ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၁၃) ရက်

၁။ အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည် (၁၂:၃၀)ဝန်းကျင်အချိန်တွင် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကလေးငယ်(၁)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ(၅)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၃။ ထို့အပြင် အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၁၃)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်တွင်လည်း သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားအား Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ(၄၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ပြန်သည်။

၄။ ထို့သို့ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီးရှိ ကလေးငယ်(၁)ဦးနှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၅။ အကြမ်းဖက် စစ်ကော်မရှင်၏ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများသည် အပြစ်မဲ့ ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
🏕️ဒို့အညာ
  
ဒို့အညာ စိတ်ထားဖြူစင်ပြီး  ဖော်ရွေကြတဲ့  အညာ
စေတနာအရင်းခံလေးနဲ့ ကူညီတတ်ကြတဲ့  အညာ
ပကာသနမပါတဲ့ သနပ်ခါးလေးနဲ့  လှနေတတ်တဲ့ အညာ
စိုက်ပျိုးရေးလုပ်ငန်းက်ိုလုပ်ကိုင်ရင်းပျော်နေတတ်တဲ့ အညာ
မဟုတ်ရင်မခံတတ်တဲ့စိတ်လေးကြောင့်ရန်ပွဲလေးတွေများတတ်တဲ့  အညာ
နွေဦးရဲ့လေရူးကြောင့်ပြောင်းလဲခဲ့ရပြီ အညာ
တံစဥ်ကိုင် ပေါက်ပြားကိုင်တဲ့လက်ကနေ ရရာလက်နက်စွဲကိုင်ခဲ့ကြတဲ့  အညာ
စစ်ဘီလူးရဲ့လက်အောက်မှ ငြိမ်မခံဘဲ တွန်းလှန်ခဲ့တဲ့ အညာရေ
အခုတော့ အညာက အရင်လိုမလှပနိုင်တော့ပါလား၊
မီးတောက်တွေ/မီးခိုးတွေ ကြားက ဦးမညွတ်ဘဲ "ဗေဒါပျံ အံကိုခဲ"  လို့ ပန်းပန်လျှက်ပါ  အညာ
နွေဦးရဲ့လေရူးကြောင့် ပန်းလေးတွေ ကြွေလွင့်ခဲ့ရတဲ့  အညာ
အညာရေ  အားတင်ထားပါနော်  လေရူးတွေ ငြိမ်သက်သွားတဲ့ တစ်နေ့   ပြန်လည်တွေ့ခွင့်ရချင်ပါတယ် အညာ

#နွေဦးမေ
#ကဗျာ
#threestarmyaing
📌မကွေးတိုင်းအတွင်းနေထိုင်သူ မိဘပြည်သူများထံသို့ အသိပေးချက်📌

မိဘပြည်သူများရှင့်
စကစဘက်မှ စစ်မှု့ထမ်းဆောင်ရန်အတွက် အရေးတကြီးလူများရရှိရေးအတွက် ပေါ်တာဆွဲခြင်းများကိုနေရာစိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် ခရီးသွားခြင်းနှင့်မလိုအပ်ပဲအပြင်သွားလာခြင်းများမပြုလုပ်ကြရန် မိမိအနီးပတ်ဝန်းကျင်ရှိ သတိထားနားစွင့်နေထိုင်ကြပါရန် အသိပေးပြောကြားအပ်ပါသည်ရှင့်🙏


MRSN
🌹 ပခုက္ကူခရိုင်အတွင်းရှိ မိဘပြည်သူများအား အသိပေးခြင်း 🌹

တော်လှန်ရေး ကာလကြာ​မြင့်သည့် အတွင်းမှ အခတ်အခဲးများခြားမှ တော်လှန်ရဲဘော်များ၊တော်လှန်သတင်းသမားများ ၊ တော်လှန်ပြည်သူများ မှာ ခတ်ခဲးမှု့မျိုးစုံဖြင့် ကြိုးစားလုပ်ကိုင်နေရခြင်းဖြစ်၍ မိဘပြည်သူများအနေဖြင့် မိမိမြင်တွေရသည့် စစ်ခွေး အပေါင်းအပါများ၏ လှုပ်ရှားမှု့ သတင်းများ ကို ပေးပို့ခြင်းဖြင့် အာဏာရှင်သက်ဆိုး မရှည်နိုင်ရန်အတွက်နှင့် ပြည်သူအခြင်းခြင်း စစ်ခွေးရန်မှ ကင်းလွတ်စေရန် ဝိုင်းဝန်းကူညီ ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ ပန့်ကြားအပ်ပါသည်။

📬 သတင်းများအား ယုံကြည်စိတ်ချစွား ပေးပို့နိုင်ရန်အတွက် အောက်ပါ Bot ကို လက်ဖြင့် တစ်ချပ်ထဲး ထိတွေ့၍ ဝင်ရောက်ပေးပို့နိုင်သည်။

Bot.   
@myaing3starbot
⚠️မြင်းခြံ-ညောင်ဦးလမ်း

မြင်းခြံ ညောင်ဦးလမ်းအတိုင်း အင်အား ၆၀ ဝန်းကျင်ခန့်ပါ ခွေးကား ၆ စီး ပခုက္ကူဘက်သို့ မောင်းသွားကြောင်းသိရ။

#MRSN
#threestarmyaing
Sep 14 , 10:20AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ်⚠️

ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ထဲသို့မြင်းခြံ ညောင်ဦးဘက်မှလာသော အင်အားပါ ခွေးကား ၆ စီး ဝင်ရောက်သွားကြောင်းသိရ။

#3starmyaing
Sep 14 , 11:26AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

ပခု​က္ကူမြို့ပေါ်မှ ထွက်လာသော စကစနှင့်ပျူ​ပူးပေါင်းစစ်ကြောင်းသည် ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာနှင့် မြောက်လူးကံရွာကြားတွင်ရောက်ရှိနေကြောင်းသတင်းရရှိ
#3starmyaing
Sep14,11:57AM
@myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့ ပေါ်မှ ထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ပခုက္ကူမြို့နယ် အရှေ့ ဘုန်းကံရွာ သို့ရောက်ရှိနေကြောင်း သိရပါသည်။

Sep -14 , 12: 43PM
#သပြေညိုဌာနေ
#threestarmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
Forwarded from သပြေညိုဌာနေ (ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားရေးဌာန)
#ဂန့်ဂေါသတင်း

14.9.2025

ယောနယ်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် တိရိစ္ဆာန်အချို့ တောင်ကျချောင်းရေဖြင့်မျောပါသွားကြောင်းသိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ည ၊ ယနေ့မနက်အစောပိုင်း ၂ နာရီခန့်မှာ ဂန့်ဂေါမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။မိုးသည်းထန်မှုကြောင့် တောင်ကျချောင်းရေများ ရုတ်တရက် ကျဆင်းလာပြီး ချောင်းအနီးနားမှာ ရှိတဲ့ တဇန်းရွာက ခိုင်းကျွဲကြီး (ကျွဲပေါက်-အထီး) ၂. တောင်ကျရေနဲ့အတူမျောပါ​ေ သ ဆုံးသွားတယ်လို့သိရပါတယ်။

မိဘပြည်သူများ၊တောင်သူဦးကြီးများအနေတို့ဖြင့် မိုးလေဝသသတင်းကို သေချာဂရုစိုက်ပြီး မိမိတို့ကဲ့ အိမ်မွေးတိရိစ္ဆာန်များကို ဘေးးလွတ်ရာသို့ပြောင်းရွေ့ထားကြရန်နဲ့ မြစ်၊ချောင်းဘေးကနေအိမ်များ ကြိုတင်အထူးသတိထားကြရန်လိုအပ်လှပါတယ်။လိုအပ်ပါက အမြန်ပြောင်းးရွေ့နေထိုင်ကြပါရန် အသိပေးလိုက်ရပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း
Sep -14 , 1:54PM
ရေစကြို သပြေညိုဌာနေ
📬 သတင်းပေးပို့ရန် @yesagyobot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူ တပ်မ ၁၀၁မှ ထွက်ခွာလာသော စစ်ခွေးအင်အားပါ ကား ၂စီးမှာ  ကိုးပင်အထည်ချုပ်သို့ရောက်ရှိနေကြောင်း သိရ။

#3starmyaing
Sep -14 , 2: 43PM
📬 သတင်းပေးပို့ရန် @myaing3starbot
https://t.me/+0EBL5sIuvQNhNjc1

သပြေညိုဌာနေ ရေစကြို

ပြန်ကြားရေးဌာနေ သတင်းဌာန

Join ပေးကြပါအုံးဗျ
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အနောက်ချောက်ကန်ရွာမှ စစ်ခွေးများမှလက်နက်ငယ်များပစ်ဖောက်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-14 ,4:58PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အနောက်ချောက်ကန်ရွာ မြောက်ဘက်သို့စစ်ခွေး ကား ၂ စီးရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-14 , 5:08PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အနောက်ချောက်ကန်ရွာ သို့ရောက်ရှိနေသော စစ်ခွေးကား ၂ စီးမှာ ပခုက္ကူမြို့ဘက်သို့ပြန်လည် ထွက်ခွာသွားကြောင်း သိရပါသည်။

#threestarmyaing
Sep-14 , 6:04PM
📬 သတင်းပေးပို့ရန် @myaing3starbot