ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တပ်မ (၁၀၁)မှ ထွက်ခွာလာသော စစ်ခွေးကား (၃)စီးသည်၊ ကောင်းစက်ဝိုင်း ခွေးဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 16, 7:32PM


ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တပ်မ (၁၀၁)မှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ မကျီးကန်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။

ညသတင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 16, 7:55PM

#MRSN
#Threestarmyaing
Nov 16 , 8:14PM
📬သတင်းပို့ရန်
@myaing3starbot
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
16.11.2025

ယနေ့မနက်ပိုင်းက မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ကနေ ထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ
ဝက်ပုတ်ရွာနဲ့ ဆိတ်သတ်ရွာအကြား
ကျွဲတွင်းရွာနဲ့ ဝါးရင်းချိုင်ရွာအကြား
ကျွဲတွင်းရွာနဲ့ ဆေးပင်ကြီးရွာအကြား
ဂွေးကုန်းရွာနဲ့ ကမ္ဘားဖြူရွာအကြားကနေတစ်ဆင့်
ညနေ 5:00 ဝန်းကျင်က
ကမ္ဘားဖြူရွာနဲ့ တောင်ရိုးရွာကြားကို
ရောက်နေတယ်လို့ နောက်ဆုံးသိရပြီး
အဲ့ဒီနားတဝိုက် တောထဲမှာ ပျောက်နေတာ
ဖြစ်ပါတယ်။

ည 9:00 ဝန်းကျင်က
ဆေးပင်ကြီးရွာနား ရောက်တယ်လို့ ကြားပေမဲ့
ဘယ်သူမှ အတိအကျ အတည်မပြုနိုင်ပါဘူး။

အဲ့ဒါကြောင့် စစ်ကြောင်းရောက်ရှိနေရာ
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်
ကျွဲတွင်း၊ ဆေးပင်ကြီး ၊ ကမ္ဘားဖြူ ၊ ဂွေးကုန်း၊ တောင်ရိုး ၊ တဲကြီး
အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

We Love Myaing .( ချစ်သော အညာမြေ )
#MRSN
#Threestarmyaing
Nov 17 , 5:17AM
📬သတင်းပို့ရန်
@myaing3starbot
16.11.2025
08:40 pm
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ မှ စခတွေ ကျောက်ထုမြို့ထဲမှာ လှုပ်ရှားမှုရှိနေတယ်လို့သိရပါတယ် စခအင်အား (၈၅)ကောင်ခန့် ကျောက်ထုဘုန်းတော်ကြီးကျောင်း၀င်းနားတစ်ဝိုက်‌ရောက်ရှိနေကြတယ်လို့သိရပါတယ်။နောက်ထပ် ဖောကားနဲ့ အင်အားထပ်တိုးထွက်လာနေတယ်လို့ ကြားသိရပါတယ်။ စခတွေဟာ ညဘက်စစ်ကြောင်းထွက်နိုင်ခြေရှိတာကြောင့် မင်းကြည့်၊လေးရွာ၊ပေါက်ခေါင်း၊ယောမြို့၊ငလွန်း၊ကျောက်ပျဉ်းကျေးရွာနေ မိဘပြည်သူများနှင့် အနီးအနားကျေးရွာမိဘပြာ်သူများ စစ်ကြောင်းသတင်းနားစွင့်ကာ အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------ Aung Gyi ------------------------------

ယောအလင်းတန်း
#MRSN
#Threestarmyaing
Nov 17 , 5:22AM
📬သတင်းပို့ရန်
@myaing3starbot
ယမန်နေ့မနက်က
မြိုင်  တကစ - ၃  စက်ရုံ မှ  ထွက်သွားတဲ့  စခ ပခ အကြမ်းဖက်များ
ပေါက်မြို့နယ်  ကမ္ဘားဖြူ   မြောက်ဘက်  ရေနံမြေလမ်းတောက်ဘက်မှ  အနောက်ကိုဦးတည်နေတယ်လို့  သိရပါတယ်။

ကမ္ဘားဖြူ - ကံသစ်  လမ်းပိုင်း သတိထားကြပါရန်။

Nov , 17  7:10 am
#Pauk   #myaing
#MRSN
#Threestarmyaing
Nov 17 , 7:49AM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ် အနောက်မြောက်ပိုင်း ချိုင်ဇောက်အောက်စု ရောက်နေတဲ့ စခ ပခ အကြမ်းဖက်များ လက်ရှိအချိန်ထိ အဲ့ဒီရွာမှပဲ ရှိနေကြောင်းသိရပါတယ်။
⚠️
ပြည်သူများ သတိထား သွားလာနေထိုင်ကြပါရန် စစ်ရေး အသိ လေကြောင်း သတိရှိကြပါရန်။

#Pauk #myaing
#MRSN
#Threestarmyaing
Nov 17 , 8:00AM
📬သတင်းပို့ရန်
@myaing3starbot
#Updatenews
17.11.2025

ယနေ့မနက် ကမ္ဘားဖြူရွာနဲ့ တောင်ရိုးရွာကြားကနေ
အနောက်ကိုဦးတည်တဲ့ စစ်ကောင်စီတပ်တွေဟာ
8:30 ခန့်မှာ ပေါက်မြို့နယ်
ကံသစ်(ဖုတ်တော)ရွာအရှေ့တောင်ဘက်
တောတိုက်မှာ ရောက်နေပြီလို့ သိရပါတယ်။

မိဘပြည်သူများ သတိဝရိယနဲ့ နေထိုင်ကြပါရန်။

We Love Myaing .( ချစ်သော အညာမြေ )
#MRSN
#Threestarmyaing
Nov 17 , 8:52AM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့မြောက်ပိုင်း ကမ္ဘားဖြူရွာနှင့် တောင်ရိုးရွာကြား ကနေ အနောက်ရပ်သို့ ထွက်ခွာသွားသော အကြမ်းဖက် စစ်ခွေးပျူခွေး အင်းအား (၁၆၀)ခန့်ပါစစ်ကြောင်းသည်၊ ကံသစ်(ဖုတ်တော)ရွာ အရှေ့တောင်ဘက် တောတိုက်မှာ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 17, 8:52AM

#MRSN
#Threestarmyaing
Nov 17 , 9:11AM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်

ပေါက်မြို့နယ် ကမ္ဘားဖြူရွာနှင့် တောင်ရိုးရွာကြား ကနေ အနောက်ရပ်သို့ ထွက်ခွာသွားသော အကြမ်းဖက် စစ်ခွေးပျူခွေး အင်းအား (၁၆၀)ခန့်ပါစစ်ကြောင်းသည်၊ ကံသစ်(ဖုတ်တော)ရွာ အရှေ့တောင်ဘက်နှင့် ကမ္ဘားဖြူရွာ အနောက်မြောက်ဘက် ရှော်ဖြူခင်းကနေ အနောက်ရပ်သို့ ဆက်လက်ထွက်ခွာနေကြောင်းသတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 17, 9:07AM

#MRSN
#Threestarmyaing
Nov 17 , 9:29AM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများဖြင့်အရှေ့မြောက်အရပ်သို့ရမ်းသမ်းပစ်ခတ်နေကြောင်းသိရပါတယ်။
⚠️
ပြည်သူများ  သတိထား သွားလာနေထိုင်ကြပါရန်  စစ်ရေး အသိ လေကြောင်း သတိရှိကြပါရန်။


#MRSN
#Threestarmyaing
Nov 17 ,10:11 AM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများဖြင့်အရှေ့မြောက်အရပ်သို့ထပ်မံရမ်းသမ်းပစ်ခတ်နေကြောင်းသိရပါတယ်။
⚠️
ပြည်သူများ  သတိထား သွားလာနေထိုင်ကြပါရန်  စစ်ရေး အသိ လေကြောင်း သတိရှိကြပါရန်။


#MRSN
#Threestarmyaing
Nov 17 ,10:24 AM
📬သတင်းပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တပ်မ (၁၀၁)မှ စစ်ခွေးကားကြီး (၂)စီးသည်၊ မြိုင်လမ်းဘက်သို့ ထွက်ခွာလာနေကြောင်းသတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 17, 10:12AM

#MRSN
#Threestarmyaing
Nov 17 ,10:28AM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်အခြေစိုက်ကပစ၂၄မှ လက်နက်ကြီးများဖြင့်အရှေ့မြောက်အရပ်သို့ထပ်မံရမ်းသမ်းပစ်ခတ်နေကြောင်းသိရပါတယ်။
⚠️
ပြည်သူများ  သတိထား သွားလာနေထိုင်ကြပါရန်  စစ်ရေး အသိ လေကြောင်း သတိရှိကြပါရန်။


#MRSN
#Threestarmyaing
Nov 17 ,10:47 AM
📬သတင်းပို့ရန်
@myaing3starbot
စစ်အုပ်စုက ကလေးနယ်တောင်ပိုင်းကို ၄ ရက်မြောက့်နေ့အဖြစ်ထပ်မံ ဗုံးးကြဲ

ဆောနယ်အရှေ့ခြမ်းတနေရာကိုပါ ဗုံးးကြဲ

17.11.2025 ၊ကလေး-ဆော

စစ်အုပ်စုက စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်း တနေရာကို ၄ ရက်မြောက်နေ့အဖြစ် ယနေ့မနက်မှာ ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံဗုံးးကြဲခဲ့ကြောင်းသိရပါတယ်။

ယနေ့နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်မှာ ကလေးမြို့နယ်တောင်ပိုင်းတနေရာကို တံတားဦးလေတပ်ကပျံသန်းလာတဲ့ A-5 Boomber Jet တစ်စီးနဲ့ ထပ်မံ ဗုံးးကြဲ ချခဲ့တာဖြစ်ပြီး ယနေ့အပါ ၄ ရက်ဆက် လေကြောင်းတို-က်ခို-က်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကလေးမြို့နယ်တောင်ပိုင်း၊မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနေရာတွေမှာ စစ်အုပ်စုနဲ့ ပြည်သူ့တော်လှ-န်ရေး အဖွဲ့များကြား နေ့စဥ်ရက်ဆက် ထိတွေ့ တို-က်ပွဲ များပြင်းးထ-န်နေတာလည်းဖြစ်တယ်လို့ စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောပါတယ်။

အလားတူ ယနေ့မနက် အစောပိုင်း ၁ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ဆောမြို့နယ်အရှေ့ခြမ်းတနေရာကို မကွေးလေတပ်ကပျံသန်းလာတဲ့ Y 12 စစ်ထောက်ပို့ဗုံးးကြဲ လေယာဥ်တစ်စီးဖြင့် ဗုံးးများ ကြဲ ချ ခဲ့ကြောင်းသိရပါတယ်။

ယခုရက်ပိုင်းတွေမှာ ယောနယ်၊ကလေးနယ်တောင်ပိုင်းနေရာတွေကို စစ်အုပ်စုက လေကြောင်း တို-က် ခို-က်မှုများကို နေ့စဥ်ရက်ဆက်မကြာခဏ ပြုလုပ်နေတာကြောင့် ပြည်သူများ၊ပြာ်သူ့တော်လှ-န်ရေး အဖွဲ့များအနေဖြင့် ကြိုတင်သတိထားကြရန်လည်း လိုအပ်နေပြီလို့ သတင်းရင်းမြစ်ကပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း

#MRSN
#Threestarmyaing
Nov 17 ,11:53AM
📬သတင်းပို့ရန်
@myaing3starbot
အကြမ်းးဖ-က်စစ်အုပ်စုက ကျောနယ် ရွှေပင်ရွာကို ဝင်ရောက်မီးးရှို့၊တစ်ရွာလုံးနီးပါးပြာ-ကျ

17.11.2025 ၊ ဂန့်ဂေါ-ကျော

အကြမ်းးဖ -က်စစ်အုပ်စုက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ကျောမြို့နယ် ရွှေပင်ရွာကို ယမန့်နေ့က ဝင်ရောက်မီးးရှို့သွားခဲ့ကြောင်းသိရပါတယ်။

ကျောမြို့ကပစ ၂၃ က စစ်အုပ်စု စစ်ကြောင်းဟာ ယမန်နေ့ ညနေပိုင်းက ကျောမြို့နယ် ရွှေပင်ရွာကို ဝင်ရောက်မီးးရှို့ဖျ-က်ဆီးးသွားတာဖြစ်တယ်လို့သိရပါတယ်။အခုလို စစ်အုပ်စုက မီးးရှို့တာကြောင့် ရွှေပင်ရွာ တစ်ရွာလုံးနီးပါး မီးးလောင်ပြာ-ကျခဲ့ရပြီး အတည်ပြုဆဲသတင်းအရ ရွာဘုန်းတော်ကြီးကျောင်းပါ မီးးလော-င် ပျ-က်စီးးသွားခဲ့ကြောင်းနဲ့ တစ်ရွာလုံး လူနေအိမ် ၆ လုံးသာ မီးးမလော-င်ဘဲ ကျန်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒေသတွင်း စ-စ်ရေးးတင်းးမာမှုတွေ ဖြစ်ပေါ်နေသလို၊ ပေါက်မြို့နယ်နဲ့ ယောနယ်အကြားရှိ ပုံတောင်နေရာတွေကိုပါ စစ်အုပ်စုက လေကြောင်းတို-က်ခို-က်မှုတွေ မကြာခဏပြုလုပ်နေတာတွေ့ရှိနေတယ်လို့သိရပါတယ်။

အသေးစိပ်အချက်အလက်ကိုဆက်လက်စုံစမ်းအတည်ပြုဆဲ ဖြစ်ပါတယ်။

Vd- ဂန့်ဂေါမြို့နယ်က ရွာတစ်ရွာကို စစ်အုပ်စု မီးးရှို့ဖျ-က်ဆီးးခဲ့စဥ်( အဟောင်း)

@မင်းဒဿ
ယောအလင်းတန်း
#MRSN
#Threestarmyaing
Nov 17 ,12:30 PM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်

ပေါက်မြို့နယ် ကံသစ်(ဖုတ်တော)ရွာ အရှေ့တောင်ဘက်နှင့် ကမ္ဘားဖြူရွာ အနောက်မြောက်ဘက် ရှော်ဖြူခင်းကနေ အနောက်ရပ်သို့ ထွက်ခွာသွားသော စစ်ခွေးအင်းအား (၁၆၀)ပါစစ်ကြောင်းသည်၊ တောင်လုံးနဲ့ ကျောက်တိုင်ခင် ကြားမှာ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 17, 12:33PM

#MRSN
#Threestarmyaing
Nov 17 ,12:54PM
📬သတင်းပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တပ်မ (၁၀၁)မှ စစ်ခွေးကားကြီး (၂)စီးသည်၊ ကိုးပင် အထည်ချုပ်စက်ရုံးသို ရောက်ရှိ​နေကြောင်းသတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
Nov 17, 12:00PM

#MRSN
#Threestarmyaing
Nov 17 ,1:00PM
📬သတင်းပို့ရန်
@myaing3starbot
ပေါက်မြို့နယ်

မြိုင်မြို့နယ်စက်မှု၂မှထွက်ခွာလာသော စစ်ခွေးအင်အား (၁၆၀)ပါစစ်ကြောင်းသည်ပေါက်နယ်အရှေ့မြောက်ပိုင်း
ကမ္ဘားဖြူ/ကံသစ်/တောင်လုံး/ ကျောက်တိုက်ခင် /ထန်းပေါက်ကုန်း ငါးရွာနယ်မြေအတွင်းရောက်ရှိနေပြီး ပေါက်မြို့နယ်
ရွှေဘုံသာပျူရွာကနေထွက်လာသော စစ်ခွေးပျူခွေးအင်အား၂၀၀ပါစစ်ကြောင်းသည် ချိုင်ဇောက်အောက်စု မှ အထက်စုသို့ ရောက်နေပြီလို့သိရပါသည်

#ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။


#MRSN
#Threestarmyaing
Nov 17 ,4:51 PM
📬သတင်းပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကျောက်လှေခါးခွေးဂိတ်ရှိ အကြမ်းဖက်စစ်ခွေးများမှ အရှေ့အရပ်သို့လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်းသိရ ။

လက်နက်ငယ်များလည်းရမ်းသမ်းပစ်ဖောက်နေကြောင်းသိရ။


#MRSN
Nov 17 ,5:09PM
📬သတင်းပို့ရန်
@myaing3starbot