ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ကျောက်ထုနယ်တနေရာမှာ လေကြောင်းတို-က်ခို-က် ခံရ

8.10.2025 ၊ကျောက်ထု

ယနေ့အောက်တိုဘာလ ၈ ရက်နေ့ည ၆ နာရီ ၅၆ မိနစ်ခန့်မှာ မကွေးတိုင်း၊ယောဒေသ၊ ဆောမြို့နယ်၊ကျောက်ထုဒေသ တနေရာကို နေပြည်တော်လေဆိပ်ကပျံသန်းလာတဲ့ MIG 29 ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတို-က် ခိုက်မှု Air Strike (AS) ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

နောက်ဆက်တွဲသတင်းကိုဆက်လကိအတည်ပြုနေဆဲ ဖြစ်ပါတယ်။


စစ်ကော်မရှင်က မြစ်သာဆည်ပေါ်ကို လေထီးများဖြင့် ရိက္ခာချပေး

8.10.2025 ၊မြစ်သာ

မိတ္ထီလာလေတပ်က ပျံတက်လာခဲ့တဲ့ Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် ​မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်ပေါ်ရှိ စစ်ကော်မရှင်ကာကင်းစခန်း အတွက် ရိက္ခာ၊လ-က်-န-က်=ခဲ-ယ-မ်း ထုပ်များကို လေထီးများနဲ့ ယနေ့ညနေ ၅ နာရီခန့်က ချထားပေးခဲ့ကြောင်းသိရပါတယ်။

စစ်ထောက်ပို့လေယာဥ် Y 8 ဖြင့် ၅ ကြိမ်ထက်မနည်းပျံဝဲကာ အထုပ်များကိုလေထီးများဖြင့်ချပေးတာဖြစ်ပြီး အရေအတွက်ကို အတည်ပြုလို့စီစစ်နေဆဲ ဖြစ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Oct 8 , 7:30PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
Pakokku District News:
🔴 မြိုင်/ပေါက် 🔴

မြိုင်နယ်နှင့် ပေါက်နယ်အစပ် နေရာသို့ ပခုက္ကူ တပ်မ ၁၀၁မှတက်သော စက်တပ်လေထီး (Paramotor) ၂စီးဖြင့် (9:26), (9:28)AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်းသိရပါသည်။


#WaiHin #AS
Oct 8, 7:53PM
📫သတင်းပို့ရန် @WaiHinScout_Bot

🟠 မြိုင် 🟠

မြိုင်နယ် တနေရာသို့ မိတ္ထီလာလေတပ်တက် ATR 42 စစ်ထောက်ပို့​လေယာဉ် ၁စီး ဖြင့် (1:10)PM ခန့်အချိန်မှ စတင်ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားကြောင်း သိရပါသည်။

#WaiHin #AS
Oct 8, 7:56PM
📫သတင်းပို့ရန်
@WaiHinScout_Bot


သတင်းများ အား မတင်ပြနိုင်ခြင်းမှာ 3 Star A-1 အကောက်ပြတ်နေခြင်းကြောင့်ဖြစ်သည်။

🙏🙏🙏
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
8.10.2025

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်တောင်ပိုင်း
တွင်းမရွာပျူစခန်းကနေ ပြန်ထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ မနက် ( 9:00 ) ကျော်လောက်မှာ
ကမ္မမြို့ပေါ်ကို ရောက်ရှိသွားပြီး
ယနေ့ည ကမ္မမြို့ပေါ်မှာပဲ ရှိနေကာ
ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့
သိရပါတယ်။

ယနေ့မနက် (9:30) ဝန်းကျင်မှာ
မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရွာနဲ့
မှန်ရင်းရွာအကြား ရေနံမှော်ဒေသကို
ပခုက္ကူ တပ်မ 101 မှ စက်တပ်လေထီးနှစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ
အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက် ( 10:15 ) ဝန်းကျင်မှာလည်း
မုံရွာနမခမှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်
လက်ပံတိုရေနံမှော် နဲ့ သပြေညိုရေနံမှော်​ဒေသအား
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်
ရေနံမြေအလုပ်သမား အမျိုးသားနှစ်ဦးနဲ့
အမျိုးသမီးတစ်ဦး Thay ဆုံးခဲ့ပြီး
ကလေးငယ်တစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့
သိရပါတယ်။
Thay ဆုံးသွားတဲ့ အမျိုးသားတစ်ဦးနဲ့
အမျိုးသမီးတစ်ဦး ထိခိုက်သွားတဲ့ကလေးငယ်တို့မှာ တစ်မိသားစုတည်းဖြစ်ပြီး မိဘနှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့ရကာ ကလေးငယ်လေးကလည်း ဒ-ဏ်-ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

We Love Myaing .
#MRSN
Oct 8 , 11:57PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
This media is not supported in your browser
VIEW IN TELEGRAM
လေကြောင်းရှုထောင့်အမြင်

ဘာသာရေးပွဲတော်မို့ မလုပ်ဘူးထင်ရဲ့
(ဘုရားကျောင်းကန် အကုန်ကြဲဖူးပါလျှက်)

တိုက်ပွဲမရှိတဲ့နေရာမို့ မလုပ်ဘူးထင်ရဲ့
(နေရာပေါင်းစုံအကုန်ကြဲဖူးပါလျှက်)

ကလေးသူငယ်တွေပါလို့ မလုပ်ဘူးထင်ရဲ့
(သေဆုံးတာတွေ အားလုံးမြင်ဖူးပါလျှက်)

သက်ကြီးရွယ်အိုတွေပါလို့ မလုပ်ဘူးထင်ရဲ့
(ဘိုးဘွားရိပ်သာတောင် ကျဲဖူးပါလျှက်)

စစ်ရှောင်စခန်းမို့ မလုပ်ဘူးထင်ရဲ့
(အကြိမ်ကြိမ် ကျဲဖူးတာသိကြပါလျှက်)

ဆေးရုံဆေးခန်းမို့ မလုပ်ဘူးထင်ရဲ့
(သာဓကတွေလည်းသိကြပါလျှက်)

စာသင်ကျောင်းမို့ မလုပ်ဘူးထင်ရဲ့
(လက်ယက်ကုန်းကစလို့ အကုန်သိကြပါလျှက်)

ဟုတ်ကဲ့....ရက်စက်ကြမ်းကြုတ်လို့ လူထောင်ပေါင်းများစွာကို သတ်ခဲ့တာ ငါးနှစ်ပြည့်တော့မယ်၊ လူစုလူဝေးလုပ်ဖို့စီစဥ်သူရော၊ ပါဝင်ဆင်နွှဲကြသူတွေရောက၊ မီးရောင်တွေ တလက် လက်နဲ့ location ကို ဖိတ်ခေါ်ခဲ့တာ၊ ဒလန်ဆိုတာဂျိုမပါဘူးဆိုတာ လစ်လျူရှူခဲ့တာ၊ ဒီလူတွေဟာ တော်လှန်ရေးက အခုမှအစမို့ ဘာမှမသိသေးတာလား။

ဘာကြောင့်လူစုလူဝေးလုပ်ခဲ့ရတာလည်း။

ဘာကြောင့်လူစုလူဝေးလုပ်ချင်သလည်း။

ဘာကြောင့်တားတဲ့သူတွေမရှိခဲ့ရတာလည်း။

?????????

ပြည်သူရဲဘော်အများ ကိုယ့်အသက်ကို ကိုယ့်ဥာဏ်နဲ့ စောင့်နိုင်ထိန်းနိုင်ကြပါစေ။

#WES
လေကြောင်းသတင်းချန်နယ်
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
8.10.2025

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်တောင်ပိုင်း
တွင်းမရွာပျူစခန်းကနေ ပြန်ထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ မနက် ( 9:00 ) ကျော်လောက်မှာ
ကမ္မမြို့ပေါ်ကို ရောက်ရှိသွားပြီး
ယနေ့ည ကမ္မမြို့ပေါ်မှာပဲ ရှိနေကာ
ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့
သိရပါတယ်။

ယနေ့မနက် (9:30) ဝန်းကျင်မှာ
မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရွာနဲ့
မှန်ရင်းရွာအကြား ရေနံမှော်ဒေသကို
ပခုက္ကူ တပ်မ 101 မှ စက်တပ်လေထီးနှစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ
အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက် ( 10:15 ) ဝန်းကျင်မှာလည်း
မုံရွာနမခမှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်
လက်ပံတိုရေနံမှော် နဲ့ သပြေညိုရေနံမှော်​ဒေသအား
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်
ရေနံမြေအလုပ်သမား အမျိုးသားနှစ်ဦးနဲ့
အမျိုးသမီးတစ်ဦး Thay ဆုံးခဲ့ပြီး
ကလေးငယ်တစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့
သိရပါတယ်။
Thay ဆုံးသွားတဲ့ အမျိုးသားတစ်ဦးနဲ့
အမျိုးသမီးတစ်ဦး ထိခိုက်သွားတဲ့ကလေးငယ်တို့မှာ တစ်မိသားစုတည်းဖြစ်ပြီး မိဘနှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့ရကာ ကလေးငယ်လေးကလည်း ဒ-ဏ်-ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

We Love Myaing .
9.10.2025

8:50 AM
ပခုက္ကူတပ်မ 101 ကနေ စက်တပ်လေထီး
ပျံတက်လာတယ်လို့ သိရပါတယ်
ဘယ်ကိုဦးတည်မလဲမသိရသေးပါ
ပေါက် ၊ မြိုင် ၊ ကမ္မ မိဘပြည်သူများ
လေကြောင်းသတိရှိကြပါ။

မနေ့ကမနက်က တွင်းမကနေပြန်ထွက်ပြီး
မနေ့ညက ကမ္မမှာညအိပ်တဲ့ စစ်ကြောင်းဟာ
ယနေ့မနက် ကမ္မကနေ အရှေ့ဘက်ကိုထွက်ခွာပြီး
ပြည့်အိုင်ရွာကိုရောက်နေပြီလို့ သိရပါတယ်။


#BreakingNews
9.10.2025

9:14 AM
ပခုက္ကူတပ်မ 101 မှ ပျံတက်လာလာတဲ့ စက်တပ်လေထီးနှစ်စီး
မြိုင်နယ်တောင်ခြမ်းကနေ အနောက်မြောက်အရပ်ကို ဦးတည်ပျံသန်းနေပါတယ်။

ရေနံမှော်ဒေသပြည်သူများ လေကြောင်း
သတိရှိပါရန်။


#BreakingNews
9.10.2025

ပခုက္ကူတပ်မ 101 မှ စက်တပ်လေထီးနှစ်စီး
မနက် ( 9:30 ) ခန့်မှာ မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ထဲကို ရိက္ခာထုပ်နှစ်ထုပ် ချပေးပြီး
အရှေ့တောင်ဘက်ဆီပြန်သွားပြီလို့ သိရပါတယ်။


#BreakingNews
9.10.2025
11:30 AM
ပခုက္ကူတပ်မ 101 မှ ဒုတိယအကြိမ်တက်လာတဲ့ စက်တပ်လေထီးနှစ်စီး
မြိုင်​နယ် တောင်ခြမ်းကနေ
အနောက်မြောက်ဘက်ကို
ဦးတည်ပျံသန်းနေပါတယ်။


9.10.2025
ယနေ့နေ့လည် (11:00) ကျော်လောက်က
ပခုက္ကူတပ်မ 101 ကနေ ဒုတိယအကြိမ်
တက်လာတဲ့ စက်တပ်လေထီးနှစ်စီးဟာ
(11:45 ) ဝန်းကျင်မှာ မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ထဲကို ရိက္ခာထုပ်နှစ်ထုပ်ချပြီး
(12:00) ခန့်မှာ အရှေ့တောင်ဘက်ကို
ပြန်သွားပြီလို့သိရပါတယ်။

We Love Myaing .
#MRSN
Oct 9 , 2:58PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
မင်းတပ်

7:27 PM , Oct 8 🚨🚨🚨
ယခု ည ၇ နာရီ အချိန်ခန့်တွင်
မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာ ၂ ရွာကို
တံတားဦးလေတပ်တက်ဖိုက်တာ ၂ စီးဖြင့်
အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်သွားပါတယ်။
တစ်ချိန်ထဲ နေပြည်တော် အေလာလေတပ်တက်
ဖိုက်တာ ၁ စီးမှလည်း ကျောက်ထုနယ်တနေရာကို
တိုက်ခိုက်သွားပါတယ်။
ဘေးကင်းကြပါစေ အမျိုးများ


12:35 PM , Oct 9
ယမန်နေ့ ည ၇ နာရီ အချိန်ခန့်တွင်
တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စီးမှ
မင်းတပ်မြို့နယ် ထဲရှိ ကျေးရွာ ၂ ရွာ ၏
စာသင်ကျောင်းများကိုအကြောင်းမဲ့ ဗုံးကြဲချပြီး
လေကြောင်းတိုက်ခိုက်သွားပါတယ်။
ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး
သေဆုံးပြီး ဆယ်ဂဏန်းကျော် ထိခိုက်ဒဏ်ရာ
ရရှိတယ်လို့ကြားသိရပါတယ်။
ကျောင်းဝန်းအတွင်းရှိ အဆောက်အဦးများ
ပျက်ဆီးမှု များတယ်လို့ကြားသိရပါတယ်။
အစစအရာရာဂရုစိုက်ကြပါ အမျိုးများ

Hkl
#MRSN
Oct 9  , 3:09PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

ကမ္မမြို့ထဲမှထွက်လာသော စခများမှာ ပခုက္ကူမြို့နယ် ကန်တော်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#three3starmyaing
6:30pm(Oct-9)
📫သတင်းပေးပို့ရန်
@myaing3starbot
Forwarded from WES Inform
⚠️မြေပြင်

ရေစကြို မကွေးတိုင်း

ရေစကြိုနယ်အနောက်မြေက်ခြမ်းနှင့် မြိုင်နယ် အရှေ့မြောက်ခြမ်းပေါ် စကစ Drone (1)စီး ပတ်ပျံနေ။

#WES
8:02pm,Oct9
#ဂန့်ဂေါသတင်း

9.10.2025

ဂန့်ဂေါခလရ ၅၀ တပ်က တပ်သားများဟာ ယနေ့ညနေကစလို့ စိုင်ဒူးမြစ်သာမြစ်ကူးတံတားထိပ်ရှိ ရွာစည်ဘုရားကုန်းမှာ ကင်းချနေရာယူမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။

မြို့တွင်းမှာလည်း ခလရ ၅ဝ ကတပ်သားတွေ ယနေ့ညမှာခြေရှုပ်နေကြကြောင်းနဲ့ ကင်းပတ်တာထက် ပိုတဲ့အခြေအနေဖြစ်နေကြောင်း သတင်းရင်းမြစ်ကပြောပါတယ်။

မိဘပြည်သူများနဲ့ ဂန့်ဂေါမြို့နားနီးကျေးရွာများက ပြည်သူများကြိုတင်သတိနဲ့ နေထိုင်ပေးကြရန်လိုအပ်ပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
#MRSN
Oct 9, 9:26PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
9.10.2025

ယနေ့မနက် ( 9:30 ) ဝန်းကျင်က
မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2) ထဲကို
ပခုက္ကူ တပ်မ 101 မှ စက်တပ်လေထီးနှစ်စီးဖြင့်
ရိက္ခာထုပ်နှစ်ထုပ်ချပေးခဲ့ပြီး
(11:45) ဝန်းကျင်မှာလည်း တပ်မ 101 မှ
ဒုတိယအကြိမ်တက်လာတဲ့ စက်တပ်လေထီး
နှစ်စီးဖြင့် ရိက္ခာထုပ်နှစ်ထုပ်
စုစုပေါင်း ရိက္ခာထုပ် လေးထုပ်ချပေးခဲ့တယ်လို့
သိရပါတယ်။

မနေ့ကမနက်က တွင်းမရွာပျူစခန်းကနေ
ပြန်ထွက်ပြီး မနေ့ညက ကမ္မမြို့မှာ ညအိပ်တဲ့
စစ်ကောင်စီးကားတန်းနဲ့ ရိက္ခာစစ်ကြောင်းဟာ
ယနေ့မနက်ပိုင်းက
ကမ္မကနေ စတင်ထွက်ခွာသွားပြီး နေ့လည်ပိုင်းမှာ ညောင်ဂျစ်ပင်ရွာ ပျူစခန်းကနေတစ်ဆင့်
ညနေပိုင်းမှာ ကန်တော်ရွာစခစခန်းကို
ရောက်သွားပြီလို့ သိရပါတယ်။

မိဘပြည်သူများ လေကြောင်းရန်
အထူးဂရုစိုက်ကြပါခင်ဗျာ။

We Love Myaing .
#MRSN
Oct 9, 11:18PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
10.10.2025
08:30 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ မှစုပေါင်းစပ်ပေါင်း စခအင်အား (၁၂၀)ခန့်ဟာ ယောမြို့ကျေးရွာထဲရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။စခတွေဟာ ကျောပိုးအိတ်၊ခြင်းကြားတွေလဲပါ၀င်တယ်လို့သိရပါတယ်။ အမတ ၃၆၈ ထဲမှ စခ (၇)ကောင် မနေ့ကထွက်ပြေးသွားတယ်လို့သိရပီး စစ်ကြောင်းဟာထွက်ပြေးတဲ့ စခတွေလိုက်ရှာဖို့ဖြစ်မယ်လို့ယူဆရပါတယ်။ မနေ့ည (၀၇:၀၀)နာရီကျော်ခန့်မှာလဲ စခတစ်ချို့ ယောမြို့ကျေးရွာထဲ၀င်လာပီး သေနတ် (၂)ချက်ဖောက်ကာ အော်ဟစ်ဆဲဆ်ုကြိမ်းမောင်းတာတွေပြုလုပ်တယ်လို့သိရပါတယ်ဗျ။ယောမြို့ကျေးရွာအပါအ၀င် အနီးအနားကျေးရွာ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိာက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------ Aung Gyi ------------------------------

ယောအလင်းတန်း
#MRSN
Oct 10, 9:45AM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️
ပခုက္ကူ တပ်မ၁၀၁မှ ထွက်လာသော စခ ကား၅စီး အင်းအားအပြည့်ပါ ကား၅စီး ဧရာဝတီတံတား (ပခုက္ကူ)ပေါ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ

#three3starmyaing
9:55AM (Oct-10)
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူ၁၀၁မှထွက်လာသော ​စခကား၂စီး စခအင်အားအပြည့် ပခုက္ကူမြို့နယ် အင်ပင် စခဂိတ်သို့ရောက်ရှိနေကြောင်း သတင်း ရရှိပါသည်။

#three3starmyaing
4:30PM(Oct-10)
📬သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူ တပ်မ၁၀၁မှ ထွက်လာသော စကစ စစ်သားများသည် ပခုက္ကူမြို့နယ် ကံလှအုပ်စု မကျည်းကန်ရွာ စာသင်ကျောင်းထောင့်တွင် စကစကင်းပုန်း အင်အားအများအပြားရှိအောင်နေကြောင်းသတင်းရရှိပါသည်။

#three3starmyaing
6:00PM (Oct-10)
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အင်ပင်ပျူရွာသို့ ရောက်ရှိနေသော စစ်ခွေးကား(2) စီးသည်၊ပခုက္ကူတပ်မ (၁၀၁)ခွေးခြံထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။

#PKU News
Oct 10, 6:50PM

#MRSN
Oct 10,  7:53 PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
10.10.2025
08:30 pm
ကျောက်ထုသတင်း

ယောမြို့ကျေးရွာသို့ ဖောကား (၃)စီးနဲ့ ရှေ့ဆင့်၊နောက်ဆင့်ရောက်လာကြတဲ့စခအင်အား (၁၂၀)ခန့်ဟာ ယနေ့ညနေပိုင်းထိယောမြို့ကျေးရွာထဲမှာ ချက်ပြုစားသောက်ကာနေထိုင်ကြတယ်လို့သိရပါတယ်။ ညနေ (၀၅:၀၀) နာရီကျော်ခန့်မှာ စခအင်အား (၇၀)ခန့်ဟာ ယောမြို့ကြိုးတံတားဖြတ်ကာ အမတ ၃၆၈ ဘက်သို့ပြန်ဆုတ်သွားတယ်လို့သိရပါတယ်ခင်ဗျာ။ ရွာမှာ စခအင်အား (၅၀)ကျော်ခန့်ကျန်ရှိနိုင်တယ်လို့ဆိုပေမယ့် ဖုန်းလိုင်းများဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရေးအခက်အခဲကြောင့် အတည်မပြုနိုင်သေးပါဘူး။ စခတွေဟာ ကျေးရွာသို့ရောက်ရှိစဉ် ထွက်ပြေးသွားတဲ့ စခ (၂)ကောင်အကြောင်းတွေကို ရွာသွားတွေထံမေးမြန်းတာတွေ ရှိတယ်လို့
သိရပါတယ်။ မနေ့ကထွက်ပြေးတာ (၇)ကောင်လို့သိရပေမယ့် ကျန်ရှိ
စခ(၅)ကောင်ကတော့ ကျောက်ထုတပ်ထဲပြန်၀င်သွားတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရသိရပါတယ်။ လက်ရှိမှာ အတည်မပြုနိုင်ပေမယ့် စခ‌အင်အား (၅၀)ကျော်ခန့်ဟာ ယောမြို့ကျေးရွာမှာ ရှိနိုင်တာကြောင့် အနီးအနားကျေးရွာနေမိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှငကြပါစေ။

--------------------------- Aung Gyi ---------------------------

ယောအလင်းတန်း
#MRSN
Oct 10,  9:10PM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
8:25 PM , Oct 10
ယခုည ၈ နာရီ အချိန် ခန့် တွင်
မတူပီမြို့ပေါ် တနေရာကို နေပြည်တော်
အေလာလေတပ်တပ် ဂျက်ဖိုက်တာတစ်စီးမှ
အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့
ကြားသိ ရပါတယ်။
ဘေးကင်းကြပါစေ အမျိုးများ

Hkl
#MRSN
Oct 11 ,  9:30AM
#three3starmyaing
📬 သတင်းပေးပို့ရန်
@myaing3starbot
#BreakingNews
11.10.2025

ယနေ့မနက် ( 9:55 ) (9:58 ) ဝန်းကျင်မှာ
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ရေနံမှော်ဒေသကို ပခုက္ကူတပ်မ 101 မှ စက်တပ်လေထီးနှစ်စီးနဲ့
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့
ကနဦးသတင်းသိရပါတယ်။

အခြေအနေ အသေးစိတ် မသိရသေးပါ။

We Love Myaing .
#three3starmyaing