ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုနယ်
၁၅၀၈၂၀၂၄ရက် ၁၅၂၁၄၅ ချိန်ခန့် ဇီးတောမှထွက်လာသော စကစခမအအ ( ၂၀) ဦးခန့် ဆည်ရွာ အနောက်တောင်ဘက် ရောက်နေပြီး ခလရ ( ၂၅၆) + ( ၂၅၇) ထွက်လာသော စကစအအ ( စစစ) ( အင်အားများဟုသိရ )များ မြေဖြူ၊ မုံညှင်းရွာ အရှေ့ဘက် ရောက်နေဟုသိရ
16.8.2024/6:41AM
3 Star
တံတားဦး ⚠️

7:24am (16Aug)

​တံတားဦးလေတပ်တပ်မှ စစ်​ထောက်ပို့/တိုက်ခိုက် Y-12  ​(1)စီး ​​ အ​​​ရှေ့​မြောက်ဘက်သို့ ပျံတက်။

⚠️စစ်ကိုင်း မန္တ​လေး ရှမ်း​မြောက် သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
ရေစကြိုနယ်
၁၅၀၈၂၀၂၄ရက် ၁၅၂၁၄၅ ချိန်ခန့် ဇီးတောမှထွက်လာသော စကစခမအအ ( ၂၀) ဦးခန့် ဆည်ရွာ အနောက်တောင်ဘက် ရောက်နေပြီး ခလရ ( ၂၅၆) + ( ၂၅၇) ထွက်လာသော စကစအအ ( စစစ) ( အင်အားများဟုသိရ )များ မြေဖြူ၊ မုံညှင်းရွာ အရှေ့ဘက် ရောက်နေဟုသိရ
16.8.2024/6:41AM
3 Star
Forwarded from EAR, Org.
မိတ္ထီလာ

ရှမ်းတဲလေတပ်မှ Jet Fighter 1 စင်း အရှေ့သို့ ပျံတက်။

07:56, Aug 16
#EAR
⚠️ရေဦး

ရေဦးကြာဖူးဝိုင်းသို့ ပုဇင်းခေါင်းတစ်စီးရောက်ရှိထားပြီး ခွေးအင်အား ၁၅ကောင်ဝန်းကျင်ခန့်ပါရှိကြောင်းသိရပါတယ်။

ရေခဲမြစ်ငယ်နွေ(ပင်မ)
#SSN
Aug 16 , 5:35PM

📫သတင်းပို့ရန် @SagaingSNetworkbot
မတ္တရာ⚠️

မတ္တရာမြို့နယ် အနောက်ခြမ်းတစ်နေရာသို့ Y-12  စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ် တစ်စီး ဝဲပျံနေ။

#WaiHin
Aug 16, 5:55 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မတ္တရာ - မန္တလေး⚠️

6:00pm ( 16 Aug)

​မတ္တရာနှင့် စစ်ကိုင်းနယ်စပ် ပေါ် စစ်​ထောက်ပို့/တိုက်ခိုက် Y-12  ​(1)စီး ​​ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
စစ်ကိုင်း⚠️

စစ်ကိုင်းအရှေ့ခြမ်းဖြတ်၍
Y-12  စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ် တစ်စီး တောင်ဘက်သို့ပျံသန်း။

#WaiHin
Aug 16, 6:13 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Sagaing Scout Network (︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎ ︎︎ ︎ ︎)
⚠️မုံရွာ

မုံရွာမြို့နယ်၊ကံမနှင့်ဂေါကြီးရွာရောက် စခစစ်ကြောင်းသည် ecoခွေးခြံနှင့် မုံရွာမြို့ထဲသို့ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရ။

#SSN
Aug 16 , 5:15PM

📫သတင်းပို့ရန် @SagaingSNetworkbot
သတင်းမထုတ်ပြန်သေးပဲ စစ်ခွေးတပ်ကို ဆော်နေတဲ့နေရာတွေ အများကြီး ရှိပါတယ်။ သတင်းကောင်းတွေကို စောင့်နေကြပါဦးခင်ဗျာ။



#MagwayInfo
Forwarded from Hlaing Info
"တော်လှန်ရေးပြီးတဲ့အချိန်ကျရင် ပထမဆုံးလုပ်ရမယ့်တာဝန်"

ဒီတော်လှန်ရေးထဲမှာ ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်ရဲဘက် မိသားစုတွေကို ကျနော်တို့ လိုက်တွေ့မယ်။ အားပေးမယ် ။ နှစ်သိမ့်မယ်။ ဒီနိုင်ငံလိုအပ်ချက်အရ ပေးဆပ်လိုက်ရတဲ့ ကျွန်တော်တို့ အာဇာနည်သူရဲကောင်းတွေကို ဂါရဝပြုမယ်။ ဒီတော်လှန်ရေးထဲမှာ ကိုယ်လက်အင်္ဂါပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေကို ကျွန်တော်တို့လိုက်တွေ့မယ်။ ထောင်ထဲမှာ စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကိုလည်း လိုက်ပြီး အားပေးနှစ်သိမ့်မယ်။ ဒါဟာ တော်လှန်ရေးပြီးတဲ့အချိန်ကျရင် ပထမဆုံးလုပ်ရမယ့် PDF တာဝန်ဖြစ်တယ်။

ဒေါနစစ်ကြောင်းမှုး စောဒါးကို
(Voice TV မှ တင်ဆက်သော “Home or Death” အစီအစဉ် မှ ကောက်နုတ်ချက်)


#PVTV
#HlaingInfo
ဆင်ဖြူရှင် စစ်ကြောင်း ချီတက်လာပြီတဲ့။

ဟိုက ဟိုင်းဆင်နဲ့တွေ့မှ ဆင်ဦးစီး ခွေးမြီးတိုပါ ဇီးတင်ပြီးသားဖြစ်မှာ။
Forwarded from Hlaing Info
ပုပ်နေတဲ့အသီးထဲက အစိတ်အပိုင်းတွေကို ကိုယ်ကိုတိုင်ဖယ်ထုတ်မလား ဒါမှမဟုတ် အဲဒီ့ပုပ်နေတဲ့အစိတ်အပိုင်းကို အသီးတခုလုံးကို အကူးခံမလားဆိုတာ အခုချိန်မှာ တပ်မတော်ထဲက တကယ့်တပ်မတော်ကိုချစ်တဲ့သူတွေ ပြုပြင်ပြောင်းလဲလိုတဲ့သူတွေ စဥ်းစားရမဲ့အချိန်လို့မြင်တယ်။

ဒေါ်ဇင်မာအောင်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


"ပြည်သူများသို့ အောင်စကား" မှ ကောက်နုတ်ချက်

#NUG
#HlaingInfo
ဘုန်းစို ကျောင်းထဲဲဆန်ဝေတာကဘုန်းကြီးလားစစ်ခွေးလားဗျမသိလို့ပါစခတွေထက်ဘုန်းကြီးကပိုအာဏာပြနေသလားလို့ပါ
မုံရွာကင်းထောက်ပါ
"ဆရာဝန်မလေး မုဒိမ်းကျင့် သတ်ခံရမှု အိန္ဒိယ ဆရာဝန်တွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ဖို့ ကြေညာ"

ပြီးခဲ့တဲ့တစ်ပတ်က ကိုလ်ကတ္တားမြို့ရှိ အလုပ်လုပ်ရာ ဆေးဘက်ဆိုင်ရာ ကောလိပ်အတွင်းမှာ အသက် ၃၁ နှစ်အရွယ် အလုပ်သင် ဆရာဝန်မလေးကို မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအတွက် အိန္ဒိယနိုင်ငံက ဆရာဝန်တွေရဲ့ လမ်းမပေါ်ထွက် ဆန္ဒပြမှုဟာ အရှိန်အဟုန် ဆက်လက် မြင့်တက်လာခဲ့ပြီး ဩဂုတ် ၁၆ ရက်နေ့မှာ နိုင်ငံရဲ့ အကြီးမားဆုံး ဆေးဘက်ဆိုင်ရာ အသင်းကြီး IMA က တစ်နိုင်ငံလုံး ရှိသမျှ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအားလုံး ရပ်တန့်တဲ့အထိ သပိတ်မှောက်ဖို့ ကြေညာ လှုံ့ဆော်လာခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဆယ်စုနှစ် တစ်ခုအတွင်း အကြီးမားဆုံး သပိတ်မှောက် တောင်းဆိုမှုအဖြစ် ဩဂုတ် ၁၇ ရက်‌နေ့ မနက်ပိုင်းကစလို့ အရေးပေါ်နဲ့ မရှိမဖြစ် ဝန်ဆောင်မှု ကဏ္ဍတွေမှအပ တစ်နိုင်ငံလုံးက ဆေးဘက်ဆိုင်ရာ ဌာနအားလုံး ၂၄ နာရီ သပိတ်မှောက်ဖို့ ထည့်သွင်းရေးသားထားကြောင်း သိရှိရပါတယ်။

ဆရာဝန်များ ဆန္ဒပြမှုမှာ နိုင်ငံရေး အတိုက်အခံ ပါတီတွေလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် အရှိန်မြှင့်လာခဲ့သလို ဘောလိဝုဒ် နာမည်ကြီး မင်းသား၊ မင်းသမီးများစွာလည်း ပါဝင်လာတဲ့အတွက် ဆန္ဒပြမှု အရှိန်အဟုန်ဟာ အမြင့်ဆုံးကို ရောက်ရှိလာပါတယ်။

#4C_TruthNews
ဒီပဲယင်း

ရေဦးခွေးခြံမှထွက်လာသောခွေးစစ်ကြောင်းဟာ ဒီပဲယင်းနယ်အရှေ့ခြမ်း ရွာရှည်ရွာ၏အရှေ့မြောက်ရှိ ၅နံပတ်မူးဘောင်မှတဆင့် တောင်အရပ်သို့ဦးတည်တက်နေကြောင်းသိရပါတယ်။

ရေခဲမြစ်ငယ်နွေ (ပင်မ)
#SSN
Aug 17, 8:22 AM

📫သတင်းပို့ရန် @SagaingSNetworkbot
ဒီပဲယင်း⚠️

ဒီပဲယင်းအနောက်ခြမ်းဖြတ်၍ နမခတက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီး အရှေ့မြောက်ဘက်သို့ ပျံသန်း။

#WaiHin
Aug 17, 9:40AM
📫သတင်းပို့ရန် @WaiHinScout_Bot
ဒီပဲယင်း⚠️

9:47am ( 17 Aug)

မုံရွာ နမခတက် MI-35 တိုက်ခိုက်​ရေးရဟတ်ယာဥ်(1)စီး ​​​​​​​​​ဒီပဲယင်း နယ်​ပေါ် ပျံဝဲ​နေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
Forwarded from Hlaing Info
ဟိန္ဒူနဲ့ အခြားဘာသာဝင်တွေကို ကာကွယ်ဖို့ အိန္ဒိယဝန်ကြီးချုပ်ကို မိုဟာမက်ယူနွတ် ကတိပေး

ဩဂုတ်လ ၁၇ ရက်

မွတ်စလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူတွေနဲ့ လူနည်းစုတွေအပေါ် တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေဟာ ချဲ့ကား ပြောဆိုကြတာဖြစ်ပြီး လူတိုင်းကို အကာအကွယ်ပေးဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီကို သောကြာနေ့မှာ အာမခံ ပြောကြားခဲ့ပါတယ်။
နိုင်ငံတွင်း လူထုဆန္ဒပြမှုကနေ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နှုတ်ထွက်ပြီး ပြည်ပထွက်ပြေးခိုလှုံတဲ့ ပြီးခဲ့တဲ့သီတင်းပတ် ထဲမှာပဲ ဟိန္ဒူဘုရားကျောင်းတွေ၊ နေအိမ်တွေ၊ စီးပွါးရေးလုပ်ငန်းတွေ အတိုက်ခိုက်ခံရပြီး ကျောင်းဆရာတဦး အသတ်ခံရသလို လူပေါင်း ၄၅ ဦးထက် မနည်းလည်း ဒဏ်ရာတွေရခဲ့တာပါ။ ဟိန္ဒူအများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ယဉ်ကျေးမှုအရရော၊ စီးပွါးရေး အရပါ ခိုင်မာတဲ့ ဆက်နွယ်မှု ရှိနေတာကြောင့် အခုလို ဟိန္ဒူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာတာကို စိုးရိမ်ကြောင်း မိုဒီ အစိုးရက ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် Muhammad Yunus က သူ့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဟိန္ဒူတွေနဲ့ လူနည်းစုဝင်တွေ အားလုံးကို ဘေးအန္တရာယ်ကင်းအောင် ကာကွယ်စောင့်ရှောက်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့ X လူမှုကွန်ယက်မှာ ရေးပါတယ်။ အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒီမိုကရေစီရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တိုးတက်ရေးအတွက် ကူညီပံ့ပိုးမှာ ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟိန္ဒူ- ဗုဒ္ဓဘာသာ ကောင်စီကတော့ သြဂုတ်လ ၅ ရက် ရှိတ်ဟာစီနာ အိန္ဒိယကို ခိုလှုံခဲ့ချိန်ကစပြီး လူမျိုးရေး အကြမ်းဖက်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေသ ၆၄ ထဲက ၅၂ ခုထက်မနည်းမှာ ဖြစ်ပွါးခဲ့တယ်လို့ ခန့်မှန်းပါတယ်။ လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူက ၈ % လောက်ရှိနေတာဖြစ်ပြီး အများစုက ကာလတာရှည် အုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကို ထောက်ခံကြတာဖြစ်ပါတယ်။

#VOA
#HlaingInfo