ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူမြို့နယ်

ရွှေတန့်တစ်ရွာအား ယနေ့ညနေပိုင်း စကစ ကား၃စီးဖြင့် အင်အားတိုးခြပေးခဲ့သော စကစ များမှာ ကွန်းရွာ မင်းကျောင်းဘုန်းကြီးကျောင်းထဲးသို့ရောက်ရှိနေကြောင်းသိရပါသည်။

Y S O A.Z

Myaing 3 Star

22.11.2024///7:40PM

https://t.me/m2nQSzdXozljZmM1
မင်းတပ်တိုက်ပွဲအထိနာသည့် စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးအလုံးရေ ၁၀၀ကျော်ကြဲခုခံနေဟု ပကဖပြော

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိရာ ယနေ့ (နိုဝင်ဘာ ၂၂ရက်) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ ပြင်းပြင်း ထန်ထန် ပြုလုပ်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

နိုဝင်ဘာ ၂၂ရက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးရာတွင် တိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ ၂၀ကျော်၊ Y12 လေယာဉ်ဖြင့် ဗုံး အလုံးရေ ၁၀၀ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းယောမာန်က ပြောသည်။

" စစ်ကောင်စီနဲ့ ကျနော်တို့ ထိတွေ့တာတော့ နှစ်ပတ်ကျော်သွားပြီ။ အောင်မြင်မှုတွေလည်း တော်တော်များများ ရထားတယ်။ မြို့ထဲက ပိတ်မိနေတဲ့ ပြည်သူတော်တော်များများကိုလည်း ကျနော်တို့ ကယ်ပေးတယ် ရွှေ့ပြောင်းပေးတယ် နေရာချပေးတယ်။ လုံခြုံတဲ့နေရာမှာ ထားပေးတယ်ပေါ့။ စစ်ကောင်စီနဲ့တော့ တောက်လျှောက် စကစနဲ့ ပြင်းပြင်းထန်ထန်ထိတွေ့နေတယ်" ဟု ဆလိုင်းယောမာန်က ပြောသည်။

အောင်ပွဲရသည့်သတင်းများ အောင်မြင်မှုများကို ချင်းညီနောင်က သင့်တော်သည့်အချိန်တွင် အသိပေးထုတ်ပြန်သွားမည်ဟု ဆိုသည်။

" အခုထက်ထိတော့ နေ့တိုင်း နေ့တိုင်းကိုပဲ ထိတွေ့မှု မရှိတဲ့နေ့ရယ်လို့ မရှိပါဘူး။ ထိတွေ့မှုရှိတယ်။ လေကြောင်းလာတယ်ဆိုတယ်ဆိုတာတော့ နေ့တိုင်းပါပဲ။ နှစ်ပတ်ကျော်ကာလအတွင်းမှာ တောက်လျှောက်ပါပဲ"ဟု ဆလိုင်းယောမာန်က ပြောသည်။

မင်းတပ်ဒေသခံတစ်ဦးကလည်း မြို့ပေါ် အခြေအနေကို လူမှုကွန်ရက်၌ ရေးသားအသိပေးထားရာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်း၊ ခလရ(၂၇၄)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် နိုဝင်ဘာ ၉ရက်ကစတင်ပြီး ဖလမ်းနှင့်မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

တိုက်ပွဲကြာလာသည်နှင့်အမျှ မြေပြင် လိုအပ်ချက်များ ရှိသလို တိုက်ပွဲအတွင်းကျဆုံးထိခိုက်မှုများ ရှိနေမည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးဝါးကုသမှုအပါအဝင် မြို့သိမ်းစစ်ဆင်ရေး လိုအပ်ချက်များဖြည့်ဆည်းရန် ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေမှုများ လုပ်ဆောင်နေပြီး ပြည်သူများ အနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြရန် ချင်းညီနောင်က တိုက်တွန်းထားသည်။

ထို့အပြင် ဖလမ်းမြို့တွင်လည်း ချင်းညီနောင်က အောင်မြင်မှုများ ရရှိထားပြီး ဖလမ်းအခြေစိုက် စစ်ကောင်စီတပ်ကုန်း၏ ကာကင်းစခန်းကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာ ၂၁ရက်တွင် ပြောထားသည်။

ချင်းညီနောင်အနေဖြင့် စစ်မြေပြင်၌တိုက်ပွဲဝင်နေသူများ၏ လုံခြုံရေးအပါအဝင် စစ်ရေးလိုအပ်ချက်အရ တိုက်ပွဲသတင်းများကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန်မရှိဟု အသိပေးထားသည်။

People's Spring
SSNTIMES
Forwarded from Wai Hin (ဝေဟင်) (ဣန္ဒာ ရွှေ)
ဆော

ဆောဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကျဲလေယာဉ် ၁စီး တောင်ဘက်သို့ ပျံသန်း။

#WaiHin
Nov 22, 8:17PM
📫သတင်းပို့ရန်  @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (😘Hnìn L@ý😊)
နေပြည်တော် ⚠️

နေပြည်တော်လေတပ်မှ Y-12 စစ်ထောက်ပို့ ဗုံးကျဲ လေယာဉ်   ၁ စီး မြောက်အရပ်သို့ ပျံတက်။

#WaiHin
Nov 22, 8:48PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (😘Hnìn L@ý😊)
မိတ္ထီလာ ⚠️

မိတ္ထလာ လေတပ်မှ Y-12 စစ်ထောက်ပို့ ဗုံးကျဲ လေယာဉ်   ၁ စီး တောင်အရပ်သို့ ပျံတက်။

#WaiHin
Nov 22, 8:53PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Hlaing Info
ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

နိုဝင်ဘာလ ၂၂ ရက်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၈ မိနစ်အချိန် ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင် စီ၏ မထော အခြေစိုက် တပ်စခန်းကို KNLA တပ် မဟာ ၅ ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မထောအခြေစိုက် တပ်စခန်းတွင် စကခ ၈ လက် အောက် ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များ စုပေါင်းထားကြောင်း ၊ စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိသွားကာ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊  အကြမ်းဖက်စစ်တပ်ဘက်မှ  သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အရေအတွက်ကို ဆက်လက် သတင်းထုတ်ပြန်မည်ဟု KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။

အဆက် - ⤵️⤵️
⚠️မုံရွာ


ဗိုလ်ချုပ်လမ်း၊ ကန်သာယာဖြတ် စခ ၃စီး မြောက် မှ တောင် အမြန်မောင်းသွား။

#SSN
Nov 22, 9:45 PM

https://t.me/m2nQSzdXozljZmM1
ပခုက္ကူ

ပခုက္ကူ ၂၅၉ တပ်မှ
Drone ၁စီး အရှေ့တောင်သို့ ပျံတက်။
Nov 22,6:48PM
Forwarded from Hlaing Info
ပခုက္ကူတွင် အိန္ဒိယအကူအညီဖြင့် တည်ဆောက်ထားသော အမှတ် ၄ စက်မှုသင်တန်း ကျောင်းတွင် စစ်တပ်က တပ်စွဲပြီးနောက် ကျောင်းအတွင်းမှ ပစ္စည်းများကို ခိုးယူထုတ်ရောင်း

နိုဝင်ဘာလ ၂၃ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အိန္ဒိယ အကူအညီဖြင့် တည်ဆောက်ထားသော အမှတ် ၄ စက်မှုသင်တန်းကျောင်းတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ကျောင်းအတွင်းမှ ပစ္စည်းများကို ခိုးယူထုတ်ရောင်းချမှုများ လုပ်ဆောင်နေကြောင်း အဆိုပါကျောင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလအတွင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ စစ်ကြောင်းက အမှတ် ၄ စက်မှုသင်တန်းကျောင်းတွင် လာရောက်နေထိုင်ခဲ့ပြီး ကျောင်းအတွင်းမှ စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများအားလုံးကို ခိုးယူ ဖြုတ်ချ သယ်ဆောင် ရောင်းစားသွားကြောင်း၊ ယင်းနောက် ယခုအခါ အဆိုပါ စက်မှု သင်တန်းကျောင်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသော အဖွဲ့များက အဓိက လုံခြုံရေး တာဝန်ယူပြီး နေ့စဉ် ကျောင်းအတွင်းမှ ခုံနှင့်ပရိဘောဂများပါ မကျန် ခိုးယူ ရောင်းစားနေကြောင်း သိရှိရသည်။

"ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ပခုက္ကူ တပ်မ ၁၀၁ က စစ်ကြောင်းက ကျောင်းမှာ လာနေပြီးတော့ အဖိုးတန်ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ အကုန်ဖြုတ်ပြီး ခိုးယူသယ်ရောင်းသွားတယ်။ အဲဒါပြီးတော့ ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ အောက်ခြေ က လူတွေက ကျောင်းကို လုံခြုံရေးယူသလိုလိုနဲ့ ပစ္စည်းအတိုအစ၊ ပရိဘောနဲ့ ရှိသမျှ ဟာတွေ အကုန်ဖြုတ်ပြီး ရောင်းစားနေတယ်။ အခုထက်ထိ ရောင်းစားနေတုန်းပဲ" ဟု ကျောင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အမှတ် ၄ စက်မှုသင်တန်းကျောင်းကို နယ်မြေလုံခြုံရေး စိတ်မချရသဖြင့် ကျောင်း ဆက်လက် ဖွင့်နိုင်ခြင်းမရှိတော့ဘဲ ပိတ်ပင်ထားခဲ့ရာမှ ကျောင်းပြန်မဖွင့်နိုင်တော့ဘဲ ယခုနောက်ဆုံး စစ်တပ်နှင့်ပျူစောထီးများက ပစ္စည်းများ လုယက် ခိုးယူ ရောင်းချနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကျောင်းက ပစ္စည်းတွေ ခိုးယူရောင်းချနေတဲ့ အုပ်စုတွေက စစ်တပ်ကထုတ်ပြန်ထားတဲ့ ဆိုင်ကယ်နှစ်ယောက်မစီးရ တို့၊ ည ၇ နာရီနောက် ညမထွက်ရ အမိန့်တို့ကို ဂရုစိုက်စရာမလိုဘူး။ ဆိုင်ကယ်တစ်စီးတည်းကို လူ ၃ ဦး စီးပြီးတော့ ညသန်းခေါင်အချိန်အထိ ပစ္စည်းတွေ သယ်ယူရောင်းချနေတာ။ ပခုက္ကူမြို့ပေါ်က အဟောင်းပစ္စည်းဆိုင်အများစုက အဲဒီကပစ္စည်းတွေမှန်းသိလို့ မဝယ်ရဲပေမယ့် စစ်အုပ်စုနဲ့ပေါင်းထားတဲ့ ဆိုင်တစ်ဆိုင်ကနေ အကုန်ဒိုင်ခံ ဝယ်ပေးနေတာ" ဟု ပခုက္ကူမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပခုက္ကူ ကိုးပင်ရွာအနီးရှိ အမှတ် ၄ စက်မှုသင်တန်းကျောင်းသည် စက်မှုဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး ၂၀၂၁၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံအစိုးရက ထောက်ပံ့သော အိန္ဒိယ ရူပီးငွေ ၁၄၇၄ သန်းဖြင့် HMT International ကုမ္ပဏီက ဖြည့်ဆည်း ပံ့ပိုးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
Forwarded from Hlaing Info
ပေါက်ကွဲမှုကြောင့် ကိုယ်အင်္ဂါထိခိုက်သူ စစ်ကောင်စီ ပစ်မှတ်ဖြစ်လာ (ကုလသမဂ္ဂ)

နိုဝင်ဘာလ ၂၃ ရက်

စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုနဲ့ ပစ်မှတ်ထား ဖိနှိပ်တွေကြောင့် မိုင်းနဲ့ ပေါက်ကွဲမှုဒဏ်ကြောင့် ခြေလက်အင်္ဂါ ချို့ယွင််ခဲ့ရသူ မသန်စွမ်းတွေဟာ ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေက သောကြာနေ့ (နိုဝင်ဘာ ၂၂ ရက်) မှာ ပြောပါတယ်။
မြန်မာနိုင်ငံက ခြေပြတ်၊ လက်ပြတ် ကိုယ်အင်္ဂါ ချို့ယွင်းသူတွေဟာ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်နေကြတဲ့ ခုခံ တော်လှန်ရေး အင်အားစုမှာ ပါဝင်ခဲ့သူတွေ အဖြစ် သံသယ ဖြစ်ခံရပြီး ဖမ်းဆီးမှုတွေ၊ ပြင်းထန်တဲ့ နှိပ်ကွပ်မှုတွေ ခံရလို့ ဒါတွေကို ရှောင်ရှားနိုင်ဖို့ ပုန်းအောင်းနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘယ်နိုင်ငံမှာ မဆို ကိုယ်လက် ချို့ယွင်းရသူတွေဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ကိုယ်လက် ချို့ယွင်းတာ အပေါ် ရာဇဝတ်မှု သက်သေ အဖြစ် ရှုမြင်ခံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ခြေတုလက်တုတွေကိုပါ တားမြစ် ပိတ်ပင်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) က ပြောပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအပေါ် စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှုများဆိုင်ရာ သုတေသန တခုကို လုပ်ဆောင်နေပြီး သူ့ရဲ့ တွေ့ရှိချက်တွေကို အထူးအစီရင်ခံစာ အဖြစ် ၂၀၂၅ ခုနှစ်မှာ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကြောင့် ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံးနိုင်ငံဖြစ်ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြတာက တကယ့်လက်တွေ့ မြေပြင်မှာ “မြန်မာနိုင်ငံထဲက မသန်စွမ်းသူတွေ အပေါ် စစ်တပ်က ဖိနှိပ် တိုက်ခိုက်နေတဲ့ ဖြစ်ရပ်တွေရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်တယ်” လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ရပ်တွေက နိုင်ငံတဝန်း ခုခံတော်လှန်ရေး အင်အားစုတွေကို ချေမှုန်းနိုင်ဖို့ အတွက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသုံးပြုနေတဲ့ မြေမြှုပ်မိုင်းတွေရဲ့ သက်ရောက်မှုကို နှစ်ဆတိုး ပြင်းထန်စေပါတယ်။ စစ်တပ်က အရပ်သားတွေကို ရှေ့ကတင်ပြီး မိုင်းကွင်းတွေထဲ အတင်းအကျပ် သွားစေတာ အပြင် ဆေးဝါးကုသရေးနဲ့ ခြေတုလက်တုတွေအပါအဝင် အရေးကြီးတဲ့ အကူအညီတွေကို ဒုက္ခသည်တွေ လက်လှမ်းမီရရှိနိုင်ဖို့ ပိတ်ဆို့ထားပါတယ်။ ဒါဟာ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၄၇၅ ရဲ့ အပိုဒ် ၁၁ နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်” လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် တိုက်ခိုက်နေတဲ့ စစ်ကောင်စီ အားနည်းစေမယ့် အစီအမံတွေ အရေးယူ ချမှတ်နိုင်ဖို့လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ညှိနှိုင်းဆောင်ရွက်ကြဖို့ ကျွမ်းကျင်သူတွေက တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာ ပဋိပက္ခမှာ ပါဝင် ပတ်သက်နေတဲ့ အစုအဖွဲ့တွေ အားလုံးက မြေမြှုပ်မိုင်း အသုံးပြုမှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ရှိပြီး မိုင်းတွေကို နှောင့်နှေးမှုမရှိဘဲ စတင်ဖယ်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် တခုတည်းမှာတင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ရသူ လူ ၁,၀၀၀ ကျော်ရှိကြောင်း မြေမြှုပ်မိုင်းများ တားဆီးပိတ်ပင်ရေး နိုင်ငံတကာ လှုံ့ဆော်ရေး အဖွဲ့က နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။ ဒီအရေအတွက်ဟာ တခြားနိုင်ငံတွေထက် ပိုများနေပါတယ်။
ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကတော့ အဲဒီ အစီရင်ခံစာပါ တွေ့ရှိချက်တွေက တုန်လှုပ် ကြောက်မက်ဖွယ်ကောင်းလှပေမယ့် တကယ့် လက်တွေ့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ရင်ဆိုင်နေရတာက ပိုဆိုးကြောင်း ပြောပါတယ်။

မြေမြုပ်မိုင်းကြောင့်ခြေတဖက်ဆုံးရှုံးခဲ့ရတဲ့ကရင်နီဒေသခံတဦး (ယခင်ပုံဟောင်း)

#KTM
#HlaingInfo
မုံရွာသတင်း...
မုံရွာ ပြန်ပေးဆွဲ ငွေညှစ်လုပ်စားနေတဲ့ခေါင်းဆောင် ကြည်စိုး
ယခုလက်ရှိ မထ္တီလာမှာ နောက်ခံရဖို့သွားနေ
သူ့တူဇွဲမာန်အောင် တက္ကသိုလ်ကျောင်းမှာတာဝန်ကြနေ၊ စကစနဲ့ပနာသင့်တဲ့ဇွဲမာန်အောင်က ကန်သာယာနားက top choice မှာလာနေကြပါ
သူနဲ့အပေါင်းပါလုပ်စားနေသူ သူငယ်ချင်းလို့ သိရ စရဖ မှ ဗက
အဆင့် မျိိုးသက်ပိုင် ( အခြောက်ပုံစံ)  ထိုသူတို့သည် မုံရွာမြို့ ပြည်သူလူထုထံမှ ကြည်စိုးနဲ့ သူ့တူလုပ်စားသမျှကို စကစ အပေါင်းပါတသိုက်မှ မျက်ကွယ်ပြုထားသိသည်ဟု သိရ.....
23.11.24.9;00am
https://t.me/m2nQSzdXozljZmM1
3Star
⚠️မုံရွာ

မြပုလဲမှကားတားလိုက်လာတဲ့စခ​များမုံရွေးတိုးဂိတ်သို့ရောက်နေကြောင်းသတင်းရ။

#SSN
Nov 22 , 9:40PM

https://t.me/m2nQSzdXozljZmM1
Forwarded from Sagaing Scout Network (𝚁𝚎𝚒𝚊)
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ...
အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..
ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ...

▪️မောင်စိန်ဝင်း(ပုတီးကုန်း)

#SSN
Nov 23, 7:36AM
📫သတင်းပို့ရန် @SagaingSNetworkbot
⚠️ရွှေဘို

ရွှေဘိုမြို့ ဆိပ်ခွန်လမ်းအထွက် အ.လ.က (၁)ကျောင်းထိပ်တွင် စစ်ခွေးများ စစ်ဆေးရေးပြုလုပ်နေကြောင်း သိရ။

မိဘပြည်သူများ အသွားအလာဆင်ခြင်ကြပါရန်။

#ဗိုလ်နှာတို#
#SSN
Nov 23 , 9:40AM

https://t.me/m2nQSzdXozljZmM1