ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ မကွေးတိုင်း ⚠️

ပခုက္ကူမြို့မှ မြိုင်လမ်းအတိုင်း အနောက်အရပ်သို့ စကစ ကား၁စီး ဦးတည်ထွက်ခွာနေကြောင်းသတင်းရရှိပါသည်။

#theeestarmyaing
Oct1, 12:20PM
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကမ္မစျေးနှင့်ရဲစခန်းသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည် မြိုင်လမ်းဘက်သို့စတင်ထွက်ခွာနေကြောင်းသတင်းရရှိထားပါသည်။

#PKK News
#MRSN
Oct -1 , 1:10 PM
#theeestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ထီးလင်းမြို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို Y 8 လေယာဥ်ဖြင့် ရိက္ခာထုပ်များချပေး

1.10.2025 ထီးလင်း

မကွေးတိုင်း ထီးလင်းမြို့ပေါ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအတွက် ရိက္ခာထုပ်များကို Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် ယနေ့အောက်တိုဘာလ ၁ ရက်နေ့မနက်ပိုင်းမှာချပေးခဲ့တယ်လို့သိရပါတယ်။

စစ်ထောက်ပို့ Y 8 လေယာဥ်နဲ့ ယနေ့မနက် ၈ နာရီ ၅၀ မိနစ်ကနေ ၉ နာရီ ၅၀ မိနစ်ခန့်အထိ အချိန်တစ်နာရီခန့်ပျံဝဲကာ ရိက္ခာထုပ် ၃၀ ထုပ်ကို လေထီးဖြင့် ချပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ထီးလင်းမြို့ပေါ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ပေါင်း စစ်သား၊ရဲတပ်သားနဲ့ ပြည်သူ့စစ် ခေါ် ပျူစောထီး စုစုပေါင်းအင်အား ၄၀၀ ကျော် ၅၀၀ နီးပါး ရှိနေတယ်လို့သိရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct -1 , 1:19 PM
#theeestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကမ္မမြို့ရောက်ရှိနေသော စစ်ခွေးကား ၃စီးသည်၊လက်ပြရွာဉီးမင်းကျောင်းနားသို့ ကားများရပ်ထားပြီး၊ ကမ္မစျေးထဲတွင် ပြည်သူပိုင် ပစ္စည်းများခိုးယူနေကြောင်းသတင်းရရှိထားပါသည်။

#PKK News
#MRSN
Oct -1 , 1:50 PM
#theeestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကမ္မမြို့ရဲစခန်းရောက်ရှိနေသော အကြမ်းဖက် မအလ၏ ခိုင်းဘတ် ဖြင့်သော၊ခွေးစစ်ကြောင်းသည်၊မြိုင်လမ်းတိုင်မြောက်ဘက်သို့ (၁)ဖွဲ့၊ ငွေစန္ဒာ လမ်းတိုင် မြောက်သို့(၁)ဖွဲ့၊စစ်ခွေးများသည် (၂)ဖွဲ့ခွဲ၍ထွက်ခွာနေကြောင်းသတင်းရရှိထားပါသည်။

#PKK News
Oct -1, 2:10PM


#threestarmyaing

📬 သတင်းပေးပို့ရန်
@myaing3starbot
မြေသားများပြိုကျ ပျ-က်စီးးနေတဲ့ ကားလမ်းပိုင်းတနေရာကို ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်ယန္တရားကြီးမှား ငှားရမ်းကာ ပြုပြင်ပေး

1.10.2025 ၊ထီးလင်း

ယခုရက်ပိုင်းတွေမှာ ရက်အတန်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မကွေးတိုင်း၊ယောဒေသ ပုံညာတောင်နေရာတွေက ပြည်ထောင်စုကားလမ်းမကြီးမှာ မြေသားများပြိုကျကာ ကားများသွားလာမရသည်အထိ ပျ-က်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

ယခုလိုပြိုကျ ပျ-က်စီးနေတဲ့ ပုံညာတောင်အတက်နေရာ ဖြစ်တဲ့ ထီးလင်း-ကျော လမ်းပိုင်း ​ကို ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးဆောင်ပြီး ဘက်ဟိုး အစရှိတဲ့ စက်ယန္တရားများကို ငှားရမ်းကာ ကုန်ကား၊ခရီးသည်ကားများသွားလာရ အဆင်ပြေ သည်အထိ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြုပြင်ပေးခဲ့ကြောင်း ထီးလင်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထု-တ်-ပြ-န်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဖြစ်တဲ့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကို မကြာခင်ကမှ တစ်မြို့နယ်လုံးကိုလွှမ်းခြုံနိုင်သော ပကဖ အဖြစ် အသစ်ပြန်လည် ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct -1 , 2:43 PM
#threestarmyaing

📬 သတင်းပေးပို့ရန်
@myaing3starbot
လူအင်အား(40-50)တင်နိုင်
ကုန်(6)တန်အထိ တင်နိုင်
နေ့ညအချိန်မရွေးပျံသန်းနိုင် မိုးရွာချိန်မှာပါ ပျံသန်းနိုင်
ပစ်မလွှဲဟု သိရ
အမျိုးအစား Mi-38
လက်ရှိ နေပြည်တော်ကို ရောက်နေ (3)စီးအနက် (2)စီးက သယ်ယူပို့ဆောင်ဖို့ ဟုသိရပြီး ကျန်(1)စီးသည် အရာရှိကြီးများ စီးဖို့ဖြစ်ကြောင်းသိရ။


#threestarmyaing

📬 သတင်းပေးပို့ရန်
@myaing3starbot
ပွင့်ဖြူမှာ နွားနဲ့ဆိတ်အကောင်ရေရာချီ ခွာနာလျှာနာရောဂါကူးစက်မှုဖြစ်ပြီး ကုသဖို့ခက်ခဲနေ

ပွင့်ဖြူ၊ အောက်တိုဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းကကျေးရွာတွေမှာ တောင်သူတွေပိုင်ဆိုင်တဲ့ ဆိတ်နဲ့ နွား အကောင်ရေရာချီ ခွာနာလျှာနာရောဂါကူးစက်မှုဖြစ်နေပြီး ဆေးကုသပေးနိုင်ဖို့ အခက်တွေ့နေကြရတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

စက်တင်ဘာတတိယအပတ်လောက်မှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာပြီးနောက် အပူအအေးမမျှတဲ့အတွက် ဒေသတွင်း နွားတွေမှာ ခွာနာလျှာနာရောဂါတွေဖြစ်ပွားနေကာ ရောဂါဖြစ်နေတဲ့နွားအကောင်ရေတဖြည်းဖြည်းများလာပြီး သေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

"ကျနော်မှာ ခိုင်းနွား ၂ ကောင်ရှိတာ ၁ ကောင်ပျက်စီးသွားတယ်။ ခွာနာလျှာနာကြောင့်။ ခွာနာလျှာနာက အပူအအေးမမျှလို့ ဖြစ်တာလို့ပြောရမယ်။ မိုးတွေလည်းတအားရွာနေတယ်။ ခွာနာလျှာနာက တခါတလေ မိုးဦးကျဖြစ်တတ်တယ်။ သူကလည်း ကူးစက်တတ်တဲ့ရောဂါကိုး။ ရွာမှာတောင် ၆၀ မကဘူး။ ၁၀၀ လောက်ဖြစ်တယ်။ နွားတိုက်သမား(နွားမွေးမြူရေးလုပ်သူ)တွေမှာပိုဖြစ်တယ်။ "လို့ ဇီးကျွန်းရွာခံ တောင်သူတဦးကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/15071/
ကမ္မ မကွေးတိုင်း⚠️

ကမ္မမြို့ပေါ်ရှိ စကမ
အအခမ(၁၀၀)ဝန်းကျင်သည်
မြိုင်လမ်း အလက ကျောင်း၊ ပေါက်လမ်းနှင့် မြိုင်လမ်းထိပ် နန်းထိုက်တော်ဝင် စတိုးဆိုင်၊ ဦးစိုးသန်းသုံးထပ်တိုက်နှင့် ဗိုလ်ချုပ်ကြေးရုပ် မိခင်နဲ့ကလေးရုံးတွေမှာ ရှိနေပါတယ်။
မိဘ ပြည်သူများ အထူးဂရုစိုက်ပါ။

#theeestarmyaing
Oct1,7:10PM
📫 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ​ မကွေးတိုင်း⚠️

ပခုက္ကူမြို့မှ ထွက်လာသော စကစ စစ်သား အင်းအားပါ ၁၂ဘီးကား(၁)စီးနှင့် ၆ဘီးကား(၁)စီးသည် ပခုက္ကူမြို့နယ် အင်ပင်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိပါသည်။

#theeestarmyaing
7:35PM, Oct 1
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️
ပခုက္ကူမြို့နယ် အင်ပင်ရွာ ခွေး
ဂိတ်သို့ စကစ စစ်သားအင်းအားများချထားခဲ့ပြီး ၁၂ဘီးကား ၁စီးနှင့် ၆ဘီးကား၁စီးမှာ အင်ပင်ရွာမှတဆင့် ပခုက္ကူမြို့ဘက်သို့ ပြန်လည်ဦးတည်ထွက်သွား​ပါသည်။ အင်ပင်ရွာ စခဂိတ်တွင် အင်အားချခဲ့သော စခများမှာလည်း လက်နက်ကြီး/ငယ်များပစ်ခတ်မှုများပြုလုပ်နေကြောင်းသတင်းရရှိပါသည်။

မှတ်ချက်။ ။ 🛑မိဘပြည်သူများနှင့် တလရ ရဲဘော်များအားလုံး အထူးဂရုစိုက်ပါရန် အသိပေးနိုးဆော်အပ်ပါသည်။
#theeestarmyaing
8:00PM(Oct-1)
📬သတင်းပေးပို့ရန်
@myaing3starbot
မြင်းခြံမြို့နယ်

  ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စခပါ ခွေး သဘေ်ာ ၆စီးပါ ဖလပ် ၆စီး စုစုပေါင်း ၁၂စီး မြင်းခြံမြို့နယ်  ဆိတ်ညံ ရေတင်ရုံး အထက်ဘက်သို့ ကျောက်ချ ရပ်နားထားကြောင်း သတင်းရရှိပါသည်။

သပြေညိုဌာနေ  ရေစကြို

Oct-1.4:30PM

#threestarmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ကမ္မ....

ပခုက္ကူခရိုင် ပခုက္ကူနယ် ကမ္မပေါ်ရှိ စကမခန့်မှန်း(၁၀၀)ဝန်းကျင်သည်
မြိုင်လမ်း အလက ကျောင်း၊ ပေါက်လမ်းနှင့် မြိုင်လမ်းထိပ် နန်းထိုက်တော်ဝင် စတိုးဆိုင်၊ ဦးစိုးသန်းသုံးထပ်တိုက်နှင့် ဗိုလ်ချုပ်ကြေးရုပ် မိခင်နဲ့ကလေးရုံးတွေမှာ ရှိနေဟုသိရပြီးချက်ပြုတ်စားသောက်နေကြောင်းသိရ။

1.10.2025
6:00PM

#KLY

#threestarmyaing

📬 သတင်းပေးပို့ရန်
@myaing3starbot