ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ကမ္မ- မကွေးတိုင်း

10:30am(29 Sep)

ပခုက္ကူ (101) တက် Paramotor (2) စီး ကမ္မနယ်ဖြတ် အနောက် ဘက်သို့ပျံသန်း။

⚠️ပေါက် ကမ္မ ရေစကြို  မြိုင် ဆားလင်းကြီး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူမြို့ထွက်လာသော စခကား၄စီးမှာ ပခုက္ကူမြို့နယ် အင်ပင်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိပါသည်။

#threestarmyaing
Sep29,11:30AM
📫သတင်းပေးပို့ရန်
@myaing3starbot
မလှိုင် 🔺29 Sep 12:10 pm

မလှိုင်မြို့ပေါ် ဖောကားများချောဆွဲနေဟုသိရပါတယ်။

September လဆန်းပိုင်းကစပြီး မြို့နယ်အတွင်း ဖောကား၊ Canda ၊ Light truck ကားများကို ရဲခွေး စခန်းမူး အောင်ဆန်းထွေးမှ မလှိုင်နယ် ကျေးရွာများထိ ဆင်းကာ ရသမျှတွေသမျှကား ချောဆွဲတယ်ဟုပြောကာ နေစဥ်လုပ်ဆောင်နေတာပါ။သူအတွက်အဓမ္မငွေရှာခွင့်ရသွားသလိုပါဘဲ လိုက်ထရပ်ဆို မလိုက်ချင် ၅သောင်းကျပ် နှင့် ဖောကား ၊ကန်တာ ကားတွေဆိုလျှင် တသိန်းကျပ်တောင်းခံနေတယ်ဟုသိရပါတယ်။သွားစရာရှိရှိမရှိရှိ ချောဆွဲအလုပ်တော့ရပ်မယ်မထင်တော့ဘူး ငွေရှာတဲ့လုပ်ငန်းတခုဖြစ်သွားပါပြီ။

ယခုနှစ်အတွက်ဆိုပြီး ဖောကား၁၇စီးကိုလည်း အကြမ်းဖက်စစ်ခွေး ပြောင်ကြီးခေါ် ဝေဖြိုးကလည်း တနှစ်စာဆိုပြီး ၃သိန်း၇သောင်းကျပ် အဓမ္မတောင်းယူခဲ့ပါသေးတယ်။

@mhlgnews

ပြည်သူများဘေးရန်ကင်းကြပါစေ

လူထုသတင်းကွန်ယက်မလှိုင်မြို့
#ဂန့်ဂေါသတင်း

29.9.2025

မကွေးတိုင်း ယောမြို့တော် ဂန့်ဂေါမြို့ပေါ်ရပ်ကွက် ၄ ခုမှာရှိတဲ့ ရပ်ကွက်ရုံးများကို ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့ညမှစလို့ ရွေးကောက်ပွဲ ပြီးသည်အထိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်မ(စခ၊ရခ၊ပခ) များက ရုံးတစ်ရုံးကို ၅ ဦးစီနဲ့ အလှည့်ကျကင်းစောင့်ရမည်လို့သိရပါတယ်။

လာမည့်သီတင်းကျွတ်ပွဲတော်အတွက်နဲ့ ရွေးကောက်ပွဲအတွက်ပါ မြို့ကင်းနဲ့ ရပ်ကွက်ရုံးလုံခြုံရေးကင်းများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း
#MRSN
Sep-29 , 7:30PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
အရေးပေါ်သတင်းထုတ်ပြန်ချက်

ပခုက္ကူ-ကမ္မ လမ်းပိုင်းကို ယာယီပိတ်ပင်ကြောင်း ထုတ်ပြန်ကြေငြာချက်

၂၀၂၅ခုနှစ် စက်တင်ဘာ ၂၉ရက်

၂၀၂၅ခုနှစ် စက်တင်ဘာ ၃၀ရက်မှ စ၍ စစ်ရေးအခြေအနေအရ ပခုက္ကူ-ကမ္မ လမ်းပိုင်းကို ယာယီပိတ်ပင်မည်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် ညောင်ဂျစ်ပင်ပျုစောထီးရွာတွင် ရောက်ရှိနေပြီး ကမ္မဒေသကို စစ်ကြောင်းထိုးနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်းအန္တရာယ်ကို နားစွင့်နေပါရန် ကြိုတင်အသိပေးအပ်ပါသည်။

လမ်းပိုင်းပြန်လည်အသုံးပြုနိုင်ပါက ပြည်သူများသိရှိနိုင်ရန် ထပ်မံထုတ်ပြန်ကြေငြာသွားမည် ဖြစ်သည်။

(ကမ္မတပ်ပေါင်းစု မှ သတင်းထုတ်ပြန်လိုက်ပါသည်)
#ဂန့်ဂေါသတင်း

30.9.2025

ယနေ့မနက် ၁၀ နာရီကျော်က ဂန့်ဂေါမြို့ မြို့မရပ်ကွက်မှာ မီးးလော-င်မှုတခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

ဖြစ်ပွားပုံမှာ မြို့မရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးက အရက်မူးး၊အရက်ကြောင် ကြောင်ကာ မိမိနေအိမ်ကို မိမိကိုယ်တိုင် မီးးပြန်ရှို့တာလို့သိရပါတယ်။

ယခုအခါမှာတော့ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြိမ်းးသတ်လို့ မီးးငြိမ်းသွားပြီလို့သိရပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း
#MRSN
Sep-30 , 11:43AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ထီးလင်းစစ်ကြောင်း ကျားခဲရွာကိုဝင်ရောက်နေ

30.9.2025 ၊ထီးလင်း

ယနေ့မနက် အစောပိုင်းက ထီးလင်းမြို့အရှေ့ဖက်ကိုထွက်လာခဲ့တဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ ထီးလင်းစစ်ကြောင်းဟာ ဝါးရင်းချိုင်ရွာတွေဖက်ကိုအယောင်ပြပြီး ယခုအခါ ကျားခဲရွာကိုဝင်ရောက်နေပြီလို့သိရပါတယ်။

စစ်ကြောင်းဟာ အင်အားအသင့်အတင့်များတာကြောင့် ရှေ့ခရီးလည်းဆက်နိုင်ပါတယ်။ အနီးအနားကျေးရွာကပြည်သူများကြိုတင်သတိရှိနေပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း

#MRSN
Sep-30 , 11:43AM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
30.9.2025
7:00AM

⛔️ပေါက်မြို့နယ်⛔️

မကွေးတိုင်း ၊ပခုက္ကူခရိုင် ပေါက်မြို့အခြေစိုက် ကပစ ၂၄အနီးတ၀ိုက် နေထိုင်မိဘပြည်သူများအနေဖြင့်
လတ်တလေ စစ်ကြောင်း/လေ​ကြောင်းသတိပြုနေထိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်

#ကိုလရောင်

သတင်းပေးပို့ရန်
@myaing3starbot
🚨Paramotor စစ်တပ်လေထီး သတိ🚨
30.9.2025

ကမ္မ /မြစ်ခြေ /ပေါက်/မြိုင်

မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ လေကြောင်းကို မပေါ့ဆကြပါနဲ့။
စကစ ရဲ့ လေကြောင်းကြောင့် သေဆုံးရတဲ့ ရဲဘော်/ပြည်သူ တွေ များလှပါပီ😭
ဒီကာလမှာ မလိုအပ်ပဲ အသက်တွေ မဆုံးရှုံးရအောင် တစ်ယောက်ချင်းစီးတိုင် လေကြောင်းကို မပေါ့ဆကြပါနဲ့။ အထူးဂရုစိုက်ကြပါ...🙏🙏🙏

Paramotor လေထီး ပျံတက်ထားတာ ရှိရင် ရဲဘော် /ပြည်သူ အချင်းချင်း သတိပေးကြပါ။
Paramotor လေထီး အင်ဂျင်သံဟာဖြင့် အဝေးကနေ အသံကြားနိုင်ပါတယ်။ ကြိုတင်သတိရှိကြပါ။ မိမိနေရာတော့ ဗုံးသီး မချလောက်ပါဘူး မတွေးကြပါနဲ့။ ရန်သူဟာ ရန်သူပီသပါတယ်။ မိမိပတ်ဝန်းကျင်မှာ လေထီးဝဲနေပီဆိုရင် ကတုတ်ကျင်းထဲ ဝင်နေကြပါ။
ပုန်းခိုစရာ ကတုတ်ကျင်း မရှိပါက လုံခြုံမယ် ထင်တဲ့နေရာမှာ ဝင်ရောက်ပုန်းပါ။ paramotor အင်ဂျင်တပ်လေထီးကို ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ခြင်းတွေ မလုပ်ကြပါနဲ့📱🙅

စကစရဲ့ လေကြောင်းအန္တရာယ်မှ ကင်းဝေးကြပါစေ...🙏🙏🙏

#လေကြောင်းအန္တရာယ်အသိပေး
#fypシ゚viralシ
#hilightseveryonefollowers
#ahya
#အညာမြေ

#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းသို့ ထွက်လာသော စစ်ခွေးစစ်ကြောင်းသည်၊ရှေ့ပြေး ရေမျက်ရွာ သို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။

#PKK News
#MRSN
Sep-30 , 1:08 PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
Sept 30

ဝဲလောင်ဆည် ရေပြည့်မှတ်ထက်ကျော်လွန်နေ.....
ရေပြည့်အမှတ် ၇၂၅'
လက်ရှိရေအမှတ် ၇၂၉'
ဘောင်လယ်ဗယ် ၇၃၅'

ရေပြည့်အမှတ်ထက် ၄‌'ကျော်လွန်နေကြောင်းတွေ့ရသည်။

ယခင် ၂၀၁၀ ခုနှစ်တုန်းက စိုးရိမ်ရေအမှတ် ၇၃၀' အထိ တက်ရောက်ခဲ့ဖူးသော်လည်း အန္တရာယ်တစ်စုံတရာ မရှိခဲ့ပေ။

သို့သော်လည်း ရာသီဥတုအနေအထားအရ သတိထားပြီး နေသင့်‌ပါသည်။

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူ စခန်းမှ ထွက်လာသော စစ်ခွေးစစ်ကြောင်းသည် ပြည့်အိုင်ရွာ အရှေ့ဘက်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#theeestarmyaing
2:00pm,Sep 30
📫သတင်းပေးပို့ရန်
@myaing3starbot
Forwarded from WES Inform
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူ စခန်းမှ ထွက်လာသော စခ စစ်ကြောင်းသည်  ပြည့်အိုင်ရွာ အရှေ့ဘက်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#WES
2:00pm,Sep 30
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းမှ ထွက်လာသော စစ်ခွေးစစ်ကြောင်းသည်၊ပြည့်အိုင် ရေပေါ်ကျောင်းအတွင်းသို့၊ရှေ့ပြေးရောက်ရှိပြီး၊စစ်ခွေးအင်အား (၁၅၀)ခန့်ပါရှိကြောင်းသတင်းရရှိထားပါသည်။

#PKK News

Sep -30, 2:56PM

#threestarmyaing

📫သတင်းပေးပို့ရန်

@myaing3starbot
Forwarded from Shwe Moe
မနေ့က Sep 29 ရက်နေ့ နေ့လယ်၂:၅၀ လောက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ လူစည်ကားတဲ့ ဈေးနဲ့ ရဲစခန်းနေရာဟောင်းကို မိစ္ဆာစစ်တပ်က တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂စီးနဲ့ “အကြောင်းမဲ့” လေကြောင်းနဲ့ ဝင်တိုက်တယ်။

မူကြိုအရွယ် ကလေးငယ် (၂)ဦးအပါအဝင် အရပ်သားပြည်သူ (၈) ဥဦးထက်မနည်းသေဆုံးသွားပြီး အများအပြားဒဏ်ရာရသွားတယ်။


မနေ့က တစ်နေ့တည်းမှာပဲ
နေ့လယ် ၁၂ နာရီ ၂၅ နာရီလောက် အချိန်မှာ
ချင်းပြည်နယ် ပလက်ဝမြို့ပေါ်မှာ ဘာတိုက်ပွဲမှ မရှိဘဲ
ဗုံးကြဲလို့ အမျိုးသမီး (၂) ဦးသေဆုံး၊ ကလေးငယ်တွေရော အရပ်သားတွေရော အယေုက(၂၀) လောက် ဒဏ်ရာရသွားတယ်။


ဒါက ဖော်ပြနိုင်လို့ရတဲ့အခြေအနေအရ ထွက်လာတဲ့ သတင်းပါ။ ဒီထက်ပိုမိုဆိုးဝါးတဲ့ ပျက်စီးမှုတွေက ပိုများဦးမှာပါ။

သတင်းတွေဖတ်ပါရှင်။ လူမဆန်သူတွေရဲ့ လူမဆန်မှုတွေကို သိအောင် လေ့လာကြပါ။ ပိုပြီး သိကြအောင်လည်း ဖြန့်ဝေကြပါ။

#MaShweMore_Korea_Telegram

#Cartoon_Crd
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းမှ ထွက်လာသော စစ်ခွေးစစ်ကြောင်းသည်၊ပြည့်အိုင်ရွာမှ​နောက်ကြောင်းပြန်ခေါက်ပြီး၊ရွာသာအေးရွာသို့ ရောက်ရှိသွားကြောင်းသတင်းရရှိထားပါသည်။

#PKK News
Sep -30, 3:54PM

reestarmyaing

📫သတင်းပေးပို့ရန်

@myaing3starbot
ထီးလင်းစစ်ကြောင်း မြို့ထဲ ပြန်ဆု-တ်

30.9.2025

အထက်အ-မိ-န့်-အရ ဟန်ရေးပြ ရွေ့လျားနေကြရတဲ့ ထီးလင်းစစ်ကြောင်းဟာ ကျားခဲရွာကနေ ခိုးးယူ ပြန်ဆု-တ်လာခဲ့ကြတာဖြစ်ပြီး ယနေ့နေ့လည် ၂ နာရီခန့်မှာ ထီးလင်းမြို့ကိုအားလုံးပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။

ထီးလင်းနယ်မှာ ရွေးးကောက်ပွဲမပြုလုပ်နိုင်သော်လည်း အခြားနေရာများအတွက် ယခုလို ဟန်ရေးပြ စ-စ်ရေးးလှုပ်ရှားမှုမျိုးတွေမကြာခဏ ပြုလုပ်လာနိုင်ပါတယ်။မြို့နဲ့အနီးနားကျေးရွာကပြည်သူများအနေဖြင့် ကြိုတင်သတိအမြဲရှိနေကြရန်လည်း လိုအပ်လှပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep-30 , 4:28PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
#ဂန့်ဂေါသတင်း

30.9.2025

ရိက္ခာ ဖြ-တ်တောက်ထားတဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်း (ပျူ) ရွာကို ယနေ့မနက် ၇ နာရီခန့်မှာ လူအချို့က ရိက္ခာတွေ သွားရောက်ရောင်းချနေတာတွေရှိနေကြောင်းသိရပါတယ်။

အခုလို လာရောက်ရောင်းချကြတဲ့သူတွေဟာအာရှလမ်းမကြီးရဲ့ အရှေ့ဖက်၊မြောက်ခင်ရန်းရွာရဲ့အရှေ့တောင်ဖက် လက်ပံပင်ကြီးနားကလာတာဖြစ်ပြီး ခြေလျင်လျှောက်ကာ ထမ်းပိုးလာကြတာဖြစ်တယ်လို့ မြောက်ခင်ရန်းရွာနေသူ တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ- ဂန့်ဂေါမြို့နယ်အတွင်းကျေးရွာတွေရှိလူနေအိမ်​ တွေကို မြောက်ခင်ရန်းပျူစစ်ကြောင်းက မီးးရှီု့ခဲ့စဥ် (ပုံဟောင်း)

ယောအလင်းတန်း
#MRSN
Sep-30 , 9:30PM
#threestarmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ထီးလင်း-မကွေးတိုင်း

9:00am(1 Oct)

ထီးလင်းနယ်ပေါ်  မိတ္ထီလာလေတပ်တက် စစ်ထောက်ပို့ Y-8 (1)စီးပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူမြို့နယ် ပြည့်အိုင်ရွာသို့ ညောင်ဂျစ်ပင် ပျူရွာမှထွက်လာ​သော စကစ စစ်သားများနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းရောက်ရှိနေပြီး ပြည့်အိုင်ရွာနှင့် ဂေါတမဘုရားဘက်သို့ ပြန်လိုက်သွားလိုက်လုပ်နေကြောင်းသတင်းရရှိပါသည်။
#theeestarmyaing
Oct1,9:44AM
📬 သတင်းပေးပို့ရန်
@myaing3starbot