ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ်⚠️

ပခုက္ကူမြို့ပေါ်မှ ယနေ့မနက်ပိုင်းက ပခုက္ကူမြို့ လေယာဥ်ကွင်းအတွင်းသို့ ရောက်ရှိထားသော စစ်ခွေးကားကြီး ၂ စီးနှင့် စစ်ခွေးကားလေး ၅စီးမှာ ရေစကြိုမြို့နယ် ကျောက်လှေခါးရွာနှင့် GTC စက်ရုံထဲးတွင်း ၂နေရာခွဲး၍ရောက်ရှိနေကြောင်း သိရပါသည်။

#3SM
Aug-16 , 11:40AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ရေစကြိုမြို့နယ် ကျောက်လှေခါးရွာနှင့် GTC စက်ရုံထဲးသို့ရောက်ရှိနေသော စစ်ခွေး ကားများမှာ ပခုက္ကူ လေယာဥ်ကွင်း ဘက်သို့ပြန်မောင်းသွားကြောငသ်းသိရပါသည်။

#3SM
Aug-16 , 11:55AM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

16.8.2025ရက် ပေါက်မြို့နယ် အုန်းတောကျေးရွာ အုန်းတောတံတားအား စခ ပခ များ အင်အားအလုံးအရင်းဖြင့် ပြုပြင်နေ‌ကြကြောင်း သိပါသည်။

#ရောင်နီ‌ဌာနေ

Aug-16,11:58AM

⚠️ပေါက်မြို့နယ်⚠️

၁၆.၈.၂၀၂၅ရက် ပေါက်မြို့နယ် လေယဉ်ကွင်းကနေ ရှေ့အရပ်နဲ့ အရှေ့တောင်အရပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း သိရပါသည်။

၃လုံးရှိ

#ရောင်နီဌာနေ
#3SM
Aug-16,12:11PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ပခုက္ကူမြို့နယ် ⚠️ ရေစကြိုမြို့နယ် ကျောက်လှေခါးရွာနှင့် GTC စက်ရုံထဲးသို့ရောက်ရှိနေသော စစ်ခွေး ကားများမှာ ပခုက္ကူ လေယာဥ်ကွင်း ဘက်သို့ပြန်မောင်းသွားကြောငသ်းသိရပါသည်။ #3SM Aug-16 , 11:55AM 📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ရေစကြိုမြို့နယ် ကျောက်လှေခါး ရွာနှင့် GTC စက်ရုံသို့ရောက်ရှိထားသော စစ်ခွေး ကားများမှာ ပခုက္ကူလေယာဥ်ကွင်းသို့ရောက်ရှိသွားကြောင်း သိရပါသည်။

#3SM
Aug- 16 , 12:34PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

16.8.2025ရက် ပေါက်မြို့နယ် တောင်ပိုင်း ဒီးတုတ်ကွင်းပျူရွာမှ ပျူခွေးများ မြောက်အရပ်သို့ ဆိုင်ကယ် များ  ကားများ စတင်ထွက်ခွာမောင်းနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-16,12:38PM
📬 သတင်းပေးပို့ရန် @myaing3starbot
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော စခ သံခွန်(၁)စီးသည် ပခုက္ကူမြို့နယ်ရွှေတန့်တစ်ရွာ နားသို့ရောက်ရှိကာအထက်သို့ဆန်တက်နေကြောင်းသိရ။


#Yaypyin
Aug 16, 12:54PM
📫သတင်းပို့ရန် @Yaypyin0bot
Royal Peacock Defence Force (ပေါက် ပကဖ) ထံ လာရောက်တည်းခိုသည့် တော်လှန်ရေးရဲဘော် တစ်ဦး လက်နက်ခဲယမ်းများ ခိုးယူထွက်ပြေးသွား...

ဩဂုတ် ၁၆ ၊ ၂၀၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖြစ်တဲ့ Royal Peacock Defence Force တပ်ဖွဲ့ဆီ လာရောက်တည်းခိုနေထိုင်တဲ့ တော်လှန်ရေးရဲဘော် ၁ ယောက်က လက်နက်ခဲယမ်းတွေ ခိုးယူထွက်ပြေးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်က Royal Peacock Defence Force တပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ Royal Peacock Defence Forceတပ်ဖွဲ့က ရဲဘော် ၁ ယောက်  ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို သွားရောက် ပို့ဆောင်နေချိန်မှာ ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီးဟာ စခန်းထဲက လက်နက်တွေ ယူပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ် ။

" ကျတော်တို့အဖွဲ့ဆီလာပြီး နေထိုင်တည်းခိုခွင့်တောင်းလို့ တည်းခိုခွင့်ပေးတာပါ ၊ လာတည်းတာက ၃ လလောက်ရှိပီဗျ ၊ ၃ ရက်နေ့က တပ်မ ၁၀၁ ကစစ်ကြောင်းနဲ့ထိတွေ့ ဖြစ်တာ၊ ၁၀ နာရီလောက်ကျ ရဲဘော်ထိတော့ ဆေးရုံပို့ဖို့ ရှေ့တန်းထိ ဒဏ်ရာရတဲ့ရဲဘော်ကို သွားခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ ခိုးပြေးသွားတာပါ " လို့ Royal Peacock Defence Force တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။

ရဲဘော်ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီးဟာ စခန်းထဲကနေ Type 81 သေနတ်တစ်လက် ၊ ကျည်ဘောက်သုံးဘောက် ၊ ကျည် 100 ၊ အိုင်ကွန် တစ်လုံးကို ခိုးယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

လက်နက်ခိုးယူထွက်ပြေးသွားသူဟာ အရင်က မကွေးခရိုင် PDF တပ်ရင်း ၂  မှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး အဲ့ကနေတစ်ဆင့် ပေါက်တောင်ပိုင်းပကဖ အဖွဲ့ကို ပြန်လည်ဝင်ရောက်ခဲ့ရာ အဆိုပါတပ်ဖွဲ့မှာ ပြဿနာဖြစ်ပြီးနောက် အဖွဲ့ကနေ ထွက်လာခဲ့တယ်လို့ သိရပါတယ် ။

"ပြဿနာဖြစ်လာတော့ တစ်နယ်သား ရဲဘော် နေစရာမရှိဘူးဆိုပြီး တည်းခိုခွင့်ပေးထားတာ ၊ တော်လှန်ရေးရဲဘော်အချင်းချင်း ကူညီပေးခဲ့တာပါ ၊ သူက မန္တလေး စက်မှု ၂  ဇာတိပါ" လို့ အထက်ပါ တာဝန်ရှ်ိသူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရဲဘော် ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီး ကို စုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေပြီး နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေဆီကိုလည်း အချက်အလက်တွေပေးပို့ထားတယ်လို့ သိရပါတယ်။

ပုံစာ - Royal Peacock Defence Force တပ်ဖွဲ့ကနေ လက်နက်ကျည်များခိုးယူသွားတဲ့ ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီး
⚠️ပေါက်မြို့နယ်⚠️

၁၆.၈.၂၀၂၅ရက် ပေါက်မြို့နယ်အရှေ့ပိုင်း ဘုရားတောင်ရွင် နှင့် ဖိုးဖြူလုံးကန်သို့ ရောက်ရှိနေသော ရိပ်က္ခာကားတန်း နှင့် ရှေ့ပြေးများသည် ပေခုနစ်ပင်ရွာသို့ ဝင်ရောက်နေကြောင်းသိရပြီး၊ ဒီးတုတ်ကွင်းပျူရွာရှိ ပခ စခ များအတွက် ခိုးယူနိုင်ပါတယ်။

မိဘပြည်သူများ အထူးအလေးအနက်ထားကြပါရန် အသိပေးအပ်ပါသည်။

#ရောင်နီဌာနေ
#3SM
Aug-16,2:29PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၆.၈.၂၀၂၅ရက် ပေါက်မြို့နယ် အရှေ့ပိုင်း Denkoဆီဆိုင်နဲ့ရောင်နီထွန်းဆီဆိုင်တစ်ဝိုက် ရပ်နားထားသော ရိပ်က္ခာကားတန်းတစ်ချိုသည် အနောက်အရပ်သို့ စတင်ထွက်ခွာလာနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-16,5:30PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် 🔴

မြိုင်မြို့နယ် ဆားထုံးကြွယ် ရွာ တစ်နေရာတွင် ပခုက္ကူမြို့တပ်မ ၁၀၁ မှတပ်လာသော စက်တပ်လေထီး(paramotor) 2 စီးဖြင့် (Aug-15 ,7:13AM 7:41AM) အချိန်တို့က လေကြောင်းတိုက်ခိုက်သွားကြောင်းသိရပါသည်။


မြိုင်မြို့နယ် ညောင်ကုန်းရွာ တစ်နေရာတွင် ပခုက္ကူမြို့ တပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor) 2 စီးဖြင့် ( Aug-15, 3:07PM 3:09PM 3:13PM) အချိန်တို့က လေကြောင်းတိုက်ခိုက်သွားကြောင်း သိရပါသည်။

လေကြောင်းရန် ကာကွယ်ခြင်းအရသတင်းပိုင်းအားအချိန်တစ်ခုစောင့်ပြီးမှတင်ပြပေးရခြင်းဖြစ်သည်။

#3SM
Aug-16 , 9:21PM
📬 သတင်းပေးပို့ရန် @myaing3starbot
16.08.2025
07:35 pm
ကျောက်ထုသတင်း

ကျောက်ထ အမတ ၃၆၈ တပ်ထဲမှ စုပေါင်းစပ်ပေါင်း စခ(အင်အားမသိရသေး)တွေဟာ ကျောက်ထုမြို့ ရဲစခန်း၀င်းထဲရောက်ရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။စခတွေဟာ ဘယ်ကိုဦးတည်မယ်လို့မသိရတာမို့ အနီးအနားကျေးရွာများဖြစ်ကြတဲ့ သရက်ချဉ်၊တောခလွန်၊ငလွန်း၊ပန်းဆန်၊တေး၊စံ၊လေးရွာ၊မင်းကြည့်ကျေးရွာဘက်မိဘပြည်သူများ အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှငကြပါစေ။

------------------ Aung Gyi --------------------

ယောအလင်းတန်း
#MRSN
Aug-16 , 11:02PM

📬 သတင်းပေးပို့ရန် @myaing3starbot
17.08.2025
ဆောနယ်ထိစပ်လေကြောင်းသတင်း

နေပြည်တော် အေလာလေတပ်မှတက်လာတဲ့ Jet Fighter တစ်စီးဖြင့် ကန်ပက်လက်မြို့ပေါ် တစ်နေရာကို ယနေ့နံနက် 06:55 နာရီမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့သိရှိရပါတယ်ခင်ဗျာ။

Photo - Crd

ယောအလင်းတန်း
#MRSN
Aug-17 11:12 AM

📬 သတင်းပေးပို့ရန် @myaing3starbot