ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မုံရွာမြို့နယ် ထန်းပင်လှကျေးရွာအား အကြမ်းဖက်စခများမှ လူမဆန်စွာ မီးရှို့ဖျက်ဆီး

30/1/2024 , 12:00 PM

မနက် (၄) နာရီခွဲ အချိန်ခန့်တွင် မုံရွာမြို့နယ် သာစည်ရွာဘုရားကြီးအတွင်း ယာယီအခြေပြုထားသော အင်အား (၄၀) ခန့်ပါ စစ်ကြောင်းမှာ ထန်းပင်လှကျေးရွာအား လက်နက်ကြီး/ငယ် များ ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်ဝင်ရောက်မှူ့ကြောင့် ကျေးရွာနေပြည်သူများ ဆောင်းဥတု မနက်ခင်းအစောပိုင်းမှာ အေးအေးချမ်းချမ်းနဲ့ အကြမ်းဖက်စခ တွေလက်ကလွတ်အောင်အသက်လုပြေးခဲ့ကြရပါတယ်။
မနက် (၆) နာရီ အချိန်မှာတော့ အဆိုပါ အကြမ်းဖက် စခ များမှ အပြစ်မဲ့ပြည်သူနေအိမ်များကို လူမဆန်စွာ စတင်မီးရှို့ဖျက်ဆီးခဲ့ကြပြီး မနက် ၈ နာရီ အချိန်ခန့်မှာတော့ သာစည်ရွာဘုရားကြီးအတွင်းပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။
အကြမ်းဖက်စခများ မီးရှို့ဖျက်ဆီးမှူ့ကြောင့် ထန်းပင်လှကျေးရွာမှ အပြစ်မဲ့ပြည်သူနေအိမ် (၂၅) လုံးခန့် ‌မီးလောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှတစ်ဆင့် သတင်းရရှိထားပါတယ်ခင်ဗျာ။

သာစည်ရွာဘုရားကြီးအတွင်း ရောက်ရှိနေသော ခန့်မှန်းအင်အား (၄၀) ခန့်ပါ စစ်ကြောင်းမှာ  (၂၂) ရက်နေ့က အရာတော်မြို့ထဲမှ ထွက်လာသော အကြမ်းဖက် စခ များ ဖြစ်ပြီး သာစည်ဘုရားကြီးကို (၂၉) ရက်နေ့က ရောက်ရှိလာကြောင်းဒေသခံများထံမှတစ်ဆင့် သတင်းရရှိထားပါတယ်။
ရေစကြို

မအလ စခ ၃/၄ ကောင်နှင့် ပျူခွေး ၂၅ ကောင်ခန့် ယနေ့ ညနေပိုင်း  ရေစကြိုမြို့၊ အမှတ် ၈၊ သုခဝတီရပ် ကပ်ကျော်ကျောင်းတိုက်အတွင်း ပြန်လည်တပ်စွဲပြီး မူးရူးသောက်စား ရမ်းကားကာ သေနတ်များ ပစ်ဖောက်နေကြကြောင်း သိရှိရပါသည်။30.1.24
ဆိပ်ဖြူ

ဆိပ်ဖြူမြို့နယ် သပြေရွာမှ ပြည်သူတဦးအား စစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်

  29/01/2023 ရက်နေ့က ဆိပ်ဖြူမြို့နယ် သပြေရွာကို လာတဲ့ စစ်ကြောင်းဟာ  ရွာသား(၁)ယောက်ကို ဖမ်းဆီး သတ်ဖြတ် ခဲ့တယ်လို့ သတင်းရရှိပါတယ်။  အသတ်ခံရသူမှာ အသက် (၅၀) အရွယ်ခန့် ဦးအုန်းဆွေ လို့သိရပါတယ်။

အပြစ်မဲ့ ၊ အကြောင်းမဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားစွာရက်စက်ကြမ်းကြုတ်မှုတွေကို ထိုဒေသမှ ပြည်သူများ အလူးအလဲ ခံနေကြရပါတယ်။

   ဆိပ်ဖြူမြို့နယ်အတွင်း ပြည်သူများအား အကြမ်းဖက်သမားများမှ နည်းမျိုးစုံဖြင့် မတရားနှိပ်စက်မှု သတင်းများကို အများပြည်သူသိရှိအောင် ယခု page မှ ဖော်ထုတ်တင်ပြပေးသွားပါမယ်။ ယခင် ကျွန်တော်တို့ရဲ့ WeloveSeikphyugroup page မှာ နည်းပညာ ပြသနာ ရှိနေ၍ အသုံးပြု၍ မရသေး သောကြာင့်ဖြစ်ပါတယ်။
ဆိပ်ဖြူမြို့နယ်တွင်း အကြမ်းဖက်သမားတို့ရဲ့ မတရားမှု သတင်းများကို သိရှိလိုပါက ယခု page မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ မိမိကိုယ်တိုင် သို့မဟုပ် မိမိပါတ်၀န်းကျင်၌  မတရားမှုများ ကြုံရပါက အများပြည်သူသိရှိရန် ကျွန်တော်တို့ထံလာရောက်သတင်း ပေးပို့နိုင်ပါတယ်။ သတင်းများကို သေချာစီစစ်ပြီး တင်ပြပေးသွာမှာပါ။ ကျွန်တော်တို့မြို့နယ်တွင်းမှ သတင်းများ  အမှောင်ချခံထားရသလို ဖော်ထုတ်သူ လုံလောက်မှု မရှိဘူးဟု ယူဆ၍ ကျွန်တော်တို့တက်နိုင်သမျှ ကြိုးစားအားထုတ် ပေးသွားပါမယ်။ သတင်း မီဒီယာ ဆိုတာ ပြည်သူရဲ့ နား၊မျက်စိဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မတရားမှုတွေကို မဖော်ထုတ်ပဲထားရင် ကျူးလွန်သူတွေဟာ ဆက်လက်အနိုင်ကျင့် နေမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ဟာ ခေါင်းငုံ့မခံခြင်း၊လက်ပိုက်ကြည့်မနေပါဘဲ တရားမျှတမှု ကို ဖော်ဆောင်သူများ ဖြစ်ကြစေလိုပါတယ်။ဒါမှသာ ကျွန်တော်တို့ဟာ အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
  အားလုံးသော ပြည်သူများ ဘေးရန်ကင်းကွာ၍ ကျန်းမာကြပါစေJan 30 ,  9:15PM
ရေစကြို

ယမန်နေ့ည ကြူရွာကို ရောက်ရှိနေသည့် မအလ စခနှင့် ပျူခွေးများ ယနေ့ နံနက်ပိုင်း ကွေးဒေါင့်နှင့် ကြူရွာကြားတွင် ကင်းပုန်းဝပ် ခွေးချောင်းချောင်းကာ သင်္ချိုင်းရှာနေကြောင်း သိရှိရ။
Jan 31 ,  8:30AM
ဝမ်ပေါင် l မုံရွာ

ဝမ်ပေါင်ကထွက်လာသော ခွေး၁၀၀ကျော်ခန့်ဟာဇာတ်ဆိပ်မှနေမုံရွာဘက်ကမ်းသို့ကား၅စီးနဲ့ကမ်းကူးနေ။ (9:21 AM)
Jan 31, 9:48 AM
မင်းအောင်လှိုင်ရဲ့ သစ္စာခံတွေကို ငရဲပို့မယ့်နေ့
-----------------------------------------------

မင်းအောင်လှိုင် အာဏာသိမ်းတာ (၃) နှစ် ပြည့်တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆင်နွှဲကြမယ့် အသံတိတ်သပိတ်ကို ဖျက်ဆီးရန်အတွက် အကြမ်းဖက် စစ်ကောင်စီက ပြည်နယ်/တိုင်း စစ်ကောင်စီတွေကို လိုက်နာဆောင်ရွက်ရမယ့် အစီအစဉ် (၈) ခုကို ညွှန်ကြားထားကြောင်း သိရတယ်။ အဲ့ဒါတွေကတော့-

၁။ စျေးဆိုင်များ မဖွင့်မနေရ ဖွင့်လှစ်စေခြင်း (မဖွင့်ပါက အရေးယူရန်)
၂။ စုပေါင်းသန့်ရှင်းရေး လုပ်ခြင်း
၃။ စျေးရောင်းပွဲများ ကျင်းပခြင်း
၄။ မီးငြိမ်းသတ်မှု သရုပ်ပြခြင်း
၅။ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း
၆။ ဝန်ထမ်းများအား အရပ်ဝတ်ဖြင့် အပြင်သွားလာစေခြင်း
၇။ ဝန်ထမ်းများအား အရပ်ဝတ်ဖြင့် ရုံးချိန်နောက်ကျမှ လာစေခြင်း၊ ရုံးချိန်ထက်စော၍ ပြန်စေခြင်း
၈။ ပျော်ပွဲရွှင်ပွဲများ၊ ဆွမ်းဆန်တော် လောင်းပွဲများ ဆောင်ရွက်စေခြင်း

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အခြေခံပညာ ကျောင်းများတွင် ပျော်ပွဲ ရွှင်ပွဲများ၊ ကျောင်းအလိုက် လှုပ်ရှားမှုများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရတယ်။

အသံတိတ်သပိတ် အောင်မြင်ဖို့အတွက် ဆိုရင်-

အများပြည်သူနဲ့ အဓိက သက်ဆိုင်တာက အပေါ်ဆုံး နံပါတ် (၁) အချက် တစ်ခုတည်း ပါဝင်နေတာ တွေ့ရတယ်။ ဆိုတော့ ဈေးဆိုင်တွေ အနေနဲ့ လုပ်ရမှာက တစ်ချက်ပဲ ရှိတယ်။ ဆိုင်အတွက် ဝန်ထမ်းတွေ ထားရှိရင် မဖြစ်မနေလူလောက်ပဲ အလုပ်ဆင်းခိုင်းပြီး ပုံမှန်အတိုင်း ဈေးဆိုင်တွေ ဖွင့်ကြဖို့ပါပဲ။

သတ်မှတ်ချိန် မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်းမှာ ပြည်သူတွေ ဈေးလာမဝယ်ကြရင် ဒီသပိတ် အောင်မြင်ပါတယ်။ သပိတ်အချိန်အတွင်း ကျွန်သဘောက်ကောင်တွေ ဈေးလာဝယ်ပြီး မရောင်းရင် ပြသနာရှာနိုင်တာမို့ မရောင်းဘူး မငြင်းပါနဲ့။ ရောင်းပါ။ ကြိုက်ဈေး တင်ပြီး ရောင်းပါ။

နောက်တချက် ပြည်သူနဲ့ သက်ဆိုင်တာက ကျန်းမာရေး စစ်ဆေးတာနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးတာကလဲ ပြောပလောက်တဲ့ ပမာဏ မဟုတ်သလို ပြည်သူတွေ မသွားရင်လဲ ရနေတာမို့ သိပ်အရေးမကြီးဘူး။

အရေးကြီးတာက အခုမှ လာမှာ။

စစ်ကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ အသံတိတ်သပိတ်ကို ဖျက်လိုဖျက်ဆီး လုပ်ဖို့အတွက် ဆိုရင် ကျွန်သဘောက် ဝန်ထမ်းတွေနဲ့ လက်ပါးစေ လောက်ကောင်တွေကို အသုံးပြုပြီး လမ်းမတွေပေါ်မှာ လူစည်ကားကောင် လုပ်ကြပါလိမ့်မယ်။

အဲ့အတွက်ကတော့ လက်ပါးစေ ကျွန်သဘောက်တွေကို သိပ်အများကြီး မပြောတော့ဘူး။ မင်းအောင်လှိုင်အတွက် ကိုယ့်အသက်ကို စတေးခံရဲတယ် ဆိုရင် လုပ်ပါ။ ကြိုက်တာလုပ် မတားဘူး။ တစ်ခုတော့ ရှိတယ်။

ဒီပွဲမှာ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေပါ သူတို့နည်း သူတို့ဟန်နဲ့ ပူးပေါင်းပါဝင်ကြမှာမို့ ကိုယ်ဖြစ်ရင် ကိုယ်ခံပါပဲ။

#3Star

#4C_TruthNews
ဝဲတူးရေနံမှော်မှစခအတွက် လေယဥ်နှင့် ရိက္ခာချနေဟုသိရ 31.1.24/T.W.copy 3 star
well-2သို့လေယာဥ်ဖြင့်ပို့သောရိတ်ခါများသည်စခများရှိသောwell-2ခြံထဲမကျရောက်ဘဲအပြင်ဘက်ကျေးရွာများပေါ်ကျရောက်တယ်လို့မြေပြင်သတင်းရ
31.1.24/Y-6 T.Z copy 3 star
31.1.24 1:45PM
မြိုင်မြို့နယ် Well2ရေနံမြေ စခများ အထိုင်ရှိရာသို့ Y-12 transpost aircraft ကနေ ချတဲ့ ဆန် ၁ တင်းဝင်အိတ် ၆ လုံး၊ အသားခြောက်၊ငါးခြောက်၊စောင်၊ အင်္ကျီ ပြည်သူ့ဘက်တော်သားများမှ ရရှိကြောင်းသိရ။Tiger Copy
3 star
31.1.24/2:40PM
တတားဦးမှတက်လာသောJF/1စီးသည်မြင်နယ်မြောက်ခြမ်းမှဖြတ်သန်းလာပြီးပုလဲနယ်ကန်ကြီးရွာအနီးဗုံး2လုံးကြဲချသွား.ထိခိုက်မှာ့တော့စုံစမ်းဆဲ
3 star
ဧရာဝတီ ရေပြင်

📌စခမပါ သဲအိတ်အပြည့်ပါ သင်္ဘော(၁)စီး လေးလံကျွန်း ဖြတ်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်ကြောင်းသိရ။

📌လေးလံကျွန်း ရေလယ်ခုံမှာတွင် မိုးကာအုပ် စခသင်္ဘော(၁)စီး ရပ်ထားကြောင်းသိရ။
Jan 31,6:47 PM
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

မိုးနှင်းမိုးနှင့် မိုးသီးမိုး 🌨️🌨️🌨️
၂၀၂၄ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်
ကချင်ပြည်နယ်မြောက်ပိုင်း
ပူတာအို မချမ်းဘော နောင်မွန်း ခေါင်လန်ဖူး ပန်နန်းဒင် အထက်ဆန်ဂေါင် ဒေသတွေမှာ မိုးနှင်းမိုးတွေရွာနိုင်ပြီး ဒေသအလိုက် မိုးသီးကြွေကျခြင်းအန္တရာယ်ရှိပါတယ်
issued time
31/01/2024 9:30am(MMT)


1st week weather forecast
၂၀၂၄ ဖေဖော်ဝါရီလ
၁ရက်နေ့မှ ၇ ရက်နေ့အတွင်း
ကချင်ပြည်နယ်မှာမိုးရွာနိုင်ပြီး
စစ်ကိုင်းတိုင်းအောက်ပိုင်း
မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသကြီးတွေမှာတော့ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ
ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေပါလိမ့်မယ် 🌤️🌤️🌤️👩‍🌾🌱
issued time
31/01/2024 4:06pm(MMT)

ဂရုစိုက်ကြပါ ။
🙏🕊️🌆

မင်း ဂွတ် သီး Su Su San
MRSN
Jan 31 ,  6:25PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
စစ်ကောင်စီရဲ့ကာကွယ်ရေး၊ ပြည်ထဲရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၄၁၇ အရ အရေးပေါ်ကာလကို ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်တိတိ ရယူခွင့်ရှိပါတယ်။
အဲဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က ထပ်တင်ပြရင် ပုဒ်မ ၄၂၅ အရ နောက်ထပ်ခြောက်လနှစ်ကြိမ်သာ အာဏာသိမ်းသက်တမ်း တိုးခွင့်ရှိပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အကြောင်းပြချက်တွေပေးပြီး သက်တမ်းတိုးလာတာ ဒီတစ်ကြိမ်နဲ့ဆို ငါးကြိမ်မြောက်ရှိပါပြီ။
ဒီနေ့တစ်ရက်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေမှု အဆုံးသတ်ဖို့၊ ဒီမိုကရေစီနည်းကျ‌ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့၊ အားလုံးလက်ခံနိုင်မယ့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့၊ အဲဒီ အခြေခံဥပဒေနဲ့ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ ပဋိပက္ခတွေအတွင်း ကျုးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိစေဖို့ စတဲ့ နိုင်ငံရေး ဦးတည်ချက် ခြောက်ရပ်ကိုလည်း ဖော်ပြထားပါတယ်။
လုပ်ငန်းစဉ်အနေနဲ့ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးတာ၊ နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကို လက်ခံလာရင် အာဏာလွှဲပြောင်းဖို့အတွက် ဆွေးနွေးတာ၊ အာဏာသိမ်းမှုကို အဆုံးသတ်ပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းပြီး နိုင်ငံပြန်လည် တည်ဆောက်တာ စတာတွေကို လုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် စုစု‌ပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
လက်ရှိကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦးအပါအဝင် စုစုပေါင်းကိုးဦးနဲ့ ဖွဲ့စည်းထားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ သမ္မတဦးဝင်းမြင့် အဖမ်းခံထားရပြီး၊ NLD ပါတီက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့လည်း ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။
နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ အခုလို သက်တမ်းထပ်တိုးလိုက်တာကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဆက်တိုးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အာဏကာသိမ်းသုံးနှစ်အတွင်းမှာလည်း တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၂၁ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP-Myanmar) က အခုဇန်နဝါရီလထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

#RFA
#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

မိုးနှင်းမိုးနှင့် မိုးသီးမိုး 🌨️🌨️🌨️
၂၀၂၄ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်
ကချင်ပြည်နယ်မြောက်ပိုင်း
ပူတာအို မချမ်းဘော နောင်မွန်း ခေါင်လန်ဖူး ပန်နန်းဒင် အထက်ဆန်ဂေါင် ဒေသတွေမှာ မိုးနှင်းမိုးတွေရွာနိုင်ပြီး ဒေသအလိုက် မိုးသီးကြွေကျခြင်းအန္တရာယ်ရှိပါတယ်
issued time
31/01/2024 9:30am(MMT)


1st week weather forecast
၂၀၂၄ ဖေဖော်ဝါရီလ
၁ရက်နေ့မှ ၇ ရက်နေ့အတွင်း
ကချင်ပြည်နယ်မှာမိုးရွာနိုင်ပြီး
စစ်ကိုင်းတိုင်းအောက်ပိုင်း
မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသကြီးတွေမှာတော့ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ
ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေပါလိမ့်မယ် 🌤️🌤️🌤️👩‍🌾🌱
issued time
31/01/2024 4:06pm(MMT)

ဂရုစိုက်ကြပါ ။
🙏🕊️🌆

မင်း ဂွတ် သီး Su Su San
MRSN
Jan 31 ,  6:25PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Wai Hin (ဝေဟင်) (❤️ ❤️)
ပေါက် ⚠️

  ပေါက် နယ် ​တောင်ပိုင်း ဖြတ်၍  ဂျက်ဖိုက်တာ တစ်စီး အရှေ့မြောက် အရပ် သို့ ပျံသန်း။

#WaiHin
Feb 1,  3:59 PM
📫သတင်းပို့ရန် @WaiHinBot
◼️ဖားကန့်မြို့ရဲ့ အသံတိတ်သပိတ် မြင်ကွင်း

၁ ဖေဖော်ဝါရီ | နွေဦးအသံ |

ဓါတ်ပုံ | CJ

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
Forwarded from Wai Hin (ဝေဟင်) (❤️ ❤️)
​မ​ကွေး ⚠️

​မ​ကွေး လေတပ်မှ စစ်ထောက်ပို့​/တိုက်ခိုက် Y-12 လေယာဥ်(1)စီး ​​​​မြောက်ဘက်သို့ ပျံတက်။

#WES#WaiHin
Feb 1, 3:55 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Wai Hin (ဝေဟင်) (❤️ ❤️)
တံတားဦး ⚠️

တံတားဦးလေတပ် မှ  ဂျက်ဖိုက်တာ တစ်စီး အရှေ့မြောက် သို့ ပျံတက် ။

#WaiHin
Feb 1, 4:03 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from လူထုခေတ်
ရေစကြိုမှာ မိုင်းဝင်ရှာတဲ့ စစ်အုပ်စု မိုင်းမိ

ဖေဖေါ်ဝါရီ၊ ၁၊ ၂၀၂၄။
လူထုခေတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုးဂိတ်‌‌‌‌‌ဟောင်းထဲမှ မိုင်းအတုကို ခွဲပြီး မိုင်းဝင်ရှာသည့် စစ်အုပ်စု မိုင်းထပ်မံထိခြင်းကြောင့် သေဆုံးဒဏ်ရာရရှိသူများရှိကြောင်း Urban Underground Revolution Force – YS ပကဖအဖွဲ့ဆီက သိရသည်။

ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းက ကျောက်လှေခါးတိုးဂိတ်ဟောင်းအတွင်းမှာ အယောင်ပြမိုင်းအတုကို သေနတ်နဲ့ ပစ်ဖောက်ခွဲပြီး မိုင်းဝင်ရှာချိန်တွင် အသင့်ထောင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းခွဲခံရသည့်အတွက် စစ်သား ၂ ဦးသေကာ ဗိုလ်ကြီးထွန်းထွန်း‌အောင်နှင့် စစ်သား ၅ ဦးဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

“မိုင်းခွဲလိုက်တော့ ဝရုန်းသုန်းကားဖြစ်ပြီး ထွက်ပြေးတာ။ ထိထားတဲ့ကောင်တွေကို ခဏကြာမှ ပြန်လာကောက်သွားတာ”ဟု Urban Underground Revolution Force - YSO သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်KCက ပြောသည်။
မိုင်းအတုကို ခွဲပြီးချိန်မှာ ဗိုလ်ကြီးထွန်းထွန်းဇော် နှင့် စစ်သား ၁၅ ဦးခန့်က ဂိတ်အတွင်း မိုင်းဝင်ချိန်ရှာချိန်တွင် ပေပါမိုင်း တလုံးနဲ့ ခွဲလိုက်ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

မိုင်းခွဲအပြီး သေဆုံးနှင့် ဒဏ်ရာရသူများကို ကားဖြင့် ပခုက္ကူဆေးရုံကိုသယ်သွားပြီး အင်အား ၆၀ ဦးကျော်ရှိတဲ့ စစ်အုပ်စုသည်လည်း ပခုက္ကူမြို့ဘက်ကို ဆက်သွားသည်ဟု မြေပြင်ကင်းထောက်များဆီက သိရသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Urban Underground Revolution Force- YSO၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO နှင့် မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်ကလည်း Urban Underground Revolution Force - YSO အဖွဲ့သည် ရေစကြိုမြို့နယ် ‌ဂွေးချိုရွာက စစ်ကောင်စီတပ်ဖွဲ့ကို အသုံးပြုကာ ဗုံးသီး ၃ လုံးချပြီး တိုက်ခိုက်ခဲ့သေးသည်။

လူထုခေတ် Facebook Page ကို Like ပေးခြင်း၊You Tube Channel ကို Subscribed လုပ်ပေးခြင်းဖြင့် ရေရှည်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကူပေးပါကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အောက်ပါလင်ခ့်တွေမှာလည်း လူထုခေတ် သတင်းများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Telegram Link -
https://t.me/luhtukhitnews

YouTube Link –
https://www.youtube.com/@luhtukhit4114

#ရေစကြို #မကွေးတိုင်း #လူထုခေတ်
“အသံတိတ်သပိတ်တွေ ဘာတွေ လုပ်မနေကြနဲ့။ ပါမနေကြနဲ့။ ဘာမှလည်း ဟုတ်တာ မဟုတ်ဘူး။” ဒီလိုအသံတွေက ဘောမတွေနဲ့ တော်လှန်ရေးမနာလိုတိုရှည်တွေဘက်မှာ ကြားနေရတယ်။

ဘာမှလည်း ဟုတ်တာမဟုတ်ဘူးဆိုတာ မဟုတ်ပါဘူး။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။

တော်လှန်ရေး သုံးနှစ်တာ ကာလမှာ ဘယ်သူကမှ ငုတ်တုတ်ထိုင်နေလို့မှ မရတာပဲ။ အစပိုင်းမှာ တောင့်ခံခဲ့ကြပေမယ့် နောက်ပိုင်းတော့ အလုပ်တွေ ပြန်လုပ်ကြရ၊ ပြီးတော့ ပုံမှန်ဘဝထဲ သွားလာပျော်ပါးဖြတ်သန်းနေကြ။

တော်လှန်ရေးကြောင့် ပုံမှန်ဘဝထဲ ပြန်သွားမရတဲ့သူတွေ၊ ဥပမာ- ထောင်ထဲက ပြည်သူတွေ၊ တောထဲက ရဲဘော်တွေ၊ အိမ်ပြန်ခွင့်မရကြတဲ့ လွတ်မြောက်၊နယ်စပ်၊ပြည်ပစတဲ့ အိမ်နဲ့အဝေးကသူတွေ။

တောထဲက လူငယ်တွေနေရာကပဲ တွေးကြည့်ပါဦး။ သူတို့လည်း ပုံမှန်ဘဝထဲ ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြတာပါပဲ။ အဲ့လိုလူတွေများလာရင် ဒီတော်လှန်ရေးကြီး ရပ်တန့်သွားမှာဖြစ်တဲ့အတွက် ဒီဝန်တွေကို အသက်တွေ ဘဝတွေရင်းပြီးထမ်းမယ်၊ ဒါဟာရွေးချယ်မှု။ ရွေးချယ်မှုဆိုသော်ငြားလည်း ပုံမှန်သွားလာနေထိုင်ပျော်ပါးနေသူတွေ မြင်ရင် မကျေနပ်စိတ် မဟုတ်တောင်မှ ငါတို့က မေ့လျော့ခံတွေလားဆိုတဲ့ ဝမ်းနည်းစိတ်၊ တော်လှန်ရေးကို သွေးအေးသွားကြပြီလားဆိုတဲ့ အားငယ်စိတ်၊ အမှတ်မရှိကြဘူးလားဆိုတဲ့ ခံပြင်းစိတ်။ ဒီလိုခံစားချက်တွေတော့ အနည်းနဲ့အများ ခံစားကြရတာပါပဲ။

ဒီနေ့လို Silent Strike နေ့မျိုးမှာ မြို့ကြီးတွေအပါအဝင် အနယ်နယ်အရပ်ရပ်က တိတ်ဆိတ်သောလမ်းမတွေဟာ ပြည်သူတွေရဲ့ သွေးမအေးစိတ်ကို ပြသတယ်။ စစ်အာဏာရူးတွေကို ဒီနေ့အထိ လက်မခံဘူးဆိုတာ ပြသတယ်။ ပြီးတော့ ပေးဆပ်စွန့်လွှတ်ထားကြသူတွေကို ငါတို့ မင်းတို့နဲ့ တသားတည်းရှိနေပါတယ်ဆိုတဲ့ စိတ်ချင်းပေးတဲ့ Message ကို ပေးနိုင်တယ်။

တော်လှန်ပြည်သူတိုင်းဟာ မြေပြင်ရဲဘော်တွေနဲ့ အဆက်အသွယ်ရှိဖို့ ခက်ပါတယ်။ တိုက်ရိုက်အားပေးနိုင်ဖို့ မလွယ်ပါဘူး။ ဒီနေ့လို သပိတ်မျိုးဟာ ပြည်သူကနေ ပြည်သူ့ရဲဘော်တွေဆီ ငါတို့ မင်းတို့နဲ့အတူရှိတယ်ဟေ့လို့ အကျယ်လောင်ဆုံး အားပေးလိုက်တဲ့ တိတ်ဆိတ်ခြင်းပဲ။

Silent Strike သာ မထိရောက်ရင် အာဏာရူးတွေ လိုက်ပိတ်ပင်ပါ့မလား။ Silent Strike သာ မထိရောက်ရင် ဆိုင်မဖွင့်သူတွေကို လိုက်ဖမ်းပါ့မလား။ Silent Strike သာ မထိရောက်ရင် လမ်းပေါ်လူစည်အောင် ငါးထောင်စားတွေ လွှတ်နေပါ့မလား။

Silent Strike မထိရောက်ဘူး၊ မပါဝင်နဲ့ဆိုသူတွေဟာ ရန်သူနဲ့ အတွေးအကြံတူတဲ့၊ ရန်သူနဲ့ လုပ်ရပ်တူတဲ့ ရန်သူ့ဘက်သားတွေပဲ။

အနှောက်အယှက် အဆီးအတားတွေကြားက ပြည်သူ့အား၊ ပြည်သူရဲ့ တိတ်ဆိတ်မှုအသံ။

ဒါဟာ ငါတို့တွေ ညီညွတ်နေကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။