ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မိတ္ထီလာ ⚠️

မိတ္ထီလာ လေတပ် မှ ဂျက်ဖိုက်တာ တစ် စီး မြောက် သို့ ပျံတက် ။

#WaiHin
Mar 28,10:10 AM
📫 သတင်းပို့ရန်@WaiHinBot
Forwarded from Nway Oo Channel
၂၀၂၄ မတ် ၂၈ စစ်ရေးသုံးသပ်ချက် ⚠️⚠️⚠️

ကချင် 💪💪💪

ဗန်းမော် စကစတပ်တွေ အကုန်နီးပါး ကုန်သွားပါပြီ။မကြာခင် ကီယာအလံတွေ ဗန်းမော် တစ်မြို့လုံး လွှမ်းခြုံတာ မြင်ရဖို့ နီးနေပါပြီ။မယုံရင် စောင့်ကြည့် လို့ ပြောချင်ပါတယ်။ကီယာတို့ မသိမ်းနိုင်ရင် ဒေသခံတွေ ပိုပြီး နာအုံးမှာဖြစ်ပါတယ်။မြို့ထဲတစ်ဝိုက်မှာ စကစတွေဟာ အရပ်၀တ်နဲ့ မသင်္ကာသူမှန်သမျှကို ဖမ်းဆီးနေပါတယ်။ဖမ်းဆီးပြီး မန္တလေးကို လင်ပျံနဲ့ ပို့နေတယ်လို့ တွေ့နေရပါတယ်။စိန နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ မိုင်ဂျာယန်ကို စကစ လေကြောင်းပစ်အားအပြင် ကုန်းကြောင်းနဲ့ပါ တိုက်စစ်ဆင်လာပါတယ်။

တိုင်းရင်းသားပေါင်းစုံတက်ရောက်နေတယ်လို့ ပြောလို့ရတဲ့ ဖက်ဒရယ်ကောလိပ် နဲ့ အမျိုးသားကောလိပ် ကျောင်းရှိတဲ့ မိုင်ဂျာယန်ကို တိုက်စစ် ဆင်တဲ့အခါ တိုင်း ကီယာရဲ့ထိုးစစ် အရှိန်ပျော့တတ်တဲ့ ဟိုးအရင်အလေ့အထရှိပေမယ့် ဒီတစ်ကြိမ်တော့ ကီယာတို့ လုံး၀ လျော့လိုက်မယ့် အနေအထားမရှိပါဘူး။မလျော့တဲ့အပြင် နာမည်ကျော် ယောယုံဗျူဟာကုန်းကိုလည်း ရထားတယ်လို့ သိရပါတယ်။ဒီစခန်းကုန်းဟာ ကီယာတို့ ၁၉၈၅ ၀န်းကျင်တည်းက လက်လွှတ်ထားတာကို ပြန်လည်ရရှိခြင်းဖြစ်ပါတယ်။ယမန်နေ့တည်းက ခလရ ၁၄၂ ဘက်ဂီယာ ထိုးသွားလို့ ထိုင်ထားတဲ့ စခန်းအားလုံး(လောမန် လောဒန်) အကောင်းပကတိ ကီယာတို့ အော်တိုရသွားပြီ ဖြစ်ပါတယ်။

ရခိုင် 💪💪💪

အမ်းဘက် သတင်းကောင်းလေး ကြားရဖို့ရှိပါ့မယ်။ စကစဟာ ထိုးကျွေးတဲ့ ဗျူဟာကို သုံးနေတုန်းဖြစ်ပါတယ်။သတင်းပေါ်တဲ့နေရာကို အင်အားနည်းတဲ့ စစ် ကြောင်းနဲ့ သွားမှတော့ ဘာပြောကောင်းမလဲ။ခမရ ၃၇၁ ရဲ့ စစ်ကြောင်းငယ်လေး ဖြစ်ပါတယ်။စကစလည်း တစ်ကွက်ပြန်ပြပါတယ်။ဝိုင်း၀န်းပိတ်ဆို့ထားတဲ့ မြို့တော်စစ်တွေမှာ အတာသကြန်ပွဲ လုပ်မယ်ဆိုဘဲ။အမ်းဟာ အားရစရာအနေအထား စစ်မျက်နှာလို့ ဆိုရပါ့မယ်။ခမရ ၃၇၂ ကတော့ တပ်ရင်းဌာနချုပ်ကနေ စတင်ဆုတ်ခွာနေပြီ ဖြစ်ပါတယ်။

မကြာခင် လက်ရုံးတပ်တော်တော်များများလည်း နပခ တိုင်းစခန်း ဌာနချုပ်ထဲကို ပူးပေါင်းဖို့ လက်ရှိတပ်ရင်းဌာနချုပ်တွေကနေ စွန့်ခွာလာနိုင်ပါတယ်။တောင်ဘဇာတပ် ၅၅၂ ကို AA တို့ သိမ်းပိုက်အပြီးမှာတော့ ဘူးသီးတောင်ဘက်ကို လုံး၀ လှည့်လာပါပြီ။ ခေါင်ထိအကုန်စား ဗျူဟာအရ စကခ ၁၅ ကို အရင် တီးပြပါလိမ့်မယ်။အာရကန်အစိုးရ ကြေငြာထားတဲ့ AA ဟာ စီးပွားရေးဇုန် ဖော်ဆောင်လာနေပါတယ်။ရခိုင်မှာက ရှင်းတယ်။ဟိုးအရင် ရှေးမဆွတည်းက ရခိုင်ပြည်သူဟာ AA ကို တရား၀င် အခွန်ကြည်ကြည်ဖြူဖြူ ပေးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကရင် 💪💪💪

တောင်ကလေး စစ်ဗျူဟာမှူးကြီးတော့ စေတီကွေ့ဘက် မှာ လှုပ်ရှားထွက်နေပါတယ်။ညအိပ်အခြေပြုမှာကတော့ အနီးဆုံးစခန်းတစ်ခုလို့ သိရပါတယ်။ဗျူ ဟာမှူးကြီး ကျိုက်ဒုံဟန်းကောကြီးကို အတုယူသင့်ကြောင်း ပါခင်ဗျာ။ကော့ကရိတ် ဝေါလေက စကစရဲ့ ထီးကပလယ် စခန်းကိုတော့ ဖထီးတို့ ပူးပေါင်းအဖွဲ့တွေ အင်နဲ့အားနဲ့ တိုက်နေပါတယ်။လေကြောင်းပစ်ကူနဲ့ ဝေါလေဗျူဟာကုန်းကနေ ၁၂၂ နဲ့ ကာပစ်ပစ်နေလို့သာ ခံသာနေခြင်းဖြစ်ပါတယ်။ဖာပွန် မြို့ထဲထိ ဖထီးတို့ ၀င်ရောက်နိုင်ပါပြီ။ဇာသပြင်လမ်းကြောက တက်လာတဲ့ စကစ စစ်ကူ စစ်ကြောင်း ပလုံပါတော့မယ်။

စကခ ၁၃ ဘုတ်ပြင်းသားတွေကတော့ လုပ်ရင်ပြတ်ပါတယ်။လေးကေ့ကော်မှာ ထိုင်နေတဲ့ ခမရ ၅၆၀ က တပ်ရင်းမှူး နဲ့ စစ်ကြောင်း ဖထီးတို့ထံ ပူးပေါင်းဖို့ ကြိုစားနေပါတယ်။မကြိုးစားလို့လည်း မရဘူး..ကိုယ့်လူတို့ အဘ ကျိုက်ဒုံမှူးကြီးတောင် အေးဆေးဘဲနော်။စဉ်းစားထားကြပါ ကွယ်တို့။ဖထီးတို့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် ကြာအင်းဆိပ်ကြီး ခလရ ၃၂ လည်း မကြာခင် လာပါလိမ့်မယ်။

မကွေး 💪💪💪

မြေလတ်သားတွေ လာပါပြီဗျာ။ကပစ ၂၁ ကဇွန်းမက ထွက်လာတဲ့ ယာဉ်တန်းကို ကားမိုင်းခွဲတိုက် ခိုကလိုက်နိုင်ပါတယ်။မွင်းနား၃ပွဲ ဆိုတာထက် ကပစတပ်တွေထဲက အခုလို အချိန်မျိုးထွက်လာရင် စစ် လက်နက်ပစ္စည်းကုန်ချောတွေ ဖြစ်ဖို့များပါတယ်။ကပစတပ်တွေထဲ ယာဉ်တန်းအ၀င် ဆိုရင်တော့ ရိက္ခာပစ္စည်းနဲ့ စစ်လက်နက်ခဲယမ်းအတွက် ကုန်ကြမ်းတွေပါ။အ၀င်ဗျင်းဗျင်း အထွက်ဆွဲဆွဲ အမြတ်များပါတယ်။

ကရင်နီ 💪💪💪

ကျနော်မပြောလား။"လမ်းလျောက်ပွဲ ဖြစ်အောင်သာ လုပ်ပါ လက်နက်ချကြပါလိမ့်"ဆိုတာ။အခု ရှားတောမြို့အထွက်စေတီကုန်းနားမှာ တပ်ရင်းတစ်ခုလုံး ပလုံပါတဲ့ ဗျာ။စစ်ကြောင်းမှူး နှစ်ယောက်လုံး ဖမ်းဆီးရမိပါ။ဟိုအရင် စစ်ဗိုလ်ချုပ်တွေ ပြောခဲ့တဲ့ "စစ်တပ်ကွ ရန်သူဝိုင်းလို့ ရမလား"ဆိုတာ။အခု စစ်ဗိုလ်တွေချည်း အဖမ်းခံရတာနော။

ရှမ်းတောင် 💪💪💪

ဆီဆိုင်မြို့မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။စကစ တင့်ကားတွေသုံးပြီး အင်အားပြည့် တိုက်စစ်ဆင်လာတယ်လို့ သိရပါတယ်။

ရာမည 💪💪💪

မွန်ပြည်နယ် မုဒုံ နယ်တကြော အသံတွေ ကြားရပါတော့မည်။ကျိုက်မရော သမ္မတ(ဓမ္မသတ်) ရွာက တော့ စကစလက်ချက်နဲ့ မီးလောင်ပျက်စီးမှု တော် တော်ကြီး ကိုများပါတယ်။အိမ်ခြေ ၃၀၀ နီးပါး ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။

စစ်ကိုင်း 💪💪💪

ကောလင်း ၀န်းသိုမှာ လွန်ခဲ့တဲ့ ၅ရက်လောက်တည်းက မြေပြင်တိုက်ပွဲ ပြင်းထန်နေတာပါ။မင်းကုန်း ၊ပန်းတင် ၊ ဖန်ခါးခုံရွာတွေမှာ ပူးပေါင်းအဖွဲ့တွေ အား ကောင်းနေပါတယ်။

ချင်း 💪💪💪
Forwarded from Nway Oo Channel
သင်တန်းဆင်းပွဲတွေနဲ့ သွေးသစ်လောင်းထားတဲ့ တောင်ဇလပ်မြေကတော့ "မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မယ်"လို့ ကြွေးကြော်လိုက်ပါပြီ။မြန်မြန်လုပ်ပါ ချင်းကြီးတို့။မိုးကျတော့မှာမို့ပါ။အချင်းချင်းလည်း မချကြပါနဲ့။

တနင်္သာရီ 💪💪💪

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လမ်းလျောက်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထား၀ယ်သားတွေ စကခ ၈ ဌာနချုပ်ကို Drone တွေ ကျွေးထားပါတယ်။ထား၀ယ်သားတို့ အထာက "လုပ်ချင်ရင် မြို့ပေါ်မှာလည်းလုပ်လို့ရတယ်" ဆိုပြီး ကြေငြာလိုက်တာဖြစ်ပါတယ်။

ရှမ်းမြောက် 💪💪💪

ရှမ်းမြောက်ကတော့ လမ်းလျောက်ပွဲအပြီး စကစက ထိုးစစ်ပြင်ဖို့ တပ်တွေနေရာချတာ ရွှေ့တာ ခဲယမ်း စုပုံတာတွေ လုပ်လာနိုင်ပါတယ်။သကြန်အပြီးမှာတော့ စကစ ယရက် (DDay )သတ်မှတ်နိုင်ပါတယ်။စကစ က အင်အားပြည့် တိုက်စစ်မဖွင့်နိုင်တာရယ် ရှမ်းမြောက်လို့ အသံကြားရင် လန့်နေမယ့် သူ့စစ် သည်တွေရဲ့ စိတ်ဓာတ်ကြောင့် စကစဘဲ အထိနာဖို့ သေချာသလောက်ပါ။

လမ်းလျောက်ပွဲပြီးရင် ပုံမှန်နှစ်တွေက ခွင့် ရက်သတ္တတစ်ပါတ်ယူပြီးမှ မူလတပ်ရင်း ဌာနချုပ်တွေကို ပြန် လည်သတင်းပို့ရတာ ဖြစ်ပေမယ့် ဒီနှစ်တော့ နည်းနည်း ပိုထူးဆန်းပါတယ်။လာမယ့် ဧပြီ ၃ ရက်နေ့ မှ ပြန်လွှတ်မယ်လို့ သိရပါတယ်။"နေပူတော်အထိ လာမယ်"ဆိုတဲ့ အသံတွေ တော်တော်ထိရောက်ပါတယ်။မအလတစ်ယောက် ဆိုးဆိုးဝါးဝါး မူပျက်နေတာက တော့ ဘယ်သူမှ မငြင်းနိုင်ကြောင်းပါ ခင်ဗျာ။

လမ်းလျောက်ပွဲနဲ့ ချိန်ကိုက် တော်လှန်ရေးတပ်ဖွဲ့တွေက အောင်ပွဲ နဲ့ လက်ဆောင်ပြန်ပေးတာကို အားလုံး ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်။မအလခမျာ ညစာ စားနေရပေမယ့် "ဒီအချိန် ဘယ်စခန်းတွေ ပါသွားပြန်ပြီလဲ" တွေးနေပါလိမ့်မယ်။စိတ်ချပါ ဘယ်သူမှ မပြောရဲပါဘူး။ဒီမနက်မှ သိရမှာ ဖြစ်ပါတယ်။သူလေးသိအောင် Share ပေးကြပါ ခင်ဗျ။


ဇင်ယော် - ပြည်သူ့စစ်သား

#MagwayInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
မကွေးတိုင်းဒေသကြီး
                             ပေါက်မြို့နယ်
           စာအမှတ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ၀၂၀/၂၀
             ရက်စွဲ  ၊၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်
  သို့
  ဇုန်တာဝန်ခံများ

  အကြောင်းအရာ။  ။လောင်းကစားနှင့်ပတ်သက်၍သိရှိနားလည် ဆောင်ရွက်သွားရန် ကိစ္စ

ရည်ညွန်းချက်။   ။ အများပြည်သူမှ တိုင်ကြားချက်ကိုညွန်း။

၁။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ဇုန်ကျေးရွာနယ်မြေများတွင် ဖဲလောင်းကစားများ၊ 2D၊1D အပျော်တမ်းကံစမ်း-များအား ပြည်သူများမှ လောင်းကစားပြုလုပ်ခြင်းဖြင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများစွာဖြစ်ပေါ်နေပါသည်။လောင်းကစားပြုလုပ်ကျူးလွန်သူများအား သတိပေးတားမြစ်ခြင်း၊ငွေဒဏ်သတ်မှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ခဲ့သည်ကို ပြည်သူများအနေဖြင့် သိရှိနားလည်ပြီးဖြစ်ပါသည်။

၂။ သတိပေးတားမြစ်ခြင်း၊ငွေဒဏ်သတ်မှတ်ခြင်း၊အရေးယူဆောင်ရွက်ခြင်းများအား အကြိမ်ကြိမ်ပြုလုပ်ခြင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လောင်းကစားနှင့်ပတ်သက်၍ လင်မယားခိုက်ရန်ဖြစ်ခြင်း၊ငွေကြေးပြဿနာများ မကြာခဏဖြစ်၍ လာရောက်တိုင်ကြားမှုများစွာရှိနေခဲ့ပါသည်။

၃။ ယခုအချိန်သည် တော်လှန်ရေး တစ်ခုတည်းသာ တစိုက်မက်မက်ပြုလုပ်၍ စစ်ကောင်စီအားအမြစ်ပြတ်တိုက်ထုတ်နေသည့်အချိန်ကာလဖြစ်သောကြောင့် တော်လှန်ရေးအတွက်အားတွန်ခွန်စိုက်ပြုလုပ်နေသည့် ပြည်သူများအနေဖြင့် စိတ်ငြိုငြင်မှုဖြစ်ပေါ်ခြင်း၊ပြည်သူများ၏လူမှု့စီးပွားဘဝအားထိခိုက်ပျက်စီးစေခြင်းနှင့် တော်လှန်ရေးအရှိန်အဟုန်အားကောင်းလာစေရန်အတွက် လောင်းကစားပြုလုပ်ခြင်းများကို ကန့်သတ်ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည်။

၄။ သို့ဖြစ်ပါ၍ လောင်းကစားပြုလုပ်နေသူများအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ရက်နေ့ အချိန်မှစ၍ လောင်းကစားပြုလုပ်ရန်လက်ခံခြင်း၊လောင်းကစားပြုလုပ်ခြင်းနှင့် လောင်းကစားပြုလုပ်နေသည့်နေရာတွင်ရောက်ရှိနေခြင်း၊လောင်းကစားစီမံခန့်ခွဲခြင်း၊လောင်းကစားပြုလုပ်ရန် ငွေချေးခြင်း(သို့မဟုတ်)ကူညီထောက်ပံ့ခြင်း၊ အားပေးကူညီခြင်း၊လူစုခြင်း၊လှုံ့ဆော်ခြင်းများ တနည်းနည်းဖြင့်ပြုလုပ်ခဲ့ပါက ယခင်အရေးယူဆောင်ရွက်ခဲ့သည့် ငွေဒဏ်သတ်မှတ်ခြင်း၊အရေးယူဆောင်ရွက်ခြင်းများထက် ထိရောက်စွာ (ထိရောက်စွာ)   အပြစ်ပေးအရေးယူဆောင်ရွက်ခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။ လောင်းကစားပြုလုပ်သည့်နေရာတွင် ရရှိသည့်ပစ္စည်းကရိယာများကို သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်း၍လောင်းကစားပြုလုပ်နေသည့်နေရာတွင် သိမ်းဆည်းရရှိသည့်ငွေကြေးများကို တော်လှန်ရေးအတွက် အမှန်တကယ်လိုအပ်သည့်နေရာများ ပညာရေး၊ကျန်းမာရေး၊ စစ်ရှောင်ဒေသများတွင် အခတ်အခဲဖစ်နေသည့်ပြည်သူများကို ကူညီထောက်ပံ့မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသန္တရအမိန့်ထုတ်ပြန်ခးလိုက်သည်။

၅။ သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကိုလိုက်နာမှုမရှိပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ချမှတ်ထားသောစည်းမျဥ်း စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားသည်။

မိတ်တူကို-
-ခရိုင်  ပ·အ·ဖ တာဝန်ခံ
-ခရိုင်  ပ·က·ဖ တာဝန်ခံ
-မြို့နယ် ပ·က·ဖ တာဝန်ခံ
-မြို့နယ် ပ·လ·ဖ တာဝန်ခံ
-ဇုန် ၁မှ ဇုန်၁၀အထိ
-လက်ခံစာတွဲ/ မျှော

MRSN
Mar 27 ,  7:08PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Magway Regional Scout Network (YU ATARASHI)
ပေါက်
11:00 AM

ယနေ့နံနက် ပေါက်မြို့နယ် သီးချောက်မြောက်ရွာ စာသင်ကျောင်းဘေးအား ပေါက်မြို့ပေါ်ရှိ စကစ တပ်မှ ဒရုန်းဖြင့် ဗုံးသီးချ ပြီး ပေါက်မြို့အနီး ပေါက်မြို့တောင်ဘက် ကျေးရွာများအပေါ်လဲ စကစ ဒရုန်းဝဲနေတာတွေ့ရပါတယ်

ပေါက်မြို့နယ်အရှေ့ပိုင်း အုန်းတောတံတားအား ပြုပြင်ရန် ပေါက်မြို့ရှိရပ်ကွပ်များနှင့်ပျူရွာတွေ့မှ တစ်ရွာလျှင် လူ 7 ဦး မဲပေါက်ပြီး ခေါ်ယူနေပါသည်။
မဲမပေါက်တဲ့အိမ်တွေ့က တစ်အိမ်ကို 10000 ကျပ် ကောက်ခံပြီး ဆုချေးမြှင့်မယ်လို့ သိရပါသည်။
သားကြီးတောင်ရေနံမြေတွင် စခ ပခ စစ်ကြောင်းနှင့် ရိက္ခာကားတန်း ကားပျက်စီးမှုအချို့ရှိနေပြီး လမ်းဖောက်​ပြီး ကားတန်းထွတ်ရန် ကြံစည်နေပါသည်။

27.3.2024 မနေ့ညက ပေါက်မြို့နယ် အင်းတော တောင်ရွာ ပေါက်မြို့အနီး နေရာများအား စကစ တပ်မှ နောမီးရှို့ခြင်းကြောင့် ပြည်သူပိုင် တောတဲများ မီးလောင်မှုရှိပြီး နေအိမ်အချို့ မီးလောင်ပျက်စီး

( ပုံ - ညောင်ဂျစ်ပင်ပျူရွာအနီး သေဆုံးခဲ့သော ပျူစောထီး ဆန်းဝင်း၊ဌေးတင်သား ထက်နိုင်လင်း ၊ ပေါက်မြို့အနီး မီးလောင်နေပုံ)

Pauk Newsletter page
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေးတာဝန်ခံ
ကိုစစ်
MRSN
Mar 28 ,  12:30PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
မင်္ဂလာဒုံ

မင်္ဂလာဒုံလေတပ်သို့ ဂျက်ဖိုက်တာ တစ်စီး ​မြောက်ဘက်မှ ဆင်းသက်။

#WaiHin
Mar 28, 1:05PM
📫သတင်းပို့ရန် @WaiHinBot
မကွေး

မကွေးလေတပ်သို့ ဂျက်ဖိုက်တာ တစ်စီး မြောက်ဘက်မှ ဆင်းသက်။

#WaiHin
Mar 28, 1:10PM
📫သတင်းပို့ရန် @WaiHinBot
မင်္ဂလာဒုံ⚠️

မင်္ဂလာဒုံလေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကျဲလေယာဉ် တစ်စီး မြောက်ဘက်သို့ ပျံတက်။

#WaiHin
Mar 28, 1:10PM
📫သတင်းပို့ရန် @WaiHinBot
တံတားဦး

တံတားဦးလေတပ်သို့ ဂျက်ဖိုက်တာ တစ်စီး အရှေ့မြောက်ဘက်မှ ဆင်းသက်။

#WaiHin
Mar 28, 1:20PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Nway Oo Channel
"မီးကုန်ယမ်းကုန် ရိက္ခာကုန်"
----------------------------

'မီးကုန်ယမ်းကုန် ရိက္ခာကုန်၊ တပ်တွင်းသူပုန် ထလိမ့်မည်' တဲ့။ အတိတ်တဘောင်ပဲ ပြောမလား ကြားဖူးတာပါ။ ထားပါတော့။

မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်ရှုံးကောင်စီရဲ့ စစ်ရေးပြ အခမ်းအနားမှာ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ၊ အတွဲလိုက်ပစ် ဒုံးတွေ၊ တင့်ကားတွေ၊ သံချပ်ကာတွေ ဘာတစ်ခုမှ မပြနိုင်တော့တာ သတိထားမိတယ်။

စစ်ရှုံးကောင်စီ အနေနဲ့ ပြစရာ မကျန်တော့လို့ မပြတော့တာလဲ ဖြစ်နိုင်သလို ဟိုအရင်နှစ်တွေ ကတည်းက ဖော်ရှိုး ပြဖို့လောက်ပဲ ဝယ်ထားတာမို့ အခုချိန်မှာ စစ်ပွဲကလဲ တစ်ပွဲမှ မနိုင်တော့တာကြောင့် EAO တွေကို ရှက်ပြီး မပြတာလဲ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် စစ်ရှုံးကောင်စီမှာ ဖုံးကွယ်လို့ မရတဲ့ အမှန်တရားတစ်ခု ရှိနေတယ်။

ရှမ်းမြောက် တိုက်ပွဲကာလ အတွင်းလောက်က ဖြစ်မယ်။ တော်လှန်ရေး တပ်တွေက သိမ်းဆည်းရမိခဲ့တဲ့ စစ်ရှုံးကောင်စီရဲ့ ခဲယမ်းတွေထဲမှာ လောလောလတ်လတ် ထုတ်လုပ်ထားတဲ့ ကျည်ဆန်တွေ ပါလာခဲ့တယ်။ စက်ရုံက အခုထုတ် ရှေ့တန်းကို အခုပို့ လုပ်နေခဲ့ရတဲ့ အနေအထားပါ။

စစ်ရှုံးကောင်စီတပ်က စစ်သားတစ်ယောက် ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပုံမှာ ဆိုရင် ၁၉၉၃ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ဖျက်သိမ်းပြီး ကျည်တွေကို ပြန်ထုတ်ပေးပြီး သုံးနေရပါပြီ။

တကယ်တော့ ခဲယမ်းတွေဆိုတာ သတ်မှတ် အပူချိန်နဲ့ သတ်မှတ်ထားတဲ့ နေရာမျိုးမှာ စနစ်တကျ သိမ်းဆည်းထားရင်တောင် ဆယ်စုနှစ်တစ်ခု (အလွန့်အလွန်ဆုံး နှစ် ၂၀) ပဲ သုံးစွဲမှ သင့်တော်တာဖြစ်ပြီး သက်တမ်း ကျော်လွန်သွားတဲ့ ခဲယမ်းတွေကို "သက်တမ်းလွန် အဆင့်နိမ့်" သတ်မှတ်ကာ ဖျက်သိမ်းပစ်ရတာပါ။

အခု စစ်ရှုံးကောင်စီတပ်က ကျည်လုံလောက်မှု လုံးဝ မရှိတော့တာကြောင့် အနှစ် ၃၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ကျည်အိုကျည်ဟောင်းတွေကို ထုတ်ပေးနေရတယ် ဆိုတော့..။

4C_TruthNews


#MagwayInfo
တံတားဦး

တံတားဦးလေတပ်သို့ လွယ်ဂျယ်မြို့၊ ​ယော်ရုံနယ်ဘက်တွင် (12:48PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော ​YAK-130 Fighter Jet (1)စီး ​​မြောက်အရပ်မှ ဆင်းသက်။

#NAS
Mar 28, 1:22PM
📡သတင်းပို့ရန် @infonas
မန္တလေး ⚠️

မန္တ​​​လေး​တောင်ဖြတ်၍ ဂျက်ဖိုက်တာ ၁စီး အ​နောက်​တောင်သို့ပျံသန်း ။

#WaiHin
Mar 28, 1:26 PM
📫သတင်းပို့ရန် @WaiHinBot
တံတားဦး

တံတားဦးလေတပ်သို့ လွယ်ဂျယ်မြို့၊ ​ယော်ရုံနယ်ဘက်တွင် (1:00PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော ​​နောက်ထပ် YAK-130 Fighter Jet (1)စီး ​​မြောက်အရပ်မှ ဆင်းသက်။

#NAS
Mar 28, 1:29PM
📡သတင်းပို့ရန် @infonas
မကွေး ⚠️

မကွေးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီး မြောက်ဘက်သို့ ပျံတက်။

#WaiHin
Mar 28, 1:34 PM
📫သတင်းပို့ရန် @WaiHinBot
မကွေး

မကွေးမြို့ဖြတ်၍ ​ATR-72 Military Transport Aircraft (1)စီး ​​အ​ရှေ့​မြောက်မှ အ​နောက်​အရပ်သို့ ပျံသန်း။

#NAS
Feb 28, 1:39PM
📡သတင်းပို့ရန် @infonas
ဟုမ္မလင်း⚠️

ဟုမ္မလင်းလေတပ် ဟလခမှ  MI-2 Light Attack Helicopter (1)စီး တောင်အရပ်သို့ ပျံတက်။

#NAS
Mar 28, 1:35PM
📡သတင်းပို့ရန် @infonas
မ​ကွေး

မကွေးလေတပ် ကလခတက် ​MiG-29 Fighter Jet (1)စီး​ မ​ကွေးမြို့အ​ရှေ့ခြမ်းဖြတ်၍ ​​​အ​ရှေ့တောင်အရပ်သို့ ပျံသန်း။

#NAS
Mar 28, 1:45PM
📡သတင်းပို့ရန် @infonas
ခင်ဦး

ခင်ဦးနယ်ဖြတ်၍ စစ်ထောက်ပို့လေယာဉ် တစ်စီး မြောက်ဘက်သို့ ပျံသန်း။

#WaiHin
Mar 28 , 2:01 PM
📫သတင်းပို့ရန် @WaiHinBot
ပဲခူး

ပဲခူးမြို့ဖြတ်၍ FOKKER 70 Military Transport Aircraft MAF003 (1)စီး အ​​​နောက်​​​​မြောက်မှ အ​ရှေ့​တောင်အရပ်သို့ ပျံသန်း။

#NAS
Mar 28, 2:01PM
📡သတင်းပို့ရန် @infonas
ရန်ကုန်

လှည်းကူးဖြတ်၍ FOKKER 70 Military Transport Aircraft MAF003 (1)စီး အ​ရှေ့မြောက်မှ အ​နောက်တောင်အရပ်သို့ ပျံသန်း။

#NAS
Mar 28, 2:05PM
📡သတင်းပို့ရန် @infonas