ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့ နယ် ⚠️

ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း ကျောင်းတော်ကြီး အရှေ့ ဘက် တွင် စခန်းမူးအပါအဝင်စစ်ခွေး ၄ ယောက် ယနေ့နေ့လယ် ၁နာရီ ၈မီနစ်အချိန်မှစ၍ ယခုအချိန်ထိ့ ရှိနေပြီး ခရီးသွား ပြည်သူများ ထံမှ စပ်ကျေးကောက်ခံနေကြောင်းသိရပါသည်။

Mar-25/2:05PM

#3SM


3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ငြိမ်းချမ်းရေး ယူမရရင်
ငြိမ်းချမ်းနဲ့ ယူကြပါလား အဘတို့။

ဒါတောင် ဟိုက ချရင် ချဦးမှာ။
😅

မပန်..#

https://t.me/https3starmyaing
Forwarded from Shwe Moe
This media is not supported in your browser
VIEW IN TELEGRAM
ဝိုးဒယ်
အဲ့သတင်းသမားတွေ မယုံနဲ့
ငါ့လည်း မယုံနဲ့ အကုန်လုံး
လူလိမ်လို့ ထည့်​ပြောလေ 😜
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....
ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....
စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....
ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ..3Star..အဖွဲသားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏
အမေရိကားမှာ စျေးရောင်းစားတဲ့ အိုင့်ကိုလည်း
ခဏခဏ တိုင်ကြတောကြသလို

မြန်မာပြည်က လမ်းဘေး အချဉ်ပေါင်းသည်တောင်
တိုင်ကြတောကြတယ်။

မနာလိုကြရာမှာတော့ တန်းတူညီမျှပဲ။
လမ်းဘေးအချဉ်ပေါင်းသည်ကိုတောင်
လွတ်လွတ်လပ်လပ် အောင်မြင်ခွင့် မပေးနိုင်တဲ့

ကရုဏာ ပေါများသလောက်
မုဒိတာ ရှားပါးတဲ့

ဟော့ဒီ့ မနာလိုခြင်းနိုင်ငံ။
နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထမင်စားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံး

နွားထိုးကြီး မတ်လ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထမင်စားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချပြီး Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်အတွင်း ထမင်းစားနေသည့် မိသားစုဝင် ၃ ဦးလုံးသေဆုံးခဲ့ပြီး နေအိမ် ၃ လုံးခန့် မီးလောင်ပြကျခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ ၁ နာရီ ခွဲခန့်လောက်က မာန်လည်ရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သွားတာ Rocket နဲ့ ပါပစ် ခတ်သွားတယ်။ ပြည်သူ ၃ ဦး သေဆုံးတယ်။ နေအိမ်တွေလည်း မီးလောင်ပြကျသွားတယ်။ သေဆုံးသူ ၃ ဦးက မိသားစုဝင်တွေပါ။ သမီးမိန်းကလေးက ငယ်သေးတယ်။ ထမင်းစားနေတုန်း ပစ်ခံရတာပါ။ ခန့်မှန်းခြေ နေအိမ် ၃လုံးလည်း မီးလောင်ပြာကျတယ်။ သူတို့ မိသားစုလေးက တောထဲမှာ နေတာပါ။ ထန်းသမားတွေ" ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

https://t.me/https3starmyaing
အမှန်တရားဘက်မှာရပ်တည်ကြသောမိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာအေးချမ်းသာယာကြပါစေ..အာဏာရှင်စနစ်ဆိုးကြီးမှ အမြန်လွတ်မြောက်ကြပါစေ..
3Star..အဖွဲ့သားများမှ ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။
🙏🙏🙏

https://t.me/https3starmyaing
မြိုင်မြို့နယ် 🔥


မြိုင်မြို့နယ် ကန်နီပျူရွာမှ စစ်ခွေးပျူခွေး အင်အား ၆၀ ဝန်းကျင်ခန့် မှာ ကန်နီရွာ အရှေ့မြောက်ဘက်သို့ထွက်ခွာသွား ပြီး ကန်နီရွာအတွင်း သို့ စစ်ခွေးအင်အား ၃၀ ခန့်ပြန်လယ်ဝင်ရောက်ထားပြီး ကန်နီပျူရွာ၏ အနောက်တောင်ဘက် ရေစဥ် တောင်ဘက် နှင့် ကန်နီရွာ အရှေ့တောင်ဘက်တွင် တောမီးများရှို့နေကြကြောင်း သိရပါသည်။

Mar-26/9:04AM

#3SM
ဗစ်တာ

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot



https://t.me/https3starmyaing
ထီးတစ်ချောင်းကို နှစ်ယောက်သား မလုံ့တလုံဆောင်းပြီးချော်မလဲအောင်ကုပ်ကပ်လမ်းလျှောက်လာနေတဲ့ သဏ္ဍန်ရိပ်နှစ်ခု အိမ်တံစက်မြိတ်အောက်မရောက်ခင် တဲအိမ်ပေါ်ကနေ ကိုနေမင်း အပြေးအလွှားဆင်းပြီး ခရီးဦးကြို ပြုလိုက်ပါတယ်။
မိုးထဲရေထဲကနေ ရောက်လာသူနှစ်ဦးကတော့ ထုံးစံအတိုင်း မျက်နှာချိုချိုကြည်ကြည်လင်လင်နဲ့ ပြုံးပြနှုတ်ဆက်ရင်း တဲအိမ်ထဲ ဝင်လာပါတယ်။ ပြီးတော့ မိုးကာအကျီတွေကို ကိုယ်စီချွတ်လိုက်ပြီး ကွပ်ပျစ်ပေါ်က ကလေးငယ်ကို ဆေးကုသပေးပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးတဲ့နောက် လူနာနောက်တစ်ဦးရှိတဲ့နေရာဆီ ထီးတစ်ချောင်းကိုနှစ်ယောက်ဆောင်းလို့ မိုးထဲလေထဲမှာပဲ ပြန်လည်ထွက်ခွာသွားပါတယ်။

“ဒေါက်တာ ရတနာတို့လင်မယားက ကျတော့်ကျေးဇူးရှင်ပါ” လို့ ၂၀၂၄ ခုနှစ်ကဖြစ်ရပ်ကို ကိုနေမင်းက ပြန်ပြောင်းအောက်မေ့ကျေးဇူးစကားဆိုပါတယ်။

ယောနယ်ရဲ့ တောင်ကျရေးဆင်းလမ်းလေးပေါ်မှာ ကူးလူးသွားလာပြီး မိုးထဲလေထဲ ဆေးလိုက်ကုသပေးနေသူနှစ်ဦးက ဒေါက်တာမြစိုးအောင် နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဖြစ်ပါတယ်။ သူတို့မှာ အသက်၅နှစ်အရွယ်သားငယ်တစ်ယောက်ရှိပါတယ်။ ဒါ့အပြင် ဒေါ်ခိုင်နှင်းဝေဟာ ကိုယ်ဝန်လေးလလွယ်ထားရပြီဖြစ်တဲ့ သားသည်မိခင်လည်းဖြစ်ပါတယ်။သူတို့မိသားစုဟာ ယောနယ်ဒေသခံတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။

ဒေါက်တာမြစိုးအောင်နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဟာ ကိုနေမင်းရဲ့တဲအိမ်လေးဆီ‌အရောက်လာပြီး ဆေးကုသမှုပေးတာကအစ ဒေသရဲ့ သာရေးနာရေးကိစ္စတွေကို တက်ညီလက်ညီပါတာအလယ်၊ စက်ဘီစီးခြင်းကို နှစ်သက်တာကအဆုံးအမြဲအတွဲညီတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။နှစ်ဦးစလုံးက စိတ်တူကိုယ်တူ၊ စွယ်တော်ရွက်လိုအမြဲတွဲလျက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


https://www.ludunwayoo.com/feature-mm/2025/03/26/115724/
မြိုင်⚠️

မြိုင်နယ် တနေရာတွင် မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး ပျံဝဲ‌နေ။

#WaiHin
Mar 26, 11:42AM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
ရေစကြိုမြို့နယ် ⚠️

ရေစကြို ရေလယ်ကျွန်းရောက်နေသော အကြမ်းဖက် စစ်ကောင်စီတပ် မအလ စခများ ယနေ့နံနက်ပိုင်း တောင်ကုန်း၊ မဲကုန်း၊ မိဖုရားရွာများတွင် ရှိနေ‌သေးကြောင်း၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖုန်းလိုင်းများလည်း မကောင်းသည့်အတွက်ကြောင့် အဖြစ်ပျက် အခြေအနေများ မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

ရေစကြို၊ ‌မတ် ၂၆
11:30 am

#InfoCommitteeYesagyo

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
🔴မြိုင်-ပေါက်🔴

မြိုင်-ပေါက်နယ် တနေရာသို့ မိတ္ထီလာ လေတပ်တက်၊ မကွေးလေတပ်တက် ဂျက်ဖိုက်တာတို့ဖြင့် (11:34) , (11:44) , (11:46) AM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်းသိရပါသည်။

#WaiHin #AS
Mar 26, 1:07
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
Forwarded from Magway Scout Network (YU ATARASHI)
☂️သတင်း

ရာဘာလုပ်ငန်း ဆားလုပ်ငန်း အုတ်လုပ်ငန်း မိုးသတိပြု
၂၀၂၅ မတ်လ ၃၁ရက်နေ့နှင့် ဧပြီလ ၁ရက်နေ့တွေမှာ မြိတ်ခရိုင် ထားဝယ်ခရိုင် ရေးခရိုင် သံဖြူဇရပ်ခရိုင် မော်လမြိုင်ခရိုင် သထုံခရိုင် ဘားအံခရိုင် ကော့ကရိတ်ခရိုင်ဒေသတွေမှာ မိုးရွာနိုင်ပါတယ် လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ 🌧️🌧️🌧️🚶‍♀️⚠️
ISSUED TIME
25/03/2025 2:17pm(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
https://www.facebook.com/susu.san.7921975
MRSN
Mar 26 ,  3:50 PM
📬သတင်းပို့ရန်
@MagwayScoutBot