NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ မတ် ၃၀
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကျဲခဲ့ ပြီး ကပစ ၂၄ အတွင်းသို့ ဆင်းသက်သွားကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရှိရသေးဘဲ သွားရောက် နေဆဲဖြစ်ကြောင်း သိရသည်။
“လေကြောင်းကနေ တိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရ သေးလို့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး ။ ထိခိုက်ပျက်စီးမှုတွေလည်း မေးလို့မရသေးပါ ဘူး” ဟု ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ် ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ယနေ့ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာ ထိုးစစ်များ ရပ်တန့်ကြောင်း ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။
Pauk Township News
ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot
https://t.me/https3starmyaing

Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) မြေပြင်သတင်းများ 3 Star Myaing Pakokku
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
“အရင်ရက်ပိုင်းက တို့ရွာမှာလည်း ငလျင်ဒဏ်ခံစားခဲ့ရပြီးတော့ ဘုန်းကြီးတို့ ပရဟိတကျောင်းလေးက ပြိုကျပျက်စီးသွားခဲ့ပြီးတော့ ရွာတွေက လူနေအိမ်တွေတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီနေ့က ကျောင်းမှာရှိကြတဲ့ မိဘမဲ့ကလေးတွေထဲက ကလေးငယ် ၈ ယောက်လည်း ဒဏ်ရာရခဲ့တယ်။ အခုလည်း လေယာဥ်နဲ့ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းကလည်း မီးရှို့သွားလို့ ရွာလုံးကျွတ်လောက် မီးလောင်ကုန်ပါတယ်။ ဘုန်းကြီးတို့နဲ့ ကလေးတွေကော ရွာသားတွေကော အခုထိ တောထဲမှာ နေနေကြရပါတယ်။ အရမ်းဆိုးရွားလှပါတယ်။
မတ် ၃၀ ရက် ညနေပိုင်းအထိ ရွာသစ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ရှိနေသေးပြီး ငလျင်ဒဏ်ကြောင့် အဆိုပါ ပရဟိတကျောင်း ပျက်စီးသွားသလို လူနေအိမ်တွေ မီးရှို့ခံရတဲ့ အတွက်လည်း ဒေသခံပြည်သူအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
#DVB #news #ပေါက်မြို့နယ် #ငလျင်ဘေးသင့်ဒေသ #စစ်တပ် #လေကြောင်းတိုက်ခိုက် #ဗုံးကြဲတိုက်ခိုက် #မီးရှို့ဖျက်ဆီး

Forwarded from Hlaing Info
မန္တလေးကျုံးဘေးမြင်ကွင်း
မတ်လ ၃၁ ရက်
မန္တလေးတွင် ဆက်တိုက်ဆိုသလို နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နေသေးသဖြင့် မန္တလေးပြည်သူများသည် တိုက်များနှင့် လွတ်ကင်းရာမြေကွက်လပ်များ၊ ကျုံးအနောက်ဘက် ပလပ်ဖောင်းများသည် အကောင်းဆုံး ငလျင်ရှောင်နေရာတစ်ခုဖြစ်လာသည်။
နေထိုင်ရေးအတွက် ယာယီအဆင်ပြေနေသော်လည်း ခြင်ယင်ပြဿနာများနှင့်လည်းရင်ဆိုင်နေကြရသည်။
ယင်းအပြင် အပေါ့အပါးသွားလာမှု ခက်ခဲခြင်း၊ လျှပ်စစ်အားဓာတ်အားသွင်းရန်ခက်ခဲခြင်း၊ သောက်သုံးရေးခက်ခဲခြင်းတို့နှင့်အတူ ဖုန်းလိုင်း၊ အင်တာနက်လှိုင်းရရှိမှုမှာလည်း ဆိုးရွားလျှက်ရှိသည်။
#MPA
#HlaingInfo

တာဝန်ကို အမှန်သိဖို့ ကြိုးစားကြပါ။
ကိုယ့်ရဲ့လိပ်ပြာ ကြေးမုံပြင်ရှေ့မှာ
တည့်တည့်ရပ်ပြီး
ကိုယ်ကတာဝန်ပါလို့ သတ်မှတ်ထားတာတွေဟာ
ကိုယ့်အတွက်လား ?
အများအတွက်လား ?
ယူဖို့အတွက်လား ?
ပေးဖို့အတွက်လား ?
ဆိုတာကို သတ္တိရှိရှိနဲ့ အဖြေမှန်ကို လက်ခံကြပါ။
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။
#Hlaing Info

Forwarded from Shwe Moe
This media is not supported in your browser
VIEW IN TELEGRAM
ဟိုတယ်အောင်ပန်းလည်း ပြိုကျသွားတယ်၊ပိတ်မိနေတဲ့သူတွေရှိတယ်လို့ ကြားတယ်
Forwarded from Shwe Moe
This media is not supported in your browser
VIEW IN TELEGRAM
ဘန်ကောက်က ဆောက်လက်စတိုက်ပြိုကျတဲ့ အခြေအနေ။
Forwarded from Shwe Moe
နေပြည်တော်က သမ္မတအိမ်တော်
ပျက်စီးမှုမြင်ကွင်း
ပျက်စီးမှုမြင်ကွင်း
Forwarded from Shwe Moe
Forwarded from Shwe Moe
This media is not supported in your browser
VIEW IN TELEGRAM
သူ့နေရာမှာ ကိုယ်ဆိုလည်း
ရူးသွားလိမ့်မယ်ထင်တယ် ။
ရူးသွားလိမ့်မယ်ထင်တယ် ။
Forwarded from Hlaing Info
ငလျင်ဘေးဒဏ်သင့်နေချိန် မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ စစ်ကောင်စီ စတင်ပြင်ဆင်
ဧပြီလ ၁ ရက်
မြန်မာနိုင်ငံရဲ့ ဒေသခြောက်ခုမှာ ငလျင်ဘေးဒဏ်ကို အပြင်အထန် ခံစားနေရချိန် မွန်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် စစ်ကောင်စီဘက်က ကြိုတင်ပြင် ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ်စတင် ဆောက်လုပ်နေသလို တခြား ဌာနဆိုင်ရာ မဏ္ဍပ်တွေကိုလည်း ဆောက်လုပ်ဖို့ ပြင်ဆင်နေတာပါ။
ဒေသတွင်းမှာတော့ ပရဟိတအဖွဲ့အစည်း တချို့နဲ့ လူငယ်တချို့ဟာ လူသားချင်းစာနာမှုအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေကို လှူဒါန်းနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ အလှူခံတာတွေကို လုပ်ဆောင်နေပေမယ့် စစ်ကောင်စီကတော့ ပျော်ပွဲရွှင်ပွဲကို ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဆက် - ⤵️⤵️

Forwarded from Maun Media