ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.53K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
"မင်းအောင်လှိုင် ဖမ်းဝရမ်း အပေါ် လေ့လာသူများ၏ သုံးသပ်ချက်"

ဗြိတိန် အခြေစိုက် ဘားမားကမ်ပိန်းမှ အိုင်စီစီ၏ မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်ရန် စီစဉ်လာမှုကို ကြိုဆိုလိုက်သည်။

ယင်းကိစ္စသည် လုပ်သင့်သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး မြန်မာနိုင်ငံ တဝှမ်းလုံးက ကြိုဆိုကြမည်သာ ဖြစ်သည်ဟု အမှုဆောင် ဒါရိုက်တာ အင်နာ ရောဘတ်က ဆိုသည်။ ၎င်းတို့ဖက်က ရှက်ရှက်နှင့် ပမာမခန့် လုပ်လာမည်သာ ဖြစ်သော်လည်း တကယ်တမ်းတွင်မူ စစ်တပ်တစ်ခုလုံး တုန်လှုပ်သွားမည်သာ ဖြစ်သည်။ ၎င်းတို့၏ လုပ်ချင်တိုင်း လုပ်ခွင့်ရနေသည့် နေ့ရက်များ ‌အဆုံးသတ်သွားတော့မည် ဆိုသည်ကို သိလာကြ၍ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

အိုင်စီစီ ရှေ့နေချုပ် ကာရင်ခန်မှ ၂၀၁၉ ကတည်းကစခဲ့သည့် ၎င်း၏ စုံစမ်းစစ်ဆေးနေမှုများ အသစ်တဖန် အာရုံစိုက်စရာများ ထွက်ပေါ်လာ၍ ဖြစ်သည်ဟု ပြောလာသည်။

မြန်မာအရေး လေ့လာသူ ဒေးဗစ် မေသီဆန်က အစ္စရေး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမားစ် စစ်ခေါင်းဆောင်တို့အပေါ် ဖမ်းဝရမ်းထုတ်ပြီး ရက်အနည်းငယ်အကြာ ထွက်ပေါ်လာခြင်းဖြစ်၍ ၎င်းတို့ဖက်မှ ဘက်လိုက်မှုမရှိသည်ကို ပြနိုင်ရန် နိုင်ငံရေးအရ အသုံးတည့်နေသည့် ရိုဟင်ဂျာအရေးကို အသုံးချလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့၏ မြန်မာအရေးတာဝန်ခံ ရစ်ချတ် ဟိုဆေးကမူ ပူတင်သည်လည်း ဖမ်းဝရမ်း ထုတ်ခံထားရ၍ မင်းအောင်လှိုင်မှ ဆရာတပည့် နှစ်ယောက်အတူတူ ဖြစ်သွားပြီဆိုကာ ဂုဏ်ပြုတံဆိပ် ချီးမြှင့်ခံရသည့်အလား ဂုဏ်ယူကောင်း ဂုဏ်ယူနေမည် ဖြစ်သည်ဟု ဆိုသည်။

ဤသည်ကလည်း ၎င်း၏ စဉ်းစားတွေးခေါ်မှု အတိုင်းအတာကို သဘောပေါက်နေ၍ ထိုသို့ မှတ်ချက်ချလိုက်ခြင်းသာ ဖြစ်ပေမည်။

ဖမ်းဝရမ်း အတည်ဖြစ်လာက အိုင်စီစီအဖွဲ့ဝင် ၁၂၄ နိုင်ငံစလုံးက ၎င်းအား ဖမ်းဆီးပေးရန် တာဝန်ရှိလာပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် အိုင်စီစီအဖွဲ့ဝင် မဟုတ်‌သော ၎င်း၏ ဆပ်ပလိုင်ယာများဖြစ်သည့် ရုရှား၊ တရုတ် တို့ကိုသာ ခရီးထွက်နိုင်သည့် လူမျိုး ဖြစ်နေသည်။

မင်းအောင်လှိုင်သည် ပြည်တွင်းရှိ စီမံကိန်းများ၊ လယ်ယာလုပ်ငန်းများ၊ ၎င်း၏ ဒဏ်ရာရ စစ်သားများအား သွားရောက်ကြည့်ရှုခြင်းဖြင့် အချိန်ကုန်နေတတ်သူ ဖြစ်သည်။ ဤသည်ကိုပင် ကြိုတင်အသိပေးခြင်း မရှိဘဲ သွားရောက်တတ်သူ ဖြစ်သည်။

ထို့အတွက် ၎င်းအား ဖမ်းဆီးနိုင်ရန် အခွင့်အလမ်းသည် ပြည်ပသို့ ခရီးထွက်မှသာ ဖြစ်နိုင်သည်ဟု စင်္ကာပူ၏ အစိုးရ အာဘော်တပိုင်းဖြစ်‌သော စထရိတ်တိုင်းမ် သတင်းစာမှ ဗြောင်ကျကျပင် ရိုက်တာသတင်းကို ဖော်ပြလာသည်။

မင်းအောင်လှိုင်သည် အိုင်စီစီအဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများသို့သာ ရွေးသွားမည့်လူဖြစ်၍ ထိုသို့သော အခွင့်အရေးများ ရနိုင်မည်မဟုတ်ဟု ဒေးဗစ် မေသီဆန်က ဆိုသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အတွင်းရေးမှုးချုပ်ဖြစ်သူ အက်ဂနက်စ် ကာလာမတ်က မင်းအောင်လှိုင်သည် နိုင်ငံတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၏ ဗဟိုချက်မကြီး ဖြစ်နေ၍ ၎င်းအား ဖမ်းဆီးရေးအတွက် ဝရမ်းထုတ်ပြန် ကြိုးပမ်းလာမှုသည် ပြတ်သားသော လုပ်ရပ်ဖြစ်သည်ဟု ဆိုကာ ကြိုဆိုလိုက်သည်။

မြန်မာတွင် ထင်ရာစိုင်း လုပ်နိုင်ခွင့်ဆိုသည့် စည်းကျိုးပေါက်သွားပြီဟုလည်း ဆိုသည်။

မြန်မာအရေး အထူးအကြံပေးကောင်စီမှ အိုင်စီစီ၏ ကြေညာချက်သည် အချိန်နှင့်တပြေးညီ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါလရှီလမှ အိုင်စီစီ၏ လုပ်ရပ်အပေါ် ကြိုဆိုကြောင်း ပြောကြားလိုက်ပြီး၊ မြန်မာပြည်သူများ အထူးသဖြင့် ရိုဟင်ဂျာများအတွက် တာဝန်ခံယူနိုင်မှု ထွက်ပေါ်လာတော့မည်ဟု ဆိုသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အိုင်စီစီသည် တရားသဖြင့် မျှမျှတတရှိရမည်၊ ပေးအပ်ထား‌သော တာဝန်များကိုလည်း နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်သည်ဟု ပြောလာခဲ့သည်။

အိုင်စီစီ ရှေ့နေချုပ် ကာရင်ခန်မှ ၂၀၁၉ မှစ၍ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်နှင့် ရိုဟင်ဂျာ မဟုတ်သည့် အရပ်သားများကို အကျအန စုံစမ်းစစ်ဆေးခဲ့မှုအပေါ် အခြေခံသည့် ဖမ်းဝရမ်းဖြစ်ပြီး မင်းအောင်လှိုင်သာမက နောက်ထပ်လည်း ထွက်လာဖို့ရှိနေသည်ဟု ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ၏ ရိုဟင်ဂျာ တာဝန်ခံဖြစ်သူက ယင်းသည် အရေးပါသော ခြေလှမ်းတရပ်ဖြစ်ပြီး တရားမျှတမှုနှင့် တာဝန်ခံမှု ရှိလာတော့မည် ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

လက်ရှိတွင်တော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကြီးသည် နိုင်ငံတကာအလယ်တွင် ဖမ်းဝရမ်း ထုတ်ခံရတော့မည့် ရာဇဝတ်သားကြီးအဖြစ် ရှုမြင်ခံနေရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

✍️ Hla Soewai

#4C_TruthNews
Forwarded from Wai Hin (ဝေဟင်) (Domino)
တံတားဦး

တံတားဦးလေတပ်သို့ ဂျက်ဖိုက်တာ ၁ စီး  မြောက်ဘက်မှ ဆင်းသက်။

#WaiHin
Nov 29, 10:52AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (😞ဘကြီးအောင် ညာတယ်😞)
⚠️မိတ္ထီလာ

ရှမ်းတဲလေတပ်မှ K8-W Jet Fighter 1စင်း မြောက်သို့ ပျံတက်။

11:15, Nov 29
#EAR
#WaiHin
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (😞ဘကြီးအောင်ညာတယ်)
မကွေး⚠️

မကွေးလေတပ်မှ  ဂျက်ဖိုက်တာ ၁ စီး အနောက် မြောက်သို့ ပျံသန်း ။

#WaiHin
Nov 29,11:32AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (😞ဘကြီးအောင်ညာတယ်)
တံတားဦး⚠️

တံတားဦးလေတပ်မှ   ဂျက်ဖိုက်တာ   ၁ စီး မြောက်ဘက်သို့ ပျံတက်။

#WaiHin
Nov 29, 11:37AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝚁𝚎𝚒𝚊)
တံတားဦး ⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး  အနောက်မြောက်ဘက်သို့ ပျံတက်။။

#WaiHin
Nov 29, 11:38AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝚁𝚎𝚒𝚊)
စစ်ကိုင်း⚠️

စစ်ကိုင်းမြို့နယ်အလယ်ကြောဖြတ်၍ ဂျက်ဖိုက်တာ ၁ စီး မြောက်ဘက်သို့ ပျံသန်း။။

#WaiHin
Nov 29, 11:40AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝚁𝚎𝚒𝚊)
စစ်ကိုင်း⚠️

စစ်ကိုင်းနယ်သို့ ဂျက်ဖိုက်တာ ၁ စီး  ပျံသန်းဝဲ။။

#WaiHin
Nov 29, 11:42AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝚁𝚎𝚒𝚊)
မင်းဘူး⚠️

မင်းဘူး အနောက်မြောက်ဖြတ်၍ ဂျက်ဖိုက်တာ ၁ စီး အနောက်မြောက်ဘက်သို့ ပျံသန်း။။

#WaiHin
Nov 29, 11:45AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (😞ဘကြီးအောင်ညာတယ်)
ပခုက္ကူ⚠️

ပခုက္ကူဖြတ်၍ Y12 စစ်ထောက်ပို့ ဗုံးကျဲ လေယာဥ် ၁ စီး အရှေ့မြောက်ဘက်သို့ ပျံသန်း။။

#WaiHin
Nov 29, 12:07 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြို

ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း ရဲစခန်းမှ ထွက်လာ စခ ပခ ရခများဟာ တောင်အို ခွေးဂိတ်ထဲရောက်ရှိနေကြောင်းသိရပါသည်။

Nov29,2024(Fri)7:15AM

Y.S.O./ AZ

Myaing 3 Star

သတင်းပေးပိုရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
နေပြည်တော်⚠️

နေပြည်တော်ဖြတ်၍   ဂျက်ဖိုက်တာ တစ်စီး  မြောက် ဘက်သို့ ပျံသန်း။

#WaiHin
Nov 29, 12:30 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
မုံရွာ နမခ ⚠️

မုံရွာ နမခမှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး အနောက်တောင်အရပ်သို့ ပျံတက်။

#WaiHin
Nov 29,12:32 PM
📫သတင်းပို့ရန် @WaiHinScout_Bot
တောင်သာ

Nov 29
9:45AM

ရုံးစည်ကြီးတပ်စွဲထားသော စခများမှ အင်အား ၆၀ခန့်ပါစစ်ကြောင်းသည် ပန်းပေါင်းရွာဘက်သို့ ခြေလျင်ထွက်သွားပြီး ပန်းပေါင်းအရှေ့ရွာ၏ အရှေ့ဘက်တောရိုးအတွင်းရောက်ရှိနေ၊

ရုံးစည်ကြီး-မလှိုင်လမ်း ကမ်းဘားဖြူထိပ် ကုက္ကိုပင်အောက်တွင် စခများမှ လမ်းသွား/လာ များအားစစ်ဆေးနေ၊

ကျောက်ပန်းတောင်းဘက်မှ ဖောကားအပြာတစ်စီးနှင့် စခများအပြည့် (ခန့်မှန်း အင်အား ၄၀) သည် ဝဲလောင်မှ တစ်ဆင့်တောင်သာဘက်သို့ ဦးတည်ထွက်သွား၊

ပြည်သူများသတိထားသွားလာကြပါ


Nov 29
10:22AM

ကျောက်ပန်းတောင်းဘက်မှ ထွက်လာသော HENO ခေါင်းအပြာကားဖြင့် စခအင်အား ၄၀ ဝန်းကျင်သည် ကျောက္ကာတောင်ကုန်းမှ အုတ်ဖို၊ရှောက်ပင်၊ ၎င်းမှတစ်ဆင့် ဆီမီးကန်ဈေးထိပ်မှ တောင်ဘက်သို့တက်ကာ တောင်သာ-ဝဲလောင် လမ်းပေါ်ရှိ သဲတော-ရေကျော် တံတားသို့ ရောက်နေ၊ ၎င်းအဖွဲ့သည် အရှေ့ဘက်ရှိ မကျီးချိုကျေးရွာအုပ်စုဘက်သို့
ဆက်လက်ထွက်ခွါနိုင်သည်ဟု ခန့်မှန်းရ၊

Edit; 10:45AM
၎င်းစခများ သဲတောရွာအရှေ့ဘက် ကျောက်စိမ်းဘုရားအတွင်းရောက်ရှိနေ

ပြည်သူများသတိထားနေထိုင်ကြပါ

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
MRSN
Nov 29  , 12:43 PM
📬သတင်းပို့ရန်
@MagwayScoutBot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
တောင်ငူ -ပဲခူးတိုင်း⚠️

တောင်ငူ လေတပ်တက်  Jet Fighter (1)စီး တောင်ဘက်သို့ ပျံသန်း။

#WES
#WaiHin
Nov 29, 12:30  PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
မုံရွာ နမခ

မုံရွာ လေဆိပ်သို့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ပြန်လည်ဆင်းသက်။။

#WaiHin
Nov 29,12:36 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး အမြန်လမ်းစီမံကိန်းအတွင်းမှာ မတော်တဆဖြစ်မှုကြောင့်  လူ ၄ဦး သေဆုံး
နိုဝင်ဘာ ၂၉၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သစ်ဧရိယာမှာ တည်ဆောက်ဆဲ တံတားတစ်ခုရဲ့ ကရိန်းနဲ့ ကွန်ကရစ်အပိုင်းတွေ ပြိုကျခဲ့မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ရာမ ၂ လမ်းမကြီးအနီးမှာရှိတဲ့ အမြန်လမ်းတည်ဆာက်ရေးစီမံကိန်းအတွင်းက အဆိုပါတံတား ပြိုကျမှုကြောင့် အနီးနားမှာရှိတဲ့ လူ ၄ဦးသေဆုံးခဲ့တဲ့အပြင် အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံသတင်းတွေမှာ ဖော်ပြနေပါတယ်။
ယနေ့ မနက်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ တံတားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူးဟုသိရ။
https://t.me/m2nQSzdXozljZmM1
မြိုင်~3Star