ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Magway Regional Scout Network (Ma Su Nway)
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြိုင်မြို့နယ် (Rocket) လက်နက်ကြီး မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့၊ ညနေ (၅) နာရီအချိန်တွင် မြိုင်မြို့-မြို့မ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  နှင့် စကစများ ခိုအောင်းနေသော နေရာများသို့ Rocket ဗုံးသီး (၂၀၀) ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ စခများ အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရှိရပါသည်။

အဆိုပါ တိုက်ခိုက်မှုကို နှလုံးလှလူမိုက်၊ ဆင်ရိုင်းရာဇာ၊ ဘာမထီ၊ MPL တိုက်နယ် ၄၊ ထိရှ၊ နေမင်း၊ ကင်းကြီး၊ ဗိုလ်မိုးသီး၊ ပြောင်ကြီး၊ ဖိုက်တာမြွေဆိုး၊ PRDF၊ RDF၊ PCM၊ အညာမုန်တိုင်း၊ အညာဒေါင်း၊ GEN 21၊ MVRF ရင်း ၆၊ သာထူး၊ နှင်းဂွေး၊ ဦးလေးကြီး၊ ဗိုလ်ညို၊ တိုးကြီး၊ ရင်း ၁၅၊ သိမ်းငှက်နီ၊ ရွာသစ်ကြီး၊ ဇီးဖြူပင်၊ ကံမ စသည့်အဖွဲ့များအပြင် လက်နက်ငယ်အဖွဲ့များဖြစ်သည့် သူရိန်၊ ဦးဇင်းလေး၊ ဗိုလ်တစ်ထောင်ပြောက်ကျား - မြိုင် ပကဖ ခွဲ-၃ နှင့် ဒေါင်းအလံလွှင့်မည့် စေတမာန် စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

မြိုင် ပကဖ
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
MRSN
Jan 6 , 9:50PM
📬သတင်းပို့ရန် @MagwayScoutNetworkBot