ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင်  ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊

▪️ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက် စီး


ဒီဇင်ဘာလ ၇ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်း စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း  ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်  နွားထိုးကြီးမြို့နယ်၊  လုံးတောကျေးရွာနှင့် ကန်နှောင်းကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် လုံးတော်ကျေးရွာမှ ပြည်သူ ၁ ဦး၊ ကန်နှောင်းကျေးရွာမှ ပြည်သူ ၁ ဦး စုစု ပေါင်း ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

3 Star Myaing (မြိုင်မြို့နယ်မြေပြင်သတင်း)
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မကွေး⚠️

မကွေးလေတပ် မှ Y-12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ် ၁စီး အနောက်အရပ်သို့ ပျံတက်။


#WaiHin
Dec 7, 10:21 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ယင်းမာပင်

ယင်းမာပင်နယ် ဖြတ်၍ Y-8 စစ်ထောက်ပို့ လေယာဉ် ၁ စီး အနောက်မြောက်အရပ်သို့ ပျံသန်း။


#WaiHin
Dec 7 , 10:25 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မကွေး⚠️

မကွေးလေတပ် မှ ၂စီးမြောက် Y-12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ် ၁စီး အနောက်အရပ်သို့ ပျံတက်။


#WaiHin
Dec 7, 10:29 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝐽)
မုံရွာ

မုံရွာလေဆိပ်မှ BEECH-1900D စစ်ထောက်ပို့လေယာဉ် တစ်စီး တောင်အရပ် သို့ ပျံတက်။

#WaiHin
Dec 7,  10:37 AM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မြောင်

မြောင်နယ်ဖြတ်၍ BEECH-1900D စစ်ထောက်ပို့ လေယာဉ် ၁ စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Dec 7 , 10:51 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
နွားထိုးကြီး

နွားထိုးကြီး အနောက်ခြမ်းဖြတ်၍ မုံရွာလေဆိပ်တက် BEECH-1900D စစ်ထောက်ပို့လေယာဉ် တစ်စီး တောင်အရပ် သို့ ပျံသန်း။

#WaiHin
Dec 7,  10:53 AM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
တံတားဦး ⚠️

တံတားဦး လေတပ် မှ ဂျက်ဖိုက်တာ ၁စီး အရှေ့မြောက်အရပ်သို့ပျံတက်။

#WaiHin
Dec 7, 10:54 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
မန္တလေး ⚠️

မန္တလေးဖြတ်၍ တံတားဦးတက် ဂျက်ဖိုက်တာ ၁စီး အရှေ့မြောက်အရပ်သို့ပျံသန်း။

#WaiHin
Dec 7, 10:58 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
တံတားဦး ⚠️

တံတားဦး လေတပ် မှ ဂျက်ဖိုက်တာ ၁စီး မြောက်အရပ်သို့ပျံတက်။

#WaiHin
Dec 7, 10:54 AM
📫သတင်းပို့ရန် @WaiHinScout_Bot
ထီးလင်းမြို့မှာရှိတဲ့ သိရသမျှ စစ်ကောင်စီရဲ့ ဘန်ကာများ

7.12.2024 ၊ထီးလင်း

ယခုရက်ပိုင်းတွေမှာ ထီးလင်းမြို့က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအားလုံးတို့ဟာ စစ်ကြောင်းမထွက်သေးဘဲ မြို့တွင်း၊မြို့ပြင်ရှိ ဘန်ကာများကို ပြန်လည်ပြုပြုင်ကာအဆင့်မြှင့်နေကြပြီး ခုခံစစ်အတွက်ကြိုတင်ပြင်ဆင်နေကြတယ်လို့ စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောပါတယ်။

ယခု ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းကစလို့ထီးလင်းမြို့ရဲ့အထင်ကရ အဝင်အထွက်လမ်းများနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ အထိုင်ချထားတဲ့နေရာများအားလုံးမှာ ကတုတ်ကျင်းများ၊ဘန်ကာများကို တူးဖော်တည်ဆောက်ထားခဲ့ကြပြီး ၎င်း နေရာတွေရဲ့အနီးအနားဝန်းကျင်တွေမှာ မြေ-မြှ-ပ်မိုင်းအမြောက်အများကို တပ်ဆင်(ထောင်)ထားပြီးဖြစ်တယ်လို့လည်းပြောပါတယ်။

ထီးလင်းမြို့ရှိ ယောအလင်းတန်းမှ သိထားရသမျှ စစ်ကောင်စီတပ်ဖွဲ့များရဲ့ ဘန်ကာများ မှာ

၁။ အရှေ့ဖက်မြို့ဝင် ရုပ်/သံ ကုန်းမှာ ၅ ခု

၂။ မြောက်ဖက်မြို့ဝင် မီးသတ်ကုန်းမှာ ဘန်ကာ ၄ ခု ( ဘန်ကာ ၂ ခုကမြေပြင်မှာဖြစ်ပြီး ကျန် ၂ ခုက မီးသတ်ရုံးအတွင်းရဲ့ ပေါ်ထပ်မှာ ၁ ခုနဲ့ အောက်ထပ်မှာ ၁ ခု)

၃။ မြို့မရဲစခန်း(တောင်စခန်း) မှာ ၅ ခု

၄။ တောင်ဖက်အဝင် အောင်တော်မှုဘုရားဝင်းထဲမှာ ၅ ခု

၅။ ကွက်သစ်ခေါ် စည်ပင်သာယာ ရပ်ကွက်ရှိဦးရွှေမောင်အိမ် စကစ စခန်းမှာက ၂ ခု

၆။ မြို့လယ် မင်းဘုရားကြီးအနောက်တောင်ဖက်နားမှာ ၃ ခု

၇။ ကန်တော်လေးရပ်ကွက်အနောက်မြောက်ထောင့်ရှိတာဝါတိုင်ကုန်းနားမှာ ၂ ခု

၈။မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးနားမှာ ၂ ခု

စသဖြင့် စုစုပေါင်း ဘန်ကာ ၂၈ ခုထက်မနည်းရှိတယ်လို့ စစ်သတင်းရင်းမြစ်ကပြောပါတယ်။

ယောအလင်းတန်းကမသိရှိနိုင်သေးတဲ့နေရာတွေမှာလည်း ဘန်ကာများ၊ကတုတ်ကျင်းများ နောက်ထပ်ရှိနေနိုင်ပါ ကြောင်းနဲ့ ရွှေထီးခန်းမ၊မြို့နယ်တရားရုံး၊ထွေအုပ်ရုံး တို့မှာလည်းနောက်ထပ် ဘန်ကာများရှိနေနိုင်ပါသေးတယ်။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Dec 7 ,  1107AM
📬သတင်းပို့ရန်
@MagwayScoutBot
07.12.2024
09:40 am
ကျောက်ထုသတင်း

ကျောက်ထုအမြောက်တပ်ထဲမှ စခတွေဟာ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။လက်နက်ငယ်တွေလဲပစ်ဖောက်နေတယ်လို့သိရှိရပါတယ်။မနေ့ကမနက်အစောပိုင်းမှာလဲ ကျောက်ထုအမြောက်တပ်နားတစ်ဝိုက် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေဆက်တိုက်ဆိုသလိုကြားနေရတယ်လို့သိရပါတယ်။မ‌နေ့ကမနက် (၀၈:၀၀) နာရီခန့်မှာ ကျောက်ထုအမြောက်တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ တေးကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့ပီး အသက် (၉)နှစ်အရွယ် မိန်းကလေး(၂)ဦး၊ အသက်(၆)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးစမှန်(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါဝယ်ခင်ဗျာ။ လက်ရှိမှာ ကျောက်ထုအမြောက်တပ်ထဲမှ လက်နက်ကြီးတွေ နေ့စဉ်ရက်ဆက်ဆိုသလို ရမ်းသမ်းပစ်ခတ်နေတာကြောင့် အနီးအနားကျေးရွာ မိဘပြည်သူများအနေဖြင့် အစစအရာရာ အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

----------- Aung Gyi -------------

ယောအလင်းတန်း
MRSN
Dec 7 ,  1107AM
📬သတင်းပို့ရန်
@MagwayScoutBot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မကွေး⚠️

မကွေးလေတပ် မှ Y-12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ် ၁စီး အနောက်အရပ်သို့ ပျံတက်။


#WaiHin
Dec 7, 11:08 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🎭)
မြစ်ကြီးနား⚠️

မြစ်ကြီးနားလေတပ် မှ ဂျက်ဖိုက်တာ ၁ စီး အရှေ့အရပ်သို့ ပျံတက်။

#WaiHin
Dec 7, 11:10 AM
📫သတင်းပို့ရန် @WaiHinScout_Bot
မှော်ဘီလေတပ်ကို  ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ လူငယ်တချို့ကို ဖမ်းဆီးသွား

ဒီဇင်ဘာလ ၇ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ကို  ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီအချိန် မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် စစ်တပ်က ပန်းတစ်ပွင့်တောင်အနီးရှိ လမ်းများ၊ ကျေးရွာများ၊ ဝါးနက်ချောင်းကျေးရွာဘက်ရှိ လမ်းများ၊ မှော်ဘီမြို့ ပြည်လမ်းအဝင်အထွက်လမ်းများနှင့် ဂိတ်များကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး မသင်္ကာမှုဖြင့် လူငယ်တချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

"မှော်ဘီလေတပ်ထဲကနေ ပေါက်ကွဲသံ ၅ ချက်ထွက်ပေါ်ပါတယ်။ အသံအရမ်းကျယ်ပါတယ်။ အိမ်တွေပါတုန်တယ်။  အဲဒီနောက်မှာ ကျနော်တို့ ရွာနားမှာ ဧည့်စာရင်းတွေစစ်တယ်။ စခတွေကတော့အ သည်းအသန်ပြေးသွား လာနေကြတာ။

3 Star Myaing (မြိုင်မြို့နယ်မြေပြင်သတင်း)
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မိတ္ထီလာ ⚠️

မိတ္ထီလာရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာ ၃ စီး
အနောက် သို့ ပျံတက်  ။

#WaiHin
Dec 7,  11:23AM
📫သတင်းပို့ရန် @WaiHinScout_Bot
☂️သတင်း

ဘင်္ဂလားပင်လယ်အော်ကြီးမှာ မုန်တိုင်းကင်းစင်နေပါတယ် နောက် ၄၈နာရီအတွင်း
တာချီလိတ်ခရိုင်ဒေသကြီးမှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်မြန်မာတစ်နိုင်ငံလုံးမှာ မိုးလေကင်းစင်ပြီး ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေပါမယ်
ISSUED TIME
06/12/2024 3:04pm(MMT)


May,2025 Forecast 🌧
၂၀၂၅ မေလတွင်...
ဇရပ်ကြီး အုတ်တွင်း ထန်းတပင် တောင်ငူ သံတောင်ကြီးလိပ်သို သံတောင် ကျွန်းကုန်း ရေတာရှည် ဆွာ သာဂရ မြို့လှ ရေနီ သာဝတ္ထိအေလာလယ်ဝေး ပျဥ်းမနား ရေဆင်း နေပြီတော် ဒေသတွေမှာ မိုးတွေရွာလာနိုင်ပြီး မိုးဦးစောစေနိုင်ပါတယ်...🌧🌧🌧
ISSUED TIME
07/12/2024 7:55am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
MRSN
Dec 7 ,  11:22 AM

📬သတင်းပို့ရန်@myaing3starbot

https://t.me/m2nQSzdXozljZmM1
ကိုယ့်ရဲ့လိပ်ပြာ ကြေးမုံရှေ့မှာ တည့်တည့်ရပ်ပြီး ကိုယ့်တာဝန်ပါလို့ ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတဲ့အရာတွေဟာ ယူဖို့အတွက်လား ...?
ပေးဖို့အတွက်လား ...? ဆိုတာ သေချာသုံးသပ်ပါ။

           💝ဒေါ်အောင်ဆန်းစုကြည်💝
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မြစ်ကြီးနား⚠️

မြစ်ကြီးနားလေတပ် မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်တောင်အရပ်သို့ ပျံတက်။

#WaiHin
Dec 7, 11:22AM
📫သတင်းပို့ရန် @WaiHinScout_Bot