ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
တောင်သာ⚠️

တောင်သာနယ်အရှေ့တောင် ခြမ်း တနေရာတွင် မိတ္ထီလာရှမ်းတဲလေတပ်တက် ဂျက်ဖိုက်တာ ၃ စီး ပျံဝဲနေ။

#WaiHin
Dec 7,  11:41 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
နေပြည်တော်⚠️

နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ တစ်စီး
မြောက်ဘက်သို့ ပျံတက်။

#WaiHin
Dec 7,  11:44 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ တာဇံမလေး)
နွားထိုးကြီး⚠️

နွားထိုးကြီးအရှေ့တောင် ခြမ်း တနေရာတွင် မိတ္ထီလာရှမ်းတဲလေတပ်တက် ဂျက်ဖိုက်တာ ၃ စီး ပျံဝဲနေ။

#WaiHin
Dec 7,  11:47 AM
📫သတင်းပို့ရန် @WaiHinScout_Bot
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့်စစ်သားများ သေဆုံးပြီး  လေယာဉ် ၂ စီးပျက်စီးဟုဆို

ဒီဇင်ဘာလ ၇ ရက်

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး ထောက်ပို့လေယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီ ၄၃ မိနစ်အချိန်က ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) သို့ ပစ်မှတ်ထား၍ ၁၀၇ မမ ရှော့ တိုက်ဒုံး ၅ လုံး ဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ် တစ်စင်းထိခိုက်ပျက်စီးခဲ့သည့် အပြင် ဂိုဒေါင်၊ပြေးလမ်း နှင့် စီမံခန့်ခွဲသော ရုံးတို့လည်း မီးလောင်ပျက် စီးသွားကြောင်း၊
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
နေပြည်တော်

နေပြည်တော်လေတပ်သို့ ဂျက်ဖိုက်တာ ၁စီး ဆင်းသက်။

#WaiHin
Dec 7,  11:41 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
​မ​ကွေး-မ​ကွေးတိုင်း⚠️

​မ​ကွေး လေတပ်မှ Jet Fighter ​(1)စီး အ​နောက်​​မြောက်ဘက်သို့ ပျံတက်။

#WES
#WaiHin
Dec 7,  11:44 AM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ⚠️

ပခုက္ကူရွှေချောင်းမှာ စခတွေ မနေ့ညက ဧည့်စာရင်းဝင်စစ်တာ  လူငယ်တယောက်နဲ့လူလတ်ပိုင်း တယောက် ကို စစ်ခွေးတွေ ၂၅၉တပ်ထဲဖမ်းခေါ်သွားကြောင်းသိရ။

MRSN
Dec 7 ,  11:55 AM
📬သတင်းပို့ရန် @myaing3starbot

https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မြစ်ကြီးနား⚠️

မြစ်ကြီးနားလေတပ် မှ ဂျက်ဖိုက်တာ ၁ စီး မြောက်အရပ်သို့ ပျံတက်။

#WaiHin
Dec 7, 11:54 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်

မြိုင်နယ်ဖြတ်၍ Y-8 စစ်ထောက်ပို့ လေယာဥ်တစ်စီး ​
အရှေ့ ဘက်သို့ ပျံသန်း။

#WaiHin
Dec 7,  12:03 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
တံတားဦး

တံတားဦးလေတပ်သို့ ဂျက်ဖိုက်တာ ၁ စီး ဆင်းသက်။

#WaiHin
Dec 7, 12:06 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
ညောင်ဦး

ညောင်ဦးနယ်ဖြတ်၍ Y-8 စစ်ထောက်ပို့ လေယာဥ်တစ်စီး တောင်ဘက်သို့ ပျံသန်း။

#WaiHin
Dec 7,  12:13 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
မိတ္ထီလာ ⚠️

မိတ္ထီလာရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာ ၃ စီး
အနောက်တောင်သို့ ပျံတက်  ။

#WaiHin
Dec 7,  12:11 PM ,12:12 PM, 12:13 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မိတ္ထီလာ ⚠️

မိတ္ထီလာရှမ်းတဲလေတပ်မှ ၅စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်တောင်သို့ ပျံတက်  ။

#WaiHin
Dec 7,  12:21 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မိတ္ထီလာ ⚠️

မိတ္ထီလာရှမ်းတဲလေတပ်မှ ၆စီးမြောက် ဂျက်ဖိုက်တာ ၁ စီး တောင်သို့ ပျံတက်  ။

#WaiHin
Dec 7,  12:26 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
နေပြည်တော်⚠️

နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်ဘက်သို့ ပျံတက်။

#WaiHin
Dec 7,  12:45 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြိုမြို့နယ်တွင် ရဲဘော်နှစ်ဦးမောင်းနင်သည့်ကား ပစ်ခတ်ခံရသော်လည်း လွတ်မြောက်

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တော်လှန်ရေးရဲဘော် နှစ်ဦးမောင်းနှင်လာသည့်ကားအား စစ်ကောင်စီတပ်က တားဆီးပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်လာခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၆ရက် နံနက် ၇နာရီခန့်က ပခုက္ကူ - ရေစကြိုလမ်းပေါ်၊ ပခန်းကြီးကျေးရွာအနီးတွင် တော်လှန်ရေး ရဲဘော်နှစ်ဦး မောင်းနင်လာသည့် ကားအား စစ်ကောင်စီတပ်သားများက တားဆီး ပစ်ခတ်ခံရခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရသော်လည်းမစိုးရိမ်ရကြောင်း၊ ရဲဘော် နှစ်ဦးလုံး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံကပြောသည်။

"နောက်ချန်ကျန်တဲ့အထဲက နှစ်ယောက်နဲ့တွေ့တာ။ သူတို့က ကားကိုတားလိုက်တာ။ တားတဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်ကလည်း အရှိန်လျှော့ပေးလိုက်တယ်။ သူသေနတ်လေးအောက်ချလိုက်တဲ့အချိန် လေကာတင်ပြီး မောင်းပြီးတော့ ပြေးတာ။ ပြေးတဲ့အချိန်မှာ နောက်ကနေ လှမ်းပစ်လိုက်တာ။ တရစပ်ပစ်တဲ့အချိန်မှာ ဘေးက ရဲဘော်တစ်ယောက်က ကားခေါင်းထဲကထွက်ပြီး သေနတ်နဲ့ပြန်ပစ်လိုက်တဲ့အချိန် အဲကောင်ပြန်မပစ်နိုင်တော့ဘူး။ အဲကောင်သေနိုင်တဲ့အခြေအနေရှိတယ်။အဲကောင် မပစ်နိုင်လို့ ကျွန်တော်တို့ရဲဘော် လွတ်မြောက်လာတာ။"ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် ကားမှာစက်နှိုး၍မရတော့၍ ထားခဲ့ရပြီး စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ် သော်လည်း ရဲဘော်နှစ်ဦးလုံး လွတ်မြောက်ခဲ့ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

သို့သော် ရဲဘော်များ စီးနင်းလာသည့် ကားတစ်စီး၊ ပစ္စတိုတစ်လက်၊ အီနာဂါဗုံးသီးအလုံး(၄၀) ခန့်၊ ကျပ်သိန်း ၄၀ ကျော်တို့ ဆုံးရှုံးခဲ့ကြောင်း ရေစကြိုပကဖက အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်မှာ စစ်ကြောင်းမှာ ပခန်းကြီးနယ်မြေရဲစခန်းအနီး တပ်ဖြန့်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁ရက်က စ၍ ရေစကြိုမြို့နယ်အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်က ကျေးရွာ ၃ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ကျေးရွာပေါင်း ခုနစ်ရွာခန့်မှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

People's Spring
MRSN
ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ

ဒီဇင်ဘာလ ၇ ရက်

ကချင်ပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ  သေနတ် ၃ လက် သိမ်းဆည်းရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်ဖွဲ့များက ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦဒဏ်ရာရရှိကြောင်း၊ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး ယနေ့ အချိန်အထိ ကာကင်းကို သိမ်းပိုက်ရရှိရေး ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

"အဲဒီကာကင်းက လက်နက်ကြီးတွေ အများကြီးရှိတယ်။ ခမရ ၂၆၆ ကာကင်းပါ။ အခုထက်ထိလည်း တိုက်နေတုန်း။ တိုက်ပွဲဖြစ်နေတုန်းပဲ။ မနေ့က တိုက်ပွဲမှာ ဗိုလ်ကြီး အပါအဝင် ၁၁ ဦးဒဏ်ရာရတာ ဆေးကုနေကြတယ်။ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်လည်းရရှိပါတယ်" ဟု CNA သတင်းရင်းမြစ်က ဆိုသည်။
မုံရွာ

နမခ မှ အအပါ သံပြားကာကား ၃ စီး သုံးထောင့်ချွန်းဂိတ်ဖြတ်၍ တောင်သို့မောင်းသွားကြောင်း သိရ။

#SSN
Dec 7, 1:35 PM

📫သတင်းပို့ရန် @myaing3starbot

https://t.me/m2nQSzdXozljZmM1
စမ်းချောင်းမြို့နယ်မှာ Power Bank ဖြင့် ဖုန်းအားသွင်းရာမှ တိုက်ခန်းမီးလောင်ပြီး အမျိုးသားတစ်ဦးသေဆုံး

ဒီဇင်ဘာလ ၇ ရက်

ရန်ကုန်မြို့  စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်းတစ်ခုမှာ   ဒီကနေ့ မနက် သုံးနာရီခန့်က  Power Bank အားသွင်းရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပြီး
အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

သီရိမင်္ဂလာလမ်းရှိ သုံးထပ်တိုက်ခန်းတစ်ခုရဲ့ ပထမထပ်အခန်းမှာ  မွေ့ယာပေါ် အားသွင်းထားတဲ့ Power Bank မှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ မိနစ် ၃ဝ ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး
၄င်းအဆောက်အအုံရှိ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပုံမှန်မရရှိမှု နဲ့  လျှပ်စစ်မီးရရှိပါကလည်း မီးအားပြည်ဝမှု မရှိတာတွေကြောင့် အခုလို မီးလောင်ကျွမ်းမှုများကို  ပြည်သူများက မကြာခဏ တွေ့ကြုံခံစားနေရပါတယ်။

#aamij
#HlaingInfo
3 Star Myaing (မြိုင်မြို့နယ်မြေပြင်သတင်း)