ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ကျွန်တော်ပြောခဲ့ဖူးတယ်။

အမာရှောင်ပြီး ကျော်လာရင် ကောင်းမယ်လို့ ရေးခဲ့တယ်။

အခုတော့ ပြင်ဦးလွင်နဲ့ မန္တလေးကို ထားခဲ့ပြီး တံတားဦးကို ဝင်ကြိတ်တာ အဖြစ်သင့်ဆုံး နည်းဗျူဟာပါပဲ။

နောက်ဆို လေယာဥ်ကွင်းတွေ လေတပ်တွေ ခေါင်းပြားအောင်အိပ်လို့ မရတော့ဘူး။

တကယ်က တံတားဦးဟာ မြေပြန့်မှာ ရှိနေတာပါ။ စစ်ခွေးတွေ ပြည်သူဆီက သတင်းပျောက်ဆုံးနေတော့ လေတပ်နားထိကပ်လာပြီး အဆော်ခံတာပါ။ စစ်ခွေးတွေမသိတာက တစ်ပြီးနှစ်လာမယ်ထင်ပြီး ပြင်ဦးလွင်ကို စွတ်ကာနေတာ အမာဖြစ်သွားတော့ ရှောင်တာပေါ့။

တံတားဦး လေတပ်ဟာ နေပြည်တော်ပြီးရင် တစ်နိုင်ငံလုံးကို ပါတ်အမွှေနိုင်ဆုံး လေတပ်ပါ။ အချက်အချာအရ မြစ်ကြီးနားကနေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအထိ ဒုက္ခအပေးနိုင်ဆုံးပါ။ ပေးလည်းပေးခဲ့ပါတယ်။

သိပ်မကြာခင်က စစ်တွေ လေဆိပ်ကိုလည်း AA ပစ်ခတ်ထားနိုင်တော့ အခုတစ်လောအတွင်း ဒုတိယ အပစ်ခံရတာက တံတားဦး ဖြစ်လာပါတယ်။

ငါးပွက်ရာငါးစာချတ်တဲ့ စစ်တပ်တော့ တတိယ လေယာဥ်ကွင်း ဘယ်ကွင်းဖြစ်လာမလဲလို့ စဥ်းစားနေလောက်ပြီ။

လေယာဥ်ကွင်းတွေ လေတပ်တွေ ထိခိုက်လာရင် မင်းအောင်လှိုင် ပြေးတော့မှာပေါ့။ သိပ်မကျန်တော့ဘူး....။

ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ နေရဲတဲ့သူတွေ နေကြပေါ့....
#3Star Myaing
#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
လက်နတ်ချတဲ့ ဗိုလ်မှူးချုပ်တွေကို သေဒဏ်ပေးတာ ဘာဖြစ်လာမလဲတဲ့...။

ဗိုလ်မှူးချုပ် level ဆိုတာ စစ်ခွေးတပ်မှာ တော်တော်ကပ်ဖားယပ်ဖား တတ်မှ ဖြစ်လာတာပါ။ DSA တစ်ပါတ်စဥ်ကနေ နှစ်ယောက်လောက် ဖြစ်လာဖို့တောင်မလွယ်ပါဘူး။ တချို့အပါတ်စဥ်တွေ ဗိုလ်မှူးကြီး ဂိတ်ဆုံးပါ။

ဒီလိုအတွန်းအတိုက်တွေနဲ့ တက်လာခဲ့တဲ့သူတွေဟာ အပေါ်ကြိုက်ရင် အထက်အဆင့်တွေက ခဏနဲ့ ရကြပါတယ်။ ရာထူးတိုးဖို့ သင်တန်းမရှိတော့တာကြောင့် အထက်က အရာရှိကြီးတွေနဲ့ မင်းအောင်လှိုင် အကြိုက်လိုက်ပြီး သူတို့ရဲ့ ရာထူးက တက်ကြမှာပါ။

အထက်ကိုမျှော်တက်ကြမှာကြောင့် မင်းအောင်လှိုင် လက်ချက်နဲ့ ဘယ်ကောင်မှ မသေချင်တာ အမှန်ပါ။

လောက်ကိုင်ဖြစ်စဥ် အပြီးမှာ ဇော်မဲလုံးကလည်း တပ်မိသားစုဝင်တွေကို ငဲ့ညှာလို့ လက်နတ်ချရတာလို့ ပြောထားတော့ ဗိုလ်မှူးချုပ် ၆ ယောက်ဟာ စိတ်သက်သာရာရတာနဲ့ လားရှိုးကို အေးဆေးပြန်သွားကြတာပါ။

ဟိုရောက်မှ ဖမ်းဆီးခံရတော့မှ ဇော်မဲလုံးလှည့်စားတာ ခံရပြီလို့ သိကြချိန်မှာ လွန်နေပါပြီ။ ဒီသတင်းကို ကြားတဲ့ G1 လို ဒုတိယဗိုလ်မှူးကြီး တစ်ယောက် တောခိုတယ်ဆိုတော့ သူတို့အချင်းချင်း ဘယ်လောက်ပေါက်ကွဲနေလဲ ဆိုတာ ပေါ်လွင်ပါတယ်။ မဖြစ်သင့်ဘူးလေ။

ဒါဆိုရင် နောက်ထပ် ဗိုလ်မှူးချုပ် level တွေရဲ့ အခြေအနေက ဘယ်လိုရှိလာနိုင်မလဲ။

စိတ်ဝင်စားဖို့ ကောင်းပါတယ်။

စစ်ဆိုတာ အနိုင်အရှုံး ရှိတာပဲလေ။ မင်းအောင်လှိုင် ပြောချင်တာက နိုင်အောင်တိုက်။ ပေးထားတဲ့ ပစ္စတိုက ရှုံးရင် ပြန်မလာဖို့။

ဒါကတော့ရှင်းပါတယ်။ ပြည်ပကျူးကျော်စစ်မှာ ဒီလိုအမိန့်ပေးရင် မှန်ပါတယ်။

အခုအခြေအနေက ပြည်သူနဲ့ ဖြစ်နေရတဲ့ စစ်။ ရှေ့က တိုက်နေရတဲ့သူကို နောက်ကပံ့ပိုးမှု ထိရောက်အောင်မပေးနိုင်ဘဲ နိုင်အောင်တိုက်ဖို့ ဖိအားပေးတာ မှားပါတယ်။ ဗိုလ်မှူးချုပ် level မပြောနဲ့ အောက်ခြေ စစ်သည်တွေတောင် သူတို့ကို အချိန်မီ စစ်ကူ ရိက္ခာ ခဲယမ်း လိုအပ်ချက် မပေးနိုင်ရင် စခန်းကုန်းကနေ လစ်ရမှာ အလိုလိုသိနေတာဆိုတော့ မင်းအောင်လှိုင် ပေးတဲ့ဖိအားဟာ အဓိပ္ပာယ် မရှိတာ အသိသာကြီးပါ။

မနိုင်မှန်းသိလျက်နဲ့ ငုတ်တုတ် အသေခံရမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ခြေထောက်ပါတာ ပြေးဖို့ ရှောင်ဖို့လေ။

ဒီတော့ စစ်ရေး အခြေအနေ မဟန်ရင် လက်နတ်ချမယ်။ ထောက်ပို့ မဟန်တာကို ကြိုခန့်မှန်းနိုင်ရင် အလင်းဝင်ပါလိမ့်မယ်။

ဒီအခြေအနေရောက်ခဲ့ရင် လက်ခံရတဲ့ တော်လှန်ရေး အဖွဲ့တွေက သင်သွားလိုရာ သွားနိုင်ပါတယ်လို့ ပြောပြီး ကုတ်နဲ့ကော်ထုတ်ရင်တောင် မပြန်ကြတော့ပါဘူး။ လွတ်မြောက်နယ်မြေမှာပဲ နေကြပါလိမ့်မယ်။

တော်လှန်ရေး အဖွဲ့ဘက်မှာက အသက်အာမခံချက် ရှိတယ်လေ။

ခွေးတပ်ပြန်ရင် လည်ပင်းယားမှာဆိုတော့ ပြန်ဖို့စဥ်းစားမှာ မဟုတ်တော့ပါဘူး။

နောက်ပိုင်း အောက်ခြေက စစ်သည်တွေကလည်း စစ်မတိုက်ချင်ကြတော့ ဗိုလ်မှူးချုပ်တွေ ဦးစီးပြီး လက်နတ်အပ်နှံမှုတွေ များလာစရာရှိပါတယ်။

NUG, MODက သူတို့ရာထူးကို အာမခံချက်ပေးရင် နောင် ဖက်ဒရယ် စစ်တပ်မှာ တာဝန်ပြန်ထမ်းဖို့ ဆန္ဒရှိတဲ့သူတွေက အမြန်ပူးပေါင်းလာပါလိမ့်မယ်။

စစ်ခွေးတပ်ကို ပြန်တိုက်တာ မတိုက်တာ အသာထား.... လက်နတ်အပ်ရင်ကို မင်းအောင်လှိုင် တပ်ကတော့ ဂိတ်ဆုံးဖို့ နီးသွားပါပြီ။

မြောက်မြီးနဲ့ မြောက်ပြန်ချည်ခံရမယ့် စစ်ခွေးတပ်....

မင်းအောင်လှိုက်ဟာ စီမံမှုအလွဲတွေနဲ့ တပ်ကိုပြန်ဖြိုနေတဲ့ လုပ်ရပ်တွေပါ။

မကြာခင် မြင်တွေ့ရပါလိမ့်မယ်။
#3Star Myaing
#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
Forwarded from Magway Regional Scout Network (YU ATARASHI)
ပေါက်

ပေါက်မြို့နယ် ကပစ ၂၄ အနီး တနေရာမှ ၁၂၀ ဟောင်ဝစ်ဇာ အရှေ့အရပ်သို့ ပစ်နေပါတယ်
၅ လုံး ရှိနေပါပြီ

ပေါက် ပခုက္ကူ ပုသိမ်မုံရွာ လမ်းဆုံ
ဘေးဘက် ဘယ်ညာပစ်မည်ဟု သတင်းရရှိ

အသေးစိတ် အချက်အလက်စီစစ်ဆောင်ရွက်ဆဲပါ

မိဘပြည်သူ ညီကိုများ ဗုံးခိုကျင်း သို့မဟုတ် အကာကွယ်ကောင်းသော နေရာတွင် နေထိုင်ကြပါရန်
(9:28PM

ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
MRSN
Jan 23 ,  9:55PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ပေါက်မြို့နယ်ကပစ ၂၄ မှ လက်နက်ကြီး ထောက် ရာတွင် ပေါက်မြို့နယ် ဘိုးဖြူလုံးကန် ရွာ အရှေ့ဘက် ၊ တောင်ဘက် ဝဲရာတွင် ကျရောက်ကြောင်းသိရ
23.1.24/8:55pm
မိုက်ခဲ copy. 3 star
ပေါက်မြို့နယ်ဇီးဖြူကုန်းပျူရွာမှစစ်ကောင်စီခန့် စခ ပခ များမှလက်နတ်ကြီးဖြင့် ဇီးဖြူကုန်းပျူရွာရှေ့ဘက်သို့ရမ်းသန်းဖြစ်ခတ်နေကြောင်းသိ့ရ
23.1.24 / 8:55PM
​မြောင်⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​မြောင်​တောင်ခြမ်းဖြတ်၍ အ​နောက်အရပ်သို့ ပျံသန်း။

#NAS
Jan 22, 10:16PM
📡သတင်းပို့ရန် @infonas
​ရေစကြို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​​ရေစကြိုဖြတ်၍ အ​နောက်အရပ်သို့ ပျံသန်း။

#NAS
Jan 22, 10:22PM
📡သတင်းပို့ရန် @infonas
Forwarded from Magway Regional Scout Network (YU ATARASHI)
ခိုးကြောင် ခိုးဝှက်နဲ့ မြို့တွင်းက စခ၊ရခ၊ပခ များထံ ရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများ ရပ်တန်းကရပ်ကြပါ

24.1.2024 ၊ထီးလင်း

စခ၊ရခ၊ပခ၊Non Cdm များနဲ့အိုးအိမ်စည်းစိမ်ကိုဖက်တွယ်နေတဲ့ပြည်သူအချို့သာကျန်ရှိနေတော့တဲ့ ထီးလင်းမြို့တွင်းသို့ အနီးနားကျေးရွာတွေက မ-သ-မာ-လောဘနဲ့မောဟပွားကာ ဘောမပြီး ဆန်၊ဆီ၊ဆား၊ဆေးလိပ်၊ကွမ်းယာပစ္စည်းစသဖြင့်ရိက္ခာများကို ပို့ဆောင်ရောင်းဝယ်ဖောက်ကားနေကြတဲ့ လူအချို့ရှိနေကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များထံကသိရပါတယ်။စခ၊ရခ၊ပခ များကို ဒေသခံကာကွယ်ရေးအဖွဲ့များက ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ထားခဲ့သည်မှာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ မြို့တွင်းမှာ ရိက္ခာလိုအပ်ချက်ကြီးကြီးမားမားဖြစ်ပေါ်နေသည်ကိုအခွင့်ကောင်းယူကာ ​မြို့နီးနားကျေးရွာများက လူတချို့ဟာ အမြတ်ကြေးငွေများရယူလျက် ပို့ဆောင်ရောင်းဝယ်နေသည်ကိုတွေ့ရှိနေရကြောင်းနဲ့ လက်ပူးလက်ကြပ်ဖမ်းမိပါက ထိရောက်စွာအရေးယူမည့်အကြောင်းကိုလည်း ယခင်ကတည်းကသတိပေးတားမြစ်ထားကြောင်း ထပ်မံသတိပေးပြောကြားလာပါတယ်။

ယနေ့ ထီးလင်းမြို့ပေါ်မှာ အခြေခံ စားသုံးကုန်အချို့ရဲ့ကုန်စျေးနှုန်းများ

#စပါး တစ်တင်း ကျပ် ၅၀၀၀၀
#စားဆီ ဆယ်ပိဿာ တစ်ပုံး ကျပ် ဆယ်သိန်းခန့်
(၁၀၀၀၀၀၀)
#ဆားတစ်ပိဿာ ကျပ် ခြောက်ထောင်
#Gas မီးခြစ်တစ်လုံး ကျပ် ငါးထောင်
#ကွမ်းသီးတစ်ပိဿာ ကျပ် တစ်သိန်းငါးသောင်း
#ကွမ်းရွက်တစ်ဆယ်သား ကျပ်ငါးထောင်
#ဆေးလိပ်(ဖက်ကြမ်း) တစ်စည်း ကျပ် နှစ်သောင်းငါးထောင် စသဖြင့် အသီးသီးစျေးပေါက်နေကြောင်းသိရပါတယ်။

ရွှေထီးခန်းမက စခ၊ပခ တွေဟာ အခုလတ်တလောအခြေအနေမှာညဖက် လ-က်-န-က်-ကြီးများရမ်းသမ်းထုနေတာကလွဲရင် စစ်ကြောင်းမထွက်ငြိမ်နေလျက်ရှိကာ မြို့စွန်တွေကို ကင်းပုန်းများအထူးကြပ်မတ်ချထားလျက်ရှိကြောင်းလည်းသိရပါတယ်။

#ထီးလင်းမြို့တွင်းက Non Cdm များ၊စခ၊ရခ၊ပခ များအမြန်အလင်းဝင်ကြပါ

#မြို့တွင်းကိုရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများရပ်တန်းကရပ်ကြပါ

#မိဘပြည်သူများနဲ့မြို့နားနီးကျေးရွာများက ပြည်သူများစစ်ရေးသတိအမြဲရှိနေပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Jan 24 ,  1:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ပုလဲ⚠️

တံတားဦးလေတပ်တက် K-8W Fighter Jet (1)စီး ​ပုံ​တောင်ဖြတ်၍ အ​နောက်အရပ်သို့ ပျံသန်း။

#NAS
Jan 24, 1:19PM
📡သတင်းပို့ရန် @infonas
"တော်လှန်ရေးမှာ စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေ မချိုးဖောက်ကြဖို့ NUG အစိုးရ ယာယီသမ္မတ သတိပေး"

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတွေ မချိုးဖောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်း ပြောဆိုပါတယ်။

မနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃/၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေး မိန့်ခွန်းမှာ ယာယီသမ္မတက အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။

"ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေး ကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသ အသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှား တွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေး အောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်" လို့ သူက ပြောဆိုပါတယ်။

အခုလို တော်လှန်ရေးကာလ စစ်စည်းကမ်း ကျင့်ဝတ်တွေကို ကျေပွန်လိုက်နာဖို့ ကိစ္စဟာ NUG အစိုးရ လက်အောက်က PDF တွေတင်မကဘဲ ကျန်တဲ့ ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်တယ်လို့ သူက ဆိုပါတယ်။

"အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF/LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်" လို့ NUG ယာယီသမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွင်း အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ရှေ့က စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန်ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တချို့အဖွဲ့တွေက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်းတွေကတော့ နယ်မြေ တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေတယ်လို့ NUG အစိုးရ ယာယီသမ္မတက ပြောပါတယ်။

နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့ စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်း လိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအနေနဲ့ အချိန်ယူနေရသေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အနိုင်ရလိုဇောနဲ့ စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့လည်း သူက သတိပေးပါတယ်။

"စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျှော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်" လို့ ဆိုပါတယ်။

စစ်ရေးစည်းကမ်း ချိုဖောက်မှုတွေကိုလည်း ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှုပြစ်ဒဏ် ပေးဖို့နဲ့ တော်လှန်ရေးအတွင်းမှာ ထားရှိတဲ့မူအတိုင်း အထူးကြပ်မတ် ဆောင်ရွက်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုပါတယ်။

#4C_TruthNews
Forwarded from အောင်စစ်သည် (အောင်စစ်သည်)
24.1.24

မန်းတိုင်းစစ်ရုံးအတွက်ပါ🚨BREAKING NEWS🚨

မန္တ​လေး -ဧရာဝတီမြစ်​ဘေး​တောက်​လျှောက်က​နေမန္တ​လေး၊ စစ်ကိုင်း၊​မတ္တရာ၊​ပုသိမ်ကြီးကျောက်ဆည် မြို့ထဲကိုအကြမ်းဖက်သကသTNLAနဲ့ MDYPDF အဖွဲ့ အဖျက်အ​မှောက်လုပ်ရန် ကားကြီးကားငယ် ဆိုင်ကယ် နဲ့ ပြည်သူအသွင်ယူ လှုပ်ရှား​နေ​ကြောင်း အတွင်းသတင်း​ပေးပဒတ်ထံမှ သတင်းရရှိ...

​ရွှေမန်းသားတို့ မြို့ဝင်/ထွက်ဂိတ်တွေ အထူးကြပ်မတ်စစ်​ဆေးနိုင်ပါရန်လေးစားစွာအကြံပြုတင်ပြအပ်ပါသည်..

https://t.me/aung4661
‼️Breaking News - ဆီဆိုင်မြို့ ရဲစခန်းကို PNLA သိမ်းပိုက်‼️

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ရဲစခန်းကို ဇန်နဝါရီလ ၂၄ ရက် ဒီကနေ့ ညပိုင်းတွင် PNLA တပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

ဒီကနေ့ ညနေပိုင်းက ဆီဆိုင်တောင်ပိုင်း ပုံလောင်းဒေသကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းမှ လာရောက်ဗုံးကြဲပြီးနောက် ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ ည (၇) နာရီ ဝန်းကျင်တွင် ရဲစခန်း အသိမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

#4C_TruthNews
Forwarded from Hlaing Info
တိုင်းပြည်ကိုလည်းချစ်ပါ၊ မိသားစုကိုလည်းမြတ်နိုးပါ.
+++++++++++++++++++++++++++++

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့
အာဏာစသိမ်းလိုက်တော့. တပ်ထဲမှာ အများစုကပျော်ကြတယ်။

ငါတို့ဘဘကြီး လုပ်နိုင်တယ်၊
ငါတို့ဘဘကြီးသာ သမ္မတဖြစ်ရင် ငါတို့စစ်သားတွေဘဝ လူမွေးလူတောင်ပြောင်မယ်၊
စစ်သားဆိုတာနဲ့ ပြည်သူတွေကြား ခေါင်းမော့ရင်ကော့နိုင်တော့မယ်၊
စီးပွားရေးတွေ တဟုန်ထိုး တိုးတက်လာမယ်၊
ဘာသာတရားလည်း ပိုထွန်းကားလာတော့မယ် ဘာညာပေါ့လေ။

ပညာနည်းနည်းတတ်ပြီး တွေးခေါ်တတ်တဲ့ အရာရှိတွေ၊ စစ်သည်တွေကတော့ အနာဂတ်အရေးတွေးပြီး ရင်လေးနေခဲ့ကြတယ်။

ဒီမိုး ဒီလေ ဒီလူတွေနဲ့တော့ အရာအားလုံး ပျက်စီးတော့မယ် ဆိုတာ ခံစားမိနေခဲ့ကြပြီးသား။

ကျွန်တော်တို့တပ်ကထွက်စဉ်တုန်း ဘယ်ကုမ္ပဏီ ဘယ်လုပ်ငန်းလုပ်လုပ် တပ်ထွက်အဖြစ် လေးလေးစားစား ဆက်ဆံခံရတယ်၊ နေရာလည်းရခဲ့ကြတယ်။

လူတွေရဲ့ချစ်ခင်ယုံကြည်မှုကိုလည်း ခံခဲ့ကြရတယ်။

အခုဆိုရင်..
စစ်တပ်ဆိုတဲ့အသံကြားတာနဲ့တင် လူတွေက ရွံရှာစက်ဆုပ် မုန်းတီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတော့တာပဲ။ ဘယ်နေရာသွားသွား ပုန်းလျှိုးကွယ်လျှိုးနဲ့ ကိုယ့်ဘဝအမှန်ကိုတောင် ချပြဖို့မဝံ့ရဲတော့တဲ့ ဘဝတွေနဲ့။

တနေ့က တပ်ထွက်အသိတယောက် ပစ်သတ်ခံရတော့ လူတွေအားလုံးက ပျော်နေကြတယ်။

ပျော်မှာပေါ့လေ မအလနောက်လိုက်ဆိုတာနဲ့တင် တံတွေးခွက်မှာ ပက်လက်မျောပြီးသား မဟုတ်လား။

ဒါဟာ ပြည်သူတွေကြားထဲက ကျွန်တော်တို့ဘဝတွေရဲ့ တကယ့်အဖြစ်မှန်..။

တပ်ထဲမှာတုန်းက ကျက်လိုက်ရတဲ့ ကျင့်ဝတ်ခြောက်ဆယ်ဆိုတာ စာအုပ်ထဲက ဒဏ္ဍာရီများလားပဲ။

တနေ့ ခရီးသွားတော့ လမ်းမှာကားပေါ် လာတက်စစ်တဲ့ စစ်သားတွေဆိုတာ ဂျပန်ခေတ်က ဖက်ဆစ်အဘတွေများလား အောက်မေ့ရတယ်။ မနေနိုင်လို့ ဝင်ပြောတော့ သားအရွယ်ရှိတဲ့ စစ်သားက ခင်ဗျားက ဘာကောင်လဲ သေချင်လို့လား ဆိုပဲ။

ဘာတွေဖြစ်ကုန်တာလဲ မင်းအောင်လှိုင်..။

တလောတုန်းက မိတ်ဆွေတယောက် တိုးတိုးတိတ်တိတ်လာပြောတယ် ကျွန်တော့်သားမက် ရှေ့တန်းထွက်နေတာ နှစ်နှစ်ကျော်ပြီ၊ ဘာသတင်းမှမရလို့ သမီးက တငိုငိုတရီရီနဲ့ ဖြစ်နေလို့၊ အဆက်အသွယ်ရှိရင် စုံစမ်းပေးပါဦး၊ တပ်ကထွက်လို့ရအောင်ရော လုပ်ပေးလို့ရမလား၊ လိုက်ရမယ်ဆိုလည်း ဘယ်လောက်ကုန်ကုန်   ခြံရောင်းပြီးပေးပါ့မယ် တဲ့။

ဪ..ဟိုတချိန် သူ့သမီးမင်္ဂလာဆောင်တုန်း

ငါ့သားမက်က စစ်တပ်အရာရှိ ဗိုလ်ကြီးလေကွာဆိုပြီး အရပ်တကာ ပတ်ကြွားနေတဲ့ မျက်နှာနဲ့တခြားစီ။ မြေးလေးချီရင်း မျက်ရည်လေးစမ်းစမ်းနဲ့မို့ သံဝေဂရမိပါရဲ့။

ဘာတွေဖြစ်ကုန်ပြီလဲ မင်းအောင်လှိုင်.။

ဒေါ်လာဈေး ရွှေဈေးက သုံးဆ၊ စက်သုံးဆီနဲ့တကွ စားသောက်ကုန်တွေက လေးငါးခြောက်ဆတက်။

စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွတွေေက အဝီစိထိုးကျ။
သူခိုး၊ ဓားပြ၊ မုဒိန်း၊ လူသတ်ကောင်တွေက လမ်းတွေပေါ်မှာ ပေါ်ပေါ်ထင်ထင် လုယက်လူသတ်ပါမစ်ရ။

ဘာတွေဖြစ်ကုန်ကြတာလဲ မင်းအောင်လှိုင်။

သာသနာဘက်လှည့်ကြည့်တော့လည်း.

သေနတ်ကိုင်တဲ့ ဘုန်းကြီးတွေ၊ လူထုအပေါ် အကြမ်းဖက်ရေးတရားဟောနေတဲ့ အရေခြုံ သင်္ကန်းဝတ်တွေ၊ သမိုင်းထဲကဘုရင်တွေပါဆွဲထည့်ပြီး မအပ်မရာမြှောက်ထိုးကော်ပင့်ရင်း

ဟင်းပွဲသုံးရာ၊ ဒေါ်လာအလန်းဇယားတွေနဲ့ သာသနာကို ခုတ်ထစ်ရောင်းစားနေတဲ့ စမိုင်းလင်းကိုယ်တော်တွေက (တိုင်းပြည်ဘုန်းဘုန်းလဲပြိုကျနေချိန်မှာ) တပြုံးပြုံးနဲ့ အောင်ပွဲခံနေကြ။

ဘာတွေဖြစ်ကုန်ကြတာလဲ မင်းအောင်လှိုင်။

တလောတုန်းကလည်း မိသားစုချင်း ရင်းနှီးတဲ့ တပည့်အရာရှိတယောက်ရဲ့ ဇနီးနဲ့ အမှတ်မထင်ဆုံမိတော့ အကဲစမ်းရင်း မေးလိုက်မိတယ်.
ဟိုကောင် CDM လုပ်လာတာလားပေါ့.

ရင်းနှီးတဲ့သူတွေချင်း အခုမှတွေ့ရတော့ ချုံးပွဲချငိုပါလေရော။
CDM လုပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ယောက်ျားက တိုက်ပွဲကျသွားကြောင်း.

သေတာကိုတောင် တပ်က အသိမပေးကြောင်း.

PDF တွေဖုန်းဆက်မှ သိပြီး နာရေးကိုလည်း တလကျော်ကြာမှ အများနဲ့ပေါင်းလုပ်ရကြောင်း အလောင်းလည်းပြန်မမြင်ရကြောင်း.
ဇာတိရပ်ရွာပြန်တော့လည်း ဘယ်သူ့ကိုမှ အသိမခံရဲခဲ့ကြောင်း.

သိတဲ့သူတွေကလည်း မိမိကိုသာမက မိမိသားလေးကိုပင် ကလေးချင်း ရွံရှာသလို ဝိုင်းကြဉ်ကြတာ ခံခဲ့ရကြောင်း..

ဇာတိမြို့ဘက် တိုက်ပွဲဖြစ်တော့ ဒီဘက်ကိုစစ်ရှောင်တွေနဲ့အတူ ပြေးလာရကြောင်း.

ဒီဘက်ရောက်တော့လည်း ကလေးကို အဖေအကြောင်း မပြောမိအောင် သင်ပေးထားပြီး ဇာတ်မြှုပ်နေရကြောင်း. အခုအလုပ်လိုက်ရှာနေရကြောင်း.  

စသည်ဖြင့်ဇာတ်ပေါင်းတော့ စိတ်ထဲမကောင်းတာနဲ့ တတ်နိုင်သလောက်အကူအညီပေး၊ အားမငယ်ဖို့ ဖြေသိမ့်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်။
ဘာတွေဖြစ်ကုန်ကြတာလဲ မင်းအောင်လှိုင်။


တကယ်တော့.
၂၀၂၁ ကတည်းကတည်း ပြည်သူတွေဟာ သူတို့ဆန္ဒကိုလေးစားဖို့၊ ပြည်သူ့ဘက်ကနေရပ်တည်ဖို့ (သွေးမြေခချိန်မှာတောင်) တပ်မတော်သားတွေကို တောင်းပန်ရင်း တောင်းဆိုခဲ့ကြတာပါ။

မအလနဲ့လက်တစ်ဆုပ်စာ အာဏာရူးတွေက သဘောထားသေးသိမ်ယုတ်မာသလောက် ပြည်သူတွေက စစ်သားတွေအပေါ် သဘောထားကြီးစွာ လက်ကမ်းကြိုဆိုခဲ့ကြဖူးပါတယ်။

ပြည်သူဘက် အချိန်မရွေးဝင်လာနိုင်အောင် တံခါးတွေလည်း ဖွင့်ထားခဲ့ကြဖူးတယ်။

စစ်မြေပြင်မှာတောင် စစ်သုံ့ပန်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်ဖို့ အခွင့်အရေးတွေ ပေးခဲ့ကြဖူးတယ်။

အခုချိန်ထိလည်းတံခါးတွေ ဖွင့်ထားဆဲ၊ ဖွင့်ထားမြဲ။
တံတားဦး

တံတားဦးလေတပ်မှ Fighter Jet (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

#NAS
Jan 25, 2:03AM
📡သတင်းပို့ရန် @infonas
🟥 မရမ်းကုန်း
*
လှိုင်သာယာမှ သမိုင်းလမ်းဆုံသို့လာတဲ့ဘက်အခြမ်း သမိုင်းခုံးကျော်တံတားမှာ ယာဉ်အစစ်အဆေးရှိ
*
9:44 PM
📬 @Inform_RSN
⚠️မိတ္ထီလာ

ရှမ်းတဲလေတပ်မှ K8W Jet Fighter 1 စင်း တောင်သို့ ပျံသန်း။

#EAR #WaiHin
Jan 25, 7:39 AM
📫သတင်းပို့ရန် @WaiHinBot
တံတားဦး ⚠️

တံတားဦးလေတပ် မှ နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး အနောက်  သို့ ပျံတက် ။

#WaiHin
Jan 25, 6:40 PM
📫သတင်းပို့ရန် @WaiHinBot
မိတ္ထီလာ

မိတ္ထီလာမြို့နယ်ဖြတ်၍ Y-12 Military Transport Aircraft 1 စီး အ‌နောက်မြောက်သို့ ပျံသန်း။

#EAR
#WaiHin
Jan 25, 8:25PM
📫 သတင်းပို့ရန်@WaiHinBot
🌻မင်္ဂလာနံနက်ခင်းလေးပါ🌻

ဓမ္မဘက်တော်သား

တစ်ယောက်စီတိုင်းအပေါ်

ကောင်းခြင်းအဖြာဖြာကျရောက်ပါစ
ေ။

📪သတင်းပို့ရန်@YayPyinBot
ရေစကြို

ရုံးပေါင်းစုံအတွင်းမှ မအလ စခများ ယနေ့ ညပိုင်း ၇ နာရီ ဝန်းကျင်အချိန် လက်နက်ကြီးများဖြင့် မနားတမ်းယမ်းကား ပစ်ခတ်နေ။
Jan 26