ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
#ဂန့်ဂေါသတင်း

12.6.2025
8:20Pm

ဂန့်ဂေါမြို့၊ခလရ(၅၀)တပ်မှ စခများဟာ ယနေ့ညနေ ၆နာရီကျော်က ကား၃စီးဖြင့် မြို့တောင်ဖက်ရှိ လောင်ထောင်ဂိတ်က်ို ရောက်ရှိနေကြကြောင်း စုံစမ်းသိရှိသည်။လောင်ထောင်ဂိတ်သို့ရောက်နေသော စခများဟာ အင်အား ၅၀ထက်မနည်းပါရှိိနိုင်ဟု ကနဦးသိရှိထားရပါတယ်။

ခလရ(၅၀)တပ်မှ စခများဟာ ဂန့်ဂေါမြို့ပေါ်တွင် စက်လှေများလည်း ငှားရမ်းရှာဖွေနေသည်ဟု တပ်နဲ့နီးစပ်သူတစ်ဦးထံကနေ သတင်းရရှိရပါသည်။ယခုအချိန်တွင် ဂန့်ဂေါမြို့နယ်အတွင်း ဖုန်းလိုင်းများလည်းပြတ်တောက်နေပါသဖြင့် ပြည်သူများအနေနဲ့လုံခြုံရေးသတိထားသင့်ပါသည်။

ထိုစခများဟာ မြို့တောင်ဖက်ရှိ ကျေးရွာများကို အချိန်မရွေးစစ်ကြောင်းထိုး စီးနင်းမှုတွေလုပ်ဆောင်လာနိုင်သဖြင့် မြို့အနီးပတ်၀န်းကျင်ကျေးရွာနေပြည်သူများ စစ်ရေးအထူးနားစွင့်နေကြပါရန် သတိပေးအပ်ပါသည်။

#နွေဦးရောင်နီ
ယောအလင်းတန်း

#MRSN
Jun 12, 8:35PM
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
Forwarded from Sagaing Scout Network (MLT 🍁)
လေးစားချစ်ခင်ရပါသော တော်လှန်ပြည်သူ‌ တော်လှန် ရဲဘော်အ‌ပေါင်းတို့ ရှင့်🙏🙏🙏
ဇွန်လ (၁၉) ရက်နေ့ဟာ အများပြည်သူအားလုံး ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ အမေစု‌ ခေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်သူများအနေနဲ့ အမေစုကို ချစ်ခင် လေးစား တန်ဖိုးထားသောအားဖြင့် နှစ်(၈၀) ပြည့် မွေးနေ့ Campaign လေးမှာ ပါဝင်အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

Campaign လေးမှာ ပါဝင်ရမဲ့ ပုံစံကတော့ မိမိရဲ့ပုံကို (နောက်ကျောဘက်က ရိုက်ထားတဲ့ပုံ) ပန်းတပွင့်ပန်ထားပြီး @SagaingSNetworkbot မှာပေးပို့ရမှာပဲ ဖြစ်ပါတယ်။

မိမိတို့ Admin များမှ ပုံများကို လုံခြုံရေးအတွက် edit ပြုလုပ်ပြီး ဒီဇိုင်းတမျိုးနဲ့ ထုတ်ပြန် ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်ရှင်။

အဲဒါကြောင့် မွေးနေ့မတိုင်မီမှာ ပုံလေးတွေ ပို့ပေးပြီး ပါဝင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ဓာတ်ပုံ (၈၀) ကိုပဲ အသုံးပြုမှာဖြစ်ပြီး ပထမဦးဆုံးပို့ပေးသူများထဲက လက်ခံပေးမှာ ဖြစ်ပါတယ်နော်။

ပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ်ရှင့်🙏🙏🙏


#SSN
June 12, 6:33 PM
📫သတင်းပို့ရန် @SagaingSNetworkbot
#ဂန့်ဂေါသတင်း

12.6.2025
10:40pm

ယနေ့ညနေပိုင်းက ခဘရ(၅၀)တပ်ကနေ မြို့တောင်ဖက်ကို စခကား၃စီးနဲ့အင်အားပို့ဆောင်ပေးခဲ့သော စခများဟာ ယခုအခါ မြို့ရဲ့အရှေ့တောင်ဖက် ပျားနတ်တောင်ပေါ်ကို ရောက်ရှိနေသည်ဟု စုံစမ်းရရှိပါတယ်။စခစစ်ကြောင်းတွင် ခန့်မှန်းအင်အား ၅၀ ထက်မနည်းပါရှိကြောင်းသိရသည်။

စခစစ်ကြောင်းရှိရာအနီးတ၀ိုက်တွင် ယနေ့ည ၁၀နာရီခွဲအချိန်လောက်က လက်နက်ကြီးသံ ၁ချက်နဲ့လက်နက်ငယ်အသံတချို့ ကြားခဲ့ရကြောင်းလည်း ထပ်မံသိရှိရပါသည်။ထို စခစစ်ကြောင်းဟာ ပျားနတ်တောင်နဲ့ထိစပ်နေသည့် ကျေးရွာများကို ရုတ်တရက် စစ်ကြောင်းထိုးစီးနင်းလာနိုုင်၍ ပြည်သူများသတိထားကြရန် လိုအပ်ပါသည်။

ယခင်ဖြစ်ပွားခဲ့သော လယ်မရွာ၊မန်ကျည်းခင်ရွာများကို စစ်ကြောင်းထိုးစီးနင်းမှုများတွင် ည၁၂နာရီကျော်အချိန်များမှာ စစ်ကြောင်းကလှုပ်ရှားမှုတွေ ပိုပြုလုပ်တာကို တွေ့မြင်ရပါသည်။ယခုအချိန်များမှာ ဂန့်ဂေါမြို့နယ်တွင် ဖုန်းလိုင်းများပြတ်နေတာကြောင့် မြို့အနီးတစ်၀ိုက်နေပြည်သူများ အချိန်မရွေးစစ်ရေးသတိရှိရန် လိုအပ်ပါသည်။

အားလုံးဘေးကင်းကြပါစေ။

#နွေဦးရောင်နီ
ယောအလင်းတန်း
#MRSN
Jun 12, 11:28 PM
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ဂန့်ဂေါမြို့၊ခလရ ၅၀တပ်က ညအချိန်များတွင် စစ်ကြောင်းထိုးခြင်းများပြုလုပ်နေပြီး ယခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့နဲ့အနီးကကျေးရွာတစ်ခုက်ို ရုတ်တရက်၀င်စီးနင်းရန်ပြင်ဆင်ထားကြောင်းသိရ။

ဂန့်ဂေါ၊ဇွန် ၁၂

ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်မှ စကစတပ်သားများကို ယနေ့ညနေပိုင်းတွင် စစ်ကား၃စီးဖြင့် မြို့တောင်ဖက်ရှိ လောင်ထောင်ဂိတ်သို့ ပို့ဆောင်ထားခဲ့သည်ဟုသိရပါသည်။စကစတပ်သားများသည် လောင်ထောင်ဂိတ်မှတဆင့် ပျားနတ်တောင်(ဒေသအခေါ်)ပတ်ဝန်းကျင်ကို ယနေ့ညနေ ၇နာရီကျော်ကစ၍ ခြေလျင်စစ်ကြောင်းထိုးနေသည်ဟု စုံစမ်းသိရှိထားပါသည်။ယနေ့ည ၁၀နာရီကျော်အချိန်က ထိုစစ်ကြောင်းအနီးတဝိုက်တွင် လက်နက်ကြီးသံနဲ့သေနတ်သံအချို့ ကြားခဲ့ရကြောင်း ဒေသခံတွေဆီကသိရပါသည်။

`စကစစစ်ကြောင်းဟာ ဂန့်ဂေါမြို့တောင်ဖက်ရှိ ကျေးရွာတစ်ခုကို ရုတ်တရက်၀င်ရောက်စီးနင်းဖို့ပြင်ထားတယ်လို့ကြားနေရတယ်၊ခုလက်ရှိက ဖုန်းလိုင်းတွေလည်းပြတ်နေတော့ သတင်းတွေလည်းအရင်လ်ို ဆက်တိုက်မသိရတော့ ပြည်သူတွေ သတိထားကြဖို့လိုကြောင်း ´´´ခလရ(၅၀)တပ်နဲ့နီးစပ်သူတစ်ဦးက ယောအလင်းတန်းကိုပြောပါတယ်။အဆိုပါစစ်ကြောင်းတွင် ခန့်မှန်းအင်အား ၅၀ကနေ ၁၀၀ ၀န်ကျင်းထိပါနိုင်ကြောင်း ဒေသခံတချို့ဆီက သိရှိရပါသည်။စစ်ကြောင်းဟာ တပ်ဖျောက်လှုပ်ရှားစစ်ကြောင်းထိုးပြီး ကျေးရွာတွေအနီးရောက်မှ ရုတ်တရက်၀င်ရောက်စီးနင်းတာတွေ ပိုပြီးလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ညဖက် စစ်ကြောင်းထိုးကာ ကျေးရွာများကို အလစ်ငိုက်၀င်ပြီး စစ်ရေးဖော်ဆောင်နေတာနဲ့ပတ်သက်လို့စကစအနေနဲ့က ညအချိန်မှာ စစ်ရေးလှုပ်ရှားမှုတွေက သူတို့အတွက် အသာစီးရနေတာကိုတွေ့ရလို့ ညအချိန်တွေကိုပဲ ရွေးပြီးစစ်ကြောင်းထိုးတာတွေပိုလုပ်တာဖြစ်တယ်၊အရင်၂ခေါက် လယ်မနဲ့မန်ကျည်းခင်ရွာတွေကို ၀င်စီးနင်းတာတွေကလည်း ညအချိန်တွေဖြစ်ခဲ့တာကြောင့် ညဖက်စစ်ကြောင်းတွေကို အထူးသတိထားစောင့်ကြည့်ကြဖို့ လိုအပ်​ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးက ယောအလင်းတန်းကိုပြောပါတယ်။ယခင် လယ်မရွာကို စစ်ကြောင်းထိုးစီနင်းမှုတွင် ပကဖရဲဘော်တချို့အပါအ၀င် အသက်မပြည့်သေးသော ကလေးငယ်များလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ခြင်းအပြင် ပြည်သူအချို့ပါ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသောပြည်သူများရဲ့အခြေအနေကို စုံစမ်းလို့မရကြောင်းသိရပါသည်။

လက်ရှိအချိန်တွင် စကစတပ်ဟာ ဂန့်ဂေါမြို့တောင်ဖက်ကကျေးရွာတွေကို အဓိကထား စစ်ကြောင်းထိုးလာနေသဖြင့် ပြည်သူများအနေနဲ့ စစ်ကြောင်းအန္တရာယ်ကိုအထူးစိုးရိမ်နေကြရပြီး ဆက်သွယ်ရေးဖုန်းလိုင်းများလည်းပြတ်တောက်နေသည့်အတွက် ပို၍စိတ်ပူပန်နေရသည်ဟု ဒေသခံများကပြောကြပါသည်။ဒါအပြင် ဇွန်လ ၈ရက်နေ့ မန်ကျည်းခင်ရွာကို စကစစစ်ကြောင်းထိုး၀င်ရောက်မှုမှ ဖမ်းဆီးခံရသူများထဲမှ အချို့ကို ပြန်လည်လွတ်ပေးလိုက်သည်ဟုသိရပြီး ပြန်လွတ်လာခဲ့သူများရဲ့အခြေအနေကို အတည်ပြုနိုင်ရန်အတွက် ဆက်သွယ်ရေးအခက်အခဲရှိနေ၍ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေလျက်ရှိပါသည်။ထိုနေ့က ဖမ်းဆီးခံရသူများထဲတွင် *ကိုယ်၀န်ဆောင်အမျိုးသမီးနဲ့ခင်ပွန်းတို့လည်း ဖမ်းဆီးခံခဲ့ရကြောင်းသိထားရပြီး စကစဖက်ကနေ ပြန်လွတ်ပေးလိုက်သည့်သူများထဲတွင် အဆိုပါအမျိုးသမီးနဲ့ခင်ပွန်းတို့ ပါ၀င်ကြောင်း*ထိုအခြေအနေများကိုသိရှိသူတစ်ဦးထံကနေ စုံစမ်းသိရှိရပါသည်။

ဂန့်ဂေါမြို့နယ်တွင် စစ်​ကောင်စီဟာ စစ်ကြောင်းထိုးလှုပ်ရှာမှုများကို ယခင်ကထက်ပိုလုပ်ဆောင်လာနေ၍ မြို့နဲ့အနီးပတ်ဝန်းကျင်ကကျေးရွာနေပြည်သူများအနေဖြင့် စစ်ရေးသတင်းများအထူးဂရုစိုက်နေထိုင်သင့်ပါကြောင်း အသိပေးအပ်ပါသည်။စစ်ကြောင်းများဟာ ရုတ်တရက်ထွက်လာပြီး စီးနင်းမှုပြုလုပ်ကာ ချက်ခြင်းပြန်ဆုတ်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူများအနေနဲ့ ဖမ်းဆီးခံရခြင်းများမဖြစ်ပေါ်စေရန် စစ်ကြောင်းသတင်းများကို သတိပြုနေထိုင်ကြရန် လိုအပ်ပါသည်။

#ဂန့်ဂေါ
#စစ်ကောင်စီ
#စစ်ကြောင်းထိုး
#ကာကွယ်ရေးအဖွဲ့များ
#ဒေသခံပြည်သူများ
#သတ

သတင်း~ယောလေး၊စာတည်း~နွေဦးအလင်းရောင်

ယောအလင်းတန်း
#MRSN
Jun 13, 1:27 AM
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ဇီးတောပျူရွာသို့ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်းမှာ ယနေ့မနက်အစေားပိုင်း (2:00AM) အချိန်က ရေစကြိုမြို့ဖူလုံ ခလရ ၂၅၇ အတွင်းသို့ဝင်ရောက်သွားကြောင်း သိရပါသည်။

Jun-13 , 6:15AM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မြိုင် ပေါက် ဆိပ်ဖြူ ရေစကြို ပခုက္ကူ တိုမှ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
#ဂန့်ဂေါသတင်း

13.6.2025
1:40pm

ဂန့်ဂေါ၊ခလရ(၅၀)တပ်မှ စခများဟာ ယမန်နေ့ည၁၁နာရီကျော်အချိန်က မြို့မြောက်ဖက်ရှိ ရွာစည်(ရွာဟောင်း)ရွာကို ရုတ်တရက်စစ်ကြောင်းထိုးပြီး ရွာထဲကနေအိမ်များကို ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသိရပါတယ်။ထို့ပြင် စခစစ်ကြောင်းဟာ ကျေးရွာမှ ပြည်သူ၁၅ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ကြောင်းသိရ။

ထိုသို့ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေး လူငယ်၂ဦးပါဝင်ပြီး အသက်၁၀နှစ်အောက် ကလေး၂ယောက်လည်း စခစစ်ကြောင်းကဖမ်းဆီးသွားကြောင်းစုံစမ်းသ်ိရှိရပါသည်။စခစစ်ကြောင်းဟာ ညတွင်းချင်းပဲ မြို့ထဲကတပ်ကိုပြန်ဆုတ်သွားကြောင်းသိရပါသည်။ထိုသို့ ရွာအတွင်းဝင်ရောက်စီးနင်းမှုတွင် ဒလန်သတင်းပေးများရဲ့သတင်းအချက်အလက်များကို အသုံးပြုခဲ့ကြောင်းသိရပါတယ်။

ထို့ကြောင့် ဂန့်ဂေါမြို့နဲ့အနီးက ကျေးရွာတွေအနေနဲ့ စခစစ်ကြောင်းများရုတ်တရက်၀င်လာနိုင်တာကြောင့် ပြည်သူများအနေနဲ့လုံခြုံရေးအထူးဂရုစိုက်ကြရန် လိုအပ်ပါသည်။သတင်းများကို ဆက်လက်စုံစမ်းနေပါကြောင်း အသိပေးအပ်ပါသည်။

ပြည်သူများအားလုံးဘေးကင်းကြပါစေ။

#နွေဦးရောင်နီ
ယောအလင်းတန်း
#MRSN
Jun 13, 1:57 PM
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
🔸 အပူပိုင်းမုန်တိုင်း WUTIP - ဗီယက်နမ်နိုင်ငံအရှေ့ဘက် တုံကင်ပင်လယ်ကွေ့ကိုရောက်ရှိလာပြီး မနက်ဖန်ဇွန်လ ၁၄ ရက်မှာ တရုတ်ပြည်မကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ကာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ အားပျော့သွားမှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။

🔸 ၁၃ ရက် နေ့လည်ပိုင်းအထိ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေအပေါ်မှာ တိမ်ထူထပ်ပြီး ကျန်ပြည်နယ်တိုင်းတွေပေါ်မှာ တိမ်အနည်းငယ်သာ ဖြစ်ထွန်းဝင်ရောက်မှုရှိတာတွေ့ရပါမယ်။

ဇွန်လ ၁၃ ရက် နေ့လည်မှ ၁၄ ရက် နေ့လည်အထိ ၂၄ နာရီအတွင်းမှာမိုးရွာနိုင်မည့်အခြေအနေ -
🔸 ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေမှာ "မိုးအသင့်အတင့်" (၂၄ နာရီ မိုးရေချိန် ၂ လက်မ ခွဲအောက်)

🔸 ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာ "မိုးများ" (၂၄ နာရီ မိုးရေချိန် ၂ လက်မခွဲ အထက်)ရွာသွန်းနိုင်ပြီး

🔸 ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ "မိုးအနည်းငယ်မှ အသင့်အတင့်" ရွာသွန်းနိုင်ပါမယ်။

(ဇွန်လ ၁၃ ရက် နေ့လည် ၁၂ နာရီ ခွဲ)

Mmm eather

https://t.me/https3starmyaing
Forwarded from Magway Scout Network (Ngai gaw Singkaw n Tu ai U ri)
လေးစားချစ်ခင်ရပါသော တော်လှန်ပြည်သူ‌ တော်လှန် ရဲဘော်အ‌ပေါင်းတို့ ရှင့်🙏🙏🙏
ဇွန်လ (၁၉) ရက်နေ့ဟာ အများပြည်သူအားလုံး ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ အမေစု‌ ခေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်သူများအနေနဲ့ အမေစုကို ချစ်ခင် လေးစား တန်ဖိုးထားသောအားဖြင့် နှစ်(၈၀) ပြည့် မွေးနေ့ Campaign လေးမှာ ပါဝင်အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

Campaign လေးမှာ ပါဝင်ရမဲ့ ပုံစံကတော့ မိမိရဲ့ပုံကို (နောက်ကျောဘက်က ရိုက်ထားတဲ့ပုံ) ပန်းတပွင့်ပန်ထားပြီး @MagwayScoutBot  မှာပေးပို့ရမှာပဲ ဖြစ်ပါတယ်။

မိမိတို့ Admin များမှ ပုံများကို လုံခြုံရေးအတွက် edit ပြုလုပ်ပြီး ဒီဇိုင်းတမျိုးနဲ့ ထုတ်ပြန် ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်ရှင်။

အဲဒါကြောင့် မွေးနေ့မတိုင်မီမှာ ပုံလေးတွေ ပို့ပေးပြီး ပါဝင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ဓာတ်ပုံ (၈၀) ကိုပဲ အသုံးပြုမှာဖြစ်ပြီး ပထမဦးဆုံးပို့ပေးသူများထဲက လက်ခံပေးမှာ ဖြစ်ပါတယ်နော်။

ပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ်ရှင့်🙏🙏🙏

မှတ်ချက် WaiHin bot မှာ စာအဝင်များပါသဖြင့် မကွေး Bot တွင် ပေးပို့ပေးကြပါရန်။

#MSN
Jun 13, 5:38PM
📫သတင်းပို့ရန် @MagwayScoutBot
ရေစကြိုမြို့နယ် 🔴

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ မှ စစ်ခွေးများမှာ ၈၁ မမ လက်နက်ကြီး ၂ လုံး ဖြင့် အနောက်အရပ်သို့ ယနေ့ (12:40PM) အချိန်က ရမ်းသန်းပစ်ခတ်ရာ ရေစကြိုမြို့နယ် ဆပ်သွား ရွာမြောက်ဘက်သို့ကျရောက်ပေါက်ကွဲးခဲ့ကြောင်း သိရပါသည်။

Jun -14 , 1:11PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မြိုင် ပေါက် ဆိပ်ဖြူ ရေစကြို ပခုက္ကူ တိုမှ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
Wai Hin (ဝေဟင်):
ကမ္မ ⚠️

ကမ္မနယ်  အနောက်ခြမ်း တနေရာမှာ   ဂျက်ဖိုက်တာ  ၁စီး  ပျံသန်းဝဲ။

#WaiHin
Jun 14, 1:38 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ကမ္မ ⚠️

ကမ္မနယ်  အနောက်ခြမ်း တနေရာမှာ ၂ စီးမြောက်   ဂျက်ဖိုက်တာ  ၁စီး  ပျံသန်းဝဲ။

#WaiHin
Jun 14, 1:43 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ကမ္မ ⚠️

ကမ္မနယ် တနေရာမှာ ၃ စီးမြောက်   ဂျက်ဖိုက်တာ  ၁စီး  ပျံသန်းဝဲ။

#WaiHin
Jun 14, 1:50 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ကမ္မ ⚠️

ကမ္မနယ် တနေရာမှာ ၄ စီးမြောက်   ဂျက်ဖိုက်တာ  ၁စီး  ပျံသန်းဝဲ။

#WaiHin
Jun 14, 1:54 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (Lin Yone)
ရေစကြို ⚠️

ရေစကြိုနယ် ဖြတ်၍ တံတားဦးလေတပ်တက်  Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး အနောက်တောင်  အရပ်သို့ ပျံသန်း။

#WaiHin
Jun 14, 2:08 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (၅/ ချင်းလေး)
ပခုက္ကူ⚠️

ပခုက္ကူနယ် ဖြတ်၍ တံတားဦးလေတပ်တက်  Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး အနောက်တောင်  အရပ်သို့ ပျံသန်း။

#WaiHin
Jun 14, 2:10 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (၅/ ချင်းလေး)
မြိုင်⚠️

မြိုင်နယ် ဖြတ်၍ တံတားဦးလေတပ်တက်  Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး အနောက်  အရပ်သို့ ပျံသန်း။

#WaiHin
Jun 14, 2:16 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (Lin Yone)
ပေါက်⚠️

ပေါက်နယ် ဖြတ်၍ တံတားဦးလေတပ်တက်  Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး အနောက်  အရပ်သို့ ပျံသန်း။

#WaiHin
Jun 14, 2:17 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ဂန့်ဂေါသတင်း

14.6.2025

ခုတလော လေကျ-ယ် အာပွာနေတဲ့ ဗျူဟာမှူးလှမျိုးထွဋ် ဦးဆောင်နေတဲ့ ဂန့်ဂေါမြို့ခလရ ၅၀ ကစစ်ကောင်စီစစ်ကြောင်းဟာ လာမည့် ၂ ရက်အတွင်း မြို့နဲ့နီးစပ်ရာ ကျေးရွာ တရွာရွာ ကိုဝင်ရောက်စီးးနင်းးဖို့ရှိနေတယ်လို့ စစ်သတင်းရင်းမြစ်အရသိပါတယ်။

ဘယ်ရွာ၊ဘယ်နေရာလို့တိကျသေချာမသိရတဲ့အတွက် ဂန့်ဂေါမြို့နဲ့ အနီးနားကျေးရွာကပြည်သူများနဲ့ ၅ မိုင်ပတ်လည်ကျေးရွာများကမိဘပြည်သူများ ကြိုတင်သတိနေထိုင်နိုင်ကြပါရန် အသိပေးလိုက်ရပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း

#MRSN
Jun 14 , 4:59 PM
သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing