ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
#ဂန့်ဂေါသတင်း

4.10.2025

ဆယ်လီသရုပ်ဆောင် ဖြူဖြူထွေးနဲ့ မိုးညို တို့ ဂန့်ဂေါမြို့ကိုရောက်နေတယ်ဆိုတာကို ယောအလင်းတန်းအနေဖြင့် အတည်ပြုနိုင်ဖို့ကြိုးစားခဲ့သော်လည်း ရောက် / မရောက်ကို ယခုအချိန်ထိ သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

ဆယ်လီတွေရောက် ရောက် မရောက်ရောက် မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့ညမှာတော့ သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

"ယောမြေ သီတင်းကျွတ် ဂီတပွဲတော်" ဆိုပြီးခေါင်းစဥ်တပ်ကာ ဂန့်ဂေါခရိုင် အားကစားကွင်းကြီးထဲမှာ ကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။မည်သူမဆို လာရောက်သီဆိုနိုင်ပါတယ်ဟု ကြေ-ညာ-ထားပြီး အများစုကတော့ စစ်ကော်မရှင်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်များသာ လာရောက်သီဆိုကြမှာဖြစ်တယ်လို့သိရပါတယ်။

စစ်ကော်မရှင်ဖက်က ပျော်ပွဲတွေကို ယခုလိုအခါကြီးရက်ကြီးတွေမှာ မပိက်မကွက်ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့တော်လှ-န်ရေး အင်အားစုများကလည်း လုံခြုံရေးကိုအာ-မ-ခံ-မထားဘူးလို့ ကြေ-ညာ-ထားတာကိုလည်းတွေ့ရပါတယ်။

ယခုသီတင်းကျွတ်ဖျော်ဖြေပွဲအပါအဝင် မည်သည့်ပွဲတွေမဆို ပွဲတော်ရက်တွေမှာ ဂန့်ဂေါမြို့နဲ့အနီးနားပတ်လည်ကျေးရွာနေ မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို အထူးကြိုတင်ဂရုစိုနေကြဖို့ လိုအပ်ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ယောတနယ်လုံးမှာ ဂန့်ဂေါမြို့ တမြို့တည်းသာ မြို့ပေါ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်တာကြောင့် ယခုရက်ပိုင်းတွေမှာ လုံခြုံရေးကင်းတွေကို ခလရ ၅၀ တပ်က တိုးမြှင့်လာနေတာကိုတွေ့ရပါတယ်။ယမန်နေ့ကလည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ကနေ တပ်သားအင်အားများကို ရှောက်ပင် (အောင်မြင်)ရွာရှိ ကာကင်းစခန်းမှာ ထပ်မံအင်အားဖြည့်ထားကြောင်းသိရပါတယ်။

တော်လှ-န်သတိ အမြဲရှိနေပေးကြပါ။

ဓာတ်ပုံ-သီတင်းကျွတ်ပွဲတော်အတွက် ခလရ ၅၀ တပ်က ခရိုင်အားကစားကွင်းမှာပြင်ဆင်နေပုံ

#နွေဦးရောင်နီ

ယောအလင်းတန်း
#MRSN
Out- 4, 3:03PM
#theeestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
Forwarded from အပြင်ကင်းထောက်
မကွေးတိုင်း

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်အစပ်မှာရှိတဲ့ ပုံတောင်ပုံညာတောင်တန်းတွေပေါ်ကနေ အင်းကျားတစ်ကောင်ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

ဒေသခံမုဆိုးတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ဝန်းကျင်က ဖမ်းဆီးရခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ ခေါင်းကနေ အမြီးအထိ ၄ ပေဝန်းကျင်ရှိတဲ့ အင်းကျားကို ဒေသခံမုဆိုးတွေရဲ့ ဂျီထောင်တဲ့ သုတ်ကိုင်းမှာ မိနေတဲ့အတွက် တူမီးနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“သူတို့သတ်စားပြီးပြီတဲ့၊ အစွယ်နဲ့အရိုးပဲရှိတော့တယ်တဲ့၊ တောအရပ်မုဆိုးတွေဆိုတော့ နားမလည်ကြပါဘူးဗျာ။ ဘာမြင်မြင်ပစ်မယ်ဆိုတာပဲ။ မုဆိုးကြီးတွေလို စည်းမထားကြဘူး။ ဖုန်းလိုင်းမမိတဲ့တောအရပ်ဒေသမို့ ဗဟုသုတစာပေ ခေါင်းပါးကုန်တော့ မသိနားမလည်ကြဖို့ ဖြစ်ကြတာပါ” လို့ ဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။

ကြောင်မျိုးရင်းဝင် တိရိစ္ဆာန်တွေထဲက အလယ်အလတ်အရွယ်အစားရှိတဲ့ တောရိုင်းတိရိစ္ဆာန်ဖြစ်တဲ့ အင်းကျားကို ၂၀၀၈ခုနှစ်မှာ နိုင်ငံတကာ သဘာဝစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်များဆိုင်ရာ အနီရောင်စာရင်းမှာ မျိုးသုန်းရန်အန္တရာယ်ကျရောက်နိုင်တဲ့ မျိုးစိတ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှထွက်လာသော စစ်ခွေး အကြမ်းဖက် သံပြားကာ ကား(၂)စီး သည် စစ်ခွေးအင်အား(၄၀)ခန့်ရှိပြီး အနောက်မကျီးကန်/ရှင်မကန် သို့ရောက်ရှိနေကြောင်းသိရပြီး ဒရုန်းနှင့်လက်နက်ကြီးများပါရှိကြောင်းသတင်းရရှိထားပါသည်။

ပြည်သူများ  သတိထား သွားလာနေထိုင်ကြပါရန်။

#PKK News
Oct -4, 1:30PM
#MRSN
#theeestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
10:35 AM , Oct 4
ယနေ့ နံနက်အစောပိုင်း 1:30 AM အချိန်ခန့်တွင်
တံတားဦး လေတပ်တက် ဂျက်ဖိုက်တာ ၂ စီးမှ
မင်းတပ်မြို့ပေါ် ၂ နေရာကို အကြောင်းမဲ့ ၂ ကြိမ်
လေကြောင်းတိုက်ခိုက်သွားပါတယ်။
ဟိုတယ်မင်းတပ် အဆောက်အဦးများ ထိခိုက်
ပျက်ဆီးသွားတယ်လို့ကြားသိရပါတယ်။
ဘေးကင်းကြပါစေ အမျိုးတို့ရေ...


1:10 PM , Oct 4
ယနေ့ နံနက် 1:30 AM အချိန်ဝန်းကျင်ခန့် က
တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စီးမှ
မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ ဟုန်းဟုန်း
ဟိုတယ် အား အကြောင်းမဲ့ လေကြောင်း
တိုက်ခိုက်သွားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။

Hkl
Photo Crd
#MRSN
#theeestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ- မကွေးတိုင်း

6:07am(5 Oct)

ပခုက္ကူတပ်မ ၁၀၁မှ Paramotor (3) စီး အနောက်‌ေတာင်ဘက်သို့ ပျံတက်။

⚠️ပေါက် ကမ္မ ရေစကြို  မြိုင် မြစိချေ ဆားလင်းကြီး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ရေစကြို မကွေးတိုင်း⚠️

ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတား ညအိပ်ခဲ့သော စကစ စစ်င်္ဘော၁၆စီးမှာ ရေစကြိုမြို့နယ် မင်းရွာကိုဖြတ်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်​နေကြောင်းသတင်းရရှိ

#threestarmyaing
Oct-5,7:00AM
📬သတင်းပေးပို့ရန်
@myaing3starbot
ဆားလင်းကြီး စစ်ကိုင်းတိုင်း⚠️

ရေစကြိုမြို့နယ်ဆင်ဖြူရှင်တံတားအနီးမှာ ညအိပ်ခဲ့သော စကစ သင်္ဘောများ၏ ပထမဆုံးပွိုင့်မှာဆားလင်းကြီးမြို့နယ် ညောင်ပင်ကိုင်းရွာကိုဖြတ်၍ အထက်သို့ဆန်တက်နေကြောင်းသတင်းရရှိပါသည်။

#threestarmyaing
8:00AM (Oct-5)
📬သတင်းပေးပို့ရန်
@myaing3starbot
ဆားလင်းကြီး စစ်ကိုင်းတိုင်း⚠️

ရေစကြိုမြို့နယ်ဆင်ဖြူရှင်တံတားအနီးမှာ ညအိပ်ခဲ့သော စကစ သင်္ဘောများ၏ ပထမဆုံးပွိုင့်မှာဆားလင်းကြီးမြို့နယ် နှောကရွာကိုဖြတ်၍ အထက်သို့ဆန်တက်နေကြောင်းသတင်းရရှိပါသည်။

#threestarmyaing
8:30AM (Oct-5)
📬သတင်းပေးပို့ရန်
@myaing3starbot
ချောင်းဦး စစ်ကိုင်းတိုင်း⚠️

ရေစကြိုမြို့နယ်ဆင်ဖြူရှင်တံတားအနီးမှာ ညအိပ်ခဲ့သော စကစ သင်္ဘောများ၏ ပထမဆုံးပွိုင့်မှာ ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူရွာကိုဖြတ်၍ အထက်သို့ဆန်တက်နေကြောင်းသတင်းရရှိပါသည်။

#threestarmyaing
8:35AM (Oct-5)
📬သတင်းပေးပို့ရန်
@myaing3starbot
​ဆားလင်းကြီး၊ စစ်ကိုင်းတိုင်း⚠️

ရေစကြိုမြို့နယ်ဆင်ဖြူရှင်တံတားအနီး ညအိပ်ခဲ့သော စကစ သင်္ဘောများ၏ ပထမဆုံးပွိုင့်မှာ ဆားလင်းကြီးမြို့နယ် သရက်ကိုင်းရွာအောက်ဘက်ကိုရောက်ရှိနေပြီး ချင်းတွင်းမြစ် ကမ်းဘေး ဝဲယာနေရာများသို့လက်နက်ကြီး /လက်နက်ငယ်များပစ်ခတ်ပြီး အထက်သို့ဆန်တက်နေကြောင်းသတင်းရရှိပါသည်။
#three3starmyaing
8:50AM,Oct5
📬သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူမြို့ တပ်မ၁၀၁မှ ထွက်လာသော စကစ စစ်သား အအ ၁၀၀ကျော်ခန့်ပါ စကစ စစ်ကြောင်းသည် ပခုက္ကူမြို့နယ် လက်ပကန်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိပါသည်။

#three3starmyaing
9:00AM, Oct-5
📬သတင်းပေးပို့ရန်
@myaing3starbot
ကမ္မ မကွေးတိုင်း⚠️

ကမ္မမြို့ပေါ်တွင် စကစ စစ်သားကင်းပုန်းများ ရှိနေကြောင်းသတင်းရရှိပါသည်။

ပြည်သူများ ဂရုစိုက်သွားလာကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

#three3starmyaing
9:22AM, Oct-5
📬သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ- မကွေးတိုင်း

10:50am(5 Oct)

ပခုက္ကူတပ်မ ၁၀၁မှ Paramotor (3) စီး အနောက်‌ေတာင်ဘက်သို့ ပျံတက်။

⚠️ပေါက် ကမ္မ ရေစကြို  မြိုင် မြစိချေ ဆားလင်းကြီး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ပခုက္ကူ- မကွေးတိုင်း

2:50pm(5 Oct)

ပခုက္ကူတပ်မ ၁၀၁မှ Paramotor (2) စီး အနောက်ဘက်သို့ ပျံတက်။

⚠️ပေါက် ကမ္မ ရေစကြို  မြိုင် မြစိချေ ဆားလင်းကြီး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
🔴 မြိုင်- မကွေးတိုင်း

3:33pm(5 Oct)

ပခုက္ကူတပ်မ ၁၀၁ တက်  Paramotor (2) စီး မြိုင်နယ်ပေါ်ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
#ဂန့်ဂေါသတင်း

5.10.2025

2:47pm

ယနေ့နေ့လယ် ၂နာရီကျော်အချိန်က ဂန့်ဂေါ၊ခလရ(၅၀)တပ်မှ စခ+ပျု အင်အား(၃၀)ကျော်ဟာ မြို့တောင်ဘက် အောင်မြင်(ရှောက်ပင်)ရွာကို အင်အားဖြည့်အနေအထားဖြင့် ထပ်မံရောက်ရှိလာကြောင်းသိရ။ယမန်နေ့များကလည်း ရှောက်ပင်(အောင်မြင်)ရွာကို စခ+ပျုများကို အင်အားဖြည့်တင်းထားတာတွေလည်းရှိပါတယ်။

ယခုရက်ပိုင်းတွင် ရှောက်ပင်(အောင်မြင်)ရွာကို စခများ အင်အားဖြည့်ထားခြင်းများပြားနေ၍ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ လုံခြုံရေးအထူးဂရုစိုက်ရန်လိုအပ်ပါသည်။ထိုပြင့် မြို့ထဲရှိ ခရိုင်အားကစားကွင်းထဲမှာလည်း ဒီနေ့ညကစ စခများပြုလုပ်မည့် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲများလည်းရှိနေပါတယ်။

ပြည်သူများအနေဖြင့် စခများရှိသောနေရာများအနီးတစ်ဝိုက်ကို သွားလာခြင်းများကို အတတ်နိုင်ဆုံးရှောင်ကြဥ်ကြရန်နဲ့စခများပြုလုပ်သော ပွဲလမ်းသဘင်များကို ကူညီပေးခြင်းများ မပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်။


#နွေဦးရောင်နီ
ယောအလင်းတန်း
#MRSN
Oct 5, 3:43PM
📬သတင်းပေးပို့ရန်
@myaing3starbot
အမေစု

ဖြုတ်ချခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်အဲရစ်ဟာ မိခင်ဖြစ်သူကို လွှတ် ပေးရေး မြန်မာစစ်ကော်မရှင်ကို တိုက်တွန်းဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုလိုက်ပါတယ်။

ရှည်လျားသော ဆက်ဆံရေးသမိုင်းကြောင်းနဲ့ မြန်မာနိုင်ငံမှာ များပြားသော ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့် တရုတ်ဟာ ပြည်ပတိုင်းပြည်တွေအနက် စစ်ကော်မရှင်အပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးနိုင်ငံလို့ ၎င်းက ဆိုပါတယ်။

“မေမေ့ကို လွှတ်ပေးဖို့နဲ့ လွှတ်ပေးသင့်သူတွေကို လွှတ်ပေးရေး မြန်မာစစ်ကော်မရှင်အပေါ် ဖိ အားပေးဖို့ ကျွန်တော် သမ္မတ ရှီကျင့်ဖျင်ကို မေတ္တာရပ်ခံပါတယ်” လို့ သူက ပြောပါတယ်။

“ကျွန်တော့်သတင်းရင်းမြစ်တွေ ပြောကြားချက်အရ မေမေ့ကို လွှတ်ပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုနေပါတယ်။ တရုတ် တာဝန်ရှိသူတွေက မေမေ့ကို တွေ့ဆုံလိုပြီး တွေ့ခွင့်ရဖို့ တောင်းဆိုနေပါ တယ်” လို့ ကင်အဲရစ်က ဆက်ပြောပါတယ်။

“ကျွန်တော် သတိထားမိသလောက် အခြားသူတွေလိုပဲ တရုတ် တာဝန်ရှိသူတွေကို မေမေနဲ့ တွေ့ ဆုံခွင့်မပြုသေးပါဘူး” လို့ ၎င်းက ဆိုပါတယ်။

အကျဉ်းထောင်ပြင်ပမှ တစ်စုံတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရေး ကြိုးပမ်း ဖို့နဲ့ သူ အသက်ရှင်နေသေးတယ်ဆိုတာကို တစ်စုံတစ်ယောက်က အတည်ပြုဖို့ ကင်အဲရစ်က တောင်းဆိုခဲ့ ပါတယ်။

“ကျွန်တော့်မေမေ ထောင်ထဲ သေဆုံးသွားမှာကို ကျွန်တော် တစ်ချိန်လုံး စိုးရိမ်နေပါတယ်။ အ ကျဉ်းထောင်တွင်း အခြေအနေတွေဟာ အလွန်ဆိုးရွားပါတယ်” လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆက်ပြီး အကျဉ်းချခံရရင် သို့မဟုတ် ထောင်တွင်း သေဆုံးသွားရင် မြန် မာပဋိပက္ခ ပိုဆိုးလားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

threestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
မြိုင် မကွေးတိုင်း⚠️

မြိုင်မြို့နယ် တွင်းမပျူရွာမှ စကစ စစ်ကားများဖြင့်ထွက်ရန်ပြင်ဆင်နေကြောင်းသတင်းရရှိပါသည်။

မိဘပြည်သူများ ဂရုစိုက်ပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

Oct-5,10:15PM
#three3starmyaing
11 KV ဓာတ်အားလိုင်း အလိုအလျောက် ရှော့ဖြစ် ပြတ်ကျကာ လျှပ်စစ်မီးပြတ်တောက်

6.10.2025 ၊ထီးလင်း

ယနေ့သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၆ ရက်နေ့မနက် ၈ နာရီခန့်က ထီးလင်းမြို့နယ်မြောက်ပိုင်း ဆေးမင်းတောရွာအတွင်းမှာ အခြားကျေးရွာများနဲ့ဆက်သွယ်ထားတဲ့ 11 KV လျှပ်စစ်ဓာတ်အားလိုင်းကြိုးက အလိုအလျောက် ရှော့ဖြစ်ပြီး မီးးလော-င်ပြတ်ကျသွားတယ်လို့သိရပါတယ်။

၎င်း ဓာတ်အားလိုင်းကြိုးပြတ်တောက်သွားတာကြောင့် ထီးလင်းနယ်မြောက်ပိုင်းက ကျေးရွာအချို့ လျှပ်စစ်မီးးပြတ်တောက်မည်ဖြစ်တယ်လို့သိရှိရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း

three3starmyaing