ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Magway Regional Scout Network (YU ATARASHI)
မအလ စခများ ပစ်ခတ်တိုက်ခိုက်ခံရ၊ အရပ်သား ထိခိုက်မှုများရှိ

ရေစကြို၊ ဩဂုတ် ၂၀

နံနက် ၉ နာရီဝန်းကျင်အချိန် ရေစကြိုမြို့ပေါ် စစ်တပ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရကြောင်း သိရှိရပါသည်။ ရုံးပေါင်းစုံအတွင်း မှတ်ပုံတင်လာလုပ်သူများပိတ်နေခဲ့ပြီး ရုံးပေါင်းစုံအတွင်းမှ မအလ စခများ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရှိရပါသည်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း မအလ စခ ထိခိုက်သေဆုံးမှုများ ရှိကြောင်း၊ အရပ်သားအချိူ့လည်း ထိခိုက်သေဆုံးထိခိုက်မှုများရှိပြီး အထက ၁၊ လမ်းပေါ်၌ အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိရကြောင်း သိရှိရပါသည်။

မအလ စခများ ရမ်းကားပစ်ခတ်သော လက်နက်ကြီး အမှတ် ၂၊ ပခန်းဇရပ်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ  နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
MRSN
Aug  20 , 11:00AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
လူသတ်မှုပေါင်းများစွာ၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ဖြတ်၊ အရှင်လတ်လတ်ဗိုက်ခွဲ အူထုတ်၊ နှလုံးထုတ်၊ ခေါင်းဖြတ်၊ အမျိုးသမီးတွေကို မဒိန်းကျင့် မိန်းမကိုယ်ထဲဓားနဲ့မွှေ့ နဲ့ သိပ်ကိုမှ ရက်စက်ကြမ်းကြုပ်ပါတယ်ဆိုတဲ့ တပ်မ ၉၉ က ဘီလူးစစ်ကြောင်းမှူး ဂျက်ဖိုက်တာ ဆိုသူနဲ့ အပေါင်းပါတွေကို PLA တပ်ဖွဲ့က သပိတ်ကျင်းမှာ အရှင် ဖမ်းစီးလိုက်တာလို့သိရပါတယ်။

ပုံတွေကတော့ အစုလိုက်အပြုံလိုက် လူပေါင်းများစွာ သတ်ဖြတ်ခံရတာတွေကို ကုလသမ္မဂ အထိထုတ်ဖော်ပြသရတဲ့အထိရှိခဲ့တဲ့ ဘီလူးစစ်ကြောင်းရဲ့ကျူးလွန်မှုတွေပါ။
This media is not supported in your browser
VIEW IN TELEGRAM
ညောင်ကုန်းရွာကို ဘီလူးစစ်ကြောင်းဝင်သွားခဲ့တဲ့ဖြစ်စဥ်ပါ။

အဲ့ဒီစစ်ကြောင်းဟာ ညောင်းကုန်းရွာရဲ့ တစ်ရွာကျော်မှာလည်း အမျိုးသားအချို့ကိုသတ်ဖြတ်ထားခဲ့သလို အမျိုးသမီးတွေကို မဒိန်းကျင့် သတ်ဖြတ်ပြီး အမျိုးသမီးအင်္ဂါထဲကို ဓားနဲ့မွှေပြီးတဲ့အပြင် ကြက်သွန်ဥနီ ထိုးထည့်ထားခဲ့တဲ့ဖြစ်စဥ် ဖြစ်ခဲ့တာပါ။

မှတ်တမ်းပြန်ရှာလို့မရလို့ပါ။
Forwarded from Sagaing Scout Network (𝓳𝓲𝓬𝓴)
ဒီပဲယင်း

ဒီပဲယင်းမြို့ထဲရှိခွေး အင်အား၆၀ခန့်ဟာ ချမ်းသာကြီးဘုရားဘက်တွင်ရောက်ရှိနေပြီး ပတ်ဝန်းကျင်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါတယ်။

ရေခဲမြစ်ငယ်နွေ(ပင်မ)
#SSN
Aug 20, 10:13 AM

📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from Sagaing Scout Network (YU ATARASHI)
⚠️မုံရွာ

မုံရွာ<=>မန္တလေး လမ်းမကြီး မအူ<=>မြေနဲကြား  ရွေတောင် ဆီဆိုင်ပေါ် မှ  စွမ်းရည်ထက် ဂိတ်က စခ များ ၆၀ မမ စိန်ပြောင်းလက်နက်ကြီးတပ်ဆင်  စမ်းသပ်ပစ်ခတ် နေကြောင်း သတင်းရရှိ။ (9:50AM)

#SSN
Aug 20, 11:20AM

📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from MPANews
ပခုက္ကူပျူရွာကို PDF ဝင်စီး၊ စစ်အုပ်စုဝင် ခြောက်ဦးသေဆုံးဟုဆို

20 Aug 2024 By Ra Wai / MPA

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာကို PDF တပ်ဖွဲ့က ဝင်ရောင်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်းသိရသည်။

ဩဂုတ် ၁၉ရက်၊ နံနက် ငါးနာရီမှ ခြောက်နာရီအထိ ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ပျူရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Young Force YGအဖွဲ့က သတင်းထုတ်ပြန်သည်။

"မရဘူး။ သိမ်းနိုင်တယ်ဆိုတာ အပြီးသတ် ရှင်းလင်းနိုင်မှ သတ်မှတ်တာဆိုတော့။ ကိုယ့်ဘက်က လက်နက်ကြီးတွေ မပေါက်တော့ အပြီးသတ်မသိမ်းနိုင်ခဲ့ဘူး" ဟု Young Force YG အဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/MvmPB
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from Magway Regional Scout Network (YU ATARASHI)
20  Aug  2024  18:00

မြိုင်မြို့နယ် ၊ ကိုင်းတောမ  ရွာသစ်ဘုန်းကြီးကျောင်းထဲကို  ၁၅.၈.၂၀၂၄ ရက်နေ့က ရောက်ရှိနေတဲ့  အကြမ်းဖက် စခ ပခများ  ရွာသစ်ရွာထဲနေအိမ်အချို့နှင့်  တိုက်နယ်ဆေးရုံဘက်တွေမှာရှိနေတယ်လို့သိရပြီး  ယနေ့မနက် ၉ နာရီကျော်က    ဆေးရုံဝန်း မြောက်ဘက်မှ  အဆောင်များအား မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။

🟠🟠  ရွာသစ်ရွာမှ ပြည်သူ  ၂၀  ခန့်  ရှောင်တိမ်းရင်း   ၎င်းဘုန်းကြီးကျောင်းထဲမှာ   ပိတ်မိနေတာ   ဒီနေ့ထိပြင်ပနဲ့အဆက်အသွယ်မရသေးဘူးလို့လဲသိရပါတယ်။

⚠️⚠️ ပြည်သူများ  သတိထား သွားလာနေထိုင်ကြပါရန်။

#Myaing
MRSN
Aug  20 , 6:06PM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
ပေါက်မြို့နယ်
သာကြီးတောင်ရေနံမှော်ခွေးစခန်းဝန်းကျင်တွင်မုံရွာ /နမခမှ Mi35ဖြင့်
(10:39AM ,10:40AM ,10:53AM & 10:55AM) ခန့်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ကြောင်းမြေပြင်ရဲဘော်တစ်ဦးထံမှသိရပါသည်။

20.8.2024
#A-1#
3 Star
ပေါက်မြို့နယ်

သာကြီးတောင်ရေနံမှော် အကြမ်းဖက်စကခ အထိုင်စခန်း ဝန်းကျင် တွင် (9:52AM & 9:56AM) ခန့်က မကွေးလေတပ်မှ တက်လာသော ဂျတ်ဖိုက်တာတစ်စီး ဖြင့်လေကြောင်း တိုက်ခိုက်သွားသည်ဟုသိရပါသည်။

20.8.2024
#A-1#
3 Star
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «20  Aug  2024  18:00 မြိုင်မြို့နယ် ၊ ကိုင်းတောမ  ရွာသစ်ဘုန်းကြီးကျောင်းထဲကို  ၁၅.၈.၂၀၂၄ ရက်နေ့က ရောက်ရှိနေတဲ့  အကြမ်းဖက် စခ ပခများ  ရွာသစ်ရွာထဲနေအိမ်အချို့နှင့်  တိုက်နယ်ဆေးရုံဘက်တွေမှာရှိနေတယ်လို့သိရပြီး  ယနေ့မနက် ၉ နာရီကျော်က    ဆေးရုံဝန်း မြောက်ဘက်မှ …»
Forwarded from MPANews
ထီးချိုင့်မြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးအလုံး ၇၀ ကြဲချ

20 Aug 2024 by Mandy / MPA

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးရှိကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံး ၇၀ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့( ဩဂုတ်၂၀ရက်)နံနက် လေးနာရီခွဲခန့်မှ နံနက် ခြောက်နာရီကျော်အထိ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံးသီး သုံးကြိမ်ကြဲချခဲ့ပြီး Y-12လေယာဉ် ဖြင့် ဗုံးသီးစုစုပေါင်း၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Tigyaing Revolution -TR က ဖော်ပြသည်။

“အဓိက ကတော့ သူတို့နား PDF တွေလာကပ်မှာစိုးလို့ ပစ်သွားတာပါ” ဟု Tigyaing Revolution မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ePLcu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en