ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Wai Hin (ဝေဟင်) (𝖏𝖎𝖈𝖐)
နေပြည်တော် ⚠️

နေပြည်တော်လေတပ် မှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး မြောက်  သို့ ပျံတက် ။

#WaiHin
Feb 1, 4:10 PM
📫သတင်းပို့ရန် @WaiHinBot
ဟုမ္မလင်း⚠️

ဟုမ္မလင်းမှ Mi-2 စစ်ရဟတ်ယာဉ် တစ်စီး တောင်သို့ပျံတက်။

#WaiHin
Dec  22,  4:03 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Wai Hin (ဝေဟင်) (မင်းတို့ ဖေ)
တံတားဦး

တံတားဦးလေတပ်သို့ ဂျက်ဖိုက်တာ တစ်စီး မြောက်ဘက်မှ ဆင်းသက်။

#WaiHin
Fed 1, 4:13 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မကွေး⚠️

မကွေးလေတပ်မှ Y12 စစ် ထောက်ပို့ ဗုံးကျဲး လေယာဉ်တစ်စီး
အနောက် မြောက်သို့ ပျံသန်း။

#WaiHin
Feb 1, 4:46 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Wai Hin (ဝေဟင်) (❤️ ❤️)
ရခိုင်/ စစ်တွေ

စစ်တွေခလရ ၂၀  သို့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီး ဆင်းသက် ။

#WaiHin
Feb 1, 4:49 PM
📫သတင်းပို့ရန် @WaiHinBot
မကွေး⚠️

မကွေးလေတပ် ကလခမှ ​နောက်ထပ် MiG-29 Fighter Jet (1)စီး အနောက်​အရပ်သို့ ပျံတက်။

#NAS
Feb 1, 4:50PM
📡သတင်းပို့ရန် @infonas
ပခုက္ကူ

မနေ့ညနေပိုင်းက ပခုက္ကူ ၂၅၉တပ်ရှေ့တွင် စကစမှ လူအယောက်၃၀ခန့်ဖမ်းဆီးခေါ်ဆောင်လာပြီး တပ်ရှေ့လမ်းမပေါ်တွင် ဝါးဆစ်တုတ်များနဲ့ ရိုက်နှက်ကြောင်းသိရပါတယ်။ သွေးတွေ၊ဒဏ်ရာတွေ မြင်မကောင်းကြောင်းသိရပါတယ်။မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်လာကြောင်းမသိရပဲ စကစမှ ယခုကဲ့သို့ လူမြင်ကွင်းတွင် ရိုက်နှက်ပြခြင်းမှာ ပြည်သူတွေကို ကြောက်စိတ်ရိုက်သွင်းတာဖြစ်နိုင်တယ်လို့သိရပါတယ်။
Feb 1 , 7:30PM
Forwarded from Wai Hin (ဝေဟင်) (❤️ ❤️)
ပခုက္ကူ⚠️

ပခုက္ကူ နယ်  ဖြတ်၍ တံတားဦးတက်  ဂျက်ဖိုက်တာ တစ်စီး အရှေ့အရပ် သို့ ပျံသန်း။

#WaiHin
Feb 1,  7;34 PM
📫သတင်းပို့ရန် @WaiHinBot
မအေလိုး မင်းအောင်လှိုက ၆လတစ်ခါနဲ့သေလဲးမသေနိုင်ဘူး
မွေးကထဲးက အသေလေးမွေးလာရမှာ
Forwarded from Wai Hin (ဝေဟင်) (𝖏𝖎𝖈𝖐)
မကွေး ⚠️

မကွေးလေတပ်မှ နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး အနောက်မြောက် သို့ ပျံတက်။

#WaiHin
Feb 2,  12:51 PM
📫သတင်းပို့ရန် @WaiHinBot
ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ဇီးဖြူကျေးရွာအပါအဝင် ကျေးရွာများကို မွှေနှောက် လုယက် ဖျက်ဆီးနေကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ စစ်တပ်နှင့် သီးလုံးကျေးရွာမှ ပျူစောထီးများ ပူးပေါငး်ကာ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကြောင်း၊ မြို့လှကျေးရွာကို စစ်တပ်စစ်ကြောင်းက ဝင်ရောက် ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇီးဖြူကျေးရွာအတွင်းသို့လည်း လှည့်လည်မွှေနှောက်ပြီး ပစ္စည်းများ လုယက်ကြောင်း၊ အနီးအနားကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

"ဇီဖြူကုန်းရွာ အပါအဝင် မြို့လှ၊ နှမစာရစ်၊ ထနောင်းကိုင်း၊ ကျောက်မြင့်၊ တင့်တယ်၊ ဆိပ်ခွန်ရွာ တွေဆီကို လက် နက် ကြီးတွေနဲ့ပစ်နေလို့ တိမ်းရှောင်နေရတယ်။ တကယ်က ဇီဖြူကုန်းရွာမှာ စစ်တပ်က အရင်ကတပ်စွဲပြီးသားပါ။ တပ်စွဲတာ၂နှစ်ရှိပြီး လွန်ခဲ့၂လလောက်က တပ်ပြန်ဆုတ်တယ်။ အခုပြန်ဝင်တယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာ၊‌ သေဆုံးတာများနိုင်တယ်။ မနေ့ကလည်း အိမ်တွေ မီးရှို့ခံရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

KhitThitMedia
SSNTIMES
"အမေရိကန် ကွန်ဂရက် အမတ်သုံးကျိပ် မြန်မာအရေး လှုပ်ရှားရန်အဖွဲ့ ဖွဲ့စည်း"

Congressional Caucus ဟုခေါ်သော ထိုအဖွဲ့အား စစ်အာဏာသိမ်း သုံးနှစ်မြောက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမေရိကန် အောက်လွှတ်တော်ရှိ မင်နီဆိုဝာာပြည်နယ် ဒီမိုကရက်အမတ် ဘက်တီ မက်ကောလန်နှင့် မီချီဂန်ပြည်နယ် ရီပတ်ဘလီကင်အမတ် ဘေလ် ဟူဇင်ဂါတို့မှ ပူးတွဲဥက္ကဌများအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

၎င်းတို့မှ ပါတီနှစ်ရပ် ပူးပေါင်း၍ စစ်အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်တွန်းလှန်နေသည့် မြန်မာပြည်သူများအား အစဉ်မပြတ် ထောက်ခံမှုပေးသွားရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကာလအတွင်း တရုတ်နှင့် ပြဿနာမပေါ်အောင် ကြိုးစားနေသည့် ဘိုင်ဒင် အစိုးရအဖွဲ့ကို အားမလိုအားမရ ဖြစ်လာသည့်အတွက် ထိုသို့ဖွဲ့စည်းလာခြင်း ဖြစ်ပုံရသည်။

Congressional Caucus ဆိုသည်က အကြောင်းအရာ တခုအတွက် လွှတ်တော်အတွင်းရှိ စိတ်တူကိုယ်တူချင်း ပေါင်းစည်းလာသူများ၏ အဖွဲ့ကို ခေါ်ဆိုခြင်းဖြစ်သည်။

အမေရိကန်တွင် နေထိုင်ကြသော မြန်မာ မိသားစုဝင်များအတွက် ကွန်ဂရက်နှင့် ဆက်သွယ်ပေါင်းကူး ဆောင်ရွက်သွားရန် အရေးပါသည့် လမ်းကြောင်းတခု ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဟူဇင်ဂါက ဆိုသည်။

မြန်မာပြည်တွင်း ရင်ဆိုင်နေရသော အကျပ်အတည်းသည် ကွန်ဂရက် ခေါင်းဆောင်များ လျစ်လျူရှုနေ၍ မရတော့သည့်အဆင့်သို့ ရောက်လာပြီဟုဆိုသည်။

အမေရိကန်ရှိ မြန်မာအရေး လှုပ်ရှားနေသူများက ထိုသို့ ဖွဲ့စည်းလိုက်ခြင်းကြောင့် BURMA ACT အား အခိုင်အမာ အကောင်အထည် ပေါ်လာရေး၊ မြန်မာအရေး အထူးသံတမန် ခန့်အပ်ရေးနှင့် အမေရိကန်တို့ ထိန်းချုပ်ထားသည့် ဒေါ်လာ တစ်ဘီလီယံရှိ ‌ငွေကြေးများနှင့် စပ်လျှင်း၍ မည်သို့မည်ပုံ ကိုင်တွယ်သွားမည့်အပေါ် အထူးအကြံပေးအဖွဲ့ ထွက်ပေါ်လာရေးများ တွန်းအားပေးလာလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။

ကွန်ဂရက်အနေဖြင့် မြန်မာတို့၏ ရုန်းကန်တိုက်ပွဲဝင်နေမှုအား အမေရိကန်အစိုးရမှ ယခုထက်ပို၍ ထောက်ခံမှု ပေးလာအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန် အခြေစိုက် နယူးမြန်မာ ကမ်ပိန်းအဖွဲ့က ကြိုဆိုလိုက်သည်။

လောလောဆယ်တွင် ကွန်ဂရက်အမတ် ၃၀ ပါဝင်မည်ဖြစ်သည်ဟု သိရသည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ဘင် ကာဒင်သည် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ‌ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အာဏာသိမ်း သုံးနှစ်မြောက် ကြေငြာချက်ကို ထုတ်ပြန်လာခဲ့သည်။

ထိုကြေငြာချက်ထဲတွင် အတိုချုပ်အားဖြင့် မြန်မာ စစ်ခေါင်းဆောင်များသည် မြန်မာပြည်သူတို့၏ ဒီမိုကရေစီ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို နင်းခြေဖျက်ဆီးနိုင်ရန် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အသုံးချလာသည့် စာအုပ်ကြီးပါ နည်းလမ်းများအတိုင်း လုပ်လာနေပြီဖြစ်၍ မိမိတို့ဖက်မှလည်း မည်သို့ကူညီနိုင်မည်ကို ဒေါ်ဇင်မာအောင်နှင့် ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။

ကာဒင်သည် BURMA ACT ၏ မူလ လက်သည်ကြီးလည်း ဖြစ်သည်။

ဤသည်ကိုကြည့်က အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိကန် အုပ်ချုပ်ရေး အသိုက်အဝန်းသို့ ကောင်းစွာ ထိုးဖေါက်လာနိုင်ပြီ ဖြစ်သည်။

မင်းအောင်လှိုင်နှင့် အဖွဲ့အဖို့တော့ သုံးနှစ်တာ ကာလအတွင်း တိုင်းပြည်ကို ဇောက်ထိုးမိုးမျှော်် လုပ်ခဲ့ယုံမျှမက ကမ်းကုန်အောင် ရက်စက်ခဲ့ကြပြီး ဖြစ်၍ ရှေ့လျောက် အစိုးရပုံစံမျိုး အုပ်ချုပ်၍ မည်သို့မျှ မဖြစ်နိုင်တော့ပဲ တတိုင်းပြည်လုံးကို လည်မျိုညှစ် အုပ်ချုပ်သွား‌ရန်သာ ရှိတော့သည်ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ရှင်းလင်းစွာ သဘောပေါက်လာကြပြီ ဖြစ်သည်။

၎င်းတို့ အာဏာသိမ်းခဲ့သည်ကို စိတ်ပေါ့သွပ်နေသူများမှအပ ၎င်းတို့၏ အလိုတော်ရိများ၊ ထောက်ခံ‌နေသူများပါမကျန် တတိုင်းပြည်လုံး ကလေးသိခွေးသိ အဖြစ်ကိုလည်း မဟုတ်လေသယောင် ခြောက်လတစ်ကြိမ် လူ‌ရှေ့ သူ‌ရှေ့ထွက်ကာ တအုပ်စုလုံး အရှက်ကင်းမဲ့စွာ လိမ်ညာ ဇတ်ခင်းနေကြရသည့် အဖြစ်ကလည်း ကြည့်ရင်းနှင့် သနားဖို့ပင် ကောင်းနေရပေသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

✍️ Hla Soewai

#4C_TruthNews
Forwarded from U U Aung Pwel ️
“အမြင့်ဆုံးကတော့ အခုကျွန်တော်နဲ့ချိတ်ဆက်ပြီး အပြင်ထွက်လာတာကတော့ ဒုဗိုလ်မှူးကြီးအဆင့်က အနိမ့်ဆုံးပါပဲ။ ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်အဆင့်ကတော့ စကားပြောတာပဲရှိသေးတယ်။ သူတို့ကိုတော့ ဆွဲထုတ်ဖို့ အဆင်မပြေသေးဘူး။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော် ဆက်တိုက်ညှိနှိုင်းထားတာတွေရှိနေပြီ”လို့ သူက ဆိုပါ တယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီမှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ တပ်တွင်းဖိနှိပ်ခံရမှုတွေနဲ့ အကျပ်အတည်းတွေကြောင့် လာမယ့်ကာလတွေမှာလည်း ဘက်ပြောင်းသူတွေ ပိုမိုများပြားနိုင်တယ်လို့ လေ့လာသူတွေနဲ့ CDM အသိုင်းအဝိုင်းက သုံး သပ်ပါတယ်။

NUG လက်အောက်ခံ CDM ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင်အဖွဲ့တာဝန်ရှိသူတစ်ဦးက တော့ စစ်သားတွေကို ခရီးမထွက်နိုင်အောင် ပိုမိုတင်းကျပ်ထားသလို တချို့တပ်တွေမှာ ဖုန်းသုံးတာကိုပါ ကန့်သတ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ စစ်ရေးဖိအားပေါ့နော်၊ စစ်ရေးဖိအားများလာတွေရှိတယ်။ မင်းအောင်လှိုင်ကလည်း သူ့ရဲ့ ရပ်တည်ရေးအတွက် အောက်ခြေကိုမကြည့်ဘဲ အတင်းထိုးကျွေးနေတဲ့ ကိစ္စမျိုးတွေရှိတယ်။ နောက်တခုက လေကြောင်းပစ်ကူတောင်းတယ်။ တောင်းတဲ့အခါမျိုးမှာ ပေးတာတွေပေါ့ဗျာ။ တခါတလေကျရင်လည်း လေကြောင်းပစ်ကူက ကိုယ့်လူတွေအပေါ်ကို ကြဲချတဲ့အခြေအနေတွေနဲ့ သူတို့ရင်ဆိုင်နေရတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရှေ့တန်းတပ်စခန်းတွေမှာလည်း တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းရန်ကြောက်နေရတဲ့အ တွက် ဂျန်မာတွေတပ်ထားတာကြောင့် ဆက်သွယ်ရေးလိုင်းအခက်အခဲတွေဖြစ်နေပြီး သတင်းအ ချက်အလက်အမှန်သိရဖို့ CDM ဝင်ဖို့ ဆက်သွယ်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ထောက်တိုင် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေဟာ CDM လုပ်ခွင့်ရဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်လာကြသလို ပြီးခဲ့တဲ့ ရက်အပတ်ကလည်း ဗိုလ်မှူးတစ်ဦးဟာ မေမေ့ရင်ခွင်အဖွဲ့နဲ့ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေကို အောင်မြင်စွာဘက်ပြောင်းလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအစိုးရနဲ့ အဖွဲ့အစည်းတော်တော်များများဟာ စစ်ကောင်စီတပ်က အရာရှိတွေအပါ အဝင် တပ်သားတွေ ဘက်ပြောင်းနိုင်ရေး ကူညီပေးနေကြသလို ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း အ ရေးပေါ်နေထိုင်ဖို့ နေစရာတွေစီစဉ်ပေးကာ လစဉ်ထောက်ပံ့ငွေကို မိသားစုဝင်တွေကိုပါ ပေးအပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို ဘက်ပြောင်းလာအောင် အသည်းအသန်စည်းရုံးခြိမ်းခြောက်တာတွေ တွေ့နေရတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကတဆင့် တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားနဲ့ရဲ စုစုပေါင်း ၂၀၀၀၀ နီးပါးအထိ အ လင်းဝင်လာတာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
ရေစကြို🔴

ရေစကြိုမြို့နယ်၊ ကြူရွာကို မအလ စခ၊ ပခများ 28.1.24 ရက်နေ့ မီးရှို့ဖျက်ဆီးမှု -
အိမ်ခြေ ၁၁၀ လုံး၊ ဆိုင်ကယ် ၂၀ စီး၊ ရေစက် ၁၅ လုံး မီးလောင်ပျက်စီး၊ နွား ၁၀ ကောင်၊ လူသေ ၁ ဦး မီးလောင်သေဆုံး။

ဇယမရွာကို 30.1.24 ရက်နေ့ မအလ စခ၊ ပခများ မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံး၊ ဆိုင်ကယ် ၅ စီး မီလောင်ပျက်စီး။

#InfoCommitteeYesagyo
MRSN
Feb 3  ,  8:12PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ကန့်ဘလူ

ကန့်ဘလူ ၆၀၀၆ မှ Mi-17 စစ်ထောက်ပို့ ရဟတ်ယာဉ် 1စီး ​အနောက် တောင် သို့ ပျံတက် ။

#WaiHin
Feb 5,  12:47 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Htain Lin Nay (ထိန်လင်း နေ)
တရုတ်က ကျားဖြန့်သမားတွေကို ဖမ်းဝရမ်းသာ ထုတ်တာ တကယ်အပြစ်ရှိ မရှိက မြန်မာနိုင်ငံက သူတွေဟာ သေသေချာချာ သိကြတာမဟုတ်ဘူး။

တရုတ်ရောက်ပြီး သိပ်မကြာခင် အပြစ်ဒဏ်တွေထွက်လာတော့ တရုတ်ရဲ့ တရားရေးကလည်း မှန် မမှန် မသိနိုင်​​ပြန်ဘူး။

တရုတ်တရားစီရင်ရေးကလည်း မအလ လိုပဲ ထင်ရာလုပ်ကြတာပဲလေ။

တရုတ်ရင်ပြင်မှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို တင့်ကားနဲ့ တက်ကြိတ်တော့ ဘယ်အရာရှိ အရေးယူခံရတယ် ကြားဖူးလို့လဲ။

တရုတ်ရဲ့ ဥပဒေက တရုတ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ်။ လိုရင်လိုသလို မလိုရင် မလိုသလို အမြဲပြောင်းလဲ နေတာပဲလေ။

တော်လှန်ရေးနဲ့ ပါတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို မနှစ်မြို့ပါဘူး။ အခုဆို တော်လှန်ရေးက တကွဲတပြဲနဲ့ အားရစရာ သိပ်မရှိသလိုပဲ။

၁၀၂၇ အစပိုင်းက မျှော်လင့်ချက် နီးလာသလိုလိုနဲ့ အခုကျ မျှော်လင့်ချက်တွေ ပျောက်သွားပြန်ပြီ။

ရခိုင်တိုက်တာ ရခိုင်အတွက်ပဲလေ။ သူက သူ့သြဇာ ပြန်ထူထောင်ဖို့ ကြိုးပမ်းနေတာ သိသာပါတယ်။ နိုင်ငံတကာနဲ့ အစေးမကပ်မယ့် ရိုဝင်ဂျာအရေးကို လက်မခံဘူး။ ဒီလိုလက်မခံလို့ နောင်မှာ ရိုဟင်ဂျာ ပြဿနာက ပြန်လာနိုင်ပါသေးတယ်။

စစ်ကိုင်းနဲ့ တချို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေက သူတလူငါတမင်းနဲ့ ပေါင်းစည်းဖို့ ဝန်လေးနေကြတယ်။ တိုက်ကြပြီဆို ဟိုနည်းနည်းဒီနည်းနည်းနဲ့ ပစ်ပြေး အဆင့်က မတက်နိုင်သေးဘူး။

လူအင်အား ၁၀၀ လောက်ကို လူအင်အား ၃၀၀ မျိုး ၅၀၀ မျိုးနဲ့မှ ချေမှုန်းနိုင်မှာ သိပေမယ့် လူအယောက် ၁၀၀၀ လောက်က အဖွဲ့ ၂၀ ကွဲပြီး လူ ၁၀၀ ကို မဖြတ်နိုင်ဘူး ဖြစ်နေတာ သတိထားကြပါအုံး။

တော်လှန်ရေးကတခြား ဗိုလ်လုပ်ချင်တာ တခြားမို့ ကတောင်းကျိက်တလွဲ ဖင်တလွဲနဲ့ ကြည့်မကောင်းဘူး ဖြစ်နေတယ်။

ဗိုလ်တီကောင်နဲ့ ပြဿနာဖြစ်တဲ့ ကန့်ဘလူကို စစ်ခွေး ၂၀၀ လောက် ဝင်လာတယ်။ ဘာသံမှ မကြားတော့ဘူး။ ပုလဲမှာ ဗိုလ်တီကောင် ရှိတာ သိလျက်နဲ့ ဘာကြောင့် ပုလဲကို စစ်ခွေးတွေ ခြေဦးမလှည့်တာလဲ။

တော်လှန်ရေး အကြောင်းပြ စစ်ခွေးတပ်နဲ့ ပင်းစားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့အတုတွေကလည်း ရှုပ်ထွေး​စေတဲ့ အဖြစ်ပါ။

လူအင်အားများပြီး မြို့ကြီးတွေနား မကပ်နိုင်တာ ပြည်သူနာမှာထက် တော်လှန်ရေး အဖွဲ့တွေ မစုစည်းနိုင်တာက အဓိကဖြစ်နေပါတယ်။ ပြည်သူက စည်းစိမ်ကုန်ပါစေ လုပ်ကြပါဆိုလည်း တပ်ပေါင်းစု မလုပ်နိုင်တော့ လက်တွန့်နေကြတယ်။ မြို့နားမလာကြဘူး။ တကယ်ရောက်နေတဲ့ UG တွေကို လေးစားရပါတယ်။

AA တို့ MMDAA တို့ စခန်းရတယ်။ တပ်တွေရတယ်။ မြို့တွေရတယ်ဆိုတာ COC တစ်ခုတည်းကြောင့်လေ...။ ​ဗမာနယ်မှာက COC တစ်ထောင်လောက် ကွဲနေမှတော့ ဘာလုပ်လို့ရမှာလဲ။

​ပြည်သူက Click ဆို ကလစ်တာမှ ၂၄ နာရီ။ ကူဆိုလို့ ကူတာလဲ အမြဲပဲ။ ဒါပေမယ့် အုပ်စုတွေကွဲနေတော့ ဘာမှအင်အား ဖြစ်မလာဘူး။

အဖွဲ့တွေပေါင်းဖို့ ပြည်သူရဲ့ ဖိအား တကယ်လိုနေပြီ။ အီးရောအီးရောနဲ့ ၂၀၂၄ တစ်လကုန်သွားပြန်ပြီ။

မရပ်တည်နိုင်တဲ့အဖွဲ့တွေ ရပ်တည်နိုင်တဲ့အဖွဲ့နဲ့ပေါင်း.... မပေါင်းချင်ရင် လက်နတ်တွေ တကယ် လုပ်နေတဲ့ သူတွေဆီ ပေးလိုက်ကြတော့။

တခုခု အခြေအနေပြောင်းအောင် လုပ်ကြတော့။

သတင်းတွေကြည့်လိုက်ရင် အဖွဲ့တွေပွစိတက်နေတာ....

ပြည်သူက ပေါင်းစည်းဖို့ လိုတယ်ဆိုရင် (တကယ်လိုလာရင်) တောင်းဆိုရမယ်။ အဖွဲ့တွေပေါင်းဖို့ မတောင်းဆိုတာ အနိုင်မလိုချင်သေးလို့ပဲပေါ့။ အနိုင်လိုချင်ရင် အနိုင်ရမယ့်နည်းကို သုံးရမှာပေါ့။

အခု မြောက်ပိုင်း ၃ ဖွဲ့ ရပ်သွားပြီ။ နောက် KIA, AA, PNLO,  ရပ်သွားရင် တနိုင်ငံလုံး ရပ်သွားတော့မှာလား။

အဓိက မြေပြန့်ကအဖွဲ့တွေ မစုစည်းနိုင်သေးတာကို မြင်အောင် ထောက်ပြလိုက်ပါတယ်။ ငွေကုန်လူပန်း မဖြစ်​စေချင်ပါဘူး။

#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
Forwarded from Magway Regional Scout Network (YU ATARASHI)
မြိုင်

မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
5.2.2024

ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်
ရေစကြိုမြို့နယ် ဘောင်ဘဲ့တန်းရွာကနေ
ယနေ့မနက်ပိုင်းက ထွက်ခွာလာတဲ့
အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ
ရေစကြိုမြို့နယ် ကန်ပေါက်ရွာအနီးကနေတစ်ဆင့်
နေ့လည် 1:50 ခန့်မှာ မြိုင်မြို့နယ်အရှေ့ပိုင်း
လက်ဆည်ကန်ရွာကို ဝင်ရောက်ခဲ့ပြီးနောက်
လက်ဆည်ကန်ရွာကနေ အဖွဲ့ခွဲထွက်လာကာ
4:30 ခန့်မှာ လက်ဆည်ကန်ရွာနဲ့ ထနောင်းခလှရွာအကြားရှိ ကာကွယ်ရေးစခန်းတစ်ခုအား
မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ ကာကွယ်ရေးစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် အနောက်ဘက်ကို
ဆက်လက်ထွက်လာကာ ညနေပိုင်းမှာ
နတ်စင်တောရိုးရွာအရှေ့ဘက် တောထဲကို
ရောက်ရှိနေပြီး လက်ဆည်ကန်ရွာထဲမှာလည်း
တစ်ဖွဲ့ရှိနေတယ်လို့သိရပါတယ်။

မနက်ဖြန်မှာ ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲဆိုတာ ခန့်မှန်းရခက်တာကြောင့်
မြိုင်မြို့နယ်အရှေ့ပိုင်းမှ မိဘပြည်သူများ
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

We Love Myaing.
MRSN
Feb 5 ,  11:20PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ပုံညာနတ်နန်းတွင် ကပစ ၂၃ မှ အင်အားထပ်ဖြည့်

ကျောသတင်း ၊ ဖေဖော်ဝါရီ ၉ ရက်

   ယနေ့ မနက်ပိုင်းတွင် ကျောကပစ ( ၂၃ ) မှ စစ်ကောင်စီတပ်သားများသည် အရပ်သားကားများအား ရှေ့ပြေးခိုင်း၍ အင်အား ၄၀ ခန့်ဖြင့်
ပုံညာနတ်နန်းအား အင်အားဖြည့်တင်းလိုက်ကြောင်း ကျောဒေသခံများမှ ယောအလင်းတန်းသို့ သတင်းပေးပို့ထားသည်။

  "အင်အား ၄၀ လောက်ရှိမယ် ၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ပြီး တက်သွားတယ် ၊ လက်နက်ကြီး ၄ ချက်ခန့် ထုတယ် " ဟု ပြောဆိုသည်။

  မကြာသေးခင်အချိန်က CDF - HAKHA B2 C5 ( FRF - Gangaw ) မှ
ရဲဘော်များမှ ပုံညာနတ်နန်းအား လက်နက်ကြီး ၊လက်နက်ငယ်များဖြင့်
သွားရောက်ပစ်ခတ်သည့် ဖြစ်စဥ် ရှိခဲ့သည်။

မိဘပြည်သူများဘေးကင်းကြပါစေ။

နွေဦးမေတ္တာ
ယောအလင်းတန်း
MRSN
Feb 9 , 11:36AM
မကွေး ⚠️

မကွေးလေတပ် မှ နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး အနောက်  သို့ ပျံတက် ။

#WaiHin
Feb 9,  12:44  PM
📫သတင်းပို့ရန် @WaiHinBot
​ရေစကြို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​ရေစကြိုဖြတ်၍ အ​​နောက်အရပ်သို့ ပျံသန်း။

#NAS
Mar 1, 10:45PM
📡သတင်းပို့ရန် @infonas