ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
⚠️ပခုက္ကူ

ပခုက္ကူအထွက် လယ်ယာခွေးဂိတ်တွင် ပြည်သူ့ကားများကို ဂိတ်ပိတ်ကာ ဖမ်းဆီးစစ်ဆေးနေပြီးပြည်သူ့ကား တော်တော်များများပိတ်မိနေဟု သတင်းရ။

MRSN
Mar 7 , 5:28PM

@myaing3starbot

https://t.me/https3starmyaing
ဧပြီ ၉ ရက်

နံနက် ၈ နာရီ ၄၀ မိနစ် ခန့်က ဆီမီးခုံမြို့ အရှေ့ဘက် Ooredoo ဖုန်းတာဝါတိုင် အရှေ့မြောက်ဘက်ရှိ ယာတောထဲမှာ ဆုံရွာမှ ပျုများ သေနက်များ ပစ်ဖောက်နေ။

ဆီမီးခုံသတင်း
#MySN
Apr 9 , 10:06AM

@myaing3starbot

https://t.me/https3starmyaing
Forwarded from Magway Scout Network (YU ATARASHI)
☂️သတင်း

ဘဂ်လားပင်လယ်အော်အရှေ့မြောက်ပိုင်း မုန်တိုင်းငယ်အရှိန်နဲ့ တိုင်းနှင့်ပြည်နယ်အားလုံး လာမည့် ၁၂မှ၁၆ထိအတွင် မိုးရွာမည်


ဘဂ်လားပင်လယ်အော်တွင် ဧပြီလ ပထမပတ် ၈.၉.၁၀ရက်နေ့ 92B- အားကောင်းလေဖိအားနည်းရပ်ဝန်းမှ ဧပြီလ ဒုတိယပတ် ၁၁.၁၂ရက်နေ့ ဘဂ်လားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကုန်းတွင်ပိုင်းကို ဝင်ရောက်နိုင်သည် ၎င်းမုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အားလုံး ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကချင်ပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ် ရှမ်းပြည်နယ် တနသ်ာရီတိုင်း နေပြည်တော်အပါဝင် ဧပြီလ ၁၁.၁၂.၁၃.၁၄.၁၅.၁၆ရက်နေ့တွေ လေပြင်းတိုက် မိုးခြိမ်းလျှပ်စီးလက် ထစ်ချူန်းမိုးရွာခြင်းနှင့် နေရာကွက်ကျားမိုးကျဲကျဲမှ နေရာကွက်မိုးကြီးနိုင်သည်။


ဧပြီ၁၁.၁၂ရက်နေ့
ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း
ကရင်ပြည်နယ် မွန်ပြည်နယ်
မိုးကြီးမည်။


အားကောင်းလေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း ဧပြီ၁၀ရက်နေ့ ၂၀ နာရီအတွင်း မိုးရွာမည်


ဧရာဝတီတိုင်း မိုးထစ်ချူန်းရွာမည့်မြို့နယ်များ

ပုသိမ် ဝါးခယ်မ မြန်အောင် ငွေဆောင် ချောင်းသာ ငွေသောင်ယံ ကန်ကြီထောင့် လပွတ္တာ မြန်အောင် ဖျာပုံ ဘိုကလေး ကျိုက်လတ် ​ဒေးဒရဲ ဟိုင်းကြီးကျွန်း ၁၀ရက်နေ့ ညနေနဲ့ညနေစောင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ထစ်ချုန်းမိုးရွာမည်။

ပဲခူးတိုင်း မိုးရွာမည့်မြို့နယ်များ

ပြည် ပန်းတောင်း ပေါက်ခေါင်း တောင်ငူ ရေနီ ကျောက်ကြီး ညောင်လေးပင် ဝေါ ဒိုက်ဦး ရွှေကျင် ၁၀ရက်နေ့ မိုးရွာမည်။

ရန်ကုန်တိုင်း မိုးရွာမည့်မြို့နယ်များ

ရန်ကုန်မြို့တွင်းနှင့် ကွမ်းခြံကုန်း တွံတေး ကော့မှူး သုံးခွ ခရမ်း သီလဝါ ကျောက်တန်း သန်လျင် ၁၀ရက်နေ့ ညနေနဲ့ညနေစောင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ထစ်ချူန့်းမိုးရွာမည်။


မြဝတီ သဃ်န်းညီနောင် ကော့ကရိတ် လေးကေကော့ ကျုံဒိူး ၁၀ရက်နေ့ နံနက် ၄နာရီနောက်ပိုင်း လေပြင်းတိုက်ခတ် မိုးကြီးမည်။
၁၀.၄.၂၀၂၅ နံနက် ၄း၁၁ နာရီ

ဂရုစိုက်ကြပါ
🙏🕊️🌄

#မြန်မာတောင်ပိုင်းမိုးလေဝသSMW
https://www.facebook.com/share/1ERWHaEv74/
MRSN
Apr 10  , 11:11AM
📬သတင်းပို့ရန်
@MagwayScoutBot
ယောနယ်အားလုံး MPT ဖုန်းလိုင်း ပြန်ရ

10.4.2025 ၊ယော

ရက်အတန်ကြာ ပြတ်တောက်နေခဲ့တဲ့ MPT ဖုန်းလိုင်း ပြန်လည်ဆက်သွယ်လို့ရနေပြီဖြစ်ကြောင်းသိရပါတယ်။

"ယနေ့ နေ့လည် ၁၂ နာရီ ၂၅ မိနစ်ခန့်ကစလို့ MPT ဖုန်းလိုင်းပြန်ရပါတယ်၊ယောနယ်တနယ်လုံးရပါပြီ " လို့ ယောနယ်ဒေသခံတစ်ဦးက ယောအလင်းတန်းကိုပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Apr 10  ,  1:29 PM


@myaing3starbot

https://t.me/https3starmyaing
ယောနယ်၊ချင်းပြည်နယ် မြောက်ပိုင်းနေရာတွေနဲ့ ကလေးမြို့နယ်တွေမှာ လျှပ်စစ်မီးများပြတ်တောက်နေဆဲ

10.4.2025 ၊ယောအလင်းတန်း

ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီခန့်ကနေပြတ်တောက်နေခဲ့တဲ့ ​ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာတာမံပေါ်က လျှပ်စစ်မီးဟာ ထီးလင်းမြို့နယ်မြောက်ပိုင်းကကျေးရွာများနဲ့ဂန့်ဂေါမြို့နယ်တောင်ပိုင်းကကျေးရွာများမှာ ယနေ့အထိ ပြတ်တောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

နောက်ပြီး ဂန့်ဂေါမြိုကို သွယ်တန်းထားတဲ့ 66 KV မဟာဓါတ်အားလိုင်းကြိုးဟာ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်တနေရာမှာပြတ်တောက်နေတာကြောင့် ဂန့်ဂေါမြို့နဲ့မြောက်ပိုင်းနယ်ကျေးရွာများ၊ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့၊ဟားခါးမြို့များ၊စစ်ကိုင်းတိုင်းကလေးမြို့နဲ့နယ်ကျေူရွာများမှာပါယနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်း နေရာတွေကို ဂန့်ဂေါမြို့ လျှပ်စစ်ဓါတ်အားခွဲရုံမှတဆင့်ပြန်လည်ခွဲဝေပေးတာဖြစ်ကြောင်းလည်းသိရပါတယ်။

အဆိုပါ လျှပ်စစ်မီးပြတ်တောက် နေတဲ့နေရာများရှိပြည်သူများက လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူအားလုံးတို့အနေနဲ့ အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုကြောင်းကို ယောအလင်းကို ပြောပြလာကြပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Apr 10  ,  2:04PM

@myaing3starbot

https://t.me/https3starmyaing
သတင်းထုတ်ပြန်ချက်

၈.၄.၂၀၂၅/ရေစကြိုမြို့နယ်

မကွေတိုင်း၊ပခုက္ကူမြို့နယ်

မြစ်ချေ၊ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှ တာဝန်ကျသော တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းပြည့်စုံနဲ့အတူ ပြည်သူရင်ခွင်သို့ လက်နက်အပ်အလင်းဝင်ရောက်ခြင်း။

၂၅.၂.၂၀၂၅ ရက်နေ့တွင်

မြစ်ချေ၊ကျွန်းချောင်း လျှပ်စစ်ဓာတ်အာပေးရုံးမှာ တာဝန်ကျထမ်းဆောင်နေသော တပ်ကြပ် ကိုဖြူလေး
တ ၅၁၂၄၄၂(မိခင်တပ်ရင်း ပခုက္ကူမြို့ ခလရ ၂၅၉) (တာဝန်ထမ်းဆောင်သည့်နှစ် ၁၀ နှစ်)သည် စကစ လက်အောက်မှာ တာဝန်ထမ်းဆောင်ချင်စိတ် မရှိတော့သည်ကြောင့်
Southern YSO PDF အဖွဲ့ထံ လက်နက်အပ် ဝင်
ရောက်ရန် ဆက်သွယ်အကြောင်းကြားလာခဲဲပြီး
ကျွန်တော်တို့မှ သွားရောက်ခေါ်ဆောင်ခဲ့ပါသည်။

Ma2 သေနတ် ၁ လတ်
ကျည်ဘောက် ၅ ခု
5.56ကျည် ၃၀၀
လက်ပစ်ဗုံး   ၁ လုံး   ပါရှိခဲ့ပါသည်။

ပြည်သူ့ရင်ခွင်ဆီ လက်နက်အပ် အလင်းဝင်ရောက်လာသော တပ်ကြပ် ကိုဖြူလေး ကို ကောင်းမွန်နွေးထွေးစွာကြိုဆိုခဲ့ပါသည်။

ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၄၀ ချီးမြှင့်ခဲ့ပါသည်။

ဌင်းနေထိုင်လိုသော နေရာဒေသသို့ ပေးပို့ခဲ့ပြီး
အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။


တာဝန်ခံ

အောင်မောင်း(Southern YSO PDF)
မိဘပြည်သူများ နှင့် တော်လှန်အင်အား စုများ ခမျ ဖုန်းလိုင်း ပျက်တောက်မှုကြောင့် သတင်းများ မတင်ပြနိုင်ခြင်း အား နားလယ်ပေးကြပါအုံး ဗျ 🙏🙏🙏
ရေစကြိုမြို့ နယ်⚠️

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ ဟောင်ဝှေ့ဇာ လက်နတ်ကြီး ၃ လုံး ဖြင့် (12:51PM 12:53PM 12:55PM) အချိန်တို့ က အနောက် တောင်အရပ်သို့ ရမ်းသန်းပစ်ခတ်ရာ ရေစကြိုမြို့နယ် ရွာသာအေးရွာ သရက်ပင်ကန်ရွာ နှင့် ထန်းပင်ချောင်းရွာ ဝန်းကျင် တွင် ကျရောက်ပေါက်ကွဲး ခဲ့ကြောင်း သိရပါသည်။

Apr-8 7:13PM

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း
ခွင်မပြု

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
တိုက်ပွဲသတင်းထုတ်ပြန်ချက်

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိ
၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် ည ၉:၀၀နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်သည်။

အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၆၊ ၉၊ ၁၂) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၀၊ ၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့
တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဤ မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း
ထုတ်ပြန်အပ်ပါသည်။

#ပခုက္ကူခရိုင်အမှတ်၁၇တပ်ရင်း
ပုဂံ-ညောင်ဦးမှာ စစ်အုပ်စုတပ်တွေ စစ်ကြောင်းထိုးပြီး ကျေးရွာနေအိမ်တွေမီးရှို့

ကိုထူး/MFP ၊ ဧပြီ-၄

ပုဂံ-ညောင်ဦးနယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်ဟာ ကျေးရွာနေအိမ်တွေကို မီးရှို့ပြီး ဧပြီလ ၄ ရက် ဒီကနေ့မှာ ပြန်ဆုတ်ခွာသွားပေမဲ့ စစ်ကြောင်းက မီးရှို့ခဲ့လို့ နေအိမ်ခုနစ်လုံးခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ Bagan Bo Cho- ပုဂံဘိုချို အဖွဲ့တာဝန်ခံက MFP ကို ပြောပါတယ်။

ပုဂံ-ညောင်ဦးနယ်က ကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုအင်အား ၁၀၀ ခန့်အပြင် တင့်ကား တွေပါ ပါလာတဲ့ စစ်ကြောင်းဟာ မီးလောင်ဖျား ကျေးရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ Bagan Bo Cho- ပုဂံဘိုချို အဖွဲ့တာဝန်ခံက ပြောပါတယ်။

“စစ်ကြောင်းက ကျောက်ပြင်ကန်ကနေ စပြီးတော့ စကားဘက်ကို ထိုးတာ။ ကျနော်တို့ဘက်ကို ထိုးတော့ အရပ် ဝတ် တွေနဲ့ ၊ ကျောပိုးအိတ်တွေနဲ့ကို အင်အား ၁၀၀ ကျော်ကျော်လောက်ရှိတယ်။ နောက်တော့ မြေသန့်တောင်နဲ့ ကြအို ကြားထဲမှာက တင့်ကားတွေ သံချပ်ကာကားတွေ အဲဒီမှာ သပ်သပ်ထိုင်ထားတာ။ ကြအိုကျွန်းထိပ် ကနေစ ပြီးတော့ဖောက်တာပေါ့။ ရွာထဲကိုတော့ မဝင်သေးဘူးပေါ့။ ရွာအရှေ့ဘက် ကားလမ်းအရှေ့ဘက်ခြမ်းတွေကနေ အလက်တွေဖောက်ပြီး ရွာတောင်ဖျား ဘုရားရဲ့အရှေ့ဘက်မှာ သူတို့ အိမ်‌ခြောက်လုံးပါသွားတာ။ မီးရှို့သွာတာ။ အဲ ဒီကနေပြီးတော့ကျ တောင်ဘက်ကနေ စဉ့်ကူ-ရွာမ လမ်းခွဲကနေ ကားနဲ့‌လာခေါ်ပြီး အဲဒီကနေပြန်သွားတယ်”လို့ ပုဂံဘိုချိုအဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းဟာ စဉ့်ကူ-ရွာမ လမ်းခွဲကနေ စစ်အုပ်စုကားတွေနဲ့ ပုဂံ-ညောင်ဦး ဘက်ကို ပြန်ဆုတ်သွား တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းမှာ ဒရုန်းတွေပါရှိပြီး အဲဒီဒရုန်းတွေနဲ့ပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲ‌တာတွေရှိ တာကြောင့် စစ်ကြောင်းသွားမယ့် လမ်းတစ်လျှောက်က ပြည်သူတွေကိုကြိုတင်‌ စစ်ဘေးရှောင်ဖို့ သတိပေးထားရ တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် ကျေးရွာတွေကို တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်း လင်း တာ တွေ လုပ်ဆောင်နေပြီး စစ်အုပ်စု‌စတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေရှိနိုင်တာကြောင့် ပြည်သူ တွေကို ကျေးရွာတွေကို ပြန်နေထိုင်ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုစ်ကြောင်းကြောင့် ပုဂံ-ညောင်ဦးနယ်က ကျေးရွာ ၂၀ ရွာခန့်က ပြည်သူ ၂၀၀၀၀ ခန့် ထွက်ပြေးတိမ်း ရှောင်နေရတာ တစ်ပတ်ခန့်ကြာမြင့်ပြီလို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP