Forwarded from မြေလတ်အသံ - Myaelatt Athan
ဖခင်ဖြစ်သူပြောပြတဲ့ ဖိုးတေ (ရုပ်သံဆောင်းပါး)
ရေးသားသူ - စောကျော်ငြိမ်း၊ ဟယ်ရီ
မြေလတ်အသံ၊ မတ် ၃၊ ၂၀၂၄။
ဖိုးတေ ခေါ် မျိုးချစ်အောင်ဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မောလယ်ကျေးရွာ ဇာတိဖြစ်ပါတယ်။ ဖိုးတေ ၃ တန်း ကျောင်းသားအရွယ်ကတည်းက သူ့မိဘတွေ အိမ်ထောင်ကွဲသွားကြပြီး သူ့အဖေရဲ့ နောက်အိမ်ထောင်နဲ့အတူ လိုက်ပါနေထိုင်ခဲ့ပါတယ်။
သူ့အဖေက ဖိုးတေကို ပညာတတ်တယောက်ဖြစ်စေချင်ပြီး စက်ပြင်တာ၊ စပါးခြွေလှေ့စက်မောင်းတာ၊ ရွှေမှော်တွင်းမှာ အလုပ်ဆင်းတာ စတဲ့အလုပ်တွေ လုပ်ကိုင်ရင်း သူ့သားကို ကျောင်းထားခဲ့ပါတယ်။ ဖိုးတေကိုယ်တိုင်ကလည်း စာကြိုးစာသူဖြစ်ပြီး ဆယ်တန်းကို ဂုဏ်ထူးပါအောင် ကြိုးစားမယ်လို့ သူ့အဖေကို ကတိပြုထားခဲ့ပါတယ်။
၂၀၁၉ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အခါ သူ့ကတိအတိုင်း ဂုဏ်ထူး ၂ ဘာသာနဲ့ ရမှတ် ၄၀၀ ကျော်ရခဲ့ပါတယ်။ ဘဝအခြေအနေနိမ့်ပါးတဲ့ ဖိုးတေဟာ ဆယ်တန်းဖြေပြီးနောက် ခန္တီးမြို့နယ်အတွင်းရှိ ရွှေမှော်တွင်းတွေဆီ အလုပ်သွားလုပ်ပြီး ဝင်ငွေရှာခဲ့ပါတယ်။
သူရတဲ့ဝင်ငွေနဲ့ သူ့မိသားစုကိုလည်း ပြန်လည်ထောက်ပံ့နေခဲ့ပြီး မှော်ထဲမှာ အလုပ်လုပ်နေစဉ်မှာပဲ စစ်အာဏာသိမ်းမှုကို ကြုံလိုက်ရပါတယ်။ နောက်တော့ သူ့အဖေဆီ ဖုန်းဆက်ကာ အလုပ်အကိုင် မကောင်းတော့ကြောင်းနဲ့ အလုပ်ထဲမှာ စိတ်မပါတော့ဘူးလို့ ပြောလာပါတယ်။ သူ့အဖေကလည်း စိတ်မပါရင် အိမ်ကိုပဲပြန်လာခဲ့ဖို့ မှာခဲ့ပါတယ်။
ဖိုးတေဟာ အိမ်ပြန်ရောက်တဲ့အခါမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ မိသားစုလိုက် ပါဝင်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်က ဆန္ဒပြလူထုကို သေစေတဲ့အထိ အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းပြီး အလောင်းလာထုတ်ခိုင်းတာ၊ အိမ်တွေကို စီးနင်းဖျက်ဆီးတာ ဒီလို လုပ်ရပ်တွေကို ကြုံရတဲ့အခါ ဖိုးတေဟာ မခံမရပ်နိုင်ဖြစ်ပြီး လက်နက်ကိုင်ဖို့ စဉ်းစားလာပါတယ်။
တနေ့မှာတော့ ဖိုးတေဟာ လက်နက်ကိုင်ခုခံချင်တဲ့ သူ့ဆန္ဒကို အဖေကို လာတိုင်ပင်ပါတယ်။
“ဖေဖေ... တော်လှန်ရေးထဲလိုက်ချင်ပြီလို့ သူက လာတိုင်ပင်တယ်။ သားတို့အရွယ်သာဆို ဖေဖေ လုပ်ပြီးပြီလို့ ပြန်ပြောတော့ သူက သဘောကျသွားတယ်။ တော်တော်လေးကို စိတ်တူသဘောတူ လွှတ်ခဲ့တာပါဗျ။” လို့ သူ့အဖေက ပြောပြပါတယ်။
သူ့အဖေရဲ့ သဘောတူညီမှုရပြီးတဲ့နောက် ဖိုးတေဟာ ယောကာကွယ်ရေးတပ် - YDF ထဲကို ဝင်သွားခဲ့ပါတယ်။ ဖိုးတေ လက်နက်ကိုင်တော်လှန်ရေး တပ်ထဲသွားချိန်မှာ အသက်ဟာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။
သူတာဝန်ထမ်းဆောင်တဲ့ ယောကာကွယ်ရေးတပ် - YDF ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တဝိုက်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေပြီး ဒေသခံစစ်ဘေးရှောင်တွေကိုလည်း ကူညီရင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလေ့ရှိပါတယ်။
ယောကာကွယ်ရေးတပ် - YDF မှာ ဖိုးတေ တာဝန်ထမ်းဆောင်တဲ့ကာလ ၂ နှစ်လောက် အကြာ ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်စဉ် ဖိုးတေနဲ့ သူ့ရဲဘော် သားထောင်ဆိုသူဟာ ရန်သူ့လက်ထဲ ကျရောက်သွားပါတယ်။
မြောက်ခင်ရန်းရွာဟာ မြန်မာစစ်တပ်က အငြိမ်းစားအရာရှိ ကြံ့ခိုင်ရေးပါတီဝင် ဂန့်ဂေါနယ် အမတ်ဟောင်း ဘူးလက်လှဆွေရဲ့ ဇာတိရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ (ပြည်သူ့စစ်)တွေ အားကောင်းရာအရပ် ဖြစ်ပါတယ်။
အဲဒီမြောက်ခင်ရန်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မီးရှို့အသတ်ခံရတဲ့ ရုပ်သံမှတ်တမ်းဟာ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီး ၁ ယောက်က မောလယ်ရွာက ဖြစ်တယ်ဆိုတဲ့သတင်းဟာ ဖိုးတေရဲ့ အဖေနားထဲရောက်လာခဲ့ပါတယ်။
သူကိုယ်တိုင်လည်း အင်တာနက်မသုံးတတ်တာရယ် ပတ်ဝန်းကျင်ကလည်း ဒီအကြောင်းကို သူ့ကို ပြောပြဖို့ နှုတ်ဆိတ်နေကြတာကြောင့် ဘယ်သူတွေလည်းဆိုတာ သူမသိသေးသလို သူ့သား ဖိုးတေဖြစ်လိမ့်မယ်လို့လည်း ထင်မထားခဲ့ပါဘူး။
သတင်းကြားထားပြီး နောက် ၂ ရက်အကြာမှာ YDF တပ်ရင်းက တာဝန်ရှိတဲ့ တပ်ခွဲမှူးနဲ့ ရဲဘော်တွေ သူ့ဆီရောက်လာပြီး သေဆုံးသူဟာ ဖိုးတေနဲ့ သားထောင်ဖြစ်ကြောင်း သူ့ကို အသိပေးခဲ့ပါတယ်။
သူကလည်း ချက်ချင်းယုံဖို့ခက်ပြီး သူ့သားဟုတ်၊ မဟုတ် ဘယ်လိုသိရမလဲ သေချာအောင် မေးတဲ့အခါ ဖိုးတေနဲ့ သားထောင်တို့ကို သံကြိုးနဲ့ချည် တရွတ်တိုက်ဆွဲပြီး သစ်ပင်မှာ တွဲလောင်းချိတ်ဆွဲ မီးရှို့တဲ့ ရုပ်သံဗီဒီယိုကို YDF ရဲဘော်က ဖွင့်ပြလိုက်ပါတယ်။
ဒီအခါမှ သူ့သားဖိုးတေနဲ့ သားထောင်တို့ဆိုတာကို သူသိလိုက်ရပြီး အလွန်တုန်လှုပ်သွားခဲ့ပါတယ်။
“ဟာ....သွားပြီ။ တယောက်က ဖိုးတေ၊ တယောက်က သားထောင်ပေါ့ဗျာ။ ဒီလောက်ရက်ရက်စက်စက်လုပ်မယ်လို့ မထင်ထားခဲ့ဘူး။ မိုက်တွင်းနက်တဲ့ကောင်တွေ လုပ်ရက်ကြတယ်။ ကျနော်လည်း ကြည့်ရင်း ငိုချလိုက်တယ်ဗျာ။ အသည်းတွေ ကွဲမတတ်ပါပဲ။" လို့ မချိတင်ကဲ ပြောပါတယ်။
ဖိုးတေနဲ့ သားထောင်ကို ခုလို သတ်တာဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေတွေဖြစ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ တကယ်လို့ သူ့သားကို သတ်တဲ့သူတွေကို ဖမ်းမိထားရင်တောင် သူ့သားကို သတ်သလိုမျိုး သူအနေနဲ့ ပြန်ပြီး လက်စားမချေရက်ဘူးလို့ ဆိုပါတယ်။

YouTube
ဖခင်ဖြစ်သူပြောပြတဲ့ ဖိုးတေ (ရုပ်သံဆောင်းပါး)
ဖခင်ဖြစ်သူပြောပြတဲ့ ဖိုးတေ (ရုပ်သံဆောင်းပါး)
ရေးသားသူ - စောကျော်ငြိမ်း၊ ဟယ်ရီ
မြေလတ်အသံ၊ မတ် ၃၊ ၂၀၂၄။
ဖိုးတေ ခေါ် မျိုးချစ်အောင်ဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မောလယ်ကျေးရွာ ဇာတိဖြစ်ပါတယ်။ ဖိုးတေ ၃ တန်း ကျောင်းသားအရွယ်ကတည်းက သူ့မိဘတွေ အိမ်ထောင်ကွဲသွားကြပြီး…
ရေးသားသူ - စောကျော်ငြိမ်း၊ ဟယ်ရီ
မြေလတ်အသံ၊ မတ် ၃၊ ၂၀၂၄။
ဖိုးတေ ခေါ် မျိုးချစ်အောင်ဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မောလယ်ကျေးရွာ ဇာတိဖြစ်ပါတယ်။ ဖိုးတေ ၃ တန်း ကျောင်းသားအရွယ်ကတည်းက သူ့မိဘတွေ အိမ်ထောင်ကွဲသွားကြပြီး…
Forwarded from မြေလတ်အသံ - Myaelatt Athan
ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး (ရုပ်/သံ)
ဆားလင်းကြီး၊ မတ် ၃၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က ရဲစခန်းနဲ့ ဆေးရုံတွေမှာ တပ်စွဲထားတဲ့ နမခက စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ယမန်နေ့ မတ် ၂ ရက် မနက် ၉ နာရီခွဲမှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ခွဲမှူးဗိုလ်စေတန် က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဆေးရုံမှာ အင်အား ၈၀ ခန့်နဲ့ ရဲစခန်းမှာ အင်အား ၅၀ ခန့် ရှိပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ဆေးရုံဘန်ကာမှာ တပ်စွဲထားတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေဘက်က ပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး ထိမှန်သွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA စေတန်တပ်ခွဲ၊ မုံရွာခရိုင်တပ်ရင်း ၁၇ တပ်ခွဲ ၃၊ မုံရွာ Underground၊ ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #တော်လှန်ရေးအင်အားစု #စစ်ကောင်စီ #တိုက်ခိုက်ခံရ
https://youtu.be/tgBZd63WvS8

ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က ရဲစခန်းနဲ့ ဆေးရုံတွေမှာ တပ်စွဲထားတဲ့ နမခက စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့…

Forwarded from Magway Regional Scout Network (YU ATARASHI)
ပခုက္ကု
3 Mar 2024 10 :00 am
ပခုက္ကုမြို့နယ် ရေလာလေးပျူရွာကို အကြမ်းဖင် စခ ပခ အင်အား ၃၀ ထက်မနည်း ဝင်ရောင်တယ်လို့သိရပါတယ်။
ယမန်နေ့က ကုန်းရွာ မှ စားနပ်ရိက္ခာ နွားလှည်း ၄ စီးနှင့်တင်ဆောင်ကာ စက်ရုံကိုပြန်ဝင် အကြမါးဖက် စခ ပခများ စက်ရုံမှာပဲရှိနေပါတယ်။
ー
3 Mar 2024 11:45 am
ပခုက္ကူ တမ - ၁၀၁ မှ ရိက္ခာ ၄ စင်းနှင့် စခ ၁ စင်း ငဖောင်ကန်ရွာကိုရောက်နေပြီးလို့သိရပြီး ဘယ်ကိုဦးတည်မယ်မသိရသေးပါ။
Update ; 12 :50 စခကား ၆ စီးလို့သိရပြီး ကန်တော် ၂ စီးဝင်နေခဲ့ပြီး ၄ စင်း ညောင်ဂျစ်ပင်ပျူရွာရောက်ပြီလို့သိရ။
ပြည်သုများ သတိထားသွားလာနေထိုင်ကြပါရန်။
#PAKOKKU #KAMMA #PAUK #MYAING
MRSN
Mar 3 , 1:40PM
📬သတင်းပို့ရန် @MagwayScoutNetworkBot

Forwarded from Rangoon Scout Network (RSN)
🚫 လှိုင်သာယာ
*
၃ ထိပ်၊ ၅ ထိပ် လမ်းမကြီး ပိတ်ထားတယ်လို့ သိရ
ဘုရင့်နောင်တံတားအဆင်း ခွေးတွေ အင်အားအများအပြားနဲ့ အစစ်အဆေးလုပ်နေ
*
8:26 PM
📬 @Inform_RSN

Forwarded from U U Aung Pwel ️
ထိုသို့ အသစ်ပေါ်ထွန်းလာသော ပကတိ အနေအထားကို ၂၀၂၄ ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သော CNF, KNPP, KNU နှင့် NUG တို့မှ ထုတ်ပြန်သော ပူးတွဲ ကြေငြာချက်တွင် အသိအမှတ် ပြုလာခဲ့သည်။ ထိုကြေငြာချက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အား မသိမသာ ဘေးဖယ်ထုတ်ထားခဲ့ပြီး “သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး” သည် “ဖက်ဒရယ် စနစ် နှင့် ဒီမိုကရေစီ တန်ဘိုးများ” ထည့်သွင်းထားမည့် ဖွဲ့စည်းပုံ အသစ်ကို ညှိနှိုင်း ရေးဆွဲ ထုတ်ပြန်သွားမည်ဟု ပါရှိသည်။ ထို့အပြင် ဆောင်ရွက်စရာ ရှိသည့် အစီအစဉ် များထဲတွင်လည်း လက်ရှိ NUG နှင့် မတူ ကွဲပြားမည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ ထူထောင်ရေး လည်း ပါဝင်နေသည်။
သို့သော်လည်း ယင်း ကြေငြာချက်အား အဓိက ကျသည့် ERO နှင့် PDF များက ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ အဓိကအားဖြင့် AA, KIA, MNDAA, TNLA တို့ ပါမလာသည်ကို တွေ့ရသည်။ ထို့အပြင် ရှမ်းပြည် အစိတ် အပိုင်း အတော်များများကို ထိန်းချုပ်ထားသည့် ရှမ်း ပြည်တပ်တော် တောင်/မြောက် အဖွဲ့များ နှင့် ဝပြည်နယ် တပ်တော်တို့ကိုလည်း မတွေ့ရပေ၊ အသစ် ဖွဲ့စည်းမည့် ဖက်ဒရယ် သမ္မတ နိုင်ငံသစ် အတွင် မွန် အမျိုးသား လွတ်မြောက်ရေး တပ်တော် နှင့် ၎င်း၏ နိုင်ငံရေး အဖွဲ့ မွန်ပြည်သစ် ပါတီ တို့ ၏ အနေအထားကိုလည်း သဲသဲကွဲကွဲ မသိနိုင်ပဲ ဖြစ်နေပြန်သည်။
ဘိုင်ဒင် အစိုးရ မှ စစ်ကောင်စီ ၏ ကန့်သတ်ထားချက် များ အတိုင်း လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးရန် သဘောတူလိုက်ခြင်းကပင် မြန်မာ တော်လှန်ရေး အဖွဲ့ များ အကြားတွင် အမေရိကန်၏ ပုံရိပ်သည် ကျဆင်းသွားခဲ့ရသည်။ အကယ်၍ ဘိုင်ဒင်အစိုးရ နှင့် ကွန်ဂရက်သည်သာ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီများ နှင့် ပြည်နယ် နှင့် နိုင်ငံ အဆင့် အစိုးရ များ ဖွဲ့စည်းနိုင်ရေး အတွက် အကြံဉာဏ် များကို ပွင့်ပွင့်လင်းလင်း ပံ့ပိုးပေးလာမည် ဆိုလျှင် အမေရိကန် အစိုးရ၏ ဂုဏ်သိက္ခာလည်း တက်လာနိုင်ပြီး အနာဂတ် ဒီမိုကရေစီ နိုင်ငံ တော် သစ်အတွက် အခြေခံ အုတ်မြစ်များ ခိုင်မာလာအောင် ဖန်တီးပေးရာလည်း ရောက်မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
✍Hla Soewai
#HlaingInfo

Forwarded from Khit Thit Media
မြိုင်မြို့ပေါ်ရှိ စစ်သား၊ ရဲများ တပ်စွဲထားရာ စီမံကိန်းရုံး၊ တရားရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ မတ် ၃
မကွေးတိုင်း၊မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ၊ ရဲများတပ်စွဲထားရာ စီမံကိန်းရုံးနှင့်တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၂ ရက် နံနက် ၈ နာရီခန့်က မြိုင်မြို့အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော စီမံ ကိန်းရုံးနှင့် တရားရုံးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့ မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၁ နာရီနီးပါ အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ ပျူစောထီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်မြို့နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ် ရင်း ၇ ၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ PSGF ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့၊ ABSDF ကျောင်းသားတပ်မတော် ၊ PDA တပ်ဖွဲ့ ၊ PRFတပ်ဖွဲ့ ၊အာဘံ ရေစကြိုတပ်ဖွဲ့ ၊ မြင်းခြံခရိုင် ဒရုန်း တပ်ဖွဲ့နှင့် King Cobra (ပခုက္ကူ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး အနည်း ငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် စက်မှု့ (2)မှစကစများထန်းဘူးတောရွာထဲတိုင် စကစများမြိုင်မြို့ထဲဝင်ရောက်လာနေသဖြင့် ပြည်သူများအထူးသတိထားနေကြပါရန်4-3-24-9:45am
#T.W#
3 Star ⭐⭐⭐
#T.W#
3 Star ⭐⭐⭐
Forwarded from Khit Thit Media
မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ၊ ဆိုင်ကယ်များ၊ ဆီစက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံး
ရန်ကုန်၊ မတ် ၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်များ၊ ဆိုင်ကယ်များ၊ ဆီစက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မတ်လ ၂ ရက်နေ့ မြင်းခြံမြိုနယ် ကန်ဆွယ်ကျေးရွာအတွင်းသို့ စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို လုယက်ကာ ပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကန်ဆွယ် ဘုန်ကြီးကျောင်းကို တပ်စွဲထားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူတချို့ ပြန်လွတ်လာသည်နှင့်တစ်ပြိုင်နက်တည်း မတ်လ ၃ ရက်နေ့တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း၊ ၆၀မမ ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အထိနာ သဖြင့် ကန်ဆွယ် ဘုန်ကြီးကျောင်းနှင့် ဘုန်ကြီးကျောင်း အနီးနားရှိ နေအိမ်များကို မီးရှိ ဖျက်ဆီးပြီး စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးသွားသည့် ပြည်သူ့ပစ္စည်းဥစ္စာများတွင် နေအိမ် ၁၇ လုံး၊ ကွမ်းခြံ ၁ ခြံ ၊ ဆိုက်ကယ် ၁၅ စီး၊ ဆီစက် ၁ လုံးတို့ပါဝင်ကြောင်း သိရှိရသည်။

တောင်သာ
.
ဘုရားလှရွာသို့ စခအင်အား ၂၀ခန့်ရောက်ရှိနေပြီး ပျူခေါင်းဆောင်အုပ်ကြီးမှ ကျေးရွာသူ/သားများအား ရွာအပြင်မထွက်ကြရန် အသံချဲ့စက်ဖြင့်
အော်နေကြောင်းသိရ...
ပြည်သူများဂရုစိုက်နေထိုင်ကြပါ
လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
MRSN
Mar 4 , 9:55AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
.
ဘုရားလှရွာသို့ စခအင်အား ၂၀ခန့်ရောက်ရှိနေပြီး ပျူခေါင်းဆောင်အုပ်ကြီးမှ ကျေးရွာသူ/သားများအား ရွာအပြင်မထွက်ကြရန် အသံချဲ့စက်ဖြင့်
အော်နေကြောင်းသိရ...
ပြည်သူများဂရုစိုက်နေထိုင်ကြပါ
လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
MRSN
Mar 4 , 9:55AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from NAS-နပ်စ် လေကြောင်းရန်
မြိုင်
ယနေ့နေ့လည် 3:00PM အချိန်
မြိုင်မြို့မှ တောင်ဘက်ထွက် စကစများ စက်မှု (၂)သို့ ရောက်ရှိသွားဟုသိရ
4.3.24/5:18PM
#Y-6 K.K#
3 star ⭐⭐⭐

မြေပြင် သတင်းပါ။
ရန်ကုန်တိုင်း မြောက်ပိုင်းမြို့နယ် တစ်ခုမှာ ဒုတိယဗိုလ်မှူးကြီး တစ်ကောင်၊ ဗိုလ်ကြီးတစ်ကောင် အသုဘဖြစ်ပါတယ်။
ရခိုင်ဘက်မှာ စမုံတုံးတာလို့တော့ သိရပါတယ်။
ဗိုလ်ကြီးဆိုတဲ့ကောင်ကတော့ စနိုက်ပါ မိတာလို့ သိရတယ်။
နီးစပ်တဲ့ ပြည်သူတွေကတော့ ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဝမ်းပန်းတသာ သောက်တင်းတုပ်နေကြပါတယ်။
ဒုတိယဗိုလ်မှူးကြီး ကတော့ တပ်မှူး ရာထူးမရခင် ရှေ့တန်းအသွားမှာ မသာပေါ်တာလို့ သိခဲ့ရပါတယ်။
စိတ်မကောင်းစွာနဲ့ ဝမ်းသာအားရ တင်ပေးလိုက်ပါတယ်။
#htainlinnay
#ထိန်လင်းနေ

Forwarded from Wai Hin (ဝေဟင်)
🔴ကလေးဝ🔴
ကလေးဝနယ်တစ်နေရာ၌ တံတားဦးလေတပ်မှတက်သော ဂျက်ဖိုက်တာ တစ်စီးဖြင့် 4:04AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကြောင်း သိရပါသည်။
#WaiHin
Mar 4, 8:00PM
📫သတင်းပို့ရန် @WaiHinBot

🔴ဖားကန့်🔴
ဖားကန့်မြို့နယ်တစ်နေရာ၌ မြစ်ကြီးနားလေတပ်မှတက်သော ဂျက်ဖိုက်တာ တစ်စီးဖြင့် 9:37AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကြောင်း သိရပါသည်။

ဆီမီးခုံ
ယခုည ၉ နာရီ ခန့်မှာ ဆီမီးခုံဆိပ်ကမ်း မှ စခ
များ မြစ်အနောက်ဖက်ကမ်း သို့ လက်နက်ကြီး
ဖြင့် လှမ်းပစ်နေ။
ဆီမီးခုံသတင်း
Mar 4 , 9:44PM
ယခုည ၉ နာရီ ခန့်မှာ ဆီမီးခုံဆိပ်ကမ်း မှ စခ
များ မြစ်အနောက်ဖက်ကမ်း သို့ လက်နက်ကြီး
ဖြင့် လှမ်းပစ်နေ။
ဆီမီးခုံသတင်း
Mar 4 , 9:44PM
Forwarded from U U Aung Pwel ️
ဒီလိုဖြစ်လာရင်တော့ အင်မတန် အားနည်းပြီး ခြစားမှုတွေ အကြီးအကျယ်ဖြစ်တဲ့ နိုင်ငံတစ်ခုဖြစ်လာမှာပါ။ တရုတ်က ကြိုက်သလို ခြယ်လှယ်လို့ရတဲ့ ကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာဖို့ အကောင်းဆုံးအနေအထားပါ။
မြန်မာပြည်ကို တရုတ်က သီးသန့်ခြယ်လှယ်နိုင်တဲ့ သြဇာခံနယ်မြေတစ်ခုဖြစ်နေဖို့၊ တရုတ်ရဲ့ ပိုက်လိုင်းတွေနဲ့ နယ်ခြားဖြတ်ကျော်ဆက်သွယ်ရေးတွေ ချောမွေ့နေစေဖို့၊ သဘာဝနဲ့ သယံဇာတ အရင်းအမြစ်တွေ လိုသလို တူးလို့ရတဲ့ တရုတ်ရဲ့ နောက်ဖေးပေါက် ဖြစ်နေဖို့၊ ခြင်းထဲက ကြက်ဖြစ်နေစေဖို့ လမ်းပေါ်ကိုရောက်တာပါပဲ။
စစ်အုပ်စုအနေနဲ့ ဒီလိုမျိုးညှိနှိုင်းမှုမျိုးကို ဘာ့ကြောင့် လိုအပ်သလဲဆိုတာလဲ သိသာပါတယ်။ မအလမှာ ရွေးစရာသိပ်မရှိပါဘူး။ မအလဟာ အဆုံးသတ်ကို မြင်နေပါပြီ။ နယ်အစွန်အဖျားတွေကို အဆုံးရှုံးခံလိုက်ပြီး နယ်မြေရထားတဲ့ EAOs တွေနဲ့ အီလစ်အချင်းချင်းညှိနှိုင်းဖို့ပဲ လုပ်တော့ မှာပါ။
အပြန်အလှန်ဘာတွေ ခွဲယူကြမလဲဆိုတဲ့ သူညှိတဲ့ ပုံစံကို လက်ခံတဲ့ ဘယ်သူ့ကိုမဆို ဝဒေသလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်မှာပါ။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရားဝင်ရော တရားမဝင်ရော စီးပွားရေးတွေနဲ့ ကိုယ် ကိုယ့်နယ်မြေမှာ ကိုယ်ကျေနပ်နိုင်နေပြီး စစ်တပ်ကိုဖြိုမယ့် တစ်နိုင်ငံလုံးပါဝင်ကြတဲ့ တိုက်ပွဲကနေ ဘေးဖယ်ပေးကြဖို့က မအလစိတ်ကြိုက်ပုံစံဖြစ်မှာပါ။
အဲဒီအခါ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တော်လှန်ရေးဘယ်လောက်အားကောင်းမလဲဆိုတာက ဆုံးဖြတ်ပေးသွားမှာပါ။ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတို့မှာ ဖြစ်မယ့် တိုက်ပွဲတွေက အဆုံးအဖြတ်ပေးသွားမှာပါ။ EROs တွေက သူတို့မှာရှိတဲ့ အင်အားတွေကို စစ်ပွဲထဲ မထည့်တော့ဘူးဆိုရင် ဗမာတော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး။
မြန်မာနိုင်ငံအလယ်ပိုင်းက တိုက်ပွဲတွေအတွက်၊ တိုက်ပွဲတွေထဲက အချက်အချာအကျဆုံးတိုက်ပွဲတွေအတွက် မဟာဗျူဟာကျကျနဲ့ အရင်းအမြစ်တွေ ထည့်စရာရှိတာမထည့်တော့ ဘူးဆိုရင် တော်လှန်ရေးမအောင်နိုင်ပါဘူး။
စစ်တပ်ဟာ ခုချိန်မှာ အင်မတန်အင်အားနည်းနေပြီး ပြိုယိုင်ဆင်းနေပါပြီ။ တိုင်းပြည်နယ်နယ်စပ်နေရာတွေအတွက် သူထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်ပြီး ဗမာ ဧရိယာတွေမှာရှိတဲ့ တော်လှန်ရေးကို ဖြိုပစ်ဖို့အတွက် ပြန်ပြီး တာစူနေပါပြီ။တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဒီလိုအချိန်မှာ တပ်ကို ဝင်ကူတာမျိုးမလုပ်ကြဖို့ လိုပါတယ်။
ဗမာအများစုနေတဲ့ ဒေသတွေမှာပဲဖြစ်ဖြစ် မကောင်းဆိုးရွားမြန်မာစစ်တပ်ကို ဆက်ပြီး ရှင်အောင်လုပ်ပေးထားရင် စစ်တပ်ဟာ အင်အားပြန်စုပြီး ကင်ဆာဆဲလ်လို တခြားနေရာကိုပြန်ပြီး ပြန့်ပွား ဒုက္ခပေးနေဦးမှာပါ။ ဖြစ် နေတဲ့ ကင်ဆာကို ဖယ်ရှားကုသနိုင်တဲ့ သမိုင်းဝင် အခွင့်အရေးကို လက်မလွှတ်ကြသင့်ပါဘူး။
နွေဦးတော်လှန်ရေး အစောပိုင်းအဆင့်တွေမှာကတည်းက မြန်မာပြည်သူတွေနဲ့ လူမျိုးစုပေါင်းစုံ လွတ်မြောက်ဖို့ အားထုတ်ကြတာမှာ အနိမ့်ဆုံး မဖြစ်မနေဖြစ်လာဖို့ ရည်မှန်းထားချက်တွေရှိပါတယ်။ စစ်တပ်ကို နှိမ်နင်းဖို့ စုပေါင်းတိုက်ပွဲမှာ လူမျိုးစုအသီးသီးထဲက အုပ်စုကြီးတွေ မပါတော့ဘူးဆိုရင် NUG နဲ့ PDF တွေမှာ လက်နက်၊ ခဲယမ်းမီးကျောက်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ လေ့ကျင့်သင်ကြားရေးတွေ၊ စစ်ရေးအတွေ့အကြုံတွေမရှိသေးပါဘူး။ စစ်တပ်က ဆက်ရှိနေနိုင်ဦးမလားဆိုတာ နိုင်ငံရေးမဟာမိတ်တွေ၊ အိမ်နီးချင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထည့်ဝင်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။
တစ်ဖက်မှာလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်မ အထက်ပိုင်း၊ အောက်ပိုင်းမှာ အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမရှိဘဲနဲ့ EAOs တွေဟာ ရေရှည်မှာ စစ်တပ်ကို ပခုံးချင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး။ဖိနှိပ်ပြီး အနိုင့်အထက်ကျင့်ကြံတတ်တဲ့ စစ်တပ်ဟာ ဗမာပြည်အလယ်ပိုင်းမှာ ရှိနေသရွေ့၊ စီးပွားရေးရဲ့ အရေးကြီးတဲ့အပိုင်းတွေကို ချုပ်ကိုင်ထားနိုင်သရွေ့၊ ဗမာနယ်မြေတွေဟာ သူတို့စစ်သားစုဆောင်းရေးနယ်မြေတွေ ဖြစ်နေသရွေ့ လူမျိုးစုမဟာမိတ်တွေအားလုံးညီညွတ်ကြမယ်ဆိုရင်တောင် ရေရှည်မှာ စစ်တပ်ကို ထိန်းနိုင်ဖို့ ခက်ပြီး သူတို့ စစ်တပ်နဲ့ အခုညှိလို့ရထားတာတွေကို တောက်လျှောက်ကာကွယ်ထားဖို့ ခက်ပါလိမ့်မယ်။
မြေယာ၊ သဘာဝသယံဇာတ၊ ပိုင်ဆိုင်မှု နဲ့ လူမျိုးစုတွေ ကြီးပွားမယ့်အလားအလာတွေအပေါ် ဆက်ပြီး ဂုတ်သွေးစုတ်နေနိုင်ပါတယ်။ ကြီးနိုင်ငယ်ညှင်း အိမ်နီးချင်းနိုင်ငံတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ဒေသခံ ခေါင်းဆောင်တွေရဲ့ ခြယ်လှယ်မှု၊ အမြတ်ထုတ်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေဦးမှာပါ။
EROs တွေနဲ့ ဗမာ PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုနဲ့ စကစ ကို နိုင်အောင်တိုက်လို့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဗိုလ်ကျမှုကို အပြီးတိုင်ပယ်ဖျက်လို့ ရပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ သုံးနှစ်တာ ပြီးခဲ့ချိန်မှာ ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေလည်း မြင်ခဲ့ကြရပြီမို့ ဒီလို စကစကို အပြီးတိုင်ဖျက်နိုင်တဲ့ လမ်းဟာလည်း မဝေးတော့ပါဘူး။

ဒါပေမယ့် တရုတ်နဲ့ မြန်မာ့ အိမ်နီးချင်းတွေက လူမျိုးစုဘက်ကို ဆွဲဆောင်သိမ်းသွင်းပြီး နွေဦးတော်လှန်ရေးကို ပစ်ထားခဲ့မယ့် အခြေအနေဖြစ်လာမယ်ဆိုရင် စကစနဲ့ အပေးအယူတွေလုပ်ကြတော့မယ် ဆိုရင် ဒီသုံးနှစ်အတွင်းမှာ ရလာတဲ့ အခွင့်အရေးဟာ နောက်အနှစ် ၂၀ မှာတောင် တစ်ခါပြန်ပေါ်လာဖို့ မလွယ်ပါဘူး။
အကယ်၍ စကစ က မပြိုလဲဘဲ စစ်တပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဒီလိုပဲ ဖိနှိပ်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ဆွေမျိုးကောင်းစားရေးပဲ ဆောင်ရွက်တာ၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတာ၊ ခွဲခြားဆက်ဆံတာတွေဟာ ဆက်ဖြစ်နေကြဦးမှာပါ။တိုင်းပြည်ကို ချွတ်ခြုံကျစေတဲ့ ဒီစစ်အုပ်ချုပ်ရေးကပဲ အာဏာကို တစစ ပြန်စုစည်းနိုင်လာမှာပါ။ ပြိုကျတော့မယ့် ဆဲဆဲ အခြေအနေကနေ ပြီးတော့ အင်အားအသစ်တွေ ပြန်မွေးထုတ်လာနိုင်တဲ့ စစ်တပ်ဖြစ်လာမှာပါ။
သူလိုချင်တာရသွားပြီးရင် စကစဟာ တစ်ချိန်မှာတော့ သူပဲ အကုန်ယူမယ်ဆိုတာမျိုးဖြစ်လာပါလိမ့်ဦးမယ်။ တခြားအင်အားစုတွေ ကျဆုံးရေးကိုပဲ သူက ဦးတည်ပါလိမ့်မယ်။ ဓနဥစ္စာကို စစ်စစ်မှန်မှန်ခွဲဝေပေးတာ၊ တရားမျှတမှုကို စစ်မှန်စွာရှာဖွေတာတွေမရှိဘဲ သဘောတူညီထားတဲ့ အပေးအယူတွေကိုတောင် လိုက်နာမှာမဟုတ်ပါဘူး။
စစ်ကောင်စီ အနေနဲ့ စစ်တပ်ကြီးစိုးရေးကို ဆက်လုပ်သွားနိုင်ရင် အပြစ်လုပ်ပြီး ပြစ်ဒဏ်ခတ်ခံရတာကနေ ဆက်လွတ်မြောက်နေဦးမှာဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း နိုင်ရာစား စရိုက်အတိုင်း ဆက်ရှိနေမှာပါ။လက်ရှိရနေတဲ့ သမိုင်းမှာ အရေးကြီးလှတဲ့ အခွင့်အရေးကို လက်မလွှတ်သင့်ကြပါဘူး။
ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ အဖွဲ့ဝင် TNLA တပ်ဖွဲ့များ။
#KTM

“စိစစ်နေတုန်းပဲ။ သင်တန်းတက်မလား၊ PDF လုပ်မလား၊ ဒီတိုင်းပဲ စစ်မှုမထမ်းချင်လို့ လာခိုလှုံတာလား။ ရွှေ့ပြောင်းမိသားစုတွေပါလာတာလည်း ရှိတာကိုး။ အဲဒါမျိုးတွေကျတော့ သေချာစိစစ်နေတာပေါ့။ ဘာလုပ်ရမလဲဆိုတဲဟာကို ကျွန်တော်တို့က ဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးဆက် လက် သူတို့ဖြစ်ချင်တဲ့ပုံစံ လုပ်ပေးရမှာပေါ့။ အများအားဖြင့်ကတော့ တော်လှန်ရေးအတွက်လုပ်မယ့်သူက ပိုများတယ်လို့ထင်ပါတယ်” လို့ ဆိုပါတယ်။
KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံလာတဲ့ လူငယ်တွေဟာ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေကတဆင့် ဆက်သွယ်ဝင်ရောက်လာတာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအများစုပါဝင်နေကာ အမျိုး သမီးပါဝင်မှု နှစ်ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသ မီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့် သင်္ကြန်အပြီး စတင်သွားမယ်လို့ အသိ ပေးထားပြီး တစ်ပတ်လျှင် လူပေါင်း ၅၀၀၀ ၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ အထိ စစ်မှုထမ်းရန် ဆင့် ခေါ် သွားဖို့ စီစဉ်ထားပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ တော်လှန်းရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို တရားဝင်အပြင် တရားမဝင်လမ်းကြောင်းတွေကနေ အလုံးအ ရင်းနဲ့ ထွက်ခွာတာတွေ ရှိနေပါတယ်။
ကရင်အမျိူးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက စစ်ကောင် စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ- သထုံခရိုင်PDF
#TLT

ကမ္မစခန်းမှ စခကား၄စီး မြိုင်လမ်းဘက်တိုင်းထွက်သွားသိရပါသည်။
မြိုင်စက်မှု၂စခများ ကုန်းရွာနားတဖွဲ့ ၊ပေပင်တိုက်တဖွဲ့ ၊မကျည်းချောက်ရေကန်နားတဖွဲ့ ၃ဖွဲ့ခွဲထွက်ထားပါသည်။
ကားလမ်းတလျှောက်ရှိကျေးရွာများနှင့်ပြည်သူများအထူးသတိထားနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။
Successful Force - Pauk
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လိပ်ပြာ
MRSN
Mar 5 , 9:00AM