Forwarded from Khit Thit Media
မြိုင်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ် ခတ် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးထက်မနည်းပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၆ ရက် မွန်းတည့် ၁၂ နာရီ ၅၇ မိနစ်အချိန်ခန့်က မြိုင်မြို့နယ်မြောက်ပိုင်း၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ အနေ အသေးစိတ်ကို သိရှိရခြင်း မရှိသေးကြောင်း သိရသည်။
“အထက စာသင်ကျောင်းနဲ့ ပတ်ချာလည်ကို တိုက်လေယာဉ်နဲ့ ပစ်သွားတာဗျ၊ ကလေးတစ်ဦး သေတယ်၊ နောက်ထပ်တစ်ယောက်လည်းသေတယ်။ သေတာ စုစုပေါင်း ၄ ယောက်ရှိသွားပြီ အသေး စိတ်အခြေအနေတော့ မသိရသေးဘူး။ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ သက်သက်ကို ဗုံးလာ ကျဲတာ။” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးထက် မနည်းပျက်စီး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ စက်တင်ဘာလ ၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး တဆက်တည်းတွင် ဖလံကုန်းကျေးရွာကိုပါ ထပ် မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး နောက်ကျောထိခိုက်ဒဏ်ရာရ ရှိ ခဲ့ကြောင်း သိရသည်။
“ဆူးရစ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ၃ ခေါက်ပတ်ပျံပြီး ပထမ ၃ လုံးကျဲတယ်။ ဒုတိယအကြိမ် ၂ လုံး ထပ်ကျဲတယ်။ နေအိမ် ၃ လုံးပျက်စီးတယ်။ ဒုတိယအကြိမ်မှာက ဖလံကုန်းရွာကိုပါ တဆက်တည်း ၁ လုံးကျဲချသွားတာ။ အဲဒီမှာက အမျိုးသားတစ်ဦးထိတာ။ PDF အဖွဲ့တွေလည်းမရှိဘူး၊ တိုက်ပွဲလည်း မရှိဘူး။ တမင်သက်သက်ကိုလာကျဲနေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
Photo - နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှ့င် ဖလံကုန်းကျေးရွာ ဗုံးကျဲခံရပြီး ထိခိုက်ပျက်စီး မှုများ

Forwarded from Sagaing Scout Network (︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎︎ ︎ ︎)
⚠️မုံရွာ
စွမ်းရည်ထက် ဂိတ်မှ လွှတ်လိုက်သော Drone (၂)စင်းသည် အရှေ့အနောက် လှည့်ဝဲနေကြောင်း သတင်းရ။
#SSN
Sep 6 , 7:43PM
📫သတင်းပို့ရန် @SagaingSNetworkbot

Forwarded from Hlaing Info
Breaking News - ဗျိုင်းဖြူရွာသား ၉၃ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချ
စက်တင်ဘာလ ၆ ရက်
စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာမှ ဒေသခံ ၉၃ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် စစ်တွေအကျဉ်းထောင်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။
ဗျိုင်းဖြူရွာသား ၉၇ ဦးကို ယနေ့အမိန့်ချရာတွင် ၄ ဦးကိုလွှတ်ပေးပြီ ၉၃ ဦးကို ထောင်ချလိုက်ခြင်းဖြစ် သည်။ ယနေ့ လွတ်မြောက်လာသူများမှာ မိုးဇော်နိုင်၊ လှထွန်းဦး၊ စိုးချေ၊ ဦးဉာဏ်ချမ်းတို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ကလည်း ဗျိုင်းဖြူကျေးရွာသား ၁၄၁ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ၅၀၀ ကျပ်စီ အသီးသီးချမှတ်ခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျေးရွာသား ၃၀၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။
အဆက် - ⤵️⤵️

Forwarded from Magway Regional Scout Network (YU ATARASHI)
🔴မင်းတပ်
2:30 PM , Sep 7
- ယနေ့မနက်အစောပိုင်း 3:40 AM အချိန်ခန့်တွင်
အေလာလေတပ်တက် MIG 29 ဂျက်ဖိုက်တာမှ
မင်းတပ်မြို့ တိုက်နယ် (၂) ဘက်ရှိ ကျေးရွာ
တစ်ရွာနားကို ပေါင် ၅၀၀ ဗုံးအပြင် ဗုံး အသေး
၈ လုံးခန့် ကြဲချပြီး လေကြောင်းတိုက်ခိုက်
သွားတယ်လို့ကြားသိရပါတယ်။
- ဘေးကင်းကြပါစေ အမျိုးများ
အစစအရာရာ ဂရုစိုက်ကြပါဗျ
- Hkl
MRSN
Sep 7 , 2:49PM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8

Forwarded from မုံရွာ ရပ်ကွက် ကင်းထောက်များ
မုံရွာ
ကန်ဦးကျောင်းအတွင်း စျေးရောင်းပွဲရှိ
ရဲနဲ့ပီကယ်များ အမျိုးသမီးရေးရာအဖွဲ့များရှိ
စည်ပင်များ သန့်ရှင်းရေးပြုလုပ်နေ

Forwarded from Wai Hin (ဝေဟင်)
ပင်လည်ဘူး⚠️
ပင်လည်ဘူးနယ်တစ်နေရာပေါ်တွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီး ပျံဝဲနေ။
#WaiHin
Sep 7, 2:45PM
📫သတင်းပို့ရန် @WaiHinScout_Bot

Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from EAR, Org.
Forwarded from EAR, Org.
Forwarded from Wai Hin (ဝေဟင်)
မိတ္ထီလာ⚠️
မိတ္ထီလာရှမ်းတဲလေတပ်မှ Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် တစ်စီး အနောက်တောင်ဘက်သို့ ပျံသန်း။
#WaiHin
Sep 7, 3:10PM
📫သတင်းပို့ရန် @WaiHinScout_Bot
မိတ္ထီလာရှမ်းတဲလေတပ်မှ Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် တစ်စီး အနောက်တောင်ဘက်သို့ ပျံသန်း။
#WaiHin
Sep 7, 3:10PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်)
ကန့်ဘလူ
ကန့်ဘလူနယ်မြောက်ခြမ်း
ဖြတ်၍ Y-8 စစ်ထောက်ပို့လေယာဥ် တစ်စီး တောင်ဘက်သို့ ပျံသန်း။
#WaiHin
Sep 7, 3:24PM
📫သတင်းပို့ရန် @WaiHinScout_Bot
ကန့်ဘလူနယ်မြောက်ခြမ်း
ဖြတ်၍ Y-8 စစ်ထောက်ပို့လေယာဥ် တစ်စီး တောင်ဘက်သို့ ပျံသန်း။
#WaiHin
Sep 7, 3:24PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Hlaing Info
ကျုံပျော်တွင် အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်းရှိသူများကို စစ်သင်တန်းတက်ရန် ရုံးခေါ်၍ အုပ်ချုပ်ရေးမှူးနှင့်လဝကမှ လက်မှတ်ထိုးခိုင်း
စက်တင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ ရပ်ကွက်အချို့တွင် အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်းရှိသူများကို စစ်သင်တန်းတက်ရမည်ဟုဆိုကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် လဝက က စက်တင်ဘာလ ၄ ရက်နေ့တွင် စာရင်းကောက်ယူကြောင်း ဒေသခံများကထံကသိရသည်။
တေဇရပ်ကွက်ရှိ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်းရှိသူများအားလုံး ရပ်ကွက်လုံခြုံရေးအတွက် မဖြစ်မနေ စစ်သင်တန်းတက် ရမည်ဟုပြောဆိုကာ ရပ်ကွက်ရုံးခေါ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လဝက မှလက်မှတ်ထိုးခိုင်းသည့်အပြင် ဓာတ်ပုံပါရိုက်ခိုင်းကြောင်း ဒေသခံများကပြောသည်။
"ရုံးခေါ်ပီး စရင်းတွေရပ်ကွက်မှာ ကောက်တယ်၊ လက်မှတ်ထိုးပေးရတယ်။ ဓာတ်ပုံတွေပါရိုက်တယ်။ အခြားရပ်ကွက်မှာတော့ ဘာသံမှမကြားရသေးဘူး။ လူတွေ အဲဒီအတွက်နဲ့အလုပ်လဲမလုပ်ရဘူး၊ စိတ်တွေလည်းညစ်နေရတယ်"ဟု တေဇရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Forwarded from Sagaing Scout Network (Domino)
⚠️မုံရွာ
မုံရွာမြို့ထဲမှ တောင်သို့ သံပြားကာကားတစ်စီး ခွေးအင်အားအပြည့် မြေနဲကျော် တောင်ဘက်သို့ဆက်မောင်းနှင်သွား။
#SSN
Sep 7 , 3:24PM
📫သတင်းပို့ရန် @SagaingSNetworkbot
မုံရွာမြို့ထဲမှ တောင်သို့ သံပြားကာကားတစ်စီး ခွေးအင်အားအပြည့် မြေနဲကျော် တောင်ဘက်သို့ဆက်မောင်းနှင်သွား။
#SSN
Sep 7 , 3:24PM
📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from သတင်းအထူးတပ်ဖွဲ့ - PATHEIN
🛑ယနေ့ ညနေ (၀၃၅၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊အမှတ်(၂)တံတားအောက် ကမ်းနားလမ်းနှင့် Ocean ရှေ့တွင် အကြမ်းဖက်ဘဲဥများမှ ဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။🛑
#📅 7.9.2024 Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007
#📅 7.9.2024 Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007
Forwarded from Hlaing Info
မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်နေ
စက်တင်ဘာလ ၇ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်လာကြောင်း အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ ၁ လတာအတွင်း သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနေဖြင့် လက်နက်ချ အလင်းဝင်ရန် အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထို့သို့ လက်နက်ချ အလင်းဝင်ရောက်ခြင်းမရှိသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး အင်အားစုများအနေဖြင့် ကိုင်းတောမရဲစခန်း၊ ဝက်ပုတ်ပျူစခန်းနှင့် ရွာသစ်ရွာ တိုက်ပွဲများ ကဲ့သို့ သရက်ကန် ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု သတိပေးစာတွင် ဖော်ပြထားသည်။

8 SEP 2024 6:30 am
⚠️
မြိုင်မြို့နယ် ၊ ပေါက်မြို့နယ် မှ မိဘပြည်သူများ
အကြမ်းဖက် စစ်ရှုံး စစ်ကောင်စီသည် အရှုံးကိုလက်မခံနိုင်ဘဲ တိုက်ပွဲဖြစ်ပွားချင်းမရှိ စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်တဲ့နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာပါတယ်။
ယမန်နေ့ ညနေကလည်း ပေါက်မြို့နယ် ဆေးကြီးတောင် တနေရာကိုလေကြောင်းတိုကခိုက်ခဲ့တယ်လို့သိရပါတယ်။
⚠️⚠️ ပြည်သူများ သတိထားသွားလာနေထိုင်ကြပါရန်။
#Myaing #Pauk
MRSN
Sep 8 , 9:13AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
⚠️
မြိုင်မြို့နယ် ၊ ပေါက်မြို့နယ် မှ မိဘပြည်သူများ
အကြမ်းဖက် စစ်ရှုံး စစ်ကောင်စီသည် အရှုံးကိုလက်မခံနိုင်ဘဲ တိုက်ပွဲဖြစ်ပွားချင်းမရှိ စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်တဲ့နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာပါတယ်။
ယမန်နေ့ ညနေကလည်း ပေါက်မြို့နယ် ဆေးကြီးတောင် တနေရာကိုလေကြောင်းတိုကခိုက်ခဲ့တယ်လို့သိရပါတယ်။
⚠️⚠️ ပြည်သူများ သတိထားသွားလာနေထိုင်ကြပါရန်။
#Myaing #Pauk
MRSN
Sep 8 , 9:13AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Hlaing Info
"ဒီ ပွဲသည် အနီနဲ့ အစိမ်းကြားက ရန်ပွဲမဟုတ်ဘူး။ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီက ကြားက ရန်ပွဲမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင် လူပုဂ္ဂိုလ် ၂ ယောက်ကြားက ရန်ပွဲလည်း မဟုတ်ဘူး။ ဒါသည် ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲသာ ဖြစ်တယ်။ မင်းအောင်လှိုင်သည် တိုင်းပြည်နဲ့ လူအားလုံး အားလုံးကို ဒုက္ခမျိုးစုံပေးနေဦးမှာပဲ"
▪️မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း (နိဂုံး အပိုင်း)
By ရန်ကုန်ခေတ်သစ်
၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ အခုဆိုရင် စစ်ကောင်စီက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်တွေ အထိပါ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ခိုင်းပြီး စစ်ထဲ ဝင်ခိင်းနေပြီ။

Breaking News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက် ၁၀ နာရီခွဲအချိန် လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိ
စက်တင်ဘာလ ၉ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်းဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လတ်တလော ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
"ရပ်ကွက် ၁ ၊ ဗျူဟာလမ်းနဲ့ တိုင်းရုံးဘက်လို့ ပြောတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ အဆောက်အအုံတွေ ပြိုကုန်တယ်။ ကားတွေလည်း ထိကုန်တယ်။ လေယာဉ်က ဝဲနေတုန်းပဲ။ ဗုံး ၂ လုံးကျဲပြီးသွားတာတောင် ထပ်ဝဲနေတယ်" ဟု လားရှိုးဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။