ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မြိုင်နယ်လင်းကတော စခများ ပြည်သူ့ လိုင်းကားနှစ်စီး သုံးဘီးတစ်စီး ဆိုင်ကယ် သုံးစီး နှင့်ပြည်သူများကို ဖမ်းဆီးပြီး လင်းကတောရဲစခန်းအတွင်းခေါ်ဆောင်သွားကြောင်း ရှေ့တန်းရဲဘော်များမှသတင်းပေးပို့ထား
26.3.24
3 star
26.3 .24 ကမ္မ စခကားတန်းဂျိုးပျံအနောက်တောင်ဘက် ကန်ကြီးဘုရားအနီးတိုင်(ပေါက်နယ်) သာကြီးတောင်ရေနံမြေ ဦးတည်နေသိ့ရ
3 star
ငါးအိုး

MI-17 Military Transport Helicopter (1)စီး ငါးအိုး​မြောက်ခြမ်းဖြတ်၍ ​အ​​နောက်​အရပ်သို့ ပျံသန်း။

#NAS
Mar 26, 2:14PM
📡သတင်းပို့ရန် @infonas
​ရွှေဘို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​​ရွှေဘိုရှေ့ခြမ်းဖြတ်၍ ​မြောက်အရပ်သို့ ပျံသန်း။

#NAS
Mar 26, 2:28PM
📡သတင်းပို့ရန် @infonas
ဝက်လက် ⚠️

ဝက်လက်နယ်ဖြတ် တံတားဦးလေတပ်တက်  နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Mar 25, 2:28 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from YayPyin (ရေပြင်) (Domino)
ဧရာဝတီ ရေပြင်

အထက်မှစုန်လာသော စခသံခွန် ၂ စီးသည် လေးလံကျွန်းရွာ သို့‌ရောက်ရှိနေကြောင်းသိရ။

#YayPyin
Mar 26, 2:22PM

📪သတင်းပို့ရန်@YayPyinBot
Forwarded from U U Aung Pwel ️
အဆိုပါ မှုခင်းသတင်းထောက်များသည်လည်း စစ်ကောင်စီထံသတင်းပေးပြီး ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်း၊ ၊ ဥပဒေနှင့်မလွတ်ကင်းသည့် အလုပ်လုပ်ကိုင်သူများထံမှ လိုင်းကြေးကောက်ခံနေသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"မှုခင်းသတင်းထောက်တော်တော်များများက သတင်းပေးတွေ။ ပြည်သူတွေကိုလည်း ခြိမ်းခြောက်ငွေညှစ်နေတာ။"ဟု ပြည်ကြီးတံခွန်မြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီထံသတင်းပေးမှုနှင့် ခြိမ်းခြောက်ငွေညှစ်မှုများကြောင့် အာဏာသိမ်းကာလအတွင်း မှုခင်းသတင်းထောက် ‌ခြောက်ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။

ဒီချုပ် အစိုးရလက်ထက် ၂၀၁၈ ဇွန်လအတွင်းက မှုခင်းသတင်းထောက်များအသင်းကို သတင်းမီဒီယာအဖွဲ့အဖြစ် လက်မခံကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ​က ထုတ်ပြန်ကြေညာခဲ့ဖူးသည်။

(ဓါးဖြင့်ဝင်ခုတ်ခံရပြီးနောက် မှုခင်းသတင်းထောက်ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
#LNO
#HlaingInfo
Forwarded from Nway Oo Channel
မြိုင်တွင် စစ်သင်တန်းတက်နေသည့် ပျူတစ်ဦး ဖဲရှုံးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

25 Mar 2024 by MPA CJ 011

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်သင်တန်းတက်နေစဉ် ဖဲရှုံးသည့် ပျူစောထီးခေါင်းဆောင်၏ သားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြောင်း သိရသည်။

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီး ရွာမှ ပျူခေါင်းဆောင် စန်းလွင်၏ သား ဖြစ်သူ အသက် ၂၀ ကျော်အရွယ်ရှိ ပျူစောထီး ကံထွန်းအောင်သည် မြိုင်မြို့နယ်၊ စက်မှု- ၂ အခြေစိုက် စစ်တပ်အတွင်း သင်တန်းသွားတက်နေစဉ် ဖဲဝိုင်း ၌ ဖဲရှုံးကာ ဖဲကြွေး ကျပ်သိန်း ၆၀ ကျော် တင်ရာမှ မတ်လ၂၄ရက် နံနက်၌ စက်မှု-၂ အတွင်းမှာပင် ကြိုးဆွဲချ အဆုံးစီရင်ခြင်း ဖြစ်ကြောင်း သိရသည်။

"သူက ဒရုန်း သင်တန်း တက်ဖို့ဆိုပြီး အဲကို( မြိုင် စက်မှု- ၂) ရောက်နေတာ ၂ လလောက် ရှိပြီ။ သင်တန်းဆိုပြီး လောင်းကစားလုပ် ဖဲရှုံး ပြီး သတ်သေတာ လို့ အတွင်း သတင်းက ကြား ရတယ် " ဟု မြိုင်မြို့နယ် အတွင်းရှိ တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောသည်။

ကံထွန်းအောင်သည် သရက်ကန် ကျေးရွာ အတွင်း သေနတ်ကိုင်၍ သောင်းကျန်းနေသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံ အချို့ထံက သိရသည်။

"သူ့အဖေက ပျူ‌ခေါင်းဆောင်ဆိုပြီး သူကလည်း လိုက်သောင်းကျန်းတာလေ။ သရက်ကန် ရွာထဲ သောင်းကျန်းတဲ့ အထဲ သူ ထိပ်ဆုံးကပဲ " ဟု ‌ဒေသခံ တစ်ဦးက ပြောသည်။

မြိုင် စက်မှု -၂ အတွင်း၌ ပျူစောထီး အယောက် ၂၀ ကျော်ကို ဒရုန်း သင်တန်း ပေးနေသည်မှာ ၂ လကျော်ပြီ ဖြစ်ကြောင်း သိရသည်။

"အဲ ဒရုန်း သင်တန်းက ကြားရသလောက်တော့ မြိုင် နယ်က ပျူတွေ အကုန် စုပြီး ပေးနေတာ။ ၂ လလောက် ရှိပြီ။ ဘယ်အချိန်ပြီး မလဲတော့ မသိရဘူး " ဟု ‌မြိုင်နယ် အတွင်းရှိ တော်လှန်ရေး ရဲဘော်ကပြောသည်။

သရက်ကန် ပျူစောထီး ကျေးရွာ အတွင်းပျူစောထီးနှင့် စစ်သား စုစုပေါင်းအင်အား ၈၀ နီးပါး ရှိကြောင်း သိရသည်။


ပျူခွေးတွေ ဘ၀က အသေခံဖို့ လိမ်ခိုင်းနေတာ ခံရသလို ဖဲရိုက်တာပါ အလိမ်ခံနေရတာဟ 🤣🤣🤣


#MagwayInfo
မြိုင်နယ်ကန်နီပျူရွာမှပျူများ လက်ထုတ်တောလမ်းခွဲးရောက်နေသိ့ရ(ပြည်သူပိုင်ကားများဖမ်းစီးနိုင်ပါသဖြင့်)
ခရီးသွားပြည်သူများသတိထားစေရန်
27.3.24
3 star
မြိုင်နယ် ကန်နီပျူရွာမှပျူများရွှေလင်းဆွဲးရွာမှ စစ်ရှောင်ပြည်သူများနှင် လှည်း(2)စီး ဆိုင်ကယ်များ ပစ္စည်းတွေ ပါဖျက်စီးယူဆောင်သွားကြောင်းသိ့ရ
27.3.24
3 star
"အိမ်ဆောက်ပြီးလို့ ၁၅ ရက်ပဲရှိသေးတယ် အကုန်ကုန်ပဲ" (ရုပ်/သံ)

မုံရွာ၊ မတ် ၂၇၊ ၂၀၂၄။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက သက္ကယ်ကျင်းကျေးရွာကို မတ် ၁၄ ရက်နေ့လယ် ၂ နာရီလောက်ကနေ ည ၁၂ နာရီကျော်အထိ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၅၆ လုံးပျက်စီးခဲ့ပါတယ်။

ဒေသခံတွေဟာ စစ်ကြောင်းဝင်လာတဲ့အချိန် လူတကိုယ် အဝတ်တထည်နဲ့ အသက်လုပြေးခဲ့ကြရပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ မီးရှို့ခံရတဲ့ အိမ်တွေထဲမှာ တချို့အိမ်တွေဆိုရင် ဆောက်ပြီးကာစ ရက်ပိုင်းလောက်သာ ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ရွာကပြန်ထွက်သွားလို့ နယ်မြေရှင်းလင်းရေးဝင်ချိန် ရွာမီးလောင်ပြင်အတွင်း အသက် ၅၀ အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ ၂၆ နှစ်ဝန်းကျင် အမျိုးသား ၁ ဦးကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ သေဆုံးသူတွေဟာ စစ်ကောင်စီက ရွာထဲကို ရုတ်တရက် ပစ်ခတ်ဝင်လာတာဖြစ်တဲ့အတွက် ပြေးချိန်မရလိုက်ဘဲ ပစ်ခတ်ခံရကာ မီးရှို့သွားတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ရွာထဲကပြည်သူ ၅၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ အဲ့ဒီထဲမှာ ကလေးမိခင်တွေလည်း ပါဝင်နေပြီး နို့စို့အရွယ်ကလေးငယ်တွေက ရွာမှာကျန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းပြန်ထွက်သွားလို့ အသက်ဘေးလွတ်မြောက်သွားတဲ့ ပြည်သူတွေဟာ ရွာထဲက စာသင်ကျောင်းတွေမှာ ခိုကပ်နေရကြပြီး ပြာပုံထဲက သံတိုသံစတွေကို ရသလောက် လိုက်ကောက်ကာ ပိဿာချိန်နဲ့ ပြန်‌ရောင်းကြပြီး ကလေးငယ်တွေအတွက် မုန့်ဖိုးရှာနေကြတာပါ။

သက္ကယ်ကျင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး ရွာခံ ၅၀ နီးပါးကို ဖမ်းဆီးသွားခဲ့သလို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ထောင်စုပေါင်း ၄၅၆ စု၊ ကျား ၇၂၆ ဦး၊ မ ၈၅၅ ဦး၊ စုစုပေါင်း မီးဘေးသင့် စစ်ရှောင်ဦးရေ ၁၅၈၁ ဦးရှိအထိ ရှိနေကာ အဝတ်အထည်၊ အစားအသောက် ဆေးဝါးတွေအစ အကူအညီလိုအပ်နေဆဲ ဖြစ်ပါတယ်။

သတင်း - ချယ်ရီ၊ စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မုံရွာ #စစ်ကောင်စီတပ် #မီးရှို့ #ဖမ်းဆီးမှု #အရပ်သား #သေဆုံး

https://www.facebook.com/share/v/DKq6cB2y7TAigLKj/?mibextid=oFDknk
မင်္ဂလာဒုံ

မင်္ဂလာဒုံလေတပ်မှ  Jet Fighter တစ်စီး အရှေ့တောင်ဘက်သို့ ပျံတက်။

#iAF (BSI-MOHAI)
#WaiHin
Mar 27, 1:19PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from YayPyin (ရေပြင်) (Domino)
ဧရာဝတီ ရေပြင်

ရွှေတန့်တစ်ရေလယ်ခုံတွင် ညအိပ်ကမ်းကပ်ထားသော စခသင်္ဘော ၃ စီးသည် အထက်သို့ စတင်ဆန်တက်နေကြောင်းသိရ။

#YayPyin
Mar 28, 7:20AM

📪သတင်းပို့ရန်@YayPyinBot
ရခိုင်/မြောက်ဦး⚠️

Y-12 စစ်ထောက်ပို့/ဗုံးကျဲလေယာဉ် တစ်စီး မြောက်ဦး နယ် ဖြတ်၍ ​အနောက် ဘူးသီးတောင် ဘက် သို့ ဦးတည် ပျံသန်း။

#WaiHin
Mar 28,7:55 AM
📫သတင်းပို့ရန် @WaiHinBot
Forwarded from HTY Scout Channel
🛑လှိုင်သာယာ🛑

ရန်ကုန်-ပုသိမ်လမ်း၊ စက်မှု့ဇုံပွိုင့်နဲ့ ဗိုလ်ချုပ်ကြား ဘဲဥရှိ။

7:50AM
@HTYinfo12
Forwarded from Nway Oo Channel
28.3.2024
7:50 AM

ယောမြို့ကျေးရွာမှာရောက်ရှိနေကြတဲ့ စခ အင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ ယောမြို့ကျေးရွာစာသင်ကျောင်းကနေ တောင်ဘက်ကိုထွက်ခွာလာကြပါပြီခင်ဗျာ အဲဒီလမ်းကနေ ရှမ်းတောင်ကြောပေည်ကိုတက်လို့ရသလို့ ကြန်တောကျေးရွာဘက်ကိုလဲ ရွာစဥ်လမ်းအတိုင်း ရောက်လာနိုင်ပါတယ်ခင်ဗျာ

အညာ ၅ ရွာ အုပ်စုကျေးရွာများနဲ့ လယ်ကြီးအိုင်ကျေးရွာဘက်ကပြည်သူများ သတိဝီရိယရှိရှိ နေထိုင်ကြပါ စစ်ကြောင်းသတင်းကို နားစွင့်ကြပါခင်ဗျာ

မိဘပြည်သူများအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေခင်ဗျာ

------------------------------- Aung Gyi ------------------------------


#MagwayInfo
နမ့်ဆန်မြို့ အပါအဝင်  တအာင်းဒေသတစ်ခုလုံးကို ပြည်သူနှင့် TNLA  ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြား

မတ်လ ၂၈ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ အပါအဝင်  တအာင်းဒေသတစ်ခုလုံးကို ပြည်သူနှင့် TNLA  ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းက ပြောကြားလိုက်သည်။

မတ်လ ၂၆ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ခေါင်းဆောင်များက နမ့်ဆန်မြို့နယ်ရှိ ဒေသခံများနှင့် လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက "အသက်သွေးချွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးများ၏ ဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နဲ့ ထိုဒေသအတွင်းနေထိုင်ကြတဲ့ပြည်သူလူထုများ စုပေါင်းကာ အတူတကွကာကွယ်စောင့်ရှောက်ရမည်"ဟု ပြောကြားသည်။
မိတ္ထီလာ ⚠️

မိတ္ထီလာ လေတပ် မှ ဂျက်ဖိုက်တာ ၂ စီး မြောက် သို့ ပျံတက် ။

#WaiHin
Mar 28,8:25 AM 8:31 AM
📫 သတင်းပို့ရန်@WaiHinBot
ပွင့်ဖြူ⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ပွင့်ဖြူ နယ်ဖြတ်၍အနောက် အရပ်သို့ပျံသန်း။

#NAS
Mar 28, 9:03AM
📡သတင်းပို့ရန် @infonas
Forwarded from Nway Oo Channel
ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့မတ်လ ၂၇ ရက်နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှ စတင်ပြီး ကျရောက်သော ဖက်ဆစ်တော်လှန် ရေး နေ့အထိမ်းအမှတ်အဖြစ် ပုလဲ မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ ကာကွယ်ရေးတပ်တော်ပူးပေါင်း တပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်အထိကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုများပြားကာ စစ်တပ် စခန်းများ သိမ်းပိုက်ရရှိနိုင်သည်အထိ အသာစီးရရှိခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်မှု ကြောင့် ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်၊ အတိအကျ မသိရသေးတာပါ၊ ကျည်က အကုန်လုံးကို ကုန်သွားတော့တာ၊ ဒီနေ့ပွဲမှာဆိုရင် အရင်က ရှိတဲ့ ကျည်အပြင် နောက်ထပ် ကျည် ၁၀၀၀ လောက် ထပ် ဝယ်လိုက်ရသေးတယ်၊ ကျည်တစ်တောင့်ကို ၁၂၀၀၀ လောက်ပေးဝယ်ရတာ၊” ဟု ကျားသစ် နက် တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် Black Leopard Army ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ ၊ တိုးနယား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း၊ ဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့၊ ဒို့အညာပြောက် ကျားတပ်ဖွဲ့၊ 96 Soldiers နှင့် Scarlet တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MagwayInfo