ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ဇီးတောပျူရွာမှ ထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ရေစကြိုမြို့နယ် နီပဆေးတောရွာ အရှေ့ဘက်သို့ရောက်ရှိ နေကြောင်း သိရပါသည်။

#threestarmyaing
Sep -12 , 6:31PM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ဇီးတောပျူရွာမှ ထွက်လာသော စစ်ခွေး စစ်ကြောင်း မှာ ရေစကြိုမြို့နယ် နီပဆေးတောရွာ ဘုန်းကြီးကျောင်း အတွင်း သို့ဝင်ရောက်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-12 , 7:50PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့တပ်မ ၁၀၁ မှ UAV Scout Drone ၃ စီး အနောက်မြောက်အရပ်သို့ပျံတပ်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-12 , 8:21PM
📬 သတင်းပေးပို့ရန် @myaing3starbot
🔸 ပေါက်မြို့နယ်🔸

၁၂/၀၉/၂၀၂၅ရက်၁၂၀၉၃၅အချိန်မှစ၍ မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ ကပစ (၂၄)အ​ရှေ့ဘက်ရှိ ပျူရွာများမှတစ်ရွာလျှင် (၃)ယောက်နှုန်းဆင့်ခေါ်ကာ ကပစမှစခများပူးပေါင်းပြီး ကပစမြောက်ဘက်ရှိ အင်ဘက်ခုံလမ်းအားရှင်းလင်းရေးလုပ်နေကြောင်းသိရပြီး၊ ကပစ-၂၄အနောက်မြောက်ဘက်နားရှိဒေသအခေါ် ကာတောင်ဘုရားကုန်းတွင်လည်း ဘန်ကာများတည်ဆောက်နေကြောင်းသိရပြီး။

ပေါက်တောင်ပိုင်းပျူရွာများသို့ ရိက္ခာများပို့ဆောင်ရန်အတွက် သရက်တောပျူရွာတွင် စခ၊ရခ၊ပခ များစုဖွဲ့မှုပြုလုပ်နေကြောင်းသိရပါသည်။(စစဆဲ)

#သပုံ
#ရောင်နီဌာနေ

Sep-12/9/2025/5:58PM

ရောင်နီဌာနေလေကြောင်း/မြေပြင်  သတင်းပြန်ကြားရေးချန်နယ်လင့် https://t.me/+BqlMgAzJzEMyMDc1
#ဂန့်ဂေါသတင်း

12.9.2025
9:10Pm

ယနေ့ည ၈နာရီအချိန်ဝန်းကျင်က ဂန့်ဂေါတောင်ပိုင်း ရှောက်ပင်(အောင်မြင်)ရွာအထိုင်စခန်းကို  ခလရ(၅၀)တပ်မှ စခကား၄စီးဖြင့် အင်အားဖြည့်တင်ထားကြောင်းသတင်းရရှိပါတယ်။စခကား၄စီးနဲ့အတူ ခန့်မှန်းအင်အား ၈၀လောက်ပါဝင်လာကြတယ်လို့စုံစမ်းသိရှိရသည်။

ခုရက်ပိုင်းအတွင်း ရှောက်ပင်(အောင်မြင်)ရွာအထိုင်စခန်းကနေ စခ တချို့ထွက်ပြေးမှုများရှိနေကြောင်းသိရပြီး ထွက်ပြေးသွားကြသူများကို စခများက စစ်ကြောင်းထိုးပြီးလိုက်လံရှာဖွေမည်ဟုလည်းသတင်းများထွက်နေပါတယ်။ထို့ကြောင့် ရှောင်ပင်(အောင်မြင်)ရွာအနီးတဝိုက်နေကျေးရွာများ စစ်ကြောင်းအန္တရာယ်အထူးသတိထားကြရန် သတိပေးအပ်ပါသည်။

ယမန်ရက်များက မြို့ပေါ်တွင် စခအကြီးအကဲများနဲ့ဌာနဆိုင်ရာလူကြီးများ အစည်းအဝေးတစ်ခုပြုလုပ်ထားတာရှိပြီး လွန်ခဲ့သောရက်ပိုင်းများကစ မြို့အဝင်အထွက်ဂိတ်များမှာ စစ်ဆေးမေးမြန်းမှုများလည်း တင်းကြပ်ဆောင်ရွက်နေသည်ဟုလည်းစုံစမ်းသိရှိရပါတယ်။


#နွေဦးရောင်နီ


ယောအလင်းတန်း
#threestarmyaing
Sep -12 , 9:21PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် တစ်နေရာတွင် ပခုက္ကူမြို့တပ်မ ၁၀၁ တပ် UAV Scout Drone ပျံဝဲနေကြောင်းသိရပါသည်။

#threestarmyaing
Sep-12 , 9:36PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် ချောက်ကန်ရွာ သို့စစ်ခွေးအင်အားပါ စစ်ခွေးကား ၄ စီး ရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-12 , 9:54PM
📬 သတင်းပေးပို့ရန် @myaing3starbot
Channel name was changed to «ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku»
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အနောက်ချောက်ကန်ရွာ ဖြတ် ၍ စစ်ခွေးကား၄ စီး အနောက်မြောက်အရပ်သို့ထွက်ခွာ သွားကြောင်း သိရပါသည်။

#threestarmyaing
Sep-12 10:16PM
📬 သတင်းပေးပို့ရန် @myaing3starbot
🔸ပခုက္ကူမြို့နယ်🔸

မကျီးကန်ပျူရွာ  ရှင်မကန်ပျူရွာမှ
စခ. ပခမျာမှ  လက်နက်ကြီး  လက်နက်ငယ်များဖြင့်  ရမ်းသမ်းပြစ်ခတ်နေဟုသိရပါသည်။

#ရောင်နီဌာနေ

Sep-12 10:45PM

ရောင်နီဌာနေ လေကြောင်း/မြေပြင် သတင်းပြန်ကြားရေး
https://t.me/+BqlMgAzJzEMyMDc1
သတင်း

အိန္ဒိယမိုးလေဝသဌာန(IMD)ထုတ်ပြန်ချက်အရ -
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းခြေအနီးမှာ လေဖိအားးနည်းရပ်ဝန်း ၁ ခု ဖြစ်ပေါ်နေပြီး နောက်လာမည့် ၂ ရက်အတွင်း အနောက်-အနောက်မြောက်ဘက်၊ အိန္ဒိယနိုင်ငံကုန်းတွင်းသို့ ဩရိဿပြည်နယ်တောင်ပိုင်း၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းနှင့် ချာတစ်စ်ဂါးပြည်နယ်တောင်ပိုင်းတို့အားဖြတ်ကျော်ဝင်ရောက်သွားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလ ၁၃ ရက် မှ ၂၀ ရက်အထိ ၇ ရက်အတွင်းမှာ -

🔸မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း မန္တလေးမြို့အထက်ပိုင်း)၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ - ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မခန့် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး၊

🔸စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၇ လက်မ မှ ၁၀ လက်မအထိ မိုးရွာသွန်းရရှိနိုင်(မိုးများနိုင်)ပါတယ်။

🔸မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းနှင်ထိစပ်နေတဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာတော့ ၇ ရက်အတွင်းမှာ မိုးရေချိန် ၁ လက်မခန့်သာ ရွာသွန်းရရှိနိုင်(မိုးနည်းနေနိုင်)ပါတယ်။

(စက်တင်ဘာလ ၁၂ ရက် - ည ၇ နာရီ ၃၀ မိနစ်)

ဂရုစိုက်ကြပါ။ 🙏🌄

MM Weather
#MRSN
Sep 13 , 7:11AM
#threestarmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

မြင်းခြံမြို့နယ် ဆိတ်ညံရေတင်ရုံးဥို့ကျောက်ချရပ်နားခဲ့သော စစ်ခွေး သင်္ဘော ရှေ့ပွိုင့်မှာ ပခုက္ကူမြို့နယ် ရွှေတန်းတစ်ရွာ နား ဖြတ်၍ စုန်ဆင်းနေကြောင်း သိရပါသည်။

#threestarmyaing
Sep-13 , 7:13AM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် နီပဆေးတောရွာ သို့ယမန်နေက ညအိပ်တပ်စွဲးခဲ့သောစစ်ခွေး စစ်ကြောင်းမှာ ရေစကြိုမြို့နယ် နီပဆေးတောရွာ အတွင်းမှ ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေကြကြောင်း သိရပါသည်။

#threestarmyaing
Sep-13 , 9:59AM
📬 သတင်းပေးပို့ရန် @myaing3starbot
Forwarded from WES Inform
⚠️မြေပြင်

မှော်ဘီ၊ ရန်ကုန်တိုင်း

မှော်ဘီ အမှတ်လေးလမ်းထိပ် စစ်ဂိတ် ဖြတ်၍ ပြည်လမ်းအတိုင်း၊ မီးဖွင့်လုံခြုံရေးပါ စခ ကားသေးတန်း (10) စီးခန့်၊ ယင်းနောက်မှ မိုးကာအုပ် Sino Truck ကားကြီး အစီး (15)ခန့်၊ တစီး လျင် စခများ မိသားစုများ အရပ်ဝတ် စခ များ (20) ခန့်အပါ ရန်ကုန်ဘက်ဦးတည်မောင်းသွားကြောင်းသတင်းရရှိ။

#WES 12:35pm,Sep13
မြိုင်မြို့နယ်

ယမန်နေ့နံက်အစောပိုင်း(2:00AM)အချိန်ခန့်က ရေစကြို ဖူလုံ ခလရ ၂၅၆/၇/၈ ခွေးခြံများမှ စုပေါင်းထွက်လာပြီး  နီပဆေးတောရွာတွင် ညအိပ်လေးဘက်ထောက်ခဲ့သော အကြမ်းဖက်စစ်ခွေ အင်အား (၇၀)ခန့်သည် မြိုင်မြို့နယ် ပူတွင်းရွာမြောက်ဘက်လမ်းအတိုင်း အနောက်အရပ် လင်းကတောရဲခွေးခြံဆီသို့ ဦးတည်ထွက်လာနေပြီး ပူတွင်းလမ်းစုံမှာလည်း နောက်ခြံ စစ်ခွေး/ပျူခွေးများရှိနေသေးကြောင်းသတင်းရရှိထားပါသည်။

#threestarmyaing

Sep-13/2:00PM


https://t.me/https3starmyaing
""အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိတ်တလန့်ဖြစ်နေ""

အမေရိကန်စစ်လေယာဉ်နှစ်စင်းသည် မြန်မာလေပိုင်နက်ကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်များ အထိန့်တလန့်ဖြစ်နေကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့( စက်တင်ဘာ ၁၂ ရက်) မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်တွင် US Air Force ၏ Lockheed Martin C -130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ ဘုရားသုံးဆူကိုဖြတ်သန်ပြီး ပဲခူးရိုးမအရောက်၌ ပျောက်ကွယ်သွားသဖြင့် စစ်ကော်မရှင်စစ်ခေါင်းဆောင်နှင့် အဆင့်မြင်အရာရှိများ နေပြည်တော်စစ်ရုံး၌ ပြာယာခတ်ကုန်ကြောင်း သိရသည်။

" နေပြည်တော်တပ်ချုပ်နဲ့ လေကာကဗိုလ်ချုပ်တွေ US ထောက်ပို့ယာဉ်နှစ်စင်း အကြောင်းမကြားဘဲ​ဝင်လာလို့ ပြာယာခတ်ကုန်တယ်။ လေကြောင်းရန်အဖွဲ့တွေကို မသိရမလားဆိုပြီး ကြိမ်းမောင်းတယ် " ဟု နေပြည်တော်အဆင့်မြင့်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

စစ်ကော်မရှင်၏ စစ်လက်နက်ထုတ်လုပ်သည့် ဌာနချုပ်များအများဆုံးတည်ရှိရာ ပဲခူးတိုင်းနှင့် မကွေးတိုင်းအနီးနားတွင် ပျောက်သွားသည့်အတွက် တော်လှန်ရေးအဖွဲ့များနှင့် သက်ဆိုင်မှုရှိမရှိကို နေပြည်တော်စစ်ခေါင်းဆောင်အသိုင်းအဝိုင်းက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

အဆိုပါလေယာဉ်နှစ်စင်းသည် ထိုင်းနိုင်ငံ မှထွက်ခွာလာခြင်းဖြစ်ပြီး Flightradar 24 တွင်  KANTO81 နှင့် KANTO82 အဖြစ်ဖော်ပြပြီး အမေရိကန်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

"ဘုရားသုံးဆူနဲ့ မွန်ဖက်မှာလဲ တိုက်ပွဲတွေအဖြစ်များနေတဲ့အတွက် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေလာတယ်ထင်ပြီး လန့်နေကြတာမျိုးရှိတယ် " ဟု ဘုရားသုံးဆူနေထိုင်သူပြည်သူ တစ်ဦးကမှတ်ချက်ပြုသည်။

ယင်းကဲ့သို့ အမေရိကန်လေယာဉ်နှစ်စင်း မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ပဲခူးရိုးမတစ်ကျောတွင်ပျောက်သွားသည့်အပေါ် စစ်ကော်မရှင်နှင့် စစ်တပ်လော်ဘီများက စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ယင်းအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှသိရသည်။

အမေရိကန်ထောက်ပို့သယ်ယူပို့ဆောင်ရေးလေယာဉ်များသည် မကြာခဏဆိုသလို မြန်မာနိုင်ငံလေပိုင်နက်အမြင့်ပေ ၃၀,၀၀၀အထက်တွင်ပျံသန်းသည့်အတွက် လူများသတိမထားမိခြင်းဖြစ်ကြောင်း လက်ရှိပျံသန်းမှုသည် အမြင့်ပေ ၂၄၀၀၀ဝန်းကျင်တွင်ပျံသန်းသည့်အတွင် ဖလိုက်ထရက်ကာနှင့် လူများသတိထားမိခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများကဆိုသည်။

KANTO81မှာ C -130J Hercules အမျိုးအစားနှင့် KANTO82 သည် C -130J-30 Super Hercules အမျိုးအစားဖြစ်ကာ အမေရိကန် တပ်မတော်သုံးသယ်ယူပို့ဆောင်ရေး ၌ အသုံးများပြီး လူများ၊ အကြီးစားစစ်လက်နက်ပစ္စည်းများ သယ်ဆောင်နိုင်သည့် လေယာဉ်ဖြစ်သည်။
https://t.me/https7starmyaing
မြိုင်မြို့နယ် ⚠️

ရေစကြိုမြို့နယ် နီပဆေးတောရွာမှ ပြည်သူပိုင်ပစ္စည်း များအား ပြည်သူပိုင်ကား ၂ စီးဖြင့် ခိုးယူ သယ်ဆောင်သွားသော စစ်ခွေး စစ်ကြောင်း မှာ မြိုင်မြို့နယ် လင်းကတောရွာ နယ်မြေရဲစခန်းအတွင်းသို့ဝင်ရောက်သွား ကြောင်း သိရပါသည်။

#threestarmyaing
Sep -13 , 5:34PM
📬 သတင်းပေးပို့ရန် @myaing3starbot
သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၁၃) ရက်

၁။ အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည် (၁၂:၃၀)ဝန်းကျင်အချိန်တွင် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကလေးငယ်(၁)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ(၅)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၃။ ထို့အပြင် အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၁၃)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်တွင်လည်း သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားအား Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ(၄၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ပြန်သည်။

၄။ ထို့သို့ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီးရှိ ကလေးငယ်(၁)ဦးနှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၅။ အကြမ်းဖက် စစ်ကော်မရှင်၏ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများသည် အပြစ်မဲ့ ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)