ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ထီးလင်းသတင်း

မတ်လ ၂ ရက် ၊၂၀၂၄ ခုနှစ်

5:30 PM

ကျောကပစ ( ၂၃ ) မှ ရေမျက်နီ သို့
ကားလမ်းမကြီးအတိုင်း စစ်ကားနှစ်စီးဖြင့် ရိက္ခာလာရောက်ပို့ဆောင်သော စစ်ကောင်စီစစ်ကြောင်းသည်
ရေမျက်နီရဲကင်းသို့ ရိက္ခာများလာရောက်ပို့ဆောင်ပြီး
ကျောဘက်သို့ ကားလမ်းမကြီးအတိုင်း ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများ၏သတင်းပေးချက်အရသိရသည်။

ယင်းစစ်ကြောင်းအတွင်း ဓားစာခံအဖြစ်ဖမ်းဆီးခံရသော
ဓားစာခံများပြန်လည်လွတ်မြောက်လာပြီး ၊ စင်းဇယ်ကျေးရွာမှ အပစ်မဲ့ပြည်သူနှစ်ဦးအား ပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့သည်။

မိဘပြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကင်းရှင်းစေရန်
ကာကွယ်ရေးတပ်များ၏ ခွင့်ပြုချက်ရမှသာလျှင် ကျေးရွာအတွင်းဝင်ရောက်နေထိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မိဘပြည်သူများ ဘေးကင်းကြပါစေ။
Mar 2 7:15PM
Forwarded from Magway Regional Scout Network (YU ATARASHI)
မြင်းခြံ

🔺ညနေပိုင်းက စွန်းလွန်းထဲ ဗုံးကွဲ၊မြို့အဝင် ကားတွေ အဝင်မခံဘဲ ပိတ်ထားတယ်လို့ သိရ။

#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
MRSN
Mar 2 , 7:07PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
တံတားဦး

တံတားဦး လေတပ် သို့ ဖားကန့်နယ် တစ်နေရာ သို့ 7:23 pm အချိန်မှ စ၍ ဝဲပျံပြီး လေကြောင်း တိုက်ခိုက် မှု့ ၃ကြိမ် ပြု့ခဲ့သော ဂျက်ဖိုက်တာ တစ်စီး  ဆင်းသက် ။

#WaiHin
Mar 2,8;11 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from HTY Scout Channel
🛑လှိုင်သာယာ🛑

၁၅ ရပ်ကွက် Active bar အနီး စခ/ရခ အင်အားအများအပြားနှင့် သုံးဘီး ဆိုင်ကယ်တွေဖမ်းနေဆဲ
အစီးရေ အများအပြားဖမ်းဆီးထားပြီးဟုသိရ

8:16 PM
@HTYinfo12
🔴 ချင်းပြည်နယ် /ကန်ပက်လက်🔴

ချင်းပြည်နယ်/ကန်ပက်လက်နယ်တစ်နေရာ၌ ဂျက်ဖိုက်တာ ၈ စီးဖြင့် Mar 2 ရက်နေ့တွင်  လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 2,9:21 PM
📫သတင်းပို့ရန်
@WaiHinBot
🔴 စစ်ကိုင်းတိုင်း/ကနီ 🔴

စစ်ကိုင်းတိုင်း/ကနီနယ်တစ်နေရာ၌ ဂျက်ဖိုက်တာ တစ်စီး
Mi-35 တိုက်ခိုက်ရေး ရဟက်ယာဉ္ ၃ စီး တို့ဖြင့် Mar 2 ရက်နေ့တွင်  လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 2,9:27 PM
📫သတင်းပို့ရန် @WaiHinBot
🔴 ငအို🔴

ငအိုနယ်တစ်နေရာ၌ ဂျက်ဖိုက်တာ ၂စီးဖြင့် Mar 2 ရက်နေ့တွင်  လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 2,9:30 PM
📫သတင်းပို့ရန်
@WaiHinBot
မကွေး

မကွေးလေတပ် ကလခသို့ မင်းပြားမြို့နယ်တွင် (10:22pm)ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော ​MiG-29 Fighter Jet (1)စီး ​​အ​နောက်​​အရပ်မှ ဆင်းသက်။

#NAS
Mar 2, 10:46PM
📡သတင်းပို့ရန် @infonas
Forwarded from HTY Scout Channel
🛑လှိုင်သာယာ🛑

၁ ရပ်ကွက်အုပ်ကြီး(မျိုးကြီး) ၃ထိပ်ဖက်ထွက်သွား၊ ညောင်တုန်းလမ်း ၃ထိပ်၁ထိပ်မှာ ခရာမှုတ်သံများကြားနေရ

11:00PM
@HTYinfo12
မိမိကိုယ်ကို ကံဆိုးသည်ဟု
ထင်ပါသလား။

မကွေးမှာ ငှက်ကင်ဖြစ်
ရန်ကုန်မှာ ငါးကင်ဖြစ်
ရခိုင်မှာ သံပုံးကင်ဖြစ်နေသော
လပ်တီးကို သတိရပါ။

😝
Forwarded from Khit Thit Media
စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားသော လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး

ရန်ကုန်၊ မတ် ၃

အကြမ်းဖက် စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ထားသော လောက် ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေးဘဲ သတင်းစုံစမ်းမရဖြစ်နေကြောင်း အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတချို့က ပြောဆိုကြသည်။

MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူး ချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကို တာဝန် မကျေပွန်မှု၊ အထက်အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် အရေးယူခဲ့ပြီးနောက် ၎င်းတို့၏ ဇနီးမယားများကိုပါ စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

"လောက်ကိုင်မှာလက်နက်ချတဲ့ ဗိုလ်ချုပ် ၆ယောက်ကိုပဲဖမ်းတာ မဟုတ်ဘဲ အမျိုးသမီးတွေကိုပါဖမ်းထားတာ။ ပုံမှန်ဆို ယောကျာ်းတွေဖမ်းရင် မိန်းမတွေကို ခဏတာခေါ်စစ်တယ်။ ပိုင်ဆိုင်မှုစစ်တယ်ပေါ့။ အခုက သူတို့ ယောင်္ကျားတွေကို အမိန့်ချတာ တစ်လတောင်ကျော်နေပြီ။ အမျိုးသမီးတွေကို ပြန်မလွှတ်ဘူး။ သူတို့ဗိုလ်မှူးချုုပ်တွေဆီမှာ ကလေးအငယ်တွေကျန်ခဲ့တယ်။ ဗိုလ်မှူးချုပ် တယောက်ပဲ ကလေးလုံးဝမရှိတာ။ ကလေးတွေနဲ့ပါအဆက်အသွယ်ပေးမလုပ်ဘဲ ဖမ်းထားတာ။ နောက်ထပ် တပ်မ ၁၀၁ တပ်မမှူးရဲ့ဇနီးကိုလည်းဖမ်းထားတယ်" ဟု အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံလိုက်သော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက ယခုနှစ် ဇန်နဝါရီလအတွင်း သေဒဏ်ဒဏ်ချမှတ်ခဲ့သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် စစ်ခုံရုံးကို ဖွဲ့ စည်းပြီးနောက် ၄၈ နာရီအတွင်း အမှုကို စစ်ဆေးကာ အမိန့်ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဒဏ်နှင့်ထောင်ဒဏ် နှစ် ၂၀ (တစ်သက်တစ်ကျွန်း) ပြစ်ဒဏ်များ ချမှတ်ရာ တွင် စစ်ခုံရုံးက တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ (က) အရ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ် ကြောင်း သိရှိရသည်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) တွင် ဤအက်ဥပဒေကို လိုက် နာရသူတဦးဦးသည် မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာ ကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျ နေရာ၊ နေရာ၊ ရေယာဉ်၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါ ပြုလုပ်မှု များ အနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန် တပ်မှူး တဦးဦး အားသော် လည်း ကောင်း၊ ၊ အခြားသူတဦးဦးအားသော်လည်းကောင်း၊ အတင်း အကျပ်ပြု ရန် ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံး ပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့် စေရ မည်ဟု ပြဋ္ဌာန်းထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့ကြောင်း သိရှိရ သည်။

ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးတို့ကိုလည်း ထောင် ဒဏ် နှစ် ၂၀ စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရ သည်။
ဖခင်ဖြစ်သူပြောပြတဲ့ ဖိုးတေ (ရုပ်သံဆောင်းပါး)

ရေးသားသူ - စောကျော်ငြိမ်း၊ ဟယ်ရီ

မြေလတ်အသံ၊ မတ် ၃၊ ၂၀၂၄။

ဖိုးတေ ခေါ် မျိုးချစ်အောင်ဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မောလယ်ကျေးရွာ ဇာတိဖြစ်ပါတယ်။ ဖိုးတေ ၃ တန်း ကျောင်းသားအရွယ်ကတည်းက သူ့မိဘတွေ အိမ်ထောင်ကွဲသွားကြပြီး သူ့အဖေရဲ့ နောက်အိမ်ထောင်နဲ့အတူ လိုက်ပါနေထိုင်ခဲ့ပါတယ်။

သူ့အဖေက ဖိုးတေကို ပညာတတ်တယောက်ဖြစ်စေချင်ပြီး စက်ပြင်တာ၊ စပါးခြွေလှေ့စက်မောင်းတာ၊ ရွှေမှော်တွင်းမှာ အလုပ်ဆင်းတာ စတဲ့အလုပ်တွေ လုပ်ကိုင်ရင်း သူ့သားကို ကျောင်းထားခဲ့ပါတယ်။ ဖိုးတေကိုယ်တိုင်ကလည်း စာကြိုးစာသူဖြစ်ပြီး ဆယ်တန်းကို ဂုဏ်ထူးပါအောင် ကြိုးစားမယ်လို့ သူ့အဖေကို ကတိပြုထားခဲ့ပါတယ်။

၂၀၁၉ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အခါ သူ့ကတိအတိုင်း ဂုဏ်ထူး ၂ ဘာသာနဲ့ ရမှတ် ၄၀၀ ကျော်ရခဲ့ပါတယ်။ ဘဝအခြေအနေနိမ့်ပါးတဲ့ ဖိုးတေဟာ ဆယ်တန်းဖြေပြီးနောက် ခန္တီးမြို့နယ်အတွင်းရှိ ရွှေမှော်တွင်းတွေဆီ အလုပ်သွားလုပ်ပြီး ဝင်ငွေရှာခဲ့ပါတယ်။

သူရတဲ့ဝင်ငွေနဲ့ သူ့မိသားစုကိုလည်း ပြန်လည်ထောက်ပံ့နေခဲ့ပြီး မှော်ထဲမှာ အလုပ်လုပ်နေစဉ်မှာပဲ စစ်အာဏာသိမ်းမှုကို ကြုံလိုက်ရပါတယ်။ နောက်တော့ သူ့အဖေဆီ ဖုန်းဆက်ကာ အလုပ်အကိုင် မကောင်းတော့ကြောင်းနဲ့ အလုပ်ထဲမှာ စိတ်မပါတော့ဘူးလို့ ပြောလာပါတယ်။ သူ့အဖေကလည်း စိတ်မပါရင် အိမ်ကိုပဲပြန်လာခဲ့ဖို့ မှာခဲ့ပါတယ်။

ဖိုးတေဟာ အိမ်ပြန်ရောက်တဲ့အခါမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ မိသားစုလိုက် ပါဝင်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်က ဆန္ဒပြလူထုကို သေစေတဲ့အထိ အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းပြီး အလောင်းလာထုတ်ခိုင်းတာ၊ အိမ်တွေကို စီးနင်းဖျက်ဆီးတာ ဒီလို လုပ်ရပ်တွေကို ကြုံရတဲ့အခါ ဖိုးတေဟာ မခံမရပ်နိုင်ဖြစ်ပြီး လက်နက်ကိုင်ဖို့ စဉ်းစားလာပါတယ်။

တနေ့မှာတော့ ဖိုးတေဟာ လက်နက်ကိုင်ခုခံချင်တဲ့ သူ့ဆန္ဒကို အဖေကို လာတိုင်ပင်ပါတယ်။

“ဖေဖေ... တော်လှန်ရေးထဲလိုက်ချင်ပြီလို့ သူက လာတိုင်ပင်တယ်။ သားတို့အရွယ်သာဆို ဖေဖေ လုပ်ပြီးပြီလို့ ပြန်ပြောတော့ သူက သဘောကျသွားတယ်။ တော်တော်လေးကို စိတ်တူသဘောတူ လွှတ်ခဲ့တာပါဗျ။” လို့ သူ့အဖေက ပြောပြပါတယ်။

သူ့အဖေရဲ့ သဘောတူညီမှုရပြီးတဲ့နောက် ဖိုးတေဟာ ယောကာကွယ်ရေးတပ် - YDF ထဲကို ဝင်သွားခဲ့ပါတယ်။ ဖိုးတေ လက်နက်ကိုင်တော်လှန်ရေး တပ်ထဲသွားချိန်မှာ အသက်ဟာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။

သူတာဝန်ထမ်းဆောင်တဲ့ ယောကာကွယ်ရေးတပ် - YDF ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တဝိုက်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေပြီး ဒေသခံစစ်ဘေးရှောင်တွေကိုလည်း ကူညီရင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလေ့ရှိပါတယ်။

ယောကာကွယ်ရေးတပ် - YDF မှာ ဖိုးတေ တာဝန်ထမ်းဆောင်တဲ့ကာလ ၂ နှစ်လောက် အကြာ ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်စဉ် ဖိုးတေနဲ့ သူ့ရဲဘော် သားထောင်ဆိုသူဟာ ရန်သူ့လက်ထဲ ကျရောက်သွားပါတယ်။

မြောက်ခင်ရန်းရွာဟာ မြန်မာစစ်တပ်က အငြိမ်းစားအရာရှိ ကြံ့ခိုင်ရေးပါတီဝင် ဂန့်ဂေါနယ် အမတ်ဟောင်း ဘူးလက်လှဆွေရဲ့ ဇာတိရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ (ပြည်သူ့စစ်)တွေ အားကောင်းရာအရပ် ဖြစ်ပါတယ်။

အဲဒီမြောက်ခင်ရန်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မီးရှို့အသတ်ခံရတဲ့ ရုပ်သံမှတ်တမ်းဟာ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီး ၁ ယောက်က မောလယ်ရွာက ဖြစ်တယ်ဆိုတဲ့သတင်းဟာ ဖိုးတေရဲ့ အဖေနားထဲရောက်လာခဲ့ပါတယ်။

သူကိုယ်တိုင်လည်း အင်တာနက်မသုံးတတ်တာရယ် ပတ်ဝန်းကျင်ကလည်း ဒီအကြောင်းကို သူ့ကို ပြောပြဖို့ နှုတ်ဆိတ်နေကြတာကြောင့် ဘယ်သူတွေလည်းဆိုတာ သူမသိသေးသလို သူ့သား ဖိုးတေဖြစ်လိမ့်မယ်လို့လည်း ထင်မထားခဲ့ပါဘူး။

သတင်းကြားထားပြီး နောက် ၂ ရက်အကြာမှာ YDF တပ်ရင်းက တာဝန်ရှိတဲ့ တပ်ခွဲမှူးနဲ့ ရဲဘော်တွေ သူ့ဆီရောက်လာပြီး သေဆုံးသူဟာ ဖိုးတေနဲ့ သားထောင်ဖြစ်ကြောင်း သူ့ကို အသိပေးခဲ့ပါတယ်။

သူကလည်း ချက်ချင်းယုံဖို့ခက်ပြီး သူ့သားဟုတ်၊ မဟုတ် ဘယ်လိုသိရမလဲ သေချာအောင် မေးတဲ့အခါ ဖိုးတေနဲ့ သားထောင်တို့ကို သံကြိုးနဲ့ချည် တရွတ်တိုက်ဆွဲပြီး သစ်ပင်မှာ တွဲလောင်းချိတ်ဆွဲ မီးရှို့တဲ့ ရုပ်သံဗီဒီယိုကို YDF ရဲဘော်က ဖွင့်ပြလိုက်ပါတယ်။

ဒီအခါမှ သူ့သားဖိုးတေနဲ့ သားထောင်တို့ဆိုတာကို သူသိလိုက်ရပြီး အလွန်တုန်လှုပ်သွားခဲ့ပါတယ်။

“ဟာ....သွားပြီ။ တယောက်က ဖိုးတေ၊ တယောက်က သားထောင်ပေါ့ဗျာ။ ဒီလောက်ရက်ရက်စက်စက်လုပ်မယ်လို့ မထင်ထားခဲ့ဘူး။ မိုက်တွင်းနက်တဲ့ကောင်တွေ လုပ်ရက်ကြတယ်။ ကျနော်လည်း ကြည့်ရင်း ငိုချလိုက်တယ်ဗျာ။ အသည်းတွေ ကွဲမတတ်ပါပဲ။" လို့ မချိတင်ကဲ ပြောပါတယ်။

ဖိုးတေနဲ့ သားထောင်ကို ခုလို သတ်တာဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေတွေဖြစ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ တကယ်လို့ သူ့သားကို သတ်တဲ့သူတွေကို ဖမ်းမိထားရင်တောင် သူ့သားကို သတ်သလိုမျိုး သူအနေနဲ့ ပြန်ပြီး လက်စားမချေရက်ဘူးလို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး (ရုပ်/သံ)

ဆားလင်းကြီး၊ မတ် ၃၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က ရဲစခန်းနဲ့ ဆေးရုံတွေမှာ တပ်စွဲထားတဲ့ နမခက စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယမန်နေ့ မတ် ၂ ရက် မနက် ၉ နာရီခွဲမှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ခွဲမှူးဗိုလ်စေတန် က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဆေးရုံမှာ အင်အား ၈၀ ခန့်နဲ့ ရဲစခန်းမှာ အင်အား ၅၀ ခန့် ရှိပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ဆေးရုံဘန်ကာမှာ တပ်စွဲထားတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေဘက်က ပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး ထိမှန်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA စေတန်တပ်ခွဲ၊ မုံရွာခရိုင်တပ်ရင်း ၁၇ တပ်ခွဲ ၃၊ မုံရွာ Underground၊ ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #တော်လှန်ရေးအင်အားစု #စစ်ကောင်စီ #တိုက်ခိုက်ခံရ

https://youtu.be/tgBZd63WvS8
Forwarded from Magway Regional Scout Network (YU ATARASHI)
ပခုက္ကု

3 Mar 2024  10 :00 am

ပခုက္ကုမြို့နယ် ရေလာလေးပျူရွာကို အကြမ်းဖင် စခ ပခ အင်အား ၃၀ ထက်မနည်း  ဝင်ရောင်တယ်လို့သိရပါတယ်။

ယမန်နေ့က ကုန်းရွာ မှ စားနပ်ရိက္ခာ နွားလှည်း  ၄  စီးနှင့်တင်ဆောင်ကာ စက်ရုံကိုပြန်ဝင် အကြမါးဖက် စခ ပခများ  စက်ရုံမှာပဲရှိနေပါတယ်။


3 Mar 2024 11:45 am

ပခုက္ကူ တမ - ၁၀၁ မှ   ရိက္ခာ  ၄  စင်းနှင့်  စခ ၁  စင်း   ငဖောင်ကန်ရွာကိုရောက်နေပြီးလို့သိရပြီး ဘယ်ကိုဦးတည်မယ်မသိရသေးပါ။

Update ; 12 :50 စခကား  ၆  စီးလို့သိရပြီး ကန်တော်  ၂  စီးဝင်နေခဲ့ပြီး  ၄  စင်း ညောင်ဂျစ်ပင်ပျူရွာရောက်ပြီလို့သိရ။

ပြည်သုများ သတိထားသွားလာနေထိုင်ကြပါရန်။

#PAKOKKU  #KAMMA  #PAUK  #MYAING
MRSN
Mar 3 , 1:40PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
🚫 လှိုင်သာယာ
*
၃ ထိပ်၊ ၅ ထိပ် လမ်းမကြီး ပိတ်ထားတယ်လို့ သိရ
ဘုရင့်နောင်တံတားအဆင်း ခွေးတွေ အင်အားအများအပြားနဲ့ အစစ်အဆေးလုပ်နေ
*
8:26 PM
📬 @Inform_RSN
Forwarded from U U Aung Pwel ️
ထိုသို့ အသစ်ပေါ်ထွန်းလာသော ပကတိ အနေအထားကို ၂၀၂၄ ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သော CNF, KNPP, KNU နှင့် NUG တို့မှ ထုတ်ပြန်သော ပူးတွဲ ကြေငြာချက်တွင် အသိအမှတ် ပြုလာခဲ့သည်။ ထိုကြေငြာချက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အား မသိမသာ ဘေးဖယ်ထုတ်ထားခဲ့ပြီး “သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး” သည် “ဖက်ဒရယ် စနစ် နှင့် ဒီမိုကရေစီ တန်ဘိုးများ” ထည့်သွင်းထားမည့် ဖွဲ့စည်းပုံ အသစ်ကို ညှိနှိုင်း ရေးဆွဲ ထုတ်ပြန်သွားမည်ဟု ပါရှိသည်။ ထို့အပြင် ဆောင်ရွက်စရာ ရှိသည့် အစီအစဉ် များထဲတွင်လည်း လက်ရှိ NUG နှင့် မတူ ကွဲပြားမည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ ထူထောင်ရေး လည်း ပါဝင်နေသည်။

သို့သော်လည်း ယင်း ကြေငြာချက်အား အဓိက ကျသည့် ERO နှင့် PDF များက ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ အဓိကအားဖြင့် AA, KIA, MNDAA, TNLA တို့ ပါမလာသည်ကို တွေ့ရသည်။ ထို့အပြင် ရှမ်းပြည် အစိတ် အပိုင်း အတော်များများကို ထိန်းချုပ်ထားသည့် ရှမ်း ပြည်တပ်တော် တောင်/မြောက် အဖွဲ့များ နှင့် ဝပြည်နယ် တပ်တော်တို့ကိုလည်း မတွေ့ရပေ၊ အသစ် ဖွဲ့စည်းမည့် ဖက်ဒရယ် သမ္မတ နိုင်ငံသစ် အတွင် မွန် အမျိုးသား လွတ်မြောက်ရေး တပ်တော် နှင့် ၎င်း၏ နိုင်ငံရေး အဖွဲ့ မွန်ပြည်သစ် ပါတီ တို့ ၏ အနေအထားကိုလည်း သဲသဲကွဲကွဲ မသိနိုင်ပဲ ဖြစ်နေပြန်သည်။

ဘိုင်ဒင် အစိုးရ မှ စစ်ကောင်စီ ၏ ကန့်သတ်ထားချက် များ အတိုင်း လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးရန် သဘောတူလိုက်ခြင်းကပင် မြန်မာ တော်လှန်ရေး အဖွဲ့ များ အကြားတွင် အမေရိကန်၏ ပုံရိပ်သည် ကျဆင်းသွားခဲ့ရသည်။ အကယ်၍ ဘိုင်ဒင်အစိုးရ နှင့် ကွန်ဂရက်သည်သာ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီများ နှင့် ပြည်နယ် နှင့် နိုင်ငံ အဆင့် အစိုးရ များ ဖွဲ့စည်းနိုင်ရေး အတွက် အကြံဉာဏ် များကို ပွင့်ပွင့်လင်းလင်း ပံ့ပိုးပေးလာမည် ဆိုလျှင် အမေရိကန် အစိုးရ၏ ဂုဏ်သိက္ခာလည်း တက်လာနိုင်ပြီး အနာဂတ် ဒီမိုကရေစီ နိုင်ငံ တော် သစ်အတွက် အခြေခံ အုတ်မြစ်များ ခိုင်မာလာအောင် ဖန်တီးပေးရာလည်း ရောက်မည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai
#HlaingInfo
Forwarded from Khit Thit Media
မြိုင်မြို့ပေါ်ရှိ စစ်သား၊ ရဲများ တပ်စွဲထားရာ စီမံကိန်းရုံး၊ တရားရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ၊ ရဲများတပ်စွဲထားရာ စီမံကိန်းရုံးနှင့်တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂ ရက် နံနက် ၈ နာရီခန့်က မြိုင်မြို့အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော စီမံ ကိန်းရုံးနှင့် တရားရုံးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့ မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၁ နာရီနီးပါ အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ ပျူစောထီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်မြို့နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ် ရင်း ၇ ၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ PSGF ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့၊ ABSDF ကျောင်းသားတပ်မတော် ၊ PDA တပ်ဖွဲ့ ၊ PRFတပ်ဖွဲ့ ၊အာဘံ ရေစကြိုတပ်ဖွဲ့ ၊ မြင်းခြံခရိုင် ဒရုန်း တပ်ဖွဲ့နှင့် King Cobra (ပခုက္ကူ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး အနည်း ငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် စက်မှု့ (2)မှစကစများထန်းဘူးတောရွာထဲတိုင် စကစများမြိုင်မြို့ထဲဝင်​ရောက်လာနေသဖြင့် ပြည်သူများအထူးသတိထားနေကြပါရန်4-3-24-9:45am
#T.W#
3 Star
Forwarded from Khit Thit Media
မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ၊ ဆိုင်ကယ်များ၊ ဆီစက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံး

ရန်ကုန်၊ မတ် ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်များ၊ ဆိုင်ကယ်များ၊ ဆီစက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂ ရက်နေ့ မြင်းခြံမြိုနယ် ကန်ဆွယ်ကျေးရွာအတွင်းသို့ စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို လုယက်ကာ ပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကန်ဆွယ် ဘုန်ကြီးကျောင်းကို တပ်စွဲထားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူတချို့ ပြန်လွတ်လာသည်နှင့်တစ်ပြိုင်နက်တည်း မတ်လ ၃ ရက်နေ့တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း၊ ၆၀မမ ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အထိနာ သဖြင့် ကန်ဆွယ် ဘုန်ကြီးကျောင်းနှင့် ဘုန်ကြီးကျောင်း အနီးနားရှိ နေအိမ်များကို မီးရှိ ဖျက်ဆီးပြီး စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးသွားသည့် ပြည်သူ့ပစ္စည်းဥစ္စာများတွင် နေအိမ် ၁၇ လုံး၊ ကွမ်းခြံ ၁ ခြံ ၊ ဆိုက်ကယ် ၁၅ စီး၊ ဆီစက် ၁ လုံးတို့ပါဝင်ကြောင်း သိရှိရသည်။