ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Magway Regional Scout Network (Ma Su Nway)
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြိုင်မြို့နယ် (Rocket) လက်နက်ကြီး မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့၊ ညနေ (၅) နာရီအချိန်တွင် မြိုင်မြို့-မြို့မ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  နှင့် စကစများ ခိုအောင်းနေသော နေရာများသို့ Rocket ဗုံးသီး (၂၀၀) ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ စခများ အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရှိရပါသည်။

အဆိုပါ တိုက်ခိုက်မှုကို နှလုံးလှလူမိုက်၊ ဆင်ရိုင်းရာဇာ၊ ဘာမထီ၊ MPL တိုက်နယ် ၄၊ ထိရှ၊ နေမင်း၊ ကင်းကြီး၊ ဗိုလ်မိုးသီး၊ ပြောင်ကြီး၊ ဖိုက်တာမြွေဆိုး၊ PRDF၊ RDF၊ PCM၊ အညာမုန်တိုင်း၊ အညာဒေါင်း၊ GEN 21၊ MVRF ရင်း ၆၊ သာထူး၊ နှင်းဂွေး၊ ဦးလေးကြီး၊ ဗိုလ်ညို၊ တိုးကြီး၊ ရင်း ၁၅၊ သိမ်းငှက်နီ၊ ရွာသစ်ကြီး၊ ဇီးဖြူပင်၊ ကံမ စသည့်အဖွဲ့များအပြင် လက်နက်ငယ်အဖွဲ့များဖြစ်သည့် သူရိန်၊ ဦးဇင်းလေး၊ ဗိုလ်တစ်ထောင်ပြောက်ကျား - မြိုင် ပကဖ ခွဲ-၃ နှင့် ဒေါင်းအလံလွှင့်မည့် စေတမာန် စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

မြိုင် ပကဖ
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
MRSN
Jan 6 , 9:50PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သော စစ်ကြောင်းနှင့် မြို့ပေါ်ရှိ စီမံရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ နတ်တလင်းမြို့နယ်တွင် မိုင်းရှင်းရန်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သော စစ်ကြောင်းနှင့် မြို့ပေါ်ရှိ စီမံရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ​ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲကျွန်းအရှေ့ဘက် ဇရပ်မြောက်ဘက်မှာရှိ ဇီးပင်အောက်တွင် ဇီးသီးခူးစားနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးကို မြိုင်ဆေးရုံသို့ လူနာတင်ကားဖြင့် ချက်ချင်းခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း မြိုင်မြို့ပေါ် စီမံရေးရုံးအတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက 1KG ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ၂ လုံးမှာ စီမံရေးရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

"မြိုင်စစ်ကြောင်းကို ချခဲ့တာက ၈ ကောင်ထိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်လို့ ကားပေါ်တင်ပြီး ဆေးရုံခေါ်သွားတဲ့ ၃ ကောင်မှာ ၂ ကောင်က လမ်းမှာ သေပြီး ၁ ကောင်က ဆေးရုံမှာ သေတယ်။ ဒီနေ့ တိုက်ခိုက်တာကတော့ စစ်ခွေးသေစာရင်း မသိရသေးဘူး" ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Urban Underground Revolution Force၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces၊ ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 ၊ ဆင်ရိုင်းရာဇာ မြိုင်အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရွာသာယာရွာထိပ်၊ ဗျူဟာလမ်းခွအနီး၌ မိုင်းရှင်းလာသော စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မိုင်းရှိသည် မသင်္ကာဖွယ်ရာ သတင်းအရ မိုင်းရှင်းရန် တောင်ညိုရဲစခန်းမှ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူ၊ အုပ်ချုပ်ရေးမှူးပါ အင်အား ၄၀ ခန့်ဖြင့် ထွက်ခွာလာရာ နတ်တလင်းမြို့အရှေ့ဘက်၊ ရွာသာယာရွာ အနောက်ထိပ် ဗျူဟာလမ်းခွအနီး မိုင်း ကွင်းအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“တောင်ညိုရဲစခန်းက ထွက်လာတယ်လို့ထင်တယ်၊ မိုင်းဆွဲခံရပြီးတော့ အနီးအနားမှာရှိတဲ့ ရွာသား ၅ ဦး ကိုဖမ်းသွားတာ၊ နောက်ဆက်တွဲသတင်းတော့ ဘာမှ မကြားရသေးဘူး” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix D F ရဲဘော် များ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက အနီး နားရှိ ရွာသာယာရွာမှ အပြစ်မဲ့ ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

မိဘ ပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုအနီးတွင် နေထိုင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့်အတူ ခရီးသွားလာခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဆက် အသွယ်ပြုလုပ်ခြင်းများ ရှောင်ရှားကြပါရန် အသိပေး ထုတ်ပြန်ထားသည်။
Forwarded from Magway Regional Scout Network (YU ATARASHI)
မြိုင်

ရေးကြိုမြို့နယ် နှင့်မြိုင်မြို့နယ်အစပ်ရှင်မတောင်ပေါ်ကဆင်းသွားသောစခများသည် ရေစကြို့မြို့နယ် ဂွေးပင်ယာရွာရောက်ဟုသိရပြီး

( မြိုင် ) စက်မှု  စခ အင်အား ၅၀ ထက်မနည်း စက်မှုထဲ ပြန်ဝင်‌ကာ

မြိုင်မြိုပေါ်က  စခ ရခ များခြေရှုပ်နေတယ်မြိုတွင်းသတင်းရင်မြစ်အရ သိရပါတယ်။

ပြည်သူများ သတိထား သွားလာကြပါရန်

#YESAGYO   #MYAING
MRSN
Jan 7 , 12:50PM
📬သတင်းပို့ရန် @MagwayScoutNetworkBot