ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ယောဒေသအတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေ

ဂန့်ဂေါ ၊နိုဝင်ဘာ ၂ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် (ယောဒေသ)အတွင်း အောက်တိုဘာလ ၃၁ ရက်‌နေ့မှ စတင်ကာ ဆက်သွယ်ရေး အော်ပရေတာ အားလုံးဖြတ်တောက်နေတာဖြစ်ပါတယ်။ ယင်းဆက်သွယ်ရေး ဖုန်းလိုင်းများကို အော်ပရေတာများဖက်က သီးသန့်ဖြတ်တောက်ထားခြင်းမျိုးမဟုတ်ဘဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မှန်ချိုကျေးရွာအနီးရှိ မြန်မာပိတောက်ကုမ္ပဏီမှ တာဝန်ယူထားတဲ့ တာဝါတိုင်မှ ကြိုးများ ပြတ်တောက်နေခြင်းကြောင့် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။

လက်ရှိ ယောဒေသကိုပေးထားသော ဆက်သွယ်ရေးဖုန်းလိုင်းများသည် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ဖက်မှ လာသော Ooredoo ဖုန်းလိုင်းမှတဆင့် MPTဖုန်းလိုင်းများပါ ရရှိနေခြင်းဖြစ်ပါတယ်။ ယောဒေသအတွင်း ဖုန်းလိုင်းများ အမြန်ဆုံးရရှိရေး ကြိုးစားလျှက်ရှိကြောင်း ဆက်သွယ်ရေးနဲ့ နီးစပ်သူထံမှသိရပါတယ်။

ကို ဘကောင်း
#MRSN
Nov 2 ,  1:44PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပါရာမော်တာဟု ယူဆရတဲ့ ယာဥ်တမျိုး ဂန့်ဂေါနယ်မြောက်ပိုင်းကို ဖြ-တ်ပျံသန်းခဲ

2.11.2025 ၊ဂန့်ဂေါ

ယနေ့စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနသ်ခန့်က မကွေးတိုင်းဂန့်ဂေါမြို့နယ်မြောက်ပိုင်းတနေရာမှာအရှေ့အရပ်မှ အနောက်အရပ်သို့ ပျံသန်းသွားတဲ့ ပါရာမော်တာစက်တပ်ယာဥ်ဟု ယူဆရတဲ့ ယာဥ်တမျိုး ကောင်းကင်ယံမှာ မြင်တွေ့ခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။

Vd-Crd

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Nov 2 ,  2:30PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူမြို့နယ် ကျပ်ပြည့်ရွာမှ ထွက်လာသော စစ်ကြောင်းသည် ရွှေမြင်းတင် ဘုန်းကြီးကျောင်းမှတဆင့် ချောင်းဆုံရွာဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#MRSN
Nov 2 ,  3:10PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ​ မကွေးတိုင်း⚠️

ပခုက္ကူမြို့နယ် ကျပ်ပြည့်ရွာတွင် နောက်ချန် စစ်ကြောင်း တစ်ကြောင်း ကျန်ရှိခဲ့ပြီး စစ်ကြောင်းတစ်ကြောင်းမှာ ချောင်းဆုံရွာဘက်သို့ဝင်ရောက်နေပြီး ပြည်သူပိုင် နေအိမ်များအား ဝင်ရောက် မွှေနှောက်နေကြောင်း သတင်းရရှိပါသည်။

#Threestarsmyaing
3:40PM(Nov-2)
📬သတင်းပေးပို့ရန်
@myaing3starbot
နေပြည်တော် ⚠️

5:40pm(2 Nov)

နေပြည်တော်လေတပ်မှ Jet Fighter  (1) စီး အနောက် ဘက်သို့ ပျံတက်။

⚠️  ရခိုင် ချင်း မကွေး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ပေါက် မြိုင် ထီးလင်း ရေစကြို ကမ္မ မြစ်ခြေ မကွေးတိုင်း ⚠️

ပေါက် မြိုင် ထီးလင်း ရေစကြို ကမ္မ မြစ်ခြေ ဒေသများရှိ မိဘပြည်သူများခင်ဗျာ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်နေထိုင်ကြဖို့ရာ အသိပေးလိုပါတယ်ခင်ဗျာ။

#Threestarsmyaing
4:45PM, (Nov-1)
📬သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့မှ ပခုက္ကူလေယာဥ်ကွင်းအတွင်းသို့ချသွားသော စခကား၆စီးအင်အားမှာ
ပန်းတိုင်ခြုံရွာအနီး တင်ဝင်းထွန်းသစ်စက်ဘေးရှိ ရှော်ဖြူခြံဝန်းအတွင်း ကင်းပုန်းတစ်ဖွဲ့
ရေစကြိုမြို့နယ် ကျောက်လှေခါးရွာအနီးရှိ GTC ကျောင်းတွင် တစ်ဖွဲ့နှင့်
ကျောက်လှေခါး (စကစ)ဂိတ်တွင်တစ်ဖွဲ့ အင်အားဖြန့်ကျက်ပြီး ခွဲချသွားကြောင်းသတင်းရရှိပါသည်။

#Threestarsmyaing
6:50PM,(Nov-2)
📬သတင်းပေးပို့ရန်
@myaing3starbot
ကမ္မ(မြစ်ခြေ) မကွေးတိုင်း⚠️

ပခုက္ကူမြို့နယ် ချောင်းဆုံရွာဘက်မှ ထွက်လာသော စကစ စစ်သားများနှင့် ပျူစောထီးများသည် ကမ္မမြို့ ရဲစခန်းအတွင်းသို့ ယနေ့နံနက် ၈နာရီခန့်တွင် ဝင်ရောက်သွားကြောင်း သတင်းရရှိပါသည်။


#Threestarsmyaing
8:30AM (Nov -3)
📬သတင်းပေးပို့ရန်
@myaing3starbot
ရေစကြို  မကွေးတိုင်း⚠️

ရေစကြိုမြို့နယ် ကျောက်လှေခါးရွာ စကစ စစ်ဆေးရေး ဂိတ်ဘက်မှာ ထွက်လာသော စကစ စစ်သားသည် ရေစကြိုမြို့နယ် ၁၂မိုင်အနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။

#Threestarsmyaing
8:50AM(Nov-3)

#MRSN
Nov 3 ,  9:30AM
📬သတင်းပေးပို့ရန်
@myaing3starbot
ကမ္မမြို့ရဲစခန်းမှ ထွက်လာသော စကစ စစ်သားအင်အား ၅၀ခန့်သည် ကမ္မနယ် မကျည်းတန်းတွင် တပ်ဖြန့်ထားကြောင်းသတင်းရရှိပါသည်။

#Threestarsmyaing
10:15PM(Nov-2)
📬သတင်းပေးပို့ရန်
@myaing3starbot
တောင်တွင်းကြီး-မကွေးတိုင်း⚠️

12:24pm (3Nov)

F-7M Jet Fighter (5)စီး တောင်တွင်းကြီး ဖြတ် အနောက်မြောက် ဘက်သို့ ပျံသန်း။

⚠️ ချင်း မကွေး ရခိုင် သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
#UpdateNews
3.11.2025
ယနေ့မနက်ပိုင်းက
ကမ္မက ထွက်လာတဲ့ အင်အားသုံးရာခန့်ပါ
စစ်ကောင်စီတပ်တွေဟာ
နေ့လည် 12:00 ဝန်းကျင်မှာ
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမရွာ ပျူစခန်းကို
ရောက်သွားပြီလို့ သိရပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းမှ မိဘပြည်သူများ
သတိဝရိယနဲ့ နေထိုင်ကြပါရန်။

We Love Myaing .( ချစ်သော အညာမြေ )
#MRSN
Nov 3 ,  12:44 PM

#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
🟥 ရဲဘော်ပြည်သူအပေါင်းတို့အားအသိပေးခြင်း

လာမည့် December (15) ရက်နေ့သည် အကြမ်းဖက် စစ်အုပ်စု၏ လေတပ်မွေးနေ့ဖြစ်သည့်အားလျော်စွာ Jet Fighter များ နှင့် အခြားသင်မောင်းလေယာဥ်များပါ အလှပြရန် သော်လည်းကောင်း အင်းအားပြရန်သော် လည်း ကောင်း အုပ်စုဖွဲ့ပျံသန်းလေ့ကျင့်ခြင်းမျာဆောင်ရွက်လျှက်ရှိပါသည်။

သို့ပါ၍ လေယာဥ်အုပ်စုဖွဲ့ ပျံသန်းနေမှူများကို အလွန်အမင်းစိုးရိမ်ထိတ်လန့်မှုမရှိစေရန်နှင့် တဖက်မှလည်း  ကောက်ကျစ်စဥ်းလဲသောစစ်အုပ်စုလေယာဥ်များသည် လေ့ကျင့်ပျံသန်းမှုများကြားမှ ပြည်သူကို ဗုံးကြဲသတ်ဖြတ်ရန် စဥ်ဆက်မပြတ် ထွက်ခွာလျှက်ရှိနေသည်ကြောင်း တင်ပြလိုပါသည်။

သို့ပါ၍ လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်သည့်၊ ဖြစ်ဖူးသည့်နေရာများအားလုံး မိမိတို့ဥာဏ်နှင့် ယှဥ်သည့် လုံ့လဝီရိယဖြင့် လေကြောင်းသတင်းများကြည့်ကာ မပေါ့မလျော့ ဂရုစိုက်ကြစေလိုပါသည်။ မိမိတို့ လေကြောင်း အက်မင် များမှာ သတင်းပေး ပြည်သူ၊ ရဲဘော် များနှင့်ပူးပေါင်းပြီး ရရှိသည့်အချက်အလက်များအားလုံးကို တတ်နိုင်သမျှ အချိန်နှင့်တပြေးညီ တင်ပေးနေမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

#WES
လေကြောင်းသတင်းချန်နယ်
ရေစကြို-မကွေးတိုင်း

ရေစကြိုမြို့နယ် ကျောက်လှေခါး စစ်ဆေးရေး ဂိတ်ဘက်မှ ထွက်လာသော စကစ စစ်သားအင်အား၁၂၀ခန့် ရေစကြိုမြို့နယ် ဆင်ချောင်း(ပျူ)ရွာဘက်သို့ ဝင်သွားကြောင်း သတင်းရရှိ။

5:30pm,Nov 3

#Threestarsmyaing
Nov 3 ,  6:16 PM
📬သတင်းပေးပို့ရန်
@myaing3starbot
⚠️ရေစကြို-မကွေးတိုင်း

ရေစကြိုမြို့နယ်ဆင်ချောင်း (ပျူ)ရွာမှ ထွက်လာသော စကစ စစ်ကြောင်းသည် သက်ရွာအနီးသို့ရောက်ရှိနေကြောင်းသတင်းရရှိပါသည်။

#Threestarsmyaing
Nov 4 ,  8:08 AM
📬သတင်းပေးပို့ရန်
@myaing3starbot
⚠️ရေစကြို မကွေးတိုင်း

ရေစကြိုမြို့နယ် ဆင်ချောင်း (ပျူ)ရွာမှ ထွက်လာသော စကစ စစ်သားများသည် တောင်အို (စကစ)စစ်ဆေးရေး ဂိတ်အတွင်းသို့ဝင်ရောက်သွားကြောင်း သတင်းရရှိပါသည်။

9:10AM(Nov-4)

#Threestarsmyaing
Nov 4  ,  9:33AM
📬သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာတွင် ရောက် စခ ပခ အကြမ်းဖက်များ စစ်ကြောင်းသည် သာစည်ရွာ နှမ်းဆီကန်ရွာ သို့ ရောက်တယ်လို့ သိရပါတယ်။
⚠️
ပြည်သူများ သတိထား သွားလာနေထိုင်ကြပါရန်။
Nov , 4 13:00

#kamma #myaing
#Threestarsmyaing
#MRSN
Nov 4  ,  1:57 PM
📬သတင်းပေးပို့ရန်
@myaing3starbot
⚠️ရေစကြို မကွေးတိုင်း

ရေစကြိုမြို့နယ် ဆင်ချောင်း(ပျူ)ရွာမှထွက်လာသော စကစ စစ်သားများသည် တောင်အို(စကစ)ဂိတ်မှ တဆင့် ခလရ၂၅၆ /၂၅၇/၂၅၈အတွင်းသို့ဝင်ရောက်သွားကြောင်းသတင်းရရှိပါသည်။

#Threestarsmyaing
Nov 4  ,  3:14 PM
📬သတင်းပေးပို့ရန်
@myaing3starbot
#ဂန့်ဂေါသတင်း

4.11.2025

မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါမြို့မှာ ကြံခိုင်ရေးပါတီအတွက် မဲဆွယ်မှု ကိုယနေ့မှာစတင်လုပ်ဆောင်နေကြောင်းသိရပါတယ်။

ဂန့်ဂေါမြို့ ကြံခိုင်ရေးပါတီကဝင်ရောက်အရွေးခံမည်လွှတ်တော်ကိုယ်စားလှယ်လောင်းများဟာ ဗိုလ်ပြု-တ်သန်းဝင်းဦးဆောင်ကာ ယနေ့ နိုင်ဝင်ဘာလ ၄ ရက်နေ့မှာ မြို့ပေါ်ရပ်ကွက်များအတွင်းစတင် မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေကြတယ်လို့သိရပါတယ်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည့် စစ်ကော်မရှင်ရဲ့ အ-တု-အယော-င်ရွေးကောက်ပွဲမှာ ယောနယ်အားလုံး ဂန့်ဂေါမြို့ တမြို့ထဲသာ ကျင်းပနိုင်တာဖြစ်ပါတယ်။အ-တု အ-ယောင် ရွေးကောက်ပွဲဟာ ပထမအကြော့အနေနဲ့ ယခုလာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ဒုတိယအကြော့ကို နောက်လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
#MRSN
#Threestarsmyaing
Nov 4  ,  6:54PM
📬သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာတွင် ရောက် စခ ပခ အကြမ်းဖက်များ စစ်ကြောင်း ယနေ့မနက် သာစည်ရွာ သို့ ရောက်တယ်လို့ သိရပါတယ်။
⚠️
ပြည်သူများ သတိထား သွားလာနေထိုင်ကြပါရန်။
Nov , 5 7:35AM

#kamma #myaing
#Threestarsmyaing
#MRSN
Nov 5  ,  8:23AM
📬သတင်းပေးပို့ရန်
@myaing3starbot