေကုပ်ယူ ထားတယ် ဆိုမှတော့ "တက်မလာနဲ့..တောက်ချပစ် လိုက်မယ်" ဆိုသလိုပါ့။လေးဘက်လေးတန် ပိတ်ဆို့ ခံထားရတဲ့ အမ်းဟာ နောက်၁လလောက် အထိ တောင့်ခံနိုင်မလား ဆိုတာကတော့.........

စကစကို အရမ်းလျော့တွက်လို့ မရပါဘူး။မတိုက်သေးသရွေ့ အခုချိန်ထိ တောင့်ခံထားနိုင်ဆဲ ဖြစ်ပါတယ်။အမ်းမှာ မြို့ခံတပ်အပြင် စကခ ၅ ရဲ့ နည်းဗျူ ဟာစခန်းတွေလည်း ရှိနေသေးတာမို့ တောဟိန်းတောင်ဗျူဟာကို အဓိကထား တိုက်စစ်ဆင်နေရတယ်လို့ ထုတ်ပြန်သွားပါတယ်။အမ်းဘက်မှာ ပူနေရသလို စစ်တွေမှာလည်း ဖြောင့်အောင် အိပ်ရတဲ့ ပုံမရှိပါဘူး။စစ်တွေမြို့ ပတ်ချာလည်မှာ မိုင်းတွေ ပတ်ထောင်ပြီး ကာရံထားတဲ့ပုံပါ။စစ်တပ်အဆိုအရ မအိပ်သောကင်းသမားပေါ့ ဗျာ။ပျားလဲချောင်း သံ လမ်းဘေးမှာ မိုင်းပေါက်ကွဲမှုကြောင့် အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။တောင်ပိုင်းသားတွေ အစွမ်းဖော်လိုက်ပီ။ "ရခိုင်သားမှန်လျင် အစွမ်းဖော်ပါ" ဆိုတဲ့အတိုင်း။

တောင်ကုတ်သားတွေ တိုင်းမှူးအသစ်‌ကို ဂျင်းကျွေးနေတယ် ထင်ပါရဲ့။စကခ ၅ စစ်ဦးစီးမှူး (ပထမတန်း) စာကပ်ပြီးတောင် ကြေငြာနေရတယ်။အရင်တိုင်းမှူးက ဒကစမှူးကိုတောင် နားပန်ကျင်းတာ G1 လောက်ဆိုရင် ဖျင်ပိတ်ကန်မယ့် အနေအထားရှိတယ်။ချသာ ချ။ ဒါမျိုးအားပေးတယ်။မောင်းတော ၆ မိုင်ကုန်းစခန်းလည်း "အောင်မြင်စွာဆုတ်ခွာ" ဆိုပြီး ဟစ် ကြွေးနေပြန်ပါတယ်။ဆုတ်ခွာစရာ ဘကုန်းရှိနေသ ရွေ့တော့ မှုစရာ မရှိပါလေ။ဘူးသီးတောင်မှာ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို အဓိကထား တိုက်စစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားတယ်ဆိုတော့ အလွန်ဆုံးေနာက်ထပ်၂ရက်ကြာပါလိမ့်မယ်။ပလက်၀ တစ်ခုတည်းနဲ့တင် ကျေနပ်လို့ မရသေးတဲ့ အနေအ ထားမှာ စစ်တွေ ၊ကျောက်ဖြူဟာ အဖြေဖြစ်ပါတယ် ။လာမယ့် တပ်မွေးနေ့အတွက် အဲဒီနှစ်ခုတည်းက တစ်နေရာကတော့ သေချာပါတယ်။

အညာ 💪💪💪

မုံရွာမြို့ တောပုရွာမှာလည်း ပျူသူ့စစ် စခန်းတစ်ခုကို Drone နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒရုန်း ဒဏ်ကို စကစ အလူးအလဲ ခံနေရပါတယ်။ပျူစခန်းတစ်ချို့တွေမှာဆို လက်နက်မကိုင်ခိုင်းဘူး။ထုတ်ပေးထားရင်လည်း သံကြိုးနဲ့ ချည်ထားတာများတယ်။နယ်မြေအနေအထားအရ ကိုင်ကြတာတွေလည်း ရှိပါတယ်။ပျူသူ့စစ် စခန်းတွေထက် Purely စကစ စခန်းတွေကို ဦးတည်သင့်ပါတယ်။စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း ဖောင်းပြင်ဘက်မှာလည်း ပူးပေါင်းအဖွဲ့တွေ နဲ့ စကစ SNA နှစ်ဘက် တိုက်ပွဲပြင်းထန်နေတာ လဆန်းတည်းက ဖြစ်ပါတယ်။စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းကုန်း၊ မနော်သာ ၊ဇောင်းကလော ၊အင်ကြင်းကုန်းရွာတွေ ရွာလုံးကျွတ် စစ်ရှောင်နေကြရပါတယ်။

‌မြေလတ် 💪💪💪

ရခိုင်နဲ့ မြေလတ် ဆက်စပ်လို့ရသွားပြီ။နပခ ကွပ်ကဲမှုအောက် စကခ ၅ လက်အောက်ခံ ရတခမရ ၃‌၄၆ (တောင်ကုတ်) က စစ်သည် ၄ ဦး၊ အိမ်မဲအ‌ခြေစိုက် ရတခလရ ၆၃ က စစ်သည် ၂ ဦးကို PRA က ဖမ်း ဆီးရမိတယ်လို့ ထုတ်ပြန်လာတယ်။စစ်မက်ပြင်းထန်နေတာထက် စစ်ရှုံးနေတာ လက်နက်ချခိုင်းနေတာကြောင့် ကိုယ်လွတ်ရုန်းပြေးကြတဲ့ သဘောဖြစ်မယ် ။ရခိုင်ရဲ့ အပြင်ဘက်ကိုတော့ ရခိုင်တပ်တွေ ဘယ်နည်းနဲ့မှ မထွက်နိုင်ခဲ့တာ ၅ နှစ်ကျော် ၆ နှစ်လောက်ဖြစ်နေပြီ။အာဏာစသိမ်းတဲ့ နှစ်မှာတော့ ရခိုင်စစ် သားတွေ လမ်းလျောက်ပွဲ ခဏနွှဲလိုက်ရသေးတယ်ဆိုတော့ အမ်း ပဒါန်း ထွက်ပေါက် ၀င်ပေါက် စကစ မထိန်း ချုပ်နိုင်တာ သေချာသွားပြီ။PRA နဲ့ AA မြေလတ်မှာ ဆက်ပြီး
Forwarded from The Net
အောင်မြေချဲ့ပါလိမ့်မယ်။လက်ရှိဖမ်းဆီးရမိတဲ့ လမ်းကြောင်းအရ ငဖဲ ဆင်ခြေတိုင် ဘက်နားမှာလို့ ကောက်ချက်ဆွဲချင်ပါတယ်။မှန်ခဲ့ရင် မင်းဘူးဘက်ကို ဖြစ်ပါလိမ့်မယ်။ရေနံမြေ ... ရေနံမြေ...

ကမ်းရိုးတန်း 💪💪💪

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့သမုတ်ချုံ ရွာဘက်မှာ တော်လှန်ရေးအဖွဲ့တွေ ရဲ့ ဒရုန်းယာယီစခန်း တစ်ခုကို စကစပူးပေါင်း စစ်ကြောင်း အင်အား ၇၀ ခန့်က စီးနင်းတိုက်ခိုက်တာ ခံလိုက်ရပါတယခ။စကစရဲ့ လှုပ်ရှားစစ်ကြောင်းဟာ အင်အား ၇၀ နဲ့ လာတယ်ဆိုတော့ သတင်းအတိအကျ ရတာ သေချာပါတယ်။ ဒါကြောင့် Mission အပြီး ထုတ်ပြန်ချက်ကြေငြာတဲ့ နေရာမှာ တစ်ချို့အကြောင်းအရာတွေ လွှဲတာတို့ Safe Zone ရောက်မှ သတင်းထုတ်တာမျိုးတွေ လုပ်ရပါ့မယ်။ထား၀ယ် မေတ္တာမြို့ကိုတော့ ပိတ်ဆို့ ထားနိုင်ဆဲ ဖြစ်ပါတယ်။

ကရင် 💪💪💪

ဖာပွန်မှာ စကစဟာ စစ်ရှောင်စခန်းတွေကိုဘဲ အဓိကထား လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ထီးခီး မောတောင်ဘက် ကော်သူလေးခေါင်း‌ ပေါင်းကိုယ်တိုင် ဆင်းလာနေပါတယ်။ဖထီးတို့ စိတ် ဆိုးလာပြီ လို့ ပြောရပါ့မယ်။ကော့ကရိတ်ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာ ၄လကျော်လာပေမယ့် မရသေးတာကြောင့် ဖြစ်ပါတယ်။ မြို့ရဲ့ ၇၀ % ကို ဖထီးတို့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပေမယ့် ခလရ ၉၇ တပ်ရင်းဌာနချုပ် တည်ရှိနေတဲ့ မြို့လယ်နေရာကို မထိန်းချုပ်နိုင် ဖြစ်နေခြင်းပါ။ ပိတ်ဆို့ဖြတ်တောက်ထားတယ်ဆိုပေမယ့် ဘားအံ နဲ့ အ၀င်အထွက် တစ်ပေါက်ကိုတော့ ဟပေးထားပါတယ်။သို့သော် အလံဖြူထောင်ခြင်း မရှိတဲ့အတွက် အခုပိတ်လိုက်ပြီဖြစ်ပါတယ်။ကော့ကရိတ်မြို့မှာ ခလရ ၉၇ အပြင် စကခ ၁၂ ၊ ခလရ ၂၃၀ ၂‌၃၁ နဲ့ အမြောက်တပ် အမတ ၃၂၁ တို့ လည်း ရှိနေပါသေးတယ်။

ကရင်နီ 💪💪💪

ဖားဆောင်းဘက် သတင်းကောင်းထပ်ရှိပါလိမ့်မယ် ။ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ရှားတောဘက်မှာ ပြည်ပပညာရှင်တွေ ပါ၀င်အား ဖြည့်ပါလိမ့်မယ်။

ရှမ်းတောင် 💪💪💪

PNLA တို့ ဟိုပုံး တစ်နေရာမှာ အင်အားဖြည့် စစ်သင် တန်းတွေ ပို့ချနေတယ်။စကစလည်း စစ်မှုထမ်းဥပဒေနဲ့ ရလာတဲ့ လူသစ်တွေကို ဟိုပုန်း တကန (တပ် မတော်နည်းပညာကောလိပ်)မှာ အခြေခံသင်တန်း ပေးနေတယ်။စခတ (စစ်အခြေခံလေ့ကျင့်ရေးတပ်) နဲ့ တတက ( တိုင်းဗဟို တပ်‌မတော်တန်းမြင့်ကျောင်း) တွေအပြင် အခြားသင်တန်းကျောင်းတွေမှာပါ လူခွဲပြီး သင်တန်းပေးနေတာဖြစ်တယ်။အရေးပေါ်ဖြစ် လာရင် တပ်ဖြန့်ခွဲပြီးသလို ဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။

ရှမ်းမြောက် 💪💪💪

အသံတွေ ပိုစိပ်လာနေပါတယ်။မနန္ဒာတို့ သံလွင်ရဲ့ အနောက်ခြမ်းဘက်မှာ လှုပ်လာနေပါပြီ။လားရှိူး နဲ့ သိန္နီဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လားရှိုး ရမခကို တိုက်မယ်လို့ အသံထွက်နေပေမယ့် စကခ ၁ ကျောက်မဲကို အရင် သမနိုင်တယ်လို့ ထင်ပါတယ်။ဘယ်နေရာသိမ်းသိမ်း ကျေနပ်ကြမယ် ထင်ပါတယ်။

စကစဟာ ရုပ်လုံးပေါ်ပြီး မျက်နှာဖုံးတွေ ကွာကျလာပါပြီ။ကာကွယ်ရေး ဒု၀န်ကြီး အဆင့်လည်း ဖမ်းဆီး စစ်ဆေးခံနေရပြီ။နောင်တစ်ချိန်ဖြစ်လာမယ့် အစိုးရ ဖွဲ့စည်းပုံမှာ ကာကွယ်ရေး၀န်ကြီးဌာနသည် ကာကွယ် ရေးဦးစီးချုပ်အထက်မှာ ရှိကိုရှိနေရမယ်။ဒါ လုံး၀ အရေးကြီးပါတယ်။ဒီစကားမျိုး အထဲမှာတုန်းကလည်း ပြောခဲ့ဖူးတယ်။အဲ့တုန်းက အဆဲခံခဲ့ရတယ်။

ရန်ကုန် 💪💪💪

နောက်ဆုံး သတင်းတစ်ခု အရေးကြီးပါတယ်။အခု ဧပြီလထဲမှာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ကုန်သွယ်သင်္ေဘာ အစီး ၅၀ ကမ်းကပ်ပါ့မယ်။ကဲ .ခါးတောင်း ကျိုက် နှာခေါင်းပိတ်ပြီး ရေငုပ်ကြ ရအောင်လားဗျို့။ရန်ကုန်မှာ တအုန်းအုန်း ဖြစ်နေတယ်ဆိုပြီး အများကြီးဘဲနော်။ရန်ကုန်သူ၊ ရန်ကုန်သားများပါရင် တစ်ခု ခု ပြောခဲ့ကြပါအုန်း 🤫🤫🤫

၂၀၂၄ ဧပြီ

#ZinYawCaptain
Forwarded from Nway Oo Channel
ရေစကြိုမြို့ ထွေအုပ်ရုံးအတွင်းမှ မအလ စခများ ပစ်ခတ်သော လက်နက်ကြီးကြောင့် အပြစ်မဲ့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရေစကြို၊ ဧပြီ ၄

ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်းမှ မအလ စခများက လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းကားပစ်ခတ်ခဲ့ပါသည်။
မအလ စခများ ရမ်းကားပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးသည် ညနေခင်း လူစည်းကားရာ အမှတ် ၅ ရပ်ကွက်၊ ရွာဘိုးရပ် မအိုတိုက်ဘုန်းကြီးကျောင်းအနီး ဈေးအတွင်း ကျရောက်ပေါက်ကွဲပြီး မုန့်လင်မယား ရောင်းသူ အမျိုးသမီး တစ်ဦး၊ ခရမ်းချဉ်သီး‌ရောင်းသူ အမျိုးသမီး တစ်ဦးနှင့် ဈေးဝယ်လာသူ အမျိုးသမီး ၂ ဦး ပေါင်း ၄ ဦး ထိမှန် ဒဏ်ရခဲ့ပါသည်။အမျိုးသမီး၂ ဦး ဒဏ်ရာပြင်းထန်သောကြောင့် ပခုက္ကူ ဆေးရုံအရေးပေါ်ပို့ထားရ‌ကြောင်း၊ ကျန်၏လက်နက်ကြီး တစ်လုံးမှာ သစ်ပင်ချိတ်နေပြီး ကံကောင်းထောက်မစွာ မပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။
ရေစကြိုမြို့ပေါ်တွင် ရုံးပေါင်းစုံအတွင်းမှ မအလ စခများ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းကားပစ်ခတ်နေပြီး မတ်လ ၂၃ ရက်နေ့က အပြစ်မဲ့ပြည်သူ ၃ ဦး၊ မတ်လ ၃၀ ရက်နေ့က တစ်ဦး ထိမှန် သေဆုံးခဲ့ပါသည်။

#InfoCommitteeYesagyo
#MRSN
Apr 4 , 8:50PM
#MagwayInfo