ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ယနေ့ ညနေ 5:00 pm ဝန်းကျင်အချိန် ရေစကြိုမြို့ပေါ်မှ မအလ ခွေးများ အကြောင်းမဲ့ ရမ်းကားပစ်ခတ်သော လက်နက်ကြီး ၃ လုံး မြစ်တစ်ဘက်ကမ်း မြောင်မြို့နယ် အောင်ချမ်းသာရွာပေါ်ကျရောက်ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ကနဦး သိရှိရပါသည်။

ဩဂုတ် ၂၄၊ ၂၀၂၅

#InfoCommitteeYesagyo
#MRSN
Aug-24,6:11PM

📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီးတွင် စီမံကိန်းရုံး အနီးမှ စစ်ခွေးပျူခွေး များမှာ သုံးဘီး ဆိုင်ကယ်မောင်းနင်လာသူ လူငယ်တစ်ဦးအား ရိုက်နှက် နိုပ်စက်ပိုက်ဆံတောင်းခြင်းများပြုလုပ်နေ ပါသဖြင့် ခရီးသွားမိဘပြည်သူများ အနေဖြင့် သတိပြုနေထိုင်ကြပါရန် အသိပေးအပ်သည်။

#3SM
Aug-24 , 6:10 PM
📬 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ပခုက္ကူမြို့ ⚠️ ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီးတွင် စီမံကိန်းရုံး အနီးမှ စစ်ခွေးပျူခွေး များမှာ သုံးဘီး ဆိုင်ကယ်မောင်းနင်လာသူ လူငယ်တစ်ဦးအား ရိုက်နှက် နိုပ်စက်ပိုက်ဆံတောင်းခြင်းများပြုလုပ်နေ ပါသဖြင့် ခရီးသွားမိဘပြည်သူများ အနေဖြင့် သတိပြုနေထိုင်ကြပါရန် အသိပေးအပ်သည်။…»
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ယနေ့ ညနေ 5:00 pm ဝန်းကျင်အချိန် ရေစကြိုမြို့ပေါ်မှ မအလ ခွေးများ အကြောင်းမဲ့ ရမ်းကားပစ်ခတ်သော လက်နက်ကြီး ၃ လုံး မြစ်တစ်ဘက်ကမ်း မြောင်မြို့နယ် အောင်ချမ်းသာရွာပေါ်ကျရောက်ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ကနဦး သိရှိရပါသည်။ ဩဂုတ် ၂၄၊ ၂၀၂၅ #InfoCommitteeYesagyo…»
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အ​ရှေ့ချောက်ကန်ရွာ သို့ စစ်ခွေး များရောက်ရှိနေကြောင်း သိရပါသည်။
မြောက်အရက် သို့အထွက်ပြပြီး ပြန်လယ်ဝင်ရောက်သွားကြောင်း သိရပါသည်။

#3SM
Aug- 24 , 6:43PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူ မြို့နယ် ကမ္မ မြို့ပေါ်မှ စစ်ခွေးများမှ လက်နက်ငယ်များရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

#3SM
Aug-24 , 8:24PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့ပေါ်မှ ထွက်လာသော စစ်ခွေးရိက္ခာ ကား ၁၀၇ စီးမှာ ပေါက်မြို့နယ် ယာကြီးပြင်ပျူရွာနှင့် ရောင်နီထွန်းဆီဆိုင်ကြားတွင် တည်ရှိနေပြီး ယနေ့ ည (8:49PM) အချိန်က ကားစက်များနိုးနေကြောင်း သိရပါသည်။

#3SM
#ရောင်နီဌာနေ

Aug-24 , 9:20PM

📬 သတင်းပေးပို့ရန်
@myaing3starbot
ပေါက်မြို့နယ် 🔴

ပေါက်မြို့နယ် ယာကြီးပြင်ပျူရွာ မှ စစ်ခွေးပျူခွေးများမှ ယနေ့ညနေ 6:00PM ကျော်အချိန်က ဒရုံးတစ်စီးဖြင့် ပေါက်မြို့နယ် တယ်ပင်ကန်  ရွာအတွင်းသို့လေကြောင်းတိုက်ခိုက်သွားကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-24 , 9:26PM
📬 သတင်းပေးပို့ရန်
@myaing3starbot
ဧရာဝတီ ရေပြင်

ယမန်နေ့ညောင်ဦးတွင်ရပ်နားခဲ့သော စခဖလပ် ၇စီးအနက်ရှေ့ပွိုင့်သည် ရွှေတန့်တစ်နားသို့ရောက်ရှိကာအထက်သို့ဆန်တက်နေကြောင်းသိရ။

Update ၈စီးဖြစ်ကြောင်းသိရ။


#Yaypyin
Aug 25, 8:16AM
📫သတင်းပို့ရန် @Yaypyin0bot
တောင်သာမြို့နယ် ⚠️

အောက်ဘက်မှ ဆန်တပ်လာသော စစ်ခွေးပါ သင်္ဘော ၈ စီးမှာ တောင်သာနယ် ကျောဇီရွာဖြတ်၍ အထက်ဘက်သို့ဆန်တပ်နေကြောင်း သိရပါသည်။

#3SM
Aug-25 , 8:53AM
📬 သတင်းပေးပို့ရန် @myaing3starbot
ဧရာဝတီ ရေပြင်

ယမန်နေ့ညောင်ဦးတွင်ရပ်နားခဲ့သော စခဖလပ်(၈) စီးအနက်ရှေ့ပွိုင့်သည် ပခုက္ကူနယ်ရွာဘဲရွာနားသို့ရောက်ရှိကာအထက်သို့ဆန်တက်နေကြောင်းသိရ။


#Yaypyin
Aug 25, 8:40AM
📫သတင်းပို့ရန် @Yaypyin0bot
မြင်းခြံမြို့နယ် ⚠️

အောက်ဘက်မှ ဆန်တပ်လာသော စစ်ခွေးပါ သင်္ဘော၈ စီးမှာ မြင်းခြံမြို့နယ် ဆိတ်ညံ ရွာ ရေတင်ရုံး သို့ ရောက် ရှိနေကြောင်း သိရပါသည်။

#3SM
Aug-25 , 10:04AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် 🔥

ပေါက်မြို့ပေါ်မှ ထွက်လာသော စစ်ခွေး စစ်ကြောင်းနှင့် ဒီးဒုတ်ကွင်း ပျူရွာမှအနောက်မြောက်အရပ်သို့ထွက်ခွာခဲ့သော စစ်ခွေး စစ်ကြောင့်နှင့်ပေါင်း၍ ပေါက်မြို့နယ် ပေခုနစ်ပင်ရွာ မှပြည်သူနေအိမ်များအား မီးရို့နေကြောင်း သိရပါသည်။

ပေခုနစ်ပင်ရွာ ဝန်းကျင်ရှိ ပုသိမ် မုံရွာ လေးလမ်းဆုံတွင် စစ်ခွေးများရောက်ရှိနေကြောင်း သိရပါသည်။

#3SM
#ရောင်နီဌာနေ
Aug -25 , 10:28AM
📬 သတင်းပေးပို့ရန်
@myaing3starbot
25.08.2025
10:30 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှစုပေါင်းစပ်ပေါင်း စခအင်အား (၁၅၀)ခန့် ပန်းဆန်ကျေးရွာဘက် စစ်ကြောင်းရောက်ရှိနေတယ်လို့သိရပါတယ်။ စခတွေဟာ ကျောက်ထုမြို့ ဂုံဘိုရပ်ကွက် ရေသန့်စက်၊ဘုရားကုန်းနှင့် ပန်းဆန်ကျေးရွာတွေထဲမှာရောက်ရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ စခတစ်ချို့ ခြင်းကြား၊ကျောပိုးအိတ်တွေပါ၀င်တယ်လို့သိရပီး ဘယ်ဘက်ဦးတည်မယ်ဆိုတာ မသိရသေးပဲ လက်ရှိမှာတော့ စခတစ်ချို့ ပန်းဆန်ကျေးရွာထဲမှာ‌ေရာက်ရှိနေကြတာဖြစ်ပါတယ်။ ပန်းဆန်ကျေးရွာအပါအ၀င် သရက်ချဉ်၊တေး၊စံ၊နသိုး ကျေးရွာဘက်မိဘပြည်သူများအနေဖြင့် စခသတင်းတွေကိုနားစွင့်ကာ မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကိာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------- Aung Gyi -------------------

ယောအလင်းတန်း

#MRSN
Aug-25 , 11:00AM
📬 သတင်းပေးပို့ရန် @myaing3starbot
25.08.2025
10:30 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှစုပေါင်းစပ်ပေါင်း စခအင်အား (၁၅၀)ခန့် ပန်းဆန်ကျေးရွာဘက် စစ်ကြောင်းရောက်ရှိနေတယ်လို့သိရပါတယ်။ စခတွေဟာ ကျောက်ထုမြို့ ဂုံဘိုရပ်ကွက် ရေသန့်စက်၊ဘုရားကုန်းနှင့် ပန်းဆန်ကျေးရွာတွေထဲမှာရောက်ရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ စခတစ်ချို့ ခြင်းကြား၊ကျောပိုးအိတ်တွေပါ၀င်တယ်လို့သိရပီး ဘယ်ဘက်ဦးတည်မယ်ဆိုတာ မသိရသေးပဲ လက်ရှိမှာတော့ စခတစ်ချို့ ပန်းဆန်ကျေးရွာထဲမှာ‌ေရာက်ရှိနေကြတာဖြစ်ပါတယ်။ ပန်းဆန်ကျေးရွာအပါအ၀င် သရက်ချဉ်၊တေး၊စံ၊နသိုး ကျေးရွာဘက်မိဘပြည်သူများအနေဖြင့် စခသတင်းတွေကိုနားစွင့်ကာ မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကိာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

   ------------------- Aung Gyi -------------------

ယောအလင်းတန်း

#3SM
#threestarmyaing

📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့နယ် ဒီးဒုတ်ကွင်းပျူရွာမှ အနောက်မြောက်အရပ်သို့ထွက်ခွာထားသော စစ်ခွေး စစ်ကြောင်းမှာ ပေါက်မြို့နယ် တယ်ပင်ကန် ရွာ မှ နွားစာရိပ်နေသော အမျိုးသားပြည်သူတစ်ဦးအား ဖမ်းစီးသွားကြောင်း သိရပါသည်။

ပေါက်မြို့ပေါ်မှ ယမန်နေ့က ထွက်ခွာလာသော စစ်ခွေး ရိက္ခာ ကားများမှာ ပေါက်မြို့နယ် ယာကြီးပြင်ပျူရွာ နှင့် ရောင်နီထွန်းဆီဆိုင် ကြားတွင်တည်ရှိနေသေးကြောင်း သိရပါသည်။

#3SM
#ရောင်နီဌာနေ
Aug-25 , 1:15PM
📬 သတင်းပေးပို့ရန်
@myaing3starbot
25.08.2025
03:45 pm
ကျောက်ထုသတင်း

ဂုံဘိုရပ်ကွက် ရေသန့်စက်၊ဘုရားကုန်းနှင့် ပန်းဆန်လမ်းဆုံဘက်ရောက်ရှိနေခဲ့ကြတဲ့ ကျောက်ထု အမတ ၃၆၈ မှ စုပေါင်းစပ်ပေါင်း စခအင်အား (၁၅၀)ခန့်ဟာ နောက်ပြန်ဆုတ်ကာ အမြောက်တပ်ထဲပြန်လည်၀င်ရောက်နေကြပီလို့သိရပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။


------------------ Aung Gyi -------------------

ယောအလင်းတန်း
#MRSN
Aug-25 , 5:04 PM

#3SM
#threestarmyaing

📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြို မအလ စခများက လေဖြတ်နေပြီး ကျန်းမာရေးမကောင်းသည့် လဝက ဒုဦးစီးကို ဖမ်းဆီး

ရေစကြို၊ ဩဂုတ် ၂၅

ရေစကြိုမြို့ မအလ စခများက လဝက ရုံးမှ ဒုဦးစီးဖြစ်သူ ကိုကျော်သူရဌေးကို လွန်ခဲ့သည့် တပတ်ခန့်က PDF ထောက်ပို့လုပ်သည်ဟု စွတ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့‌ကြောင်း သိရှိရပါသည်။
ဒုဦးစီးသည် ရုတ်တရက်လေဖြတ်သွားပြီး ရုံးမတက်ရောက်နိုင်ဖြစ်ပြီး ဝန်ထမ်းအချင်းချင်း ချောက်ကျခံရပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ရေစကြို လဝကရုံးသည် ထွေအုပ်ရုံးအတွင်း ဖွင့်လှစ်ထားပြီး သူခိုးဓါးမြများပမာ ငွေတောင်းကြမ်းကာ မှတ်ပုံတင်လာလုပ်သူများ ပျောက်ဆုံး လဲလှယ်လာလုပ်သူများကို ငွေသိန်းချီတောင်းယူကာ လုပ်ဆောင်နေကြောင်း၊ မအလ စခများနှင့် အဝေမတည့်ဖြစ်ပြီး မကြာခဏ ပြဿနာဖြစ်စကားများလေ့ရှိကြောင်း သိရှိရပါသည်။
အဆိုပါ အဖမ်းခံရသည့် ဒုဦးစီးမှာ အခြားသူများနှင့် စာလျှင် အထိုက်အလျောက် မှန်ကန်စွာ ငွေကြေးအနည်းငယ်ဖြင့် လုပ်ကိုင်‌ပေးသူဖြစ်ပြီး လူချစ်လူခင်ပေါများသူတစ်ဦးဖြစ်‌ကြောင်း၊ လဝကရုံးမှဝန်ထမ်းအများစု၏ မနာလိုခြင်း ခံရသူတစ်ဦးဖြစ်ပြီး မတရားစွတ်စွဲဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မအလ စခများက လေဖြတ်နေသည့် ကျန်းမာရေးမကောင်းသော Non CDM တစ်ဦးကို စွတ်စွဲဖမ်းဆီးခဲ့ပြီး လက်ရှိ မအလ စခ ပြည့်ဖြိုးအောင်သည် Non CDM ဝန်ထမ်းများကို PDF နှင့် ဆက်သွယ်လျှင် ထောင်ချပစ်မည်၊ ဘာလုပ်မည် ညာလုပ်မည်ဟု အစည်းအဝေးများတွင် မကြာခဏ ခြိမ်းခြောက်လျက်ရှိကြောင်း၊ ၎င်းစခသည် ရေစကြိုမြို့နယ်အတွင်း အထက်အမိန့်ဟုဆိုကာ ယုတ်မာအောက်တန်းကျသည့် အလုပ်များကို ယုတ်ယုတ်မာမာ ကျူးလွန်လုပ်ဆောင်နေပြီး မြို့ခံများက ဒီ စခ မကြာမှီ တေချင်းဆိုးဖြင့် အဝီစိသွားမည့် တိရစ္ဆာန်တစ်ကောင်ဖြစ်သည်ဟု ပြောဆိုနေကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
#MRSN
Aug-25 , 6:24 PM

#3SM
#threestarmyaing

📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့နယ် အတွင်းရှိ မိဘပြည်သူများနှင့် တော်လှန်အင်အားစုများ  သိရှိစေရန်

ယနေ့ညနေ (3:59PM) အချိန်က ပေါက်မြို့နယ် ယာကြီးပြင်ပျူရွာ မှ စစ်ခွေးပျူခွေး များမှာ တောင်အရပ်သို့ထွက်ခွာ ခဲ့ပြီး ပေါက်မြို့နယ် တယ်ပင်ကန် ရွာ အတွင်းသို့ရောက်ရှိနေကာ ပြည်ပိုင်နေအိမ်များအား မွှေနောက်နေပြီး လက်နက်ငယ်များပါ ရမ်းသန်းပစ်ဖောက်နေကြောင်း သိရပါသည်။

ပေါက်မြို့နယ် အခြေစိုက် (ကပစ ၂၄)  မှ ယနေ့ညနေ (4:11 PM) အချိန်က အရှေ့အရပ်သို့ စစ်ခွေးအင်အားပါ စစ်ခွေးကား ၄ စီးထွက်ခွာလာပြီး ပေါက်မြို့ အနောက်ဘက်(ဒေသအခေါ်) ဘိတ်ကုန်း ဘုန်းကြီးကျောင်း အတွင်းသို့ စစ်ခွေးကား ၁ စီးဝင်ရောက်ထားပြီး ကျန်ကား ၃ စီး မှာ ဘယ်ကိုရောက်တယ် အတည်မပြုနိုင်သေးပါ


ပေါက်မြို့နယ် ပုသိမ် မုံရွာ လမ်းမ ဒီးဒုတ်ကွင်းပျူရွာ လေးလမ်းစုံနှင့် ပေခုနစ်ပင်ရွာ ရွာတို့တွင်လဲ စစ်ခွေးများရှိနေသေးကြောင်း သိရပါသည်။

၎င်း စစ်ခွေးများမှ လက်နက်ကြီး များဖြင့်လဲ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug- 25 , 6:13PM
📬 သတင်းပေးပို့ရန်
@myaing3starbot
အရေးပေါ်သတင်းထုတ်ပြန်ချက်

ပခုက္ကူ​/မြိုင်လမ်းပိုင်းအတွင်းသွားလာနေကြသော မိဘပြည်သူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများသိစေရန် လက်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေနေရ (ဝက်ကျ-ဂေါက်ကွင်း)လမ်းပိုင်းအား ည(8:00Pm)မှနံနက်(5:00Am)အချိန်ထိ (လုံးဝလုံးဝ)ဖြတ်သန်းသွားလာခွင့်မပြု‌ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အရေးပေါ်အခြေနေရ ဖြတ်သန်းသွားလာလို့ပါက မိမိတို့၏ သက်ဆိုင်ရာရပ်ကျေး ပ.က.ဖ.PDF များထံသို့ အကြောင်းကြားသွားလာကြပါရန်

(8+အညာမြေစစ်ရေးအဖွဲ့မှ့ သတင်းထုတ်ပြန်လိုက်သည်)


Aug -25.,7:53PM

https://t.me/https3starmyaing