ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပြည်မှာ အိုးဝေတက္ကစီမောင်းသူ သက်ကြီးပိုင်းအမျိုးသား အသတ်ခံရ

ပြည်၊ ဧပြီ ၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်မြို့၊ ကန်သုံးဆင့်ဘုန်းကြီးကျောင်း(ရိပ်သာ)အနီးမှာ အိုးဝေ(သုံးဘီးတက္ကစီ)မောင်းတဲ့ အမျိုးသားတဦးအသတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အသတ်ခံရသူက ပြည်မြို့၊ ရွှေတံခါးရပ်ကွက်နေသူ အသက် ၆၀ ကျော်အရွယ် ဦးဖိုးလုံးဖြစ်ပြီး ဧပြီ ၄ ရက် ညနေ ၃ နာရီကျော်မှာ ကန်သုံးဆင့်ဘုန်းကြီးကျောင်းအနီးမှာ ဓားဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရတာလို့ဆိုပါတယ်။

"အိုးဝေနဲ့အလောင်းက ကိုက် ၂၀၀ လောက်ကွာတယ်။ အလောင်းမှာဓားဒဏ်ရာနှစ်ချက်ရထားတယ်။ သွေးတွေကတော့ လမ်းမှာတလျောက်ကျကျန်ခဲ့တာ။ ဓားဒဏ်ရာက လည်ပင်းတချက်၊ နောက်ကျောဘက်မှာ တချက်တွေ့ရတယ်။ သုံးဘီးကတော့ လမ်းဘေးချောက်ထဲကျနေတယ်။ "လို့ ကူညီမှုလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/2755/
ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေး တက်ရောက်ခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင် ဆန္ဒပြ မောင်းထုတ်ခံရတာကြောင့် ညတွင်းချင်း နေပြည်တော်သို့ ပြန်ပြေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေး တက်ရောက်ခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်ဟာ ထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့ ထိုင်းပြည်သူတွေရဲ့ ဆန္ဒပြ မောင်းထုတ်ခြင်းကိုခံရတာကြောင့် ညတွင်းချင်း နေပြည်တော်သို့ ပြန်ပြေးလာကြောင်း သိရပါတယ်။

ဧပြီလ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စစ်တပ် အထူးလေယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ဖြင့် ထွက်ခွာခဲ့ပြီး ဧပြီလ ၄ ရက်နေ့မှာ BIMSTEC အစည်းအဝေး တက်ရောက်ခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်ဟာ မနေ့ညက ညတွင်းချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ နေပြည်တော်သို့ အလျင်စလို ပြန်လည်ထွက်ခွာလာခဲ့ရာ နေပြည်တော်သို့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်မှာ ပြန်လည် ရောက်ရှိလာကြောင်း၊

မူလပြန်ရန် သတ်မှတ်ထားသည့်ရက်မှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းတွင်မှ ဘန်ကောက်မြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာရန် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ဧပြီလ ၄ ရက်နေ့က ထိုင်းပြည်သူတွေရဲ့ ဆန္ဒပြ မောင်းထုတ်ခြင်းကိုခံရတာကြောင့် ညတွင်းချင်း နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်အတွင်း အာဂျင်တီးနား တရားရုံးကလဲ မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် ဖမ်း၀ရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) သို့ ပေးပို့ခဲ့ပြီးနောက် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် တောင်းဆိုမှုများရှိခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews
#Crd
#BDG
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
Photo
သတင်းထုတ်ပြန်ချက်

၅.၄.၂၀၂၅ / ရေစကြိုမြို့နယ်

ရေစကြိုမြို့ရှိ ရုံးပေါင်းစုံ အခြေစိုက်မှ စကစ ပိုင် ခွဲတမ်းဆီ (စားအုံးဆီ)တင်ဆောင်လာသောကားကိုသိမ်းဆည်းရရှိခြင်း။

၁.၄.၂၀၂၅ ညနေ ၄:၀၀အချိန်
ပခုက္ကူ၊ရေစကြို လမ်းကြောင်းတစ်နေရာမှာ စကစ ပိုင် ခွဲတမ်းဆီ(စားအုံးဆီ)တင်ဆောင်လာသော ကားကို ဖမ်းဆီးသိမ်းဆည်းနိူင်ခဲ့ပါသည်။

စားအုံးဆီ ပေပါ အလုံး ၅၀
(ပိဿချိန် ၅၅၀၀) ပါရှိပါသည်။

ခွဲတမ်းဆီဆိုသည်မှာ

စကစ မှ ရေစကြိုမြို့ကို ဆီရောင်းချခွင့်၊သယ်ယူခွင့်များ ပိတ်ပင်ပြီး
ဌင်းတို့မှ လက်ဝါးကြီးအုပ်ကာ ဈေးကွက်တစ်ခုကိုရယူထားခဲ့ပါသည်။

ဌင်းတို့မှ သက်သာချောင်ချိရေးခေါင်းစဉ်တပ်ကာ

သမ ခေတ် ကဲ့သို့ စားဆီဝယ်ယူခွင့်ကဒ်များထုတ်ပေးကာ ပြည်သူအချို့ကို တစ်အိမ် တစ်ပိဿနူန်း ရောင်းချပေးပါသည်။

(ပြည်သူအချို့ ဆိုသည်မှာ ဌင်းတို့နှင့် ပတ်သတ်သောသူ၊ဝန်ထမ်း စသည့်တို့ကိုသာ လျှော့ဈေးဖြင့် အနည်းအကျဉ်းသာရောင်းချပေးပါသည်။)

ဤတွင်  ရောင်းချခွင့်ရသောဆီအနည်းငယ်ကိုသာ
ဥပမာ
ပြန်လည်ရောင်းချခွင့် ဆီ ပေပါ ၅၀ လုံး ရှိသည်ဆိုပါစို့။

၅ပေပါနဲ့ ၁၀ ပေပါ လောက်သာ ပြည်သူကို ရောင်းချပြီး
ကျန်ဆီများကို ဈေးကွက်ပေါက်ဈေးဖြင့် ဆီဈေးကွက်ကို ကိုင်တွယ်ရောင်းချပါသည်။

ခွဲတမ်းဆီဆိုပြီး တစ်လ ကို ၄ ကြိမ် ခန့်ထုတ်ယူရောင်းချကြပါသည်။

စကစမှ လက်ဝေခံအမည်ယူကာ ဆီဈေးကွက်ကို ကိုင်တွယ်ထားခဲ့ပါသည်။

ထို့နောက် စကစ က ဆီသယ်ယူရာတွင် အမည်ပြောင်းကာ မြို့ပေါ်ရှိ လုပ်ငန်းရှင်အချို့၏ အမည်ကို အသုံးချပြီး ပြည်သူပစ္စည်း အနေဖြင့် သယ်ဆောင်လာခဲ့သည်မှာ အချိန်ကြာမြှင့်ခဲ့ပါသည်။

လုပ်ငန်းရှင်အမည်များ သိပါသည်။
ဂုဏ်သိက္ခာအရ ဖော်ပြခြင်းမပြုချင်ပါ။

(ခွဲတမ်းဆီ ဆိုပြီး သယ်တယ်။
လုပ်ငန်းရှင် နေအိမ်မှာ ချတယ်။
ညကျ ဘေးတွဲနဲ့ ရုံးပေါင်းစုံကို ခိုးပို့တယ်။
လုပ်ငန်းရှင်များလဲ ခြေနေကို ပြင်ဆင်သင့်နေပါပြီ။)

စားအုံးဆီ သယ်ဆောင်တိုင်း 6C/3864 FORLAND ခြောက်ဘီးကားဖြင့် အမြဲသယ်ဆောင်ခဲ့ပါသည်။

6C/3864 ကားသည်
စကစ ၏ ခွဲတမ်းဆီများကို ပခုက္ကူမြို့ မှ ရေစကြိုမြို့ သို့ အကြိမ်တိုင်းသယ်ဆောင်ခဲ့ပြီး

စကစ ၏ ရိက္ခာဆန်များကိုလဲ ပခုက္ကူမှ ရေစကြိုသို့ အမြဲ သယ်ဆောင်ပေးခဲ့သော ကားဖြစ်ပါသည်။

(ဤကားနှင့်ပတ်သတ်ပြီး အချိန် ၂ လခန့် စောင့်ကြည့်လေ့လာခဲ့ပြီးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။)

အထက်ပါ အချက်အလတ်များနဲ့ ပတ်သတ်ပြီး
ကားပေါ်ရှိ ဆီ ပေပါ ၅၀ လုံး ကို သိမ်းဆည်းပြီး
6C/3864 ကားကိုလဲ တော်လှန်ရေးလုပ်ငန်းစဉ် အသုံးပြုဖို့အတွက် သိမ်းဆည်းသွားမှာဖြစ်ပါသည်။

ကားဒရိုင်ဘာ နှင့် ကားနောက်လိုက် ကို ပြန်လည် လွတ်ပေးမည်ဖြစ်ပါသည်။

ကျွန်တော်တို့ သိမ်းဆည်းခဲ့သော ပစ္စည်းများထဲမှ
ပြည်သူစစ်စစ်ပစ္စည်းပါဝင်ခဲ့ပါလျှင် သက်ဆိုင်သည့်
ပြည်သူအနေဖြင့် Southern YSO PDF .Facebook Page မှာ ဆက်သွယ်မေးမြန်းအကြောင်းပြုနိုင်ပါသည်။




တာဝန်ခံ

အောင်မောင်း(Southern YSO PDF)

https://t.me/https3starmyaing
ရေစကြိုမြို့⚠️

မြိုင်မြို့နယ် လင်းကတောရွာ သို့ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်း မှာ ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ အတွင်း သို့ ယနေ့ မနက် ၇ နာရီ အချိန်က ဝင်ရောက်သွား ကြောင်း သိရပါသည်။

Apr-6/8:05PM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့⚠️ မြိုင်မြို့နယ် လင်းကတောရွာ သို့ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်း မှာ ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ အတွင်း သို့ ယနေ့ မနက် ၇ နာရီ အချိန်က ဝင်ရောက်သွား ကြောင်း သိရပါသည်။ Apr-6/8:05PM #3SM 3 Star ⭐️⭐️⭐️ Myaing ပခုက္ကူခရိုင်အတွင်းရှိ…»
ပခုက္ကူမြို့နယ် ⚠️

ဧပြီလ ၆ ရက် ည၈နာရီ ၁၃ မီနစ်အချိန်က
ပခုက္ကူ မြို့ တပ်မ ၁၀၁ မှ စစ်ခွေး ကား တစ်စီး မှာ ပခုက္ကူမြို့နယ် အောင်သာ ပျူရွာ သို့ရောက်ရှိနေကြောင်း သိရပါသည်။

Apr -6/8:14PM

#3SM

3 Star ⭐️⭐️⭐️ Myaing

မှတ် ချက် သတင်း ကူး ယူမှု့ များ အား ခွင့်ပြုခြင်းမရှိ သတင်းနှင့် ပြန်ကြားရေ တာဝန်ခံ 3 Star ⭐️⭐️⭐️Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ပခုက္ကူမြို့နယ် ⚠️ ဧပြီလ ၆ ရက် ည၈နာရီ ၁၃ မီနစ်အချိန်က ပခုက္ကူ မြို့ တပ်မ ၁၀၁ မှ စစ်ခွေး ကား တစ်စီး မှာ ပခုက္ကူမြို့နယ် အောင်သာ ပျူရွာ သို့ရောက်ရှိနေကြောင်း သိရပါသည်။ Apr -6/8:14PM #3SM 3 Star ⭐️⭐️⭐️ Myaing မှတ် ချက် သတင်း ကူး ယူမှု့ များ အား ခွင့်ပြုခြင်းမရှိ…»
ပခုက္ကူ မြို့နယ် 🔥

ဧပြီလ ၅ ရက် နေ့က

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ညောင်ပင်ကျေးရွာကို မနေ့က ညဦးပိုင်း ဖက်ဆစ်ခွေးမိစ္ဆာနဲ့ ပျူစောထီးတွေက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ ကျေးရွာထဲ ကျရောက် ပေါက်ကွဲကာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး အိမ်ခြေ ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ပခုက္ကူနဲ့  မြစ်ခြေတိုက်နယ်၊ အောင်သာရွာ ပျူစောထီးစခန်းထဲနေ ဖက်ဆစ်ခွေးမိစ္ဆာနဲ့ ပျူတွေဟာ ညနေပိုင်းအချိန်တိုင်း သောက်စားမူးရူးကာ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်နေတာ ဖြစ်ပြီး ကျေးရွာတွေထဲ မကြာခဏ ကျရောက်ပေါက်ကွဲလို့ ဒေသခံပြည်သူတွေ ညစဉ်ညတိုင်း ရွာထဲ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။


Apr-6/8:27PM

#3SM

3 Star ⭐️⭐️⭐️ Myaing


သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုလုပ်ရန် ကူးယူဖော် ပြပါ က တာဝန်ယူ မှု တာဝန်ခံမှု မရှိပါ

ပခုက္ကူခရိုင်အတွင်းရှိ  မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
Forwarded from Hlaing Info
ရေစကြိုတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေသည့် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ဧပြီလ ၆ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းတလျှောက် လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် ZPK က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့တွင် ယင်းစစ်ကြောင်းကို ရေစကြိုမြို့နယ်၊ သာဂေါင်ရွာနှင့် မြောင်မြို့နယ်၊ ပန်ညိုရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက စတင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
မြိုင်

မြိုင်နယ်  ဖြတ်၍  Y-12စစ်ထောက်ပို့ ဗုံးကျဲ လေယာဥ် ၁စီး
အရှေ့ တောင် သို့ ပျံသန်း။

#WaiHin
Apr 6,  9:23PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်

မြိုင်နယ်  ဖြတ်၍  Y-12စစ်ထောက်ပို့ ဗုံးကျဲ လေယာဥ် ၁စီး
အရှေ့ တောင် သို့ ပျံသန်း။

#WaiHin
Apr 6,  9:34PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြို

ရေစကြိုနယ်ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကျဲလေယာဥ် ၁စီး
အရှေ့တောင်  အရပ်သို့ ပျံသန်း။

#WaiHin
Apr 6,  9:37PM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️ပခုက္ကူ

ပခုက္ကူအထွက် လယ်ယာခွေးဂိတ်တွင် ပြည်သူ့ကားများကို ဂိတ်ပိတ်ကာ ဖမ်းဆီးစစ်ဆေးနေပြီးပြည်သူ့ကား တော်တော်များများပိတ်မိနေဟု သတင်းရ။

MRSN
Mar 7 , 5:28PM

@myaing3starbot

https://t.me/https3starmyaing
ဧပြီ ၉ ရက်

နံနက် ၈ နာရီ ၄၀ မိနစ် ခန့်က ဆီမီးခုံမြို့ အရှေ့ဘက် Ooredoo ဖုန်းတာဝါတိုင် အရှေ့မြောက်ဘက်ရှိ ယာတောထဲမှာ ဆုံရွာမှ ပျုများ သေနက်များ ပစ်ဖောက်နေ။

ဆီမီးခုံသတင်း
#MySN
Apr 9 , 10:06AM

@myaing3starbot

https://t.me/https3starmyaing