ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့နယ် ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း တောင်မင်းကျောင်း ရက်ကွပ် တောင်မင်းကျောင်း ဘုန်းကြီးကျောင်း ထဲတွင်ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်း မှာ သက်ရွာ အတွင်း သို့ဝင်ရောက်နေကြောင်း သိရပါသည်။ Feb 11/11:40AM #3SM 3 Star Myaing ပခုက္…»
Forwarded from Hlaing Info
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာတွင်  စစ်တပ်နှင့် ပျူစောထီးများက အဖမ်းအဆီးလုံး၀ မရှိစေရဟု ကြေညာကာ လောင်းကစား ၀ိုင်း ကြီးများ အကြီးအကျယ် ဖွင့်လှစ်နေပြီး နေ့စဉ် လောင်းကြေးငွေ သိန်းရာထောင်ချီ လည်ပတ်လောင်းကစားခွင့်ပြု

▪️ နိုင်ငံရေးမလုပ်ရန်နှင့် လက်နက်မကိုင်လျှင် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ လုပ်ငန်း ကြိုက်တာလုပ်နိုင်ဟုနယ်မြေခံစစ်တပ်က ကြေညာ


ဖေဖော်ဝါရီလ ၁၁ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာတွင်  စစ်တပ်နှင့် ပျူစောထီးများက အဖမ်းအဆီးလုံး၀ မရှိစေရဟုဆိုကာ လောင်း ကစား၀ိုင်းကြီးများ အကြီးအကျယ်ဖွင့်လှစ်ပြီး နေ့စဉ် သိန်းရာထောင်ချီ လောင်းကစားခွင့်ပြုလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ပိုင်းမှာ စတင်၍ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက လောင်းကစားဝိုင်များ ပြုလုပ်၍ ငွေရှာနေကြောင်း၊ ထို့ပြင် လောင်းကစား ဝိုင်းအတွင်း မူးယစ်ဆေးဝါးများနှင့် အရက် ဘီယာများ သောက်သုံးခွင့်လည်း စိတ်ကြိုက် လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
Hlaing Info
ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာတွင်  စစ်တပ်နှင့် ပျူစောထီးများက အဖမ်းအဆီးလုံး၀ မရှိစေရဟု ကြေညာကာ လောင်းကစား ၀ိုင်း ကြီးများ အကြီးအကျယ် ဖွင့်လှစ်နေပြီး နေ့စဉ် လောင်းကြေးငွေ သိန်းရာထောင်ချီ လည်ပတ်လောင်းကစားခွင့်ပြု ▪️ နိုင်ငံရေးမလုပ်ရန်နှင့် လက်နက်မကိုင်လျှင်…
အဆိုပါ လောင်းကစားဝိုင်းများကို ၁ လ တိတိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းလောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကို ဒေသပြည်သူများက သက်ဆိုင်ရာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ တိုင်ကြားချင်သော်လည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက သိရှိသွားပါက ဖမ်းဆီး သတ်ဖြတ်မည်ကိုလည်း စိုးရိမ်နေကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လောင်းကစားဝိုင်းကို လာရောက်သော သူများနှင့် အနီးအနားရှိ ကျေးရွာများမှ လူငယ်များ၏ မှတ်ပုံတင် နှင့် အိမ်ထောင်စု စာရင်းများကို လိုက်လံ ကောက်ခံမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

"ပေါင်မြို့နယ် ထန်ပင်ချောင်ရွာမှာ လောင်ကစားဝိုင်းတွေ ဖွင့်ထားတာ ၁ လ လောက်ရှိပြီး ဘယ်သူမှ အရေးမယူပေးဘူး။ စစ်ခွေးရော ပျူစောထီးရော ဦးဆောင်ပြီး ဖွင့်နေတာ တစ်လ တိတိဖွင့်မယ်လို့ပြောတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ လောင်းကစားလုပ်ချင်သူများ လာရောက် လောင်းကစားကြရန် ကြေညာခိုင်းနေကြောင်း၊ နိုင်ငံရေးမလုပ်ရန်၊ လက်နက်မကိုင်ရန်သာ အဓိကဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ ကြိုက်ရာ လုပ်နိုင်သည်ဟု စစ်တပ်က အသိပေး ပြောဆိုနေကြောင်း သိရှိရသည်။

#KTM
#HlaingInfo
#3SM
"ထုတ်ပြန်ချက်အတုများနှင့် စပ်လျဥ်း၍ အသိပေးခြင်း"
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အထက်ပါ စာများသည် အတုများဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Forwarded from Hlaing Info
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ

ဖေဖော်ဝါရီလ ၁၁ ရက်

ကချင်ပြည်နယ် ဗန်းမော်မြို့က အမှတ် (၅၀၁၄ ) တင့်ကားတပ်ရင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ပြီးတဲ့နောက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) နဲ့ လက်ကျန် တပ်စခန်းတွေကို KIA က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြောပါတယ်။

စကခ-၂၁ ကို သိမ်းပိုက်နိုင်ဖို့အတွက် အရေးပါတဲ့ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်း၊ အမှတ် (၅၀၁၄ ) တင့်ကားတပ်ရင်း၊ အမတ-၃၆၆ အမြောက်တပ်ရင်း စတဲ့ တပ်ရင်းသုံးခုကို ဇန်နဝါရီ လကုန်ပိုင်းနဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းမှာပဲ KIA သိမ်းပိုက်ထားနိုင်တာပါ။

လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်တွေက စကခ-၂၁ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီလို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဆက် - ⤵️⤵️
Hlaing Info
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ ဖေဖော်ဝါရီလ ၁၁ ရက် ကချင်ပြည်နယ် ဗန်းမော်မြို့က အမှတ် (၅၀၁၄ ) တင့်ကားတပ်ရင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ပြီးတဲ့နောက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)…
“တိုက်ပွဲကတော့ ဖြစ်တော့ ဖြစ်နေတယ်။ အရမ်းပြင်းထန်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ စကစ ၂၁ ကို ပတ်ပတ်လည် ဝိုင်းထားတဲ့အခြေအနေ ဟုတ်တယ်”

စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံး တိုက်ခိုက်တာအပြင် နည်းပညာအဆင့်မြင့် ဒရုန်းတွေကိုပါ အသုံးပြုတိုက်ခိုက်ပြီး တပ်ရင်းတွေမကျရေး၊ ခုခံကာကွယ်နေတယ်လို့ သူက ဆိုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း  နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ် စောင့်ကြည့်နေကြတဲ့ အခြေအနေလို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့တို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး မံစီမြို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက်ပိုင်းက KIA ထိန်းချုပ်ဒေသဘက်ကိုလည်း စစ်ကောင်စီတပ်က အင်အားတစ်ထောင်ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဥ်။ (Kachin News Group Photo)
#RFA
#HlaingInfo
#3SM
အလုပ်အကိုင် -  စစ်ခေါင်းဆောင်၊ တပ်ချုပ်

အားသာချက် - ခိုင်းရင် ဘာမှ မစဉ်းစားဘဲ လိုက်လုပ်တဲ့ လက်ကိုင်တုတ် စစ်တပ်ရှိ

အားနည်းချက် - စစ်မတိုက်တတ်၊ တိုက်ပွဲတိုင်းရှုံး၊ ရှေ့တန်းမသွားရဲတာကလွဲရင် ပွဲတိုင်း တက်

အမည်ပြောင် - စစ်ရှုံးကောင်၊ မြွေယိုး

ဆောင်ပုဒ် - မင်းအောင်လှိုင် ပွဲတက်
စစ်တပ်ပျက်


#DTSF..#

https://t.me/m2nQSzdXozljZmM1
⚠️ပခုက္ကူ

ပခုက္ကူ တပ်မ ၁၀၁မှာ ထွက်လာတဲ့ခွေးကား၃စီးဟာ ပခုက္ကူ စက်မှုဇုံ မြို့ဖေ စက်သုံးဆီ အနီးအနားမှာရောက်ရှိနေကြောင်းသတင်းရရှိ။
1:50PM

MRSN
Feb 11 , 2:08PM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့
101 /မှ ခွေးကား 3စီး မြို့ဖေဆီဆိုင်နားသိုရောက်ရှိ
မြောက်အရက်ဦးတည်​နေသိရ။

Feb/11/2:05PM

Y-3 AZ..#

Star Myaing

https://t.me/m2nQSzdXozljZmM1
⚠️မုံရွာ

အုတ်စက်အတွင်းသို့ အိမ်စီးကား(၄)စီး ဖြင့် စခရခများ သေနတ်များပစ်ဖောက် ဝင်ရောက် ဖမ်းဆီးမှု ပြုလုပ် နေကြောင်း သတင်းရ။

Update - (၁၇)နှစ်အရွယ် ကလေး(၃)ယောက်အား အကြောင်းမရှိ  ထွေအုပ်ရုံးသို့ ဖမ်းခေါ်သွားကြောင်း သတင်းရ။

#SSN
Feb/ 11/4:15 PM

Star Myaing

https://t.me/m2nQSzdXozljZmM1
မင်းအောင်လှိုင် နှာစေးနေပါသည်
★★★★★★★★★★

ထိုင်းကတော့ ကျားဖြန့်နဲ့ ပတ်သတ်နေ

တဲ့ ရဲမင်းကြီး၊ ပြည်နယ်ရဲချုပ် အရာရှိ

အကြီးပိုင်း အဆင့်တွေ အထိ ဖြုတ်

ထုတ်ရှင်းနေကြပြီ။


မင်းအောင်လှိုင်တို့ အဖွဲ့တော်ကြီးကတော့ အခုထိ ဘောလီဘောပုတ် ကောင်းနေကြတုန်း🤣
မြဝတီ ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုဖြင့် ထိုင်းရဲအရာရှိကြီးနှစ်ဦး ရာထူးရပ်နားခံရ
★★★★★★★★★

ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးနှစ်ဦးဖြစ်သော ရဲမင်းကြီး အက်ကာရတ် အင်တာစပ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ် အမ်ကာမော်လ်တို့ ရာထူးမှယာယီရပ်နားခံရကြောင်း ထိုင်းသတင်းဌာန Thai Enquirer က ဖော်ပြထားသည်။

ရဲမင်းကြီး အက်ကာရတ်သည် မြဝတီမြို့ရှိ ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း စွပ်စွဲခံထားရပြီး တာ့ခ်ပြည်နယ်ရဲချုပ်မှာမူ ၎င်းနယ်မြေရှိ ရာဇဝတ်ဂိုဏ်းများအား ထိရောက်စွာ အရေးမယူခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝက်ချာယာချိုင်းကလည်း တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်နေသော အစိုးရအရာရှိ များအား နယ်စပ်ဒေသများမှ ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်ဂိုဏ်းများကို ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ဖော်ပြောကြားထားသည်။
Forwarded from Maun Media
နေရာအနှံ့အပြား ရောက်ရှိနေတဲ့ ကရင်လူမျိုးတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

နေရာအနှံ့အပြားကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေအားလုံး အခြားသောတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ဝါဒ ပြိုလဲကျရေး စုပေါင်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီနေ့ ဖေဖော်ဝါရီ ၁၁ရက်မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကရင်လူမျိုးတို့ရဲ့ ဖြစ်တည်မှု ရေရှည်တည်တံ့ခြင်း နဲ့ လူမျိုးစုများ ပြည်သူလူထုများရဲ့ ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းတို့ကို အဟန့်အတားပြုနေတဲ့ ဒီအာဏာရှင်ဝါဒနဲ့ သူ့ရဲ့ ထောက်တိုင်တွေကို ဖြိုချတိုက်ဖျက်သွားကြဖို့ ဖြစ်ပါတယ် “လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

တစ်နိုင်ငံလုံးရဲ့ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒ နဲ့ အာဏာရှင်ဝါဒ ကျင့်သုံးတဲ့သူတို့ကို ဆန့်ကျင်ဖယ်ရှားသွားမယ်ဆိုတဲ့ သန္နိဌာန်ကိုလည်း မြဲမြံစွာ ကိုင်စွဲရပ်တည်သွားဖို့ လိုအပ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံအတွင်း လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် စတဲ့ အခွင့်အရေးတွေ ရှိဖို့လိုအပ်သလို ဒီအခွင့်အရေးတွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

KNUရဲ့ ဦးဆောင်မှုအောက်မှာ ကရင်လူမျိုးတို့ရဲ့ လိုလားချက်တွေရရှိရေးအတွက် ကရင်လူမျိုးတွေဟာ အသက်၊ ကိုယ်လက်အင်္ဂါ၊ သွေးချွေးနဲ့ စည်းစိမ်ဥစ္စာတွေ ပေးဆပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ကရင်လူမျိုးတွေရဲ့ လိုလားချက်တွေ ပြည့်ဝအောင်မြင်မှု မရရှိသေးဘူးလို့လည်း ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိနေပြီး အတူတကွ ပြန်လည်ပူးပေါင်းကာ စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်ဖို့ လိုအပ်ကြောင်း KNU ဥက္ကဋ္ဌက သူ့ရဲ့မိန့်ခွန်းတွေမှာ မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။
မဂ်လာနံနက်ခင်းပါ🌹🌹🌹
ပြည်သူများအားလုံး စိတ်ချမ်းသာပြီး
ကိုယ်လည်း ကျန်းမာကြပါစေ။ 🌹🌹🌹
ဘေးရန်အပေါင်း ကင်းဝေးကာ
အေးချမ်းကြပါစေ🙏🙏🙏

3StarMyaing
မြိုင်မြို့နယ်

မြိုင် စက်မှု့ ၂ စက်ရုံမှ စစ်ခွေး များ လှုပ်ရှား ပြင်ဆင်နေကြကြောင်း သိရပါသည်။

Feb 12/9:40AM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
မြိုင်မြို့နယ်

​မုံရွာ နမခမှ ယနေ့နေ့လယ် ၁၁နာရီ ၅မီနစ်အချိန်က အနောက်တောင်အရက်သို့ပျံတပ်လာသော Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် တစ်စီး မှာ မြိုင် စက်မှု ၂ စက်ရုံထဲ သို့ ယနေ့နေလယ် ၁၁ နာရီ ၃၀ မီနစ် အချိန် က ဆင်းသက်ထား ပြီး ယနေ့နေလယ် ၁၁နာရီ ၃၃ မီနစ်အချိန် က အရှေ့မြောက် အရက်သို့ ပျံတပ်သွားခဲ့ပြီး မုံရွာ နမခ သို့ ယနေ့နေ့လယ် ၁၁နာရီ ၅၅မီနစ်အချိန်က ဆင်းခဲ့သော Mi-17 သယ်သူပို့ဆောင် ရေ ရဟတ်ယာဥ်တစ်စီးမှာ မြိုင် စက်မှု ၂ စက်ရုံမှ စစ်ခွေး နာများ အား သယ်ဆောင်သွားကြောင်း သိရပါသည်။


Feb 12/ 12:30PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «မြိုင်မြို့နယ် ​မုံရွာ နမခမှ ယနေ့နေ့လယ် ၁၁နာရီ ၅မီနစ်အချိန်က အနောက်တောင်အရက်သို့ပျံတပ်လာသော Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် တစ်စီး မှာ မြိုင် စက်မှု ၂ စက်ရုံထဲ သို့ ယနေ့နေလယ် ၁၁ နာရီ ၃၀ မီနစ် အချိန် က ဆင်းသက်ထား ပြီး ယနေ့နေလယ် ၁၁နာရီ ၃၃ မီနစ်အချိန် က အရှေ့မြောက်…»
ပေါက်မြို့နယ်

ပေါက်နယ် တောင်ခြမ်းဖြတ်၍ ဂျက်ဖိုက်တာ  ၁ စီး အနောက်မြောက် အရပ်သို့ ပျံသန်းနေကြောင်း သိရပါသည်။


#WaiHin
#3SM

Feb 12,  12:38PM

📫သတင်းပို့ရန် @WaiHinScout_Bot



https://t.me/m2nQSzdXozljZmM1