ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မိတ္ထီလာ⚠️

မိတ္ထီလာ လေတပ်မှ ‌၃စီးမြောက် ဖိုက်တာ ၁ စီး မြောက်သို့ ပျံတက်။

#WaiHin
Nov 13, 12:25  PM
📫သတင်းပို့ရန် @WaiHinScout_Bot
မကွေး ⚠️

မကွေးလေတပ် မှ ၄ စီးမြောက် ဖိုက်တာ ၁ စီး အနောက်သို့ ပျံတက်။

#WaiHin
Nov 13, 1:16 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြောင် ⚠️


မြောင်နယ်ဖြတ် ၍ မိတ္ထီလာတက် ဖိုက်တာ ၂စီး အနောက်မြောက်အရပ်ပျံသန်း။

#WaiHin
Nov 13, 2:09 PM
📫သတင်းပို့ရန် @WaiHinScout_Bot
🔴ပုလဲ🔴

▪️အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပုလဲမြို့ကို လက်လွှတ်အဆုံးရှုံးမခံရဖို့အတွက် လေကြောင်း သာလွန်သုံးကာ ၃ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လျှက်ရှိနေ

နိုဝင်ဘာ၊၁၃၊၂၀၂၄ (ဗုဒ္ဓဟူး)
𝐏𝐃𝐂

အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပုလဲမြို့ကို လက်လွှတ်အဆုံးရှုံးမခံရဖို့အရေးအတွက် နိုဝင်ဘာလ (၁၁)ရက်နေ့ကစလို့ လေကြောင်းကနေ သာလွန်သုံးကာ ဗုံးကြဲတိုက်ခိုက်မှု ယနေ့အချိန်ထိ ပြုလုပ်ခုခံလျှက်ရှိနေကြောင်း သတင်းရရှိပါသည် ။

ယနေ့နံနက်ပိုင်းကစလို့ (၃)ရက်မြောက်နေ့မှာ တော်လှန်ရေးတပ်စိပ်များ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည့် ပုလဲမြို့ကို အကြမ်းဖက်စစ်ရှုံးကောင်စီမှ တံတားဦးတက် YAK-130 ဂျက်ဖိုက်တာဖြင့် 9:44am & 9:46am & 9:47am & 9:49am ခန့်တို့မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်သွားပြီး
မုံရွာနမခတက် Mi-35p တိုက်ခိုက်ယာဥ်ဖြင့်လည်း 10:44am ခန့်ကစလို့ 11:14am အထိ ပုလဲမြို့ပတ်ချာလည်ကို ထပ်မံပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရှိရပါသည် ။
လက်ရှိ နေ့ခင်းပိုင်းအချိန်အထိ တံတားဦးတက် ဂျက်ဖိုက်တာများ အဆက်မပြတ်တက်လာပြီး 11:47am & 11:52am & 11:54am & 11:55am ခန့်တို့မှာ ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိပါသည် ။

ယခုလက်ရှိအချိန်မှာ တံတားဦး/မိတ္ထီလာရှမ်းတဲ/မကွေး စသည့်လေတပ်များမှ Y-8 စစ်ခွေးထောက်ပို့ယာဥ် - Y-12 ဗုံးကြဲ/ထောက်ပို့ယာဥ် - F-7M ဂျက်ဖိုက်တာများ - MiG-29 ဂျက်ဖိုက်တာများ ပုလဲနယ်ထဲကို ဦးတည်ပျံသန်းလျှက်ရှိကြောင်း သတင်းရရှိပါတယ် ။

တော်လှန်ရေးတပ်စိပ်များအားလုံး လေကြောင်းရန် ထပ်မံဂရုစိုက်ပေးကြပါ ၊ ရဲဘော်များအားလုံး ဘေးရန်ကင်းရှင်းကြပြီး အောင်ပွဲရရှိကြပါစေခင်ဗျာ ။

𝐏𝐃𝐂 မြေပြင်သတင်း-ဝေဟင်သတင်းများ ကြည့်ရှုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်းပေးပို့ရန် ☞ t.me/htookhantzaw5 💬

မှတ်ချက်// သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။

🕛 13:27
【𝐏𝐃𝐂】 🚩
#မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
✰အမေ့သား✰
Forwarded from Hlaing Info
မြင်းခြံမြို့နယ်၊ ကူကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်များကို ဖောက်ထွင်းလုယက်နေကာ ကားများဖြင့် ပစ္စည်းများ ယူဆောင်

နိုဝင်ဘာလ ၁၃ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်များကို ဖောက်ထွင်းလုယက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် မိထ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်မှ စစ်လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက် ပစ်ခတ်သွားကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၂ ရက်နေ့ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးလာကြောင်း၊ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်များက  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားကြောင်း၊ ကူကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
တံတားဦး⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်ဘက်သို့ ပျံတက်။

#WaiHin
Nov 13, 3:08PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Hlaing Info
ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများပြားနေ၍   စစ်တပ်က လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကျဲနေကာ တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်ပေါင်းစုံ ဆက်တိုက်လာနေ

နိုဝင်ဘာလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်တပ်က အထိနာနေသဖြင့်   ယနေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်လေယာဉ်များဖြင့် အပြင်း အထန် ဗုံးကျဲနေပြီး တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က ပုလဲမြို့ကို Y-12 ၊ Y-8 ၊ Mi-35 ၊ YAK-130 JF ၊ K-8W JF ၊ MiG-29 JF နှင့် F-7M JF တိုက်ခိုက်ရေး လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ရမ်းသမ်း ဗုံးကျဲနေ၍ မြို့တွင်းရှိ ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် ကင်းထောက်လေယာဉ်များနှင့် ဒရုန်းများပါ ဆက်တိုက် ပျံဝဲနေကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
မြောင်⚠️

မြောင်နယ် တနေရာတွင် တံတားဦး လေတပ်တက် ၂စီးမြောက် ဂျက်ဖိုက်တာ  ၁ စီး ပျံဝဲနေ။

#WaiHin
Nov 13, 3:27 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြို⚠️

ရေစကြိုနယ် ဖြတ်၍ ဒုတိယဂျက်ဖိုက်တာ  တစ်စီး
အနောက် သို့ပျံသန်း။

#WaiHin
Nov 13, 3:28 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ချောင်းဦး⚠️

ချောင်းနယ်ဖြတ်၍ တံတားဦး လေတပ်တက် ၂စီးမြောက် ဂျက်ဖိုက်တာ  ၁ စီး အနောက်မြောက် ဘက်သို့ ပျံသန်း။

#WaiHin
Nov 13, 3:2ဖ8 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြောင်⚠️

မြောင်နယ်တစ်နေရာသို့ဂျက်ဖိုက်တာ တစ်စီးဝဲပျံနေ။

#WaiHin
Nov 13, 3:29PM
📫သတင်းပို့ရန် @WaiHinScout_Bot
စစ်ကိုင်း⚠️

စစ်ကိုင်းနယ် တနေရာတွင် ဂျက်ဖိုက်တာ ၁ စီး ပျံဝဲ‌နေ။

#WaiHin
Nov 13, 3:41 PM
📫သတင်းပို့ရန် @WaiHinScout_Bot
စစ်ကိုင်း⚠️

စစ်ကိုင်းဖြတ်၍ ဂျက်ဖိုက်တာ ၁ စီး တောင်ဘက်သို့ပျံသန်း။

#WaiHin
Nov 13, 3:44 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ဆားလင်းကြီး⚠️

ဆားလင်းကြီးနယ်ဖြတ်၍ ဂျက်ဖိုက်တာ  အနောက်ဘက်သို့ ပျံသန်း။

#WaiHin
Nov 13, 3:57 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြို ⚠️

ရေစကြို နယ်ဖြတ်  Y-12 စစ်ထောက်ပို့/ဗုံးကြဲ လေယာဉ် တစ်စီး အနောက် မြောက် သို့ ပျံသန်း ။

#WaiHin
Nov 13, 3:57 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပုလဲ⚠️

ပုလဲနယ် တနေရာတွင် နေပြည်တော် လေတပ်တက် ဂျက်ဖိုက်တာ ၁ စီး ပျံဝဲ‌နေ။

#WaiHin
Nov 13, 4:05 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ယင်းမာပင် ⚠️

ယင်းမာပင်နယ်ဖြတ်၍ Y-12စစ်ထောက်ပို့ဗုံးကျဲလေယာဉ်တစ်စီး အနောက်မြောက် ဘက်သို့ ပျံသန်း။

#WaiHin
Nov 13, 4:07 PM
📫သတင်းပို့ရန် @WaiHinScout_Bot
သတင်းကောင်း ပါဗျ

ချင်းပြည်နယ် ဖလမ်းမြို့ SoldOut

သပိတ်ကျင်း တွင်းငယ် SoldOut

ပုလဲမြို့  မကြာခင်  သတင်းကောင်းများ ကြားရပါတော့မည်။

https://t.me/m2nQSzdXozljZmM1
မင်းတပ်🔴🔥

11:45 AM , Nov 13
- ယခု မင်းတပ် ရဲစခန်းရှေ့ ခေါနူးရိပ်သာအောက်
  ချင်းမေတ္တာစားသောက်ဆိုင်နားရှိ အိမ်တန်းတွေ
  မီးလောင်နေတယ်လို့ကြားသိရပါတယ်။
  အရေအတွက်အသေးစိပ်အတိအကျမသိရသေးပါ။
  ခန့်မှန်းဝိုင်းပြထားတာပါ။


- 12:05 PM , Nov 13
- ယမန်နေ့ည ၆ နာရီခွဲခန့်တွင် မင်းတပ်မြို့
  အရှေ့ ပြင်ရပ်ကွက် တစ်ဝိုက် မီးလောင်နေမှု့ကို
  လှမ်းတွေ့ရသော်လည်းနေရာခန့်မှန်း၍မရနိုင်သေးပါ။
  မီးတောက်များကိုသာတွေ့ခဲ့ရပါတယ်။
- ယမန်နေ့ည 6:50 PM အချိန်မှစပြီး
  တစ်နာရီခန့်ကြာ မင်းတပ် မြို့ပေါ်နေရာများကို
  စခ များမှ Y-12 ဗုံးကြဲလေယာဥ်ဖြင့် ပတ်ပျံပြီး
  ၈၀ မမ ဗုံးသီး ၅ လုံးတစ်တွဲဖြင့် အလုံး ၆၀ ကျော်
  ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
- ယမန်နေ့ည 8:11 PM အချိန်တွင်
  တံတားဦးလေတပ်တက် ဂျက်ဖိုက်တာမှလည်း
  မြို့ပေါ်နေရာများကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချပြီး
  လေကြောင်းတိုက်ခိုက်သွားပါတယ်။
- စခ များဟာ မင်းတပ်မြို့ပေါ်တွင် ပိတ်မိနေသော
  သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နာတာရှည်
  ရောဂါသည်များ၊ ရဟန်းသံဃာတော်များကိုပါ
  မရှောင်ဘဲ လေကြောင်းတိုက်ခိုက်ခြင်းများ
  ပြုလုပ်နေပါတယ်။
- ယနေ့မနက် မြိ​ု့တွင်း ပိတ်မိနေသူတစ်ချို့
  ထွက်လာလို့ ရပြီလို့ကြားသိရပါတယ်။
- ယမန်နေ့ည ၁၂ နာရီခန့်တွင် Y-12 လေယာဥ်မှာ
  ရိက္ခာထုပ်များချရင်း ကင်းထောက်ခြင်းများ
  ပြုလုပ်သွားသောကြောင့် အထူးဂရုစိုက်ကြပါ
  အမျိုးများ

- ရဲစခန်းနားတစ်ဝိုက်ရှိ ပြည်သူ့နေအိမ်များကို
  စစ်ခ ဇော်လင်းအဖွဲ့ဦးဆောင်သော စခ များနှင့်
  ရဲခ ထွန်းမင်းနိုင် ဦးဆောင်သော ရဲခ အဖွဲ့များက
  မီးလိုက်ရှို့နေကြတာလို့သိရပါတယ်။
- စခ ဇော်လင်းမှာ ကာနယ်ကြီး၏ လူယုံလို့
  ကြားသိရပြီး ရဲစခန်းကို ဦးစီးရန်ပို့ဆောင်
  ထားတာလို့ကြားသိရပါတယ်။
- ဗဟို ဘုန်းကြီးကျောင်းကုန်းပေါ်တွင်လည်း
  စခ များ ထပ်တိုးပြီး နေရာယူထားကြတယ်လို့
  ကနဦးကြားသိရ။
- ဘေးကင်းအောင်မြင်ကြပါစေ အမျိုးများ 🙏🙏🙏


- 3:23 PM , Nov 13
- ယခုလက်ရှိ မင်းတပ် ရဲစခန်းအရှေ့
  ခေါနူးရိပ်သာအောက် မိန်းကားလမ်းမဘေးရှိ
  စခ၊ ရခ များ၏ မီးရှို့မှုကြောင့်မီးလောင်နေသော
  ပြည်သူ့ အိမ်တန်းများ....

  အိမ်ပိုင်ရှင်များနှင့်အတူ ထပ်တူထပ်မျှ
  နှမျောဝမ်းနည်းရပါတယ်။

- ယနေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်မှစပြီး
  တစ်နာရီခန့်အကြာ မင်းတပ်မြို့ပေါ် Y-12
  လေယာဥ်ပျံဝဲပြီး ၂၇၄ တပ်ရင်းထဲသို့ လေထီးဖြင့်
  စားနပ်ရိက္ခာ၊ ခဲယမ်းများပစ်ချခဲ့ပါတယ်ဗျ။
  ထို Y-12 မှာ ကင်းပါထောက်သွားသောကြောင့်
  လေကြောင်း အထူးဂရုစိုက်ကြပါအမျိုးများ

- ဘေးကင်းအောင်မြင်ကြပါစေ အမျိုးများ

#Hkl
#MRSN
Nov 13 ,  4:19 PM
https://t.me/m2nQSzdXozljZmM1
ပုလဲ⚠️

ပုလဲမြို့ နယ်တနေရာပေါ်တွင်  နမခ တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁စီး ထပ်မံပျံဝဲနေဆဲ။

#WaiHin
Nov 13, 4:48 PM
📫သတင်းပို့ရန် @WaiHinScout_Bot