Forwarded from Wai Hin (ဝေဟင်)
ချောက်⚠
ချောက်မြို့နယ်ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကျဲလေယာဥ် တစ်စီး အနောက်ဘက်သို့ ပျံသန်း။
#WaiHin
Aug 21, 2:33PM
📫သတင်းပို့ရန် @WaiHinScout_Bot

Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from Sagaing Scout Network (လားကူ 🦅)
⚠️မုံရွာ
ရွာထောင်ခွေးဂိတ် မှ ခွေးများ နွားခြံကုန်းဘက်ရောက်နေကြောင်းသတင်းရ။
#SSN
Aug 21 , 2:46PM
📫သတင်းပို့ရန် @SagaingSNetworkbot
ရွာထောင်ခွေးဂိတ် မှ ခွေးများ နွားခြံကုန်းဘက်ရောက်နေကြောင်းသတင်းရ။
#SSN
Aug 21 , 2:46PM
📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from Wai Hin (ဝေဟင်)
မိမိတို့ ဝေဟင် ချန်နယ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် SSNSpace အဖြစ်စတင်ပေါ်ပေါက်လာကာ နောက်ပိုင်းတွင် တတိုင်းပြည်လုံး လေကြောင်းသတင်းများ ထောက်လှမ်း တင် ပြပေး နိုင်ရန် ရည်စူးလျက် ဝေဟင် (WaiHin) အဖြစ် အမည်ပြောင်းလဲခဲ့ပြီး Telegram, Facebook နှင့် မြေပြင် ဖြန့်ဖြူးရေးများကို တတပ်တအား အားဖြည့် ကူညီတော်လှန်ပေးနေသော အဖွဲ့အစည်းငယ် တခုဖြစ်ပါသည်။
မိမိတို့ ဝေဟင် ချန်နယ် အနေဖြင့် ကိုယ်ပိုင်ထောက်လှမ်းသတင်းများကို တင်ပေးယုံသာမက ပြည်သူများ အဆင်ပြေချောမွေ့စွာ သတင်း ရယူကြည့်ရူနိုင်ရန် ရည်စူးပြီး အခြားသတင်းဌာနများမှ သတင်းများကိုလည်း မူရင်းအာဘော်မပျက် ဒီမိုကရေစီစံနှုန်းတခုဖြစ်သော Intellectual Property Right (ဉာဏမူပိုင်ခွင့်) အား လေးစားသောအားဖြင့် Source Credit ပေး တင်ပြပေးလျက်ရှိပါသည်။
မိမိတို့ ဝေဟင် အနေဖြင့် လေကြောင်းသတင်းများကို ပိုမို ထောက်လှမ်းတင်ဆက်ပေးနိုင်အောင် အမြဲကြိုးစားလျှက်ရှိပြီး သတင်းပေးသူများ၊ သတင်းယူသူများ၊ သတင်းဖြန့်ဝေပေးသူများကို အမြဲကျေးဇူးတင်ရှိလျက်ရှိနေပါကြောင်းနှင့် လေကြောင်းသတင်းများအတွက် T.me/WaiHin (WaiHin ) ချန်နယ် တခုသာ ရှိပြီး အခြား ဝေဟင် အမည်ဖြင့် ထပ်မံဖွင့်လှစ်တည်ထောင်ထားခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
မိဘ ပြည်သူများ၊ တော်လှန်ရေး ညီအကို မောင်နှမများ အနေဖြင့် တော်လှန်ရေး မြန်မြန်အောင်နိုင်ဖို့ လေကြောင်းသတင်းများကို ဝေဟင် ချန်နယ်တွင်ကြည့်ရှူပြီး မူရင်းအာဘော်မပျက် ဖြန့်ဝေပေးနိုင်ပါကြောင်းနှင့် @WaiHinScout_Bot သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေး အပ်ပါသည်။
အောင်နိမိတ်တွေ မြင်နေရပီ
WaiHin (ဝေဟင်)

Forwarded from Khit Thit Media
မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ တပ်ပေါင်းစု က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" မြိုင်နယ်အနောက်တောင်ပိုင်းကို ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်ပျံဝဲပြီး ၂ ကြိမ် ပစ်ခတ်ခဲ့တယ်။ ၄ နာရီ ၃၀ မိနစ်မှာလည်း Mi-35 နဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တယ်" ဟု အညာမြေ တပ်ပေါင်းစု က ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုရားလဟာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ ထက်လင်းဦးနှင့် ခင်ချိုလွင်တို့ ၂ ဦး လက် နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖျက်တပ်စခန်းမှ စစ်ကောင်စီတပ်သားများက ဒရုန်း ဖြင့် ကြက်တက်ညောင်ပင် ကျေးရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အသက် ၆၀ နှစ် အရွယ် ဦးမြင့်ဌေး နှင့် အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ရီ တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၄ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၁၂၂ မမ လက် နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တလိုင်းခင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် ခလရ−၂၆၄ တပ်ရင်းကလည်း ၁၂၂ မမ နှင့် ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ယောက်သွားကုန်းကျေးရွာ၊ ငဇယ်အင်း နှင့် ကညှင်ကြိုး ကျေး ရွာများအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၁၂၂ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အနန်းဘောင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၅၀ နှစ်အရွယ် ဦးဌေးနိုင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့ ည ၉နာရီ ၅၃ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ဒရုန်းဖြင့် ယောက်သွားကုန်းကျေးရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Forwarded from ဆီသို့ - Towards
❐ ရန်ကုန် လှည်းတန်းတွင် ဖုန်းပြင်ဝန်ထမ်းတစ်ဦးကို အမည်မသိသေနတ်သမားများ ပစ်ခတ်သွား။
သြဂုတ် ၂၁၊ ၂၀၂၄။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဦးထွန်းလင်းခြံလမ်းတွင် သြဂုတ် ၁၉ ရက်၊ ည ၉ နာရီ ၄၅ မိနစ်က ဖုန်းအရောင်းဆိုင်မှ ဖုန်းပြင်ဝန်ထမ်းတစ်ဦးကို အမည်မသိသေနတ်သမားနှစ်ဦးကပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဦးထွန်းလင်းခြံလမ်း၊ တိုက်အမှတ် (၃၁) ၊ လှေခါးခွင်တွင် ဖွင့်ထားသည့် ဖုန်းအရောင်းဆိုင်မှ အသက် ၂၁ နှစ်အရွယ် ကိုအောင်သက်ထွေး (ခ) ငယ်လေးကို လမ်းလျှောက်လာသူ လူငယ်နှစ်ဦးအနက် တစ်ဦးက သေနတ်ဖြင့်နှစ်ချက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရမှုကြောင့် ဖုန်းပြင်ဝန်ထမ်း၏ ဝဲဘက်ချိုစောင်းတွင် ရှပ်ထိဒဏ်ရာတစ်ချက်၊ ဝဲဘက်ခြေသလုံး ရှပ်ထိဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး မာဃရိပ်ငြိမ်အသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကာ သြဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီအထိ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်းဓာတ်ပုံ - Credit
——————————————
Subscribe to us on;
Telegram >>> https://t.me/towardsweeklynews
SoundCloud >>> https://soundcloud.com/towards-podcast
YouTube >>> https://www.youtube.com/@SiTho-Towards-Media
Website >>> https://towardsmedia.com
Forwarded from Hlaing Info
မင်းအောင်လှိုင် အား တပ်တွင်း မကျေနပ်မှု များ ပိုများလာနေ
*******
ပြီးခဲ့သည့် အပတ် အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ရောက်မလာမီ တပ်တွင်း အာဏာသိမ်းပွဲ ဖြစ်ပွားနေသည် ဆိုသော ကောလဟသ များ နှင့် ဝမ်ယီ မှ မင်းအောင်လှိုင်အား စောင်းပါးရိပ်ခြေ ပြစ်တင် ကြိမ်းမောင်းသွားခဲ့သည်။
လက်ရှိ စစ်မြေပြင် တွင် အခြေမလှ ဖြစ်လာနေသည့် အချိန် တွင် ထိုအကြောင်းခြင်းရာ နှစ်ခု အတွက် ခိုင်လုံသော နောက်ခံ အကြောင်းများ ရှိနေသည်ဟု အစချီကာ ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ နှင့် ဂျော့ခ်ျတောင်း တက္ကသိုလ် တွဲဖက် ပါမောက္ခ ဇာကာရီ အဘူဇာက RFA တွင် ယခုလို ရေးသားလာခဲ့သည်။
တော်လှန်ရေး တပ်ပေါင်းစု၏ စစ်ရေး တွင် အသာစီး ရလာမှု သည် စစ်မြေပြင် အနေအထားကို လုံးဝဥသုံ ပြောင်းလဲသွားစေခဲ့သည်။ ထိုအနေအထားမှ စစ်တပ် အဖို့ ပြန်၍ နာလံထူလာနိုင်မည့် အလားအလာများကို တွေ့ရဖို့ ခက်ခဲလာနေသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးချိန်ကစ၍ စစ်စခန်းပေါင်း ၂,၀၀၀ ကျော်ကို လက်လွှတ်ခဲ့ရပြီး အာရက္ခ တပ်တော်သည် ရခိုင် ပြည်နယ် မြောက်ပိုင်း တကြောလုံး နီးပါး ကို သိမ်းယူ ထားပြီး တောင်ပိုင်းကိုလည်း အလျင်အမြန် ထိုးစစ်ဆင်နေရာ ခုခံမှု မဆိုသလောက် သာ ရှိနေသည်။ (နောက်ဆုံးသတင်းအရ မောင်းတော မြို့ ရပ်ကွက် အတော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်)
ကချင်လွတ်လပ်ရေး တပ်တော်သည်လည်း တရုတ်ပြည်ဖက်သို့ ဖြတ်ကျော် ကူးသန်းရာ စခန်း အားလုံးလိုလိုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ ယခုအခါ မြစ်ကြီးနား နှင့် ဗန်းမော် မြို့အစပ်သို့ ချဉ်းကပ်လာနေသည်။ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်များ နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်တော်သည်လည်း ရှမ်းပြည် မြောက်ပိုင်း ဒေသတခုလုံးကို ထိန်းချုပ်ထားပြီး ဖြစ်သည်။
ပဋိပက္ခ ဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာ စောင့်ကြည့်နေသော အဖွဲ့၏ ခန့်မှန်းချက်အရ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်တပ်ဖက်မှ အကျ အဆုံး ၆,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။ ကမန်းကတန်း စုဆောင်းလာပြီး လေ့ကျင့်မှု မပြည့်ဝ သော လူသစ်များ သာ ရှေ့တန်းသို့ ရောက်လာကြသည်။
လားရှိုးကို ကာကွယ်ရန် စစ်တပ်သည် အင်အား ၅,၀၀၀ ခန့် စုစည်း နိုင်ခဲ့ပြီး လေကြောင်းပစ်ကူ များ ဖြင့် ထောက်ကူ ပေးနိုင်ခဲ့သော်လည်း လက်လွှတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ စုစုပေါင်း ၅,၀၀၀ ခန့် လက်နက်ချခဲ့ရသည်။
မကြာသေးမီက အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် မှ နိုင်ငံရှိ မြို့ စုစုပေါင်း၏ ၃၀ ရာနှုန်းသည် စစ်တပ်လက်အောက်မှ လွတ်မြောက်လာပြီ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ၇၄ မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တနိုင်ငံလုံး ၏ သုံးပုံ တပုံရှိသော မြို အရည် အတွက် ကိုသာ စစ်တပ်မှ အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်လာချိန်ကစ၍ စစ်တပ်သည် မြေလှန်စနစ် ကျင့်သုံးခဲ့ သော်လည်း ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်၍ သိမ်းနိုင်ခဲ့သည် ဆိုသည်က မရှိသလောက် ဖြစ်သည်၊ (ကရင်နီ စစ်မျက်နှာ မှ လွဲ၍)။
ဤနေရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အောင်မြင်မှု များကိုသာ အာရုံစိုက် နေကြပြီး NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်များ ကိုမူ အလေးပေး ပြောဆိုမှု လျော့နည်းနေသည်။
စတင် ဖွဲ့စည်းလာသည့် ၂၀၂၁ တွင် လက်နက် အင်အား ဟူ၍လည်း မယ်မယ်ရရ မရှိ၊ မြို့ကြီးပြကြီး များ မှ ထွက်ပြေးလာကြသော လူငယ်များ ဖြစ်၍ စစ်မြေပြင် တွင် သေကြေ ကြဖို့သာ ရှိသည်ဟု ထင်ကြေး ပေးခဲ့ကြသည်။
KNLA နှင့် TNLA အဖွဲ့များက စစ်သင်တန်းများ ပေးခဲ့ကြပြီး လက်နက်ခဲယမ်း များအား အတိုင်းအတာတခုအထိ ခွဲဝေပေးခဲ့ကြသည်။ ၂၀၂၂ နှင့်၂၀၂၃ တွင်တော့ NUG သည် လက်နက်များကို မှောင်ခိုဈေးကွက် မှ ဝယ်နိုင်ရန် ရံပုံငွေများ ထောက်ပံ့ပေးလာနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဝယ်ယူရသည်ထက် စစ် မြေပြင် တွင် သိမ်း၍ ရသည့် လက်နက်များက ပိုများ နေသည်။
PDF များသည် စည်းကပ်သေဝပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်နိုင်ရန် ဆိုသည့် နိုင်ငံရေး ရည်မှန်းချက် အတွက် လွန်စွာမှ စိတ်အား ထက်သန်နေကြသူများ ဖြစ်သည်။ ၎င်းတို့ တတ်ကျွမ်းသော နည်းပညာ များ ဖြင့် အရပ်သုံး ဒရုန်းများကို ERO နှင့် စစ်တပ်ထက် စောလျင်စွာ အသုံးချ နိုင်ခဲ့ကြသည်။
ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️

နမခခွေးခြံ သို့ တောင်မှလာသော သံပြားကာကား 5စီး ခွေးအင်အားအပြည့် ဖြင့် ဝင်ရောက်လာကြောင်းသတင်းရ။
#SSN
Aug 22 , 7:30AM
📫သတင်းပို့ရန် @SagaingSNetworkbot
နမခခွေးခြံ သို့ တောင်မှလာသော သံပြားကာကား 5စီး ခွေးအင်အားအပြည့် ဖြင့် ဝင်ရောက်လာကြောင်းသတင်းရ။
#SSN
Aug 22 , 7:30AM
📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from Wai Hin (ဝေဟင်)
တံတားဦး ⚠️
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီး အနောက်မြောက်ဘက်သို့ ပျံတက်။
#WaiHin
Aug 22, 8:41 AM
📫သတင်းပို့ရန် @WaiHinScout_Bot
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီး အနောက်မြောက်ဘက်သို့ ပျံတက်။
#WaiHin
Aug 22, 8:41 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Magway Regional Scout Network (YU ATARASHI)
ရေစကြို
မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း ရှေးဟောင်း ကျောင်းတော်ကြီးအတွင်းမှာ
တပ်မ၁၀၁လက်အောက်ခံ စခနှင့် ပခများ
တပ်စွဲထားကြောင်းသတင်းရရှိပါတယ်။
MRSN
Aug 22 , 8:50AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း ရှေးဟောင်း ကျောင်းတော်ကြီးအတွင်းမှာ
တပ်မ၁၀၁လက်အောက်ခံ စခနှင့် ပခများ
တပ်စွဲထားကြောင်းသတင်းရရှိပါတယ်။
MRSN
Aug 22 , 8:50AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Sagaing Scout Network (လားကူ 🦅)
⚠️စစ်ကိုင်း
စစ်ကိုင်းအဝိုင်းပတ်တွင် အကြမ်းဖက် စခများ စစ်ဆေးမှု ပြုလုပ်နေကြောင်းသတင်းရ။
#SSN
Aug 22 , 9:33AM
📫သတင်းပို့ရန် @SagaingSNetworkbot
စစ်ကိုင်းအဝိုင်းပတ်တွင် အကြမ်းဖက် စခများ စစ်ဆေးမှု ပြုလုပ်နေကြောင်းသတင်းရ။
#SSN
Aug 22 , 9:33AM
📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from NAS-နပ်စ် လေကြောင်းရန်
Forwarded from Sagaing Scout Network (︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎︎ ︎ ︎)
⚠️အရာတော်
၅၀၀၄ စခနှင့်မြို့တွင်းစခများသည် လယ်တီတွင်ဝင်ရောက်မွှေနေသည်ဟု သတင်းရရှိ။
Eagle information center
#SSN
Aug 22 , 10:21 AM
📫သတင်းပို့ရန် @SagaingSNetworkbot
၅၀၀၄ စခနှင့်မြို့တွင်းစခများသည် လယ်တီတွင်ဝင်ရောက်မွှေနေသည်ဟု သတင်းရရှိ။
Eagle information center
#SSN
Aug 22 , 10:21 AM
📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from Sagaing Scout Network (YU ATARASHI)
⚠️ကန့်ဘလူ / ကျွန်းလှ
22.8.2024/7:30AMကန့်ဘလူ တကရ ၆၀၀၆ တပ်ရင်းမှထွက်လာသော စစ်ကြောင်းနှစ်ကြောင်းအနက် စကစ+ပျူအင်အား(၇၄) ကောင်ခန့်ပါသည့် စစ်ကြောင်းသည် နတ်အင်းရွာဘက်သို့ ခြေလျှင်ထွက်နေကြောင်းသိရပြီး၊ကျန်အင်အား ၅၀ ခန့်စစ်ကြောင်းသည် ငတို့ရွာဘက်သို့ ဦးတည်ထွက်နေကြောင်းသိရသည်။
7:35AMကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်အနီးမှ ထွက်လာသော စကစ+ပျူအင်အား၂၀၀ ခန့်စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ အင်းမရွာတောင်ဘက်မှ ရှမ်းကုန်းဘက်ဦးတည်ထွက်ပြီး
10:00AM တွင် ချပ်ကြီးရွာဘက်သို့ ဦးတည်ထွက်နေကြောင်းသိရသည်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
#SSN
Aug 22 , 10:55AM

ကိုယ့်ရဲ့လိပ်ပြာ ကြေးမုံရှေ့မှာ တည့်တည့်ရပ်ပြီး ကိုယ့်တာဝန်ပါလို့ ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတဲ့အရာတွေဟာ ယူဖို့အတွက်လား ...?
ပေးဖို့အတွက်လား ...? ဆိုတာ သေချာသုံးသပ်ပါ။
ဒေါ်အောင်ဆန်းစုကြည်
နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။
#HlaingInfo

Forwarded from Shwe Moe
သတိ
တဖြည်းဖြည်းနီးလာတဲ့ မျောက်ကျောက်ရောဂါ 🐒
မျောက်ကျောက်ရောဂါ Monkeypox (mpox လို့လည်းခေါ်ပါတယ်) က မနေ့က ထိုင်းနိုင်ငံမှာ စတွေ့တယ်လို့ သတင်းတွေမှာ ပါလာပါတယ်။ အရင်က ဝေးနေတော့ မလာလောက်ပါဘူး ထင်ပေမယ့် ကိုယ်နဲ့နီးလာတော့ ကြောက်လန့်တကြား ဖြစ်ပြီး လိုက်ရှာဖတ်ဖြစ်တာလေး မျှဝေပေးတာပါ။ ကိုဗစ်တုန်းက သေတတ်တယ်ဆိုပေမယ့် mpox မှာတော့ မသေရင်လည်း ရုပ်ဆိုးဦးမယ်ဆိုတော့ အများစုက သေမှာထက်ပိုကြောက်ကြပါတယ် 😀
Mpox က ကိုဗစ်လိုပဲ virus ပိုးတစ်မျိုးကြောင့် ကူးစက်တာ ဖြစ်ပါတယ်။ အခြားရောဂါပိုးရှိနေတဲ့ လူ၊ တိရိစ္ဆာန်၊ အရာဝတ္ထုပစ္စည်း၊ မိခင်မှ သန္ဓေသား ကူးစက်နိုင်ပါတယ်။
🔹မျက်နှာချင်းဆိုင် စကားအကြာကြီးထိုင်ပြောတာ
🔹 ပွေ့ဖက်နမ်းရှုံ့တာ
🔹လိင်တူ/ လိင်ကွဲဆက်ဆံတာ
🔹အသက်ရှူလမ်းကြောင်းကထွက်တဲ့ တံတွေ၊ သလိပ်၊ နှာရည် စတာတွေနဲ့ ထိတွေ့တာ
🔹 ရောဂါရှိတဲ့ တိရိစ္ဆာန် အကိုက်ခံရတာ၊ ကုတ်ခြစ်မိတာ၊ အသားပြင်ဆင်ချက်ပြုတ်တာ စတာတွေ ကြောင့်ကူးစက်ခံရနိုင်ပါတယ်။
ရောဂါပိုးက ပေါက်ပြဲနေတဲ့ အရေပြား၊ ဒါမှမဟုတ် ပါးလွှာတဲ့မျက်နှာပြင်ရှိတဲ့ ခံတွင်း၊ နှာခေါင်းတွင်း၊ မျက်လုံး၊ လိင်အင်္ဂါ၊ စအို စတဲ့နေရာတွေက ဝင်လွယ်တယ်လို့ ဆိုပါတယ်။
ဖြစ်လာခဲ့ရင်တော့
♦️ ကိုယ်ပူဖျားနာ
♦️ ကိုယ်လက်ကိုက်ခဲ
♦️ ခေါင်းကိုက်
♦️ လည်ချောင်းနာ
♦️ပြန်ရည်ကျိတ်ရောင်ရမ်း
♦️ အဖုအကျိတ် အပိမ့်တွေဖြစ်
စတာတွေ ဖြစ်ပါတယ်။
ကာကွယ်ဖို့ကတော့ အပေါ်က ကူးစက်တဲ့နည်းတွေကို ရှောင်လိုက်ရင် ရပါပြီ။ ကိုဗစ်လို လူထူတဲ့နေရာသွားရင် mask တပ်တာ၊ လက်ကို ဆပ်ပြာနဲ့ဆေးတာ၊ hand sanitizer နဲ့ဆေးတာ၊ တယောက်မျက်နှာ တစ်ယောက် တစိမ့်စိမ့်ကြည့်ပြီး စကားတွေ အကြာကြီးမပြောတာ 😁 ရောဂါရှိသူနဲ့ sex အပါအဝင် အနီးကပ် ထိတွေ့မှုတွေ ရှောင်တာ စတာတွေပါပဲ။
ကိုဗစ်လောက် မဆိုးတာကတော့
👍 အလွယ်တကူ မကူးစက်တာ (လက်ရှိတွေ့ထားသလောက် လေထဲက ပျံ့လွင့်ကူးစက်တာ မရှိဟုဆိ)
👍 ရောဂါရှိတဲ့သူကို အလွယ်တကူသိနိုင်တာ (အဖုအပိမ့်တွေကြောင့်ပါ)
👍 ထိရောက်ဟန့်တားနိုင်တဲ့ ကာကွယ်ဆေး တစ်ချို့ရှိနေတာ တွေ ဖြစ်ပါတယ်။
ရောဂါရှိသူက လက္ခဏာတွေ စပေါ်လာတဲ့အထိ ကူးစက်မှု သိပ်မရှိသေးလို့ အလွယ်တကူရှောင်ရှားနိုင်တယ်လို့ ဆိုပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ အားလုံးကြောက်ကြတဲ့ အဖုအပိမ့်အကြောင်းပါ။ ကိုယ်လည်း အစက လန့်ပါတယ် .. သေရင်တောင် ချောချောလေး သေချင်တာကို 😁😁
အဖု အပိမ့်တွေက ဖျားပြီး ၁-၄ ရက်မှာ စပေါ်ပါတယ်။ မျက်နှာ၊ ပါးစပ်၊ ခြေဖဝါး၊ လက်ဖဝါး၊ ခြေ၊ လက်၊ ကိုယ်ခန္တာအပြင် လိင်အင်္ဂါ၊ စအိုတွေမှာပါ ဖြစ်တတ်ပါတယ်။ အနီစက်တွေကနေ ကြွတက်လာပြီး အဖုအပိမ့်၊ အရည်ကြည်ဖု၊ ပြည်ဖု၊ အနာဖေး အဆင့်ဆင့်ဖြစ်ပြီး ကွာကျသွားပါတယ်။ မကုတ်မဖဲ့ရင် အများအားဖြင့် အနာရွတ်၊ အပိမ့်အသီး မကျန်ဘူးလို့ ဆိုပါတယ်။ တစ်ခါတစ်လေတော့ အရောင်အနည့်ငယ်ရင်သော၊ ဖျော့သော အပြောက်အကွက်ငယ် အဖြစ် ကျန်တတ်ပါတယ်။ အဲလို ပုံမှန်အရေပြားပြန်ဖြစ်ဖို့ ၂ ပတ်ကနေ ၄ ပတ်အထိကြာတတ်ပါတယ်။
သေဆုံးနှုန်းကတော့ ၀.၁% ကနေ ၁၀ % ကြားပါတဲ့။ အနည်းဆုံး ၁၀၀၀ မှာ ၁ ယောက်ကနေ၊ ၁၀ ယောက်မှာ ၁ ယောက်လောက်အထိ ဖြစ်နိုင်ပါသတဲ့ ...
ကိုဗစ်နဲ့ ယှဉ်ရင် သိပ်ကြောက်စရာကြီးတော့ မဟုတ်ပါဘူး
မူရင်း (ဒေါက်တာ ကိုကိုလင်း post — https://www.facebook.com/share/p/jPgF818QbwKyboom/?mibextid=WC7FNe )
#MaShweMoeKorea