ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ဆားလင်းကြီး

တပ်မ ၁၀၁တက် Mi-17 (1)စီး ဆားလင်းကြီးနယ်အရှေ့တောင်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။

Sep 29, 3:26PM
မုံရွာနမခ သို့ ပခုက္ကူ ၁၀၁ တပ် Mi-17သယ်ပို့တစ်စီး အနောက်တောင်အရပ်မှဆင်းသက်။

Oct 29 3:36PM
Forwarded from Hlaing Info
စလင်းတွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံ ဦးစံ ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် အရေးယူထား

အောက်တိုဘာလ ၂၉ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော တရားခံ ဦးစံ ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်း အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အသက် ၄၂ နှစ်အရွယ် ဦးစံ ဆိုသူကို တော်လှန်ရေး တပ်ဖွဲ့များက ၇၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆက် - ⤵️⤵️
ဘုတလင်မြို့နယ်

အင်းတဲရွာ အလယ်ပိုင်းအား စစ်ခွေးများမှ မီးစတင်နေကြောင်း သတင်းရ။

#SSN

Oct 29, 4:48 PM
မြန်မာပြည်ဒေသအသီးသီးမှ လေကြောင်းသတင်းများပေးပို့ပြီး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကူညီနိုင်ပါပြီ


我們可以透過發送有關軍用飛機飛越緬甸的信息來幫助和拯救革命者和公民

📫報告 @WaiHinScout_Bot
Breaking News-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA သိမ်းပိုက်

စစ်ကောင်စီ၏ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) AAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ ခမရ ၃၇၁ ၊ ၃၇၂ ၊၃၇၃ ၊စစ်ရဲတပ်ရင်း ၊ အမှတ်၂ စစ်ဆေရုံ ကုတင်၃၀၀တို့ကို အောက်တိုဘာ ၂၈ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၂၉ရက်နေ့တွင် နပခကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

AAက လက်နက်ခဲယမ်းမြောက်များစွာ ထောင်နှင့်ချီသိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းရရှိထားသော်လည်း အသေးစိတ်အချက်အလက်များကို ကရင်နီလူထုအသံအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမ်းမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီကလည်း နေ့စဥ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများဖြင့် ခုခံသော်လည်း AAက အင်းအားအလုံးအရင်းဖြင့် တိုက်ခိုက်သိမ်းနိုင်ခြင်းလည်း ဖြစ်သည်။
ဘဘကြီး " အမ်း " ထားတဲ့

အထဲက အမြည်းတွေလို့

ကြားတာဘဲ အမျိူးတို့ ....။
ပခုက္ကူမြို့နယ်

ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရွာတွင်အခြေချတပ်စွဲထားသော စခများသည် တောင်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်နေကြောင်းသိရ။

#MRSN

Oct 29 , 8:05PM

သတင်းပို့ရန် https://t.me/+jhXyJH9BEG4wZTI1
🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ‌သော အောက်တိုဘာလ { ၃၀ }ရက်နေ့  ဗုဒ္ဓဟူးနေ့   နံနက်ခင်းလေးပါ 🌸

📅   တစ်နေ့တာ အချိန်များကိုပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံပါစေ ~~။...🦅.....3Star
Forwarded from Hlaing Info
"နပခ အလှူတော်ကြီးတဖြတ်"

ဒါကတော့ နပခ (အမ်း) ကို သိမ်းတဲ့တိုက်ပွဲမှာ စစ်ရှုံးကောင် ဂန်ဒူးမတွေ အမ်းလိုက်တဲ့ လက်နက်ခဲယမ်းတွေပါ။ အကိုချေတို့က ထုံးစံအတိုင်း သွေးအေးအေးနဲ့ လုပ်တတ်တာမို့ တရားဝင် ထုတ်ပြန်လာရင်တော့ ဒီထက်ပိုများတဲ့ လက်နက်ခဲယမ်းတွေ အောတိုက်နေအောင် တွေ့ရဖို့ 💯% အာမခံပါတယ်.. 😊

#4C_TruthNews
#HlaingInfo
Singapore ရေချမ်းစင်မှာ လူကိုယ်တိုင်သွားဝယ်လို့ရ။
Singapore Online က မှာချင်ရင် What’s app, Viber နံပါတ် +65 93928979 ကနေ ဆက်သွယ် မှာယူနိုင်ပါတယ်ရှင်။ စာအုပ်တန်ဖိုး- SGD20 ပါ။

Thailand ကမှာချင်ရင် Rangoon Store in Thailand ပေ့ချ်ချက်ဘောက်က မှာပါရှင်။ THB 300+ ပို့ခ

ထိုင်ဝမ်က Pre Order မှာချင်ရင် ဒီပေ့ချ်က မှာထားပါနော်။ TWD 500 ပါ။
https://www.facebook.com/TaiwanAllianceforMyanmar

US ကတော့ စာအုပ်မရောက်သေးလို့ပါ။ ရောက်ရင် ကြေညာပေးပါ့မယ်နော်… ခဏစောင့်
😇
Forwarded from Hlaing Info
ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ၊

▪️စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား


အောက်တိုဘာလ ၂၉ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပေါက်မြို့ နယ် ရန်ကင်းကျေးရွာ မြောက်ဘက်ရှိ ဒီးဒုတ်ကွင်း စစ်ဘေးရှောင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒီးဒုတ်ကွင်း ပြည်သူ့စစ်များ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️
မြိုင်မြို့နယ်
လင်းကတောရွာ ရဲခွေးစခန်းဝန်ကျင်တွင် မုံရွာနမခမှ Mi-35တစ်စီးဖြင့်လေကြောင်းတိုက်ခိုက်နေကြောင်းသိရပါသည်။

30:10.2024/10:15AM

3 Star

သတင်းပေးပို့ရန် https://t.me/+jhXyJH9BEG4wZTI1
မြိုင်မြို့နယ်

လင်းကတောရွာ ရဲခွေး စခန်း စစ်ခွေးစစ်ကြောင်းမှ မြိုင်မြို့နယ် ချောက်တောင်းရွာ ရှိပြည်သူနေအိမ်များအားမီးရှိူ့နေကြောင်းသိရပါသည်။

30.10.2024/10:52AM

Y-2 Saber

မြိုင် 3 Star

သတင်းပေးပို့ရန် https://t.me/+jhXyJH9BEG4wZTI1
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

📢📢
ဖျက်မိုးသတိ
၂၀၂၄ နိုဝင်ဘာလ ၂ရက်နေ့နှင့် ၃ရက်နေ့များတွင်
ဧရာဝတီတိုင်း ရန်ကုန်တိုင်း
မွန်ပြည်နယ်ကရင်ပြည်နယ် ပဲခူးတိုင်း နေပြည်တော်ဧရိယာ ကယားပြည်နယ် မကွေးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးရွာနိုင်ပါတယ်
ရိတ်သိမ်းအခြောက်လှမ်းနေကြသူများဖျက်မိုးအန္တရာယ်ရှိပါတယ်
ISSUED TIME
30/10/2024 7:18am(MMT)


မြေပုံလေးကိုထောက်ကြည့်ပါ ၂၀၂၄ နိုဝင်ဘာလ ၂ရက်နေ့၃ရက်နေ့မှာ မြေပုံမှာပါရှိတဲ့ဒေသတွေအားလုံးမှာ မိုးရွာနိုင်ပါတယ် 🌧️🌧️🌧️🐌🌱
မိမိဒေသပါရင် မန့်ခဲ့ကြပါ
ရက်ကြိုတင်သိရှိမှုကြောင့်
အကျိုးရှိမရှိပြောပေးကြပါ
ISSUED TIME
30/10/2024 9:23am(MMT)


၂၀၂၄ အောက်တိုဘာလ ၃၁ရက်နေ့မှ ၃ရက်နေ့အတွင်း
မြေပုံမှာပါရှိတဲ့ဒေသတွေအားလုံးမှာ မိုးရွာနိုင်ပါတယ် မိမိဒေသပါရင် မန့်ရေးပေးခဲ့ပါ 🚶‍♀️🚶‍♂️🌂👜🏡
ISSUED TIME
30/10/2024 10:04am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
MRSN
Oct 30 ,  10:56 AM
📬သတင်းပို့ရန်
@MagwayScoutBot
Forwarded from Khit Thit Media
ငဖဲမြို့နယ်တွင် အမ်းမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ တိုက်ခိုက်ခံရ၍ မောင်းပြေးသည့် စစ်ကား တိမ်းမှောက်သဖြင့် စစ်သားများ ထပ်မံသေဆုံးပြန်

ရန်ကုန်၊ အောက်တိုဘာ ၃၀

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ရခိုင်ပြည်၊ အမ်းမြို့နယ်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်ရခနီလေဗွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ငဖဲမြို့နယ် ၊အမ်း-ပဒါန်း လမ်းပိုင်းတွင် အမ်းမြို့နယ်ဘက်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီကား ၂ စီး၊ ဆိုင်ကယ် ၂ စီးပါ စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့်မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမဟာမိတ်တို့က ပူးပေါင်း၍ တိုက်ခိုက် ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား (၁၀) ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အဆိုပါ စစ်ကားတန်းမှ စစ်ကား ၂ စီးသည် တိုက်ခိုက်ခံရသဖြင့် အမြန် မောင်းနှင်ပြေးထွက်သွားခဲ့ကြောင်း၊ အမြန်မောင်းနှင်သွားသော စစ်ကားမှာ စွန်တဲနှင့်လင်းတဲအကြားတွင် ချောက်ထဲသို့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ကားပေါ်ပါ စစ်သား ၁၈ ဦးအနက်မှ ၁၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ဖြစ် စဉ်က ၂ ခုပါ။ တိုက်ပွဲ ဖြစ်တာက မွန်းတည့် ၁၂ နာရီမှာ။ ဖြစ်တာက ၁ နေရာ။ အဲဒီမှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးလောက်သေတယ်။ အဲဒီကနေ ကားကအမြန်မောင်းသွားတော့ စစ်ကား ချောက်ထဲ ကျတယ်။ ညနေ ၃ နာရီ ဝန်းကျင်မှာ အင်အား ၁၈ ဦးပါတဲ့ စစ်ကားက အမြန်မောင်းတော့ စွန်တဲ နဲ့ လင်းတဲ ကြားထဲမှာ ချောက်ထဲကျပြီး မှောက်တယ်။ ၆ ဦးအသက်ရှင်တယ်။ ၁၂ ဦးသေတယ်" ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်ရခနီလေဗွေက ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ရခိုင်ပြည်၊ အမ်းမြို့ဘက်သို့ စစ်အင်အားဖြည့်တင်းရန်နှင့် ရိက္ခာပေးပို့ရန်အတွက် မကွေးတိုင်း ၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှ သွားလာလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - တနင်္သာရီတိုင်း၊ ထားဝယ်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရိက္ခာသယ် စစ်ယာဉ်တန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့စဉ်က သေဆုံးခဲ့သော စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
Forwarded from Magway Regional Scout Network (YU ATARASHI)
30.10.2024
ကျောက်ထုသတင်း

ကျောက်ထုတပ်ထဲမှ ယနေ့မနက် ထွက်လာတဲ့ စခ ( အင်အား မသိရ) တွေဟာ စစ်ကြောင်း နှစ်ကြောင်းခွဲကာထွက်လာကြပြီး တစ်ကြောင်းဟာ ချည်ချောင်းရေမကူးနိုင်ကြသောကြောင့် နတ်ရဲကျေးရွာဘက်ကနေ ပြန်ဆုတ်ပြီး တပ်ထဲ ပြန်ဝင်သွားကြပြီလို့ သိရပါတယ်ခင်ဗျာ

လက်ရှိအချိန်အထိ စစ်ကြောင်းတစ်ကြောင်းဟာ ပျောက်ဆုံးနေပြီး ဘယ်ဖက်ကို ထွက်တယ်ဆိုတာ မသိရသေးပါဘူးခင်ဗျာ စပါးရိတ်သိမ်းချိန်ကာလ ဖြစ်တာကြောင့် အနီးအနားကျေးရွာများမှ တောသွားတောလာ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြပါခင်ဗျာ

မိဘပြည်သူများအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေခင်ဗျာ

------------------------------- Aung Gyi ------------------------------
MRSN
Oct 30 ,  12:06 PM
📬သတင်းပို့ရန်
@MagwayScoutBot