ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Maun Media
ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်
မတ် ၂၆၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာနေလူထုနဲ့ NUG မြေပြင်စာသင်ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းစေဖို့အတွက် ဘေးကင်းရိပ်မြုံ အစီအစဉ်အဖြစ် ဗုံးခိုကျင်းတူးဖော်ဖို့ ထောက်ပံ့ငွေပေးတာ၊ ဘေးအန္တရာယ် လျော့ကျရေး ဇာတ်တိုက်လေ့ကျင့်တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ဘေးကင်းရိပ်မြုံအစီအစဉ်ကို ကလေးမြို့နယ် ပကဖ၊ ပအဖ၊ ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (အခြေခံ)၊ သက်မွေးပညာကော်မတီ (ကလေးခရိုင်)နဲ့ Mobile Medical Team-West Division တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မြိုင် -မကွေးတိုင်း⚠️

8:40pm (26 Mar)

မိထ္ထီလာ လေတပ်တက် Jet Fighter (1)စီး မြိုင်ဖြတ် အနောက်မြောက်ဘက်သို့ ပျံသန်း။

⚠️  ချင်း မကွေး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
မြိုင်နယ် ဖြတ် နောက်ထပ်ဂျတ်ဖိုက်တာတစ်စီးအနောက်မြောက်

Mar-26/8:47PM
Daily Highlight 3
March 26 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၆ ကြိမ်
- မြိုင်/ပေါက်နယ်အစပ် ၂ ကြိမ်
- မင်းကင်းနယ် ၁ ကြိမ်
- နောင်ချိုနယ် ၂ ကြိမ်
- ဖလမ်းနယ် ၄ ကြိမ်
- ချောင်းဦးနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)

(မိမိတို့မှ သတင်းရရှိသော လေကြောင်းတိုက်ခိုက်မှုများကိုသာဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
Wai Hin (ဝေဟင်):
ဆိပ်ဖြူ  ⚠️

ဆိပ်ဖြူ ကပစ ၂၂  မှ စက်တပ်လေထီး (Paramotor ) ၁ စီး ပျံတက်။

#WaiHin
Mar 26, 10:37 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ဆိပ်ဖြူ  ⚠️

ဆိပ်ဖြူ ကပစ ၂၂  မှ ၂စီးမြောက် စက်တပ်လေထီး (Paramotor ) ၁ စီး ထပ်မံ ပျံတက်။

#WaiHin
Mar 26, 10:42 PM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
Forwarded from Hlaing Info
မြိုင်နှင့် ပေါက် မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

မတ်လ ၂၆ ရက်

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြာင်း အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင်  မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် တစ်ကြိမ် ၊ ၁၁ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် နတ်သတ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆက် - ⤵️⤵️
ပေါက်  ⚠️

ပေါက်နယ် ဖြတ်၍  ၂စီးမြောက် စက်တပ်လေထီး (Paramotor ) ၁ စီး အရှေ့မြောက် သို့ပျံသန်း။

#WaiHin
Mar 26, 10:56 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ  ⚠️

ပခုက္ကူနယ်အနောက်တောင်ခြမ်း ဖြတ်၍   စက်တပ်လေထီး (Paramotor ) ၁ စီး အရှေ့မြောက် သို့ပျံသန်း။

#WaiHin
Mar 26, 11:02 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ကမ္မ ⚠️

ကမ္မနယ်တောင်ခြမ်း ဖြတ်၍  ၂စီးမြောက် စက်တပ်လေထီး (Paramotor ) ၁ စီး အရှေ့တောင်အရပ် သို့ပျံသန်း။

#WaiHin
Mar 26, 11:05 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ကမ္မ ⚠️

ကမ္မနယ်တောင်ခြမ်းတစ်နေရာမှာ ဆိပ်ဖြူကပစ၂၂တက် စက်တပ်လေထီး (Paramotor ) ၂ စီး ပျံဝဲနေ။

#WaiHin
Mar 26, 11:15 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ဆိပ်ဖြူ

ဆိပ်ဖြူကပစ၂၂သို့ ကမ္မနယ်တစ်နေရာတွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော စက်တပ်လေထီး (Paramotor ) ၁ စီး
အရှေ့မြောက်အရပ်မှဆင်းသက်။

#WaiHin
Mar 26, 11:49 PM
📫သတင်းပို့ရန် @WaiHinScout_Bot
🔴ကမ္မ🔴

ကမ္မနယ် တနေရာသို့ ဆိပ်ဖြူကပစ၂၂ တက် စက်တပ်လေထီး (Paramotor ) ၂စီးဖြင့် (11:17),(11:27) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Mar 26, 11:57 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်မြို့နယ် 💥

မြိုင်မြို့နယ် တောင်ပိုင်းရှိ တွင်းမပျူရွာ မှ စစ်ခွေးပျူခွေးများမှ လက်နတ်ငယ်များဖြင့် ၁၂နာရီ ၅ မီနစ်အချိန်က ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

Mar-27/12:12AM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....
ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....
စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....
ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ..3Star..အဖွဲသားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏
မြိုင်မြို့နယ် ⚠️💥


မြိုင်မြို့နယ် ကန်နီပျူရွာမှ စစ်ခွေး ပျူး ခွေး များမှ အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်း သန်းပစ်ခတ်နေကြောင်း သိရပါသည်။

Mar-27/10:14AM

#3SM
ဗစ်တာ

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
Forwarded from Magway Scout Network (YU ATARASHI)
☂️သတင်း

သင်္ကြန်ကြိုမိုး
၂၀၂၅ မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၄ရက်နေ့အတွင်း
မွန်ပြည်နယ်ကရင်ပြည်နယ် တနင်္သာရီတိုင်း ဒေသကြီးတွေမှာ သင်္ကြန်ကြိုမိုးတွေရွာသွန်းနိုင်ပါတယ် 🚶‍♀️🚶‍♂️🌂👜🏡
ISSUED TIME
27/03/2025 8:12am(MMT)
ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
https://www.facebook.com/susu.san.7921975
MRSN
Mar 27 ,  10:44 AM
📬သတင်းပို့ရန်
@MagwayScoutBot
ရေစကြို ရေလယ်ကျွန်းရောက်နေသော မအလ စခများ မဲကုန်း၊ မိဖုရားရွာတို့တွင် ရှိနေဆဲဖြစ်ကြောင်း၊ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးရင်း စခများနှင့်တွေ့ပြီး ဖမ်းဆီးခံထားရသည့် ပြည်သူများလည်းရှိကြောင်း၊ မိုးကွဲရွာမှ ဖမ်းဆီးခေါ်ဆောင်သွားသော ပြည်သူများနှင့် ပါတ်သက်ပြီး နောက်ဆက်တွဲအခြေအနေများ မသိရှိရသေးကြောင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ရေစကြို၊ မတ် ၂၇
11:30 am

#InfoCommitteeYesagyo
MRSN
Mar 27 ,  12:03 PM

@myaing3starbot

https://t.me/https3starmyaing
ဂန့်ဂေါသတင်း

27.3.2025

မတ်လ ၂၇ ရက်နေ့ယနေ့မနက်ပိုင်းက ဂန့်ဂေါမြို့ခလရ ၅၀ တပ်ထဲမှာ မြို့ပေါ်ရှိ ကုန်သည်စျေးသည်များနဲ့ ကားပိုင်ရှင်များများကိုခေါ်ယူပြီး သီးသန့်တချိန်စီခွဲကာ အစည်းဝေး ၂ ရပ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကုန်သည်၊စျေးသည်များနဲ့ တွေ့ဆုံရာမှာ ဂန့်ဂေါမြို့ခလရ ၅၀ စစ်ကောင်စီအကြီးမှူးက မြို့ပေါ်နေပြည်သူများကလွဲရင် နယ်ကျေးရွာတွေဖက်က စျေးလာဝယ်သူမည်သူ့ကိုမဆို မိသားစုတစ်စုစာကို တပတ်စာထက် ပိုမိုရောင်းချခွင့်မပေးကြောင်းနဲ့ အကယ်၍ တပတ်စာထက်ပိုမိုရောင်းချတာကိုတွေ့ရှိခဲ့ပါက စျေးရောင်းသူကို ဖမ်းးဆီးးကာ ထော-င် ၆ လ ချမည်ဖြစ်ကြောင်းအပြင် ဆိုင်နဲ့ ပစ္စည်းအားလုံးကို မိမိတို့စစ်ကောက်စီက အကုန်သိမ်းဆည်းမည်ဟု ပြောဆိုခဲ့ကြောင်းသိရပါတယ်။

နောက်ပြီး ကားပိုင်ရှင်၊ကားသမားများနဲ့ တွေ့ဆုံရာဝယ် ကားသမားများအနေနဲ့ ဂန့်ဂေါမြို့ပေါ်ကလွဲရင် မည်သည့်နယ်ကျေးရွာများမှ ကုန်ပစ္စည်းများကို ချပေးရောင်းပေးခွင့်မပြုကြောင်းနဲ့ အကယ်၍ တနေရာရာ၊တရွာရွာမှာ ကားတစီးက ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား ချပေးတာတွေတွေ့ခဲ့ရင် ကားသမားကို ဖမ်းးဆီးးထောင် ၆ လ ချမည့်အပြင်ကားကိုပါ သိမ်းးယူသွားမည့်အကြောင်း၊ အဆိုပါကုန်ပစ္စည်းချရာရွာကိုလည်း မိမိတို့စစ်ကောင်စီတပ်ကနေ လ-က်-န-က်ကြီးများ၊ဒ-ရုန်းများဖြင့် ပ-စ် ခ-တ်-တို-က်-ခို-က်မှုများပြုလုပ်သွားမယ်လို့ ဂန့်ဂေါခလရ ၅၀ တပ်အကြီးမှူးကပြောဆိုသွားကြောင်းသိရပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
MRSN
Mar 27 ,  12:03 PM
@myaing3starbot

https://t.me/https3starmyain
ဒီနေ့က တပ်မတော်နေ့မဟုတ်ဘူးဗျ

ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်တယ်။
အဲ့ဒီ ဖက်ဆစ်ဂျပန်ကိုတော်လှန်တုန်းက တနိုင်ငံလုံးက လူမျိုးပေါင်းစုံ ပါဝင်တိုက်ခိုက် တွန်းလှန်ခဲ့ကြတာဖြစ်တယ်။

အာဏာရှင်၊ အာဏာလု ခွေးမိစ္ဆာတွေလက်ထဲရောက်မှ တပ်မတော်နေ့ဆိုပြီး တနည်းအားဖြစ် မြန်မာ့တပ်မတော်မွေးနေ့ဆိုပြီး ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်တယ်။

တချို့ GZ တွေမသိမှာစိုးလို့ပါ။

သမိုင်းလိမ်တွေကို လေ့လာမှုအားနဲ့ ချေဖျက်ကြပါ။