ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မီးရှို့ဖျက်ဆီးခံရသည့် ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ရွာမှ ဒေသခံများ အကူအညီလိုအပ်

ဒီဇင်ဘာ ၂၊ ၂၀၂၄

မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းစီးနင်းတိုက်ခိုက်ပြီး နေအိမ်များမီးရှို့သွားသည့် ကမ္ဘဲ့ကျေးရွာမှ ဒေသခံများအတွက်စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေးအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များအားကူညီနေသူများကပြောသည်။

အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း သည် ဒီဇင်ဘာလ ၁ ရက်နေ့ မနက်  ၅နာရီဝန်းကျင်အချိန်တွင် ကမ္ဘဲ့ကျေးရွာကို ဝင်ရောက်ပြီးနေအိမ်များကို မီးရှို့ဖျက်စီးသွားခြင်းဟု ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်း ဆောင်ရဲဘော်ဝေကြီးက ပြောသည်။

နေအိမ် ၃၃ လုံးမီးလောင်ခဲ့သလို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ကမ္ဘဲ့ရွာအရှေ့ဘက်ရှိ သမန္တပို့တောရွာမှ ကလေးတဦးနှင့်အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။
သတင်းပေးပိုရန်@myaing3starbot
https://t.me/m2nQSzdXozljZmM1
Forwarded from Hlaing Info
သန်လျင်တွင် ဖမ်းဆီးထားသည့် မိသားစုထံက ငွေကြေးတောင်းယူခဲ့သည့် ပျူစောထီးခေါင်းဆောင်ကို ပိုက်ဆံမရ၍   စစ်ကောင်စီစစ်ကြောင်းမှူး ထပ်မံဖမ်းဆီး

ဒီဇင်ဘာလ ၂ ရက်

စစ်ကောင်စီက ဖမ်းဆီးထားသည့် NLD ရပ်ကျေးဒုဥက္ကဋ္ဌ၏ မိသားစုထံမှ ငွေကြေးတောင်းယူကာ စစ်ကောင်စီနှင့် ငွေကြေးညှိနှိုင်းခြင်းမရှိသည့်အတွက် ပျူစောထီးခေါင်းဆောင်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

သန်လျင်စစ် ကြောင်းမှူးနှင့်အဖွဲ့သည် ငွေကြေးမရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ပျူစောထီးခေါင်းဆောင် အောင်ဒင်ဆိုသူကို ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက    ဖမ်းဆီးသွား ကြောင်း သိရသည်။

"အဖမ်းခံရတဲ့ မိသားစုဆီက စစ်တပ်နဲ့ညှိပေးမယ်ဆို ပြီး သိန်း ၂၀ တောင်းသွားတယ်။ အဲဒီ သိန်း ၂၀ ကို စစ်တပ်ကလည်း မရဘူးဆိုပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်"ဟု သန်လျင်မြို့ဟောင်းနေသူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆက် - ⤵️⤵️
Forwarded from Kyimyindaing Networks
ဖာပွန်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဒီဇင်ဘာလ 0️⃣2️⃣ရက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထွီးသီးအုရွာ၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ နှင့် ၅ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖားပွန်နယ်မြေ (ငှက်ပျောတော) နှင့် ထွီးသီးအုနယ်မြေတွင် အကြမ်းဖက် စစ်တပ် တိုက်ပွဲ ၂ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး MA-1 သေနတ် ၃ လက်နှင့် MA-4 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသော မာထောစစ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ၈၁ မမ လက်နက်ကြီး ၁ လက် ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#KhitThitMedia
#KyimyindaingNetworks
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
တော်လှန်ရေးရဲ့ အမြင့်ဆုံးအချိန် Prime timeကို သွားနေချိန်မှာ NUGအစိုးရ၊ PDF
တွေနဲ့ မဟာမိတ်EAOတွေသာမက စစ်ဘေး
ဒဏ်ကိုကြံ့ကြံ့ခံရပ်တည်နေကြတဲ့ တော်လှန်
ပြည်သူလူထုအပေါင်းကို ဒီကဗျာလေးနဲ့ အား
ပေးနှစ်သိမ့်ချင်ခဲ့တယ်...

ဒီတော်လှန်ရေးက နိုင်ကိုနိုင်မှာဖြစ်ပြီး
အသက်သွေးချွေးတွေပေးဆပ်ပြီးစစ်အာဏာ
ရှင်လက်အောက်က ရုန်းထွက်နိုင်ဖို့ တော်
လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တိုင်းကို
ဦးညွှတ်ပါသည်...

'အခက်အခဲတွေ ရင်ဆိုင်တဲ့အခါ'

'သူရဲဘောပြောင်သူတွေ မျက်နှာလွှဲမှာ'

'အောင်နိုင်သူတွေ ဘယ်တော့မှမယိမ်းယိုင်'

'စိတ်ရှည်သည်းခံမှုတွေ ကြံ့ကြံ့ခိုင်ခိုင်'

'အခက်အခဲတိုင်းကို ကြိုဆိုပွေ့ဖက်'

'ဆူးမွေ့ရာကို ဖြတ်ကျော်နင်းလျက်'

'မျက်နှာပေါ်မှာ အပြုံးပန်းတစ်ပွင့်နဲ့'

'နာကျင်မှုတိုင်းကို အံတုမယ်ကွယ့်'

'နာကျင်မှုတိုင်းကို အံတုမယ်'

A.M.H#(Irony)
ကမျဉ်းနီကောင် အကိုက်ခံမှု သတိပြုရန် ထုတ်ပြန်ချက်

ဒီဇင်ဘာလ (၂)ရက်

#PSLF/TNLA@
https://t.me/m2nQSzdXozljZmM1
မြိုင်~3Star
မင်းမင်းကို ခေါင်းဖြတ်တာ အကြောင်းပြပြီး တော်လှန်ရေးပုံရိပ် ဘာညာနဲ့ တော်လှန်ရေးကို ပုံဖျက်လို့ မရပါဘူး။

မင်းမင်းကို ခေါင်းဖြတ်တာ ခံစားလုပ်ဆောင်သူနဲ့ပဲ ဆိုင်ပါတယ်။ ဖြတ်တဲ့သူရဲ့ ခံစားခဲ့ရတဲ့ နာကျည်းမှုနဲ့ပဲ ဆိုင်ပါတယ်။ အများခံရတာထက်စာရင် နည်းတောင်နည်းပါသေးတယ်။

တော်လှန်ရေးနဲ့ လုံးဝ မဆိုင်ပါဘူး။

သိမ်းကြုံးပြီး တော်လှန်ရေးက ဘာညာဖြစ်တယ်လို့ ပြောမယ်ဆိုရင် ပြောတဲ့သူအလွန်ပါ။

စကားပြောတာ စွပ်စွဲတာတွေ သတိထားစေချင်ပါတယ်။

#ထိန်လင်းနေ
#htainlinnay
ရေစကြို

မကွေးတိုင်း  ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကမ္ဘဲ့ကျေးရွာကို 1.12.2024(Sun) တွင် တပ်မ(၁၀၁)လက်အောက်ခံ ခလရ ၂၅၆/၂၅၇/၂၅၈ စခများနှင့် ပခ ပူးပေါင်း စစ်ကြောင်းမှ နံနက်(၅)နာရီ (၁၅)မိနစ်အချိန်မှာ စတင်၍ ထိတွေ့ တိုက်ပွဲဖြစ်ရာ မိနစ်(၃၀)ခန့်အကြာတွင် တိုက်ပွဲဖြစ်ပွားမှု ပြီးဆုံးခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်မှုမရှိကြောင်းသိရသည်။

နံနက်(၁၀)နာရီ(၃၅)မိနစ်အချိန်ထိ
ကမ္ဘဲ့ကျေးရွာမှ လူနေအိမ် (၃၃)လုံး နွား(၂)ကောင် (နွား၁ကောင်မှာ မီးလောင်သေဆုံး၊ နွား(၁)ကောင် ကျည်ထိမှန် သေဆုံးသွားကြောင်း)သတင်းရရှိ။

MRSN
Dec 2 , 7 :45 PM
📬သတင်းပို့ရန်
@MagwayScoutBot
Forwarded from Wai Hin (ဝေဟင်) (︎︎)
တံတားဦး

တံတားဦးလေတပ်သို့ အနောက်တောင်အရပ်မှလာသော ဂျက်ဖိုက်တာ ၁ စီးဆင်းသက်။

#WaiHin
Dec 2, 7:45 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မြစ်ကြီးနား⚠️

မြစ်ကြီးနားလေတပ်မှ Y12 စစ်ထောက်ပို့ဗုံးကြဲလေယာဉ် ၁စီး တောင်အရပ်သို့ပျံတက်။

#WaiHin
Dec 2 ,7:43 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မိတ္ထီလာ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁စီး အရှေ့မြောက်အရပ်သို့ပျံတက်။

#WaiHin
Dec 2 ,7:48 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မိတ္ထီလာ⚠️

မိတ္ထီလာလေတပ်မှ၂ စီးမြောက် ဂျက်ဖိုက်တာ ၁စီး အ‌နောက်တောင်အရပ်သို့ပျံတက်။

#WaiHin
Dec 2 ,7:50 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎶One 🎶)
တံတားဦး⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက်တောင်အရပ်သို့ ပျံတက်။

#WaiHin
Dec 2, 8:01PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
နွားထိုးကြီး⚠️

နွားထိုးကြီး မြောက်ခြမ်းဖြတ်၍ ဂျက်ဖိုက်တာ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Dec 2, 8:07PM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️ဂန့်ဂေါ

ဟံသာဝတီမှ 7:16PMကဖော်ကားနှစ်စီး‌သည် မြောက်ခင်ရန်းဘက်ကိုစထွက်သွားပြီ ဟံသာဝတီရွာထဲတွင်လည်း ကားအဆင့်သင့်ဖြင့် မြောက်ခင်ရန်း ပျူရွာဘက်သို့ထွက်ဖို့ပြင်ဆင်နေကြောင်းသတင်းရရှိ၊ .

အရှေ့လယ်ကြီး အနောက်လယ်ကြီး ပျူအင်းအား(၄၀)ကျော်လည်း မြောက်ခင်ရန်းသို့ရောက်ရှိနေပြီး၊ ကျောက်ပြုတ်  အင်ကြွမ်ရွာမှ ပျူတွေလည်း ဟံသာဝတီသို့ရောက်ရှိနေကြောင်းသတင်းရရှိ၊

#MRSN
Dec 2 , 7 :50PM

📬သတင်းပို့ရန် @myaing3starbot

https://t.me/m2nQSzdXozljZmM1
⚠️မုံရွာ

စွမ်းရည်ထက်ခွေးခြံ မှ ဒရုန်းတစ်စီးလွှတ်ထားကြောင်းသတင်းရ။

#SSN
Dec 2 , 8:16PM

📫သတင်းပို့ရန် @myaing3starbot

https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (︎︎)
ပေါက်⚠️

ပေါက်နယ်ဖြတ်၍ ဂျက်ဖိုက်တာ၁စီး အနောက်‌ တောင်အရပ်သို့ ပျံသန်း။

#WaiHin
Dec 2, 8:18PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (TeT Luu)
ဆော⚠️

ဆောနယ်ဖြတ်၍ ဂျက်ဖိုက်တာ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Dec 2, 8:23PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (TeT Luu)
ဆော⚠️

ဆောနယ်ဖြတ်၍ ဂျက်ဖိုက်တာ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Dec 2, 8:23PM
📫သတင်းပို့ရန် @WaiHinScout_Bot
မန္တလေးတိုင်းသတင်း

11လပိုင်းအကုန်မှစပြီး တစ်ပတ်အတွင်း တံတားဦး၊ကျောက်ဆည်၊ပလိပ်၊ စဥ့်ကိုင်မြို့ပေါ် နေရာအစုံပေါ်တာဆွဲရန် ခွေးဗိုလ်သန်းနိုင်ဦးမှ ညွှန်ကြားထားကြောင်း၊ ပေါ်တာအဆွဲခံရသည့်လူများအား စစ်မှုမထမ်းချင်လျှင် ၎င်းမှ တစ်ယောက်ကို သိန်းရာချီနှုန်းတောင်းကာ လာဘ်စားနေကြောင်း၊။

မန္တလေးမြို့ပေါ်တွင်လည်း December 1 မှ 10ထိ စစ်မှုထမ်းပေါ်တာပိုဆွဲနိုင်ကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo