ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပုလဲ

ယနေ့ပုလဲမြို့ပေါ်သို့ နမခတက်
Mi 17 သယ်ပို့ရဟတ်ယာဥ် တစီးဖြင့် 9:45 AM အချိန်က နမခမှ
စခများနှင့် ပေါ်တာဆွဲခံရသော
လူသစ်စစ်သား ၂၅ ကောင်ခန့် ချသွားခဲ့ကြောင်း #Waihin ချန်နယ်(လေကြောင်းရန်ကာကွယ်ရေး) မှ တဆင့်သိရှိရပါသည်။

#SSN
Nov 22 , 10:24AM

https://t.me/m2nQSzdXozljZmM1
⚠️မုံရွာ

မုံရွာ နမခမှ သံပြားကာကား ၁ စီးအင်အားအပြည့်ပါ တောင်သို့မောင်းသွား။

#SSN
Nov 22 , 10:31AM
https://t.me/m2nQSzdXozljZmM1
⚠️ရေဦး

ရေဦးတိုင်းရင်းခွေးခြံမှ ပတ်ဝန်းကျင်အား
နောက်ထပ် လက်နက်ကြီး၁ချက် ထပ်မံပစ်ခက်ထားပါတယ် စုစုပေါင်း၃ချက်ရှိပါပြီဗျ ။

ရေခဲမြစ်ငယ်နွေ(ပင်မ)
#SSN
Nov 22 , 11:07 AM

https://t.me/m2nQSzdXozljZmM1
⚠️ကျွန်းလှ

ကျွန်းလှမြို့နယ် မဒေါင်ကျေးရွာတွင် ဝတ်ကျင်းချတပ်စွဲနေသော စစ်ခွေးနှင့်ပျူခွေးများ အင်အား(စီစစ်ဆဲ)စုပေါင်းအကြမ်းဖက် ခွေးအုပ်စုသည် ဆွဲလှဲကျေးရွာဘက်သို့ ဦးတည်သွားနေ။
ကျွန်းလှမြို့ တမံဂိတ်တွင် အထိုင်ချထားသော တာဝေးပစ် Howitzer ဖြင့် ပစ်ကူပေးနေ။

#SSN
Nov 22, 11:00 AM

https://t.me/m2nQSzdXozljZmM1
မုံရွာမြို့

လဝကရုံးဟောင်းနား ကျောက်စိမ်းဟော်တယ်အနီးငွေတောင်း🐕‍🦺တွေကိုအုံးထားတယ်ဟုသိရ 🐕‍🦺တွေရောက်နေအခု အသွားလာသတိ။
22.11.2024/11:15am

https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မကွေး⚠️

မကွေးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီး
အနောက် မြောက် သို့ ပျံသန်း။

#WaiHin
Nov 22, 11:23 AM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️မုံရွာ

မုံရွာပြည်ထောင်စုလမ်းပေါ်တွင် ခွေးကား ‌၁စီး ပတ်မောင်းနေကြောင်းသိရ။

#SSN
Nov 22, 11:20AM

https://t.me/m2nQSzdXozljZmM1
⚠️မုံရွာ

မုံရွာ ဘူတာအရှေ့ဘက်လမ်းမပေါ်တွင်  လက်နက်ပါ စခ ၆ ကောင်ရှိနေကြောင်းသိရ။

#SSN
Nov 22, 11:20AM
https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (Domino)
ကန့်ဘလူ

ကန့်ဘလူဖြတ်၍ Y-8 စစ်ထောက်ပို့‌လေယာဉ် ၁စီး တောင်ဘက်သို့ ပျံသန်း။

#WaiHin
Nov 22, 11:33AM
📫သတင်းပို့ရန် @WaiHinScout_Bot
ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ်၊ တရော်ကိုင်း ပျူစောထီးကျေး ရွာမှ ပျူစောထီး ၃ ဦးသည် ရိက္ခာရှာဖွေရန်အတွက် တရော်ကိုင်းကျေးရွာဘက်သို့ ထွက်လာစဉ်  ဇေယျာဦး ခေါ် ပျူစော ထီး ၁ ဦးကို တော်လှန်ရေးတပ်များက အရှင်ဖမ်းမိခဲ့ပြီး ကျန် ၂ ဦး မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကလည်း ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာမှ ပျူစောထီး ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန် ပေါက်မြို့အနီးတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၇ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်မြို့နယ် ၊ ဇီးဖြူကုန်း ကျေးရွာ အနီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း၊ အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့  နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ခွေးအတွင်းကျေးရွာအနီး ၁ လုံးနှင့် ခွေးအတွင်းကျေးရွာအတွင်း ၁ လုံး ကျ ရောက်ပေါက်ကွဲခဲ့ရာ အမျိုုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရ သည်။

“တိုက်ပွဲမရှိဘဲနဲ့ ပစ်တာ၊ ၂၁ ရက် ၁၂ နာရီကျော်ကျော်လောက်ကနေ စပစ်တာ၊ ပစ်တာက ၇ လုံးပစ် တာ၊ တစ်လုံးက မကွဲဘူး။ ခွေးအတွင်းရွာမှာက ပြည်သူ ၂ ယောက်ထိတယ်၊ မစိုးရိမ်ရဘူး။ မြေခြား မှာ ထိတာလည်း မစိုးရိမ်ရဘူး။ ဒီနောက်ပိုင်းတော့ ပစ်တာမရှိဘူး။ တိုက်ပွဲလည်းမရှိပါဘူး” ဟု ပေါက်တောင်ပိုင်းကပဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြေခြားကျေးရွာအနီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်လက်နက်ကြီး ၁ လုံးမှာ ပေါက်ကွဲခြင်း မရှိ ကြောင်း သိရသည်။

နိုဝင်ဘာလ၂၁ ရက် နံနက် ၁ နာရီ ၄၀ မိနစ်အချိန်တွင် ပေါက်မြို့နယ် ကပစ ၂၄ တပ်မှ ၈၁ မမ လက် နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ ပလောင်းကျေးရွာ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူလူထု ထိ ခိုက်မှု မရှိကြောင်း သိရသည်။

KhitThitMedia
MRSN

​Myaing 3 Star

https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (🎭)
ထီးလင်း ⚠️

ထီးလင်းနယ်‌တွင် Y-12စစ်ထောက်ပို့ဗုံးကျဲလေယာဉ် တစ်စီး ပျံဝဲနေ။

#WaiHin
Nov 22, 1:37 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ကနီတွင် ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့်
အဓိကကုန်ထုတ်လမ်း ပျက်စီးသွား၍ ဒေသခံများ အခက်ကြုံနေ

ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာချင်းတွင်းမြစ်ကမ်းပြိုကျလို့ အဓိကကုန်ထုတ်လမ်းတစ်ခုပျက်စီးသွားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲကြုံတွေ့နေရပါတယ်။

ကနီမြို့နယ်၊ ကနဲရွာအရှေ့ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဘုတလင်နယ်ကို သွားတဲ့ အဓိက ကုန်ထုတ်လမ်းဟာ မြစ်ရေတိုက်စားပြီးတဲ့နောက် အက်ကြောင်းတွေ ဖြစ်ပေါ်လာပြီး ကွန်
ကရစ်လမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေဟာ လမ်းပန်းဆက်သွယ်
ရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသ
ခံတွေက ပြောပါတယ်။

"အဓိက ကုန်ထုတ်လမ်းဖြစ်တော့လမ်းပန်းဆက်
သွယ်ရေး၊ ကျန်းမာရေးအတွက်အဓိက အခက်
အခဲကြုံကြရတယ်။ စကစရဲ့ တပ်တွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ် တွေ သင်္ဘောတွေနဲ့လာရင် အခုပျက်စီးသွားတဲ့လမ်းကိုပဲ ပြည်သူတွေက အဓိကအသုံးပြုကြရတာ။"လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

အဲဒီမြစ်ကမ်းပြိုကျမှုကြောင့် ကနဲရွာနဲ့ ညောင်ဝန်းရွာတွေပါ ကမ်းပါးပြိုကျမည့်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကနဲရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်က တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီ (၁၇)ဆူလည်း မြစ်ကမ်းဘေး အက်ကြောင်းထတဲ့ နေရာအနီးမှာ တည်ရှိနေတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးမယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအား ကောင်းနေတဲ့ မကွေးတိုင်းက ပခုက္ကူနဲ့ ရေစကြို၊ မန္တလေးတိုင်းက မြင်းခြံ၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေမှာလည်း ကျွန်းပေါ်နဲ့ မြစ်ဘေးကျေးရွာတွေ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုအန္တရာယ် ရင်ဆိုင်နေရပါတယ်။

People's Spring
SSNTIMES