ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြို⚠️

ရေစကြိုနယ်တစ်နေရာတွင် စက်တပ်လေထီး (paramotor) ၁ စီး ပျံဝဲး

#MRSN
Jul 17, 2:12PM
📫သတင်းပို့ရန် @myaing3starbot
ရေစကြို⚠️

ရေစကြိုနယ်ဖြတ်၍ စက်တပ်လေထီး (paramotor) ၁ စီး တောင်အရပ်သို့ပျံသန်း ။

#3SM
Jul 17, 2:23PM
📫သတင်းပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် 🔴

ရေစကြိုမြို့နယ် တစ်နေရာတွင် ပခုက္ကူ တပ်မ ၁၀၁ မှ တပ်လာသော စက်တပ်လေထီး (paramotor) ၂ စီးဖြင့် (2:11 PM , 2:15 PM ) အချိန်တို့ကလေကြောင်း တိုက်ခိုက်သွားကြောင်း သိရပါသည်။

#3SM
Jul -17 , 3:00PM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် 🔴

ရေစကြိုမြို့နယ် မောက္ကလံရွာ စာသင်ကျောင်းမြောက်ဘက်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တပ်လာသော စက်တပ်လေထီး (paramotor) ၂ စီးဖြင့် (2:11PM, 2:15PM) အချိန်တို့က လေကြောင်းတိုက်ခိုက်သွားပြီ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရကြောင်း သိရပါသည်။

#3SM
Jul -17 , 3:00PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့⚠️

မြိုင်မြို့ ပေါ် ပင်စီမ်းခင်းရပ်ကွတ် ထဲး လှကြွား တိုက်နားတွင် စစ်ခွေးများမှ ဘန်ကာများလုပ်နေကြောင်း သိရပါသည်။

#3SM
#T.W
Jul -17 , 6:34PM
📬 သတင်းပေးပို့ရန် @myaing3starbot
ထီးလင်းမြို့က စစ်ကောင်စီအကြီးအကဲ အပြောင်းအလဲပြုလုပ်

17.7.2025 ၊ထီးလင်း

မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့မှာ စစ်ကောင်စီတပ်ကအကြီးအကဲ အပြောင်းအလဲပုလုပ်ခဲ့တယ်လို့သိရပါတယ်။

ယခုဇူလိုင်လ ၁၅ ရက်နေ့ညနေပိုင်း ၃ နာရီကျော်က ပခုက္ကူမြို့တပ်မ ၁၀၁ ကနေ စစ်ထောက်ပို့ရဟတ်ယာဥ် Mi 17 တစ်စီး ထီးလင်းမြို့မှာဆင်းသက်ခဲ့ပြီး အခုလို အပြောင်းအလဲနဲ့စ-စ်-လ-က်-န-က်ရိက္ခာခဲ-ယ-မ်းအချို့နဲ့ စစ်ကောက်စီတပ်ဖွဲ့ဝင်များအတွက် လစာများ ပါချထားပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရောက်လာတာသိပ်မကြာသေးတဲ့ ဗိုလ်မှူး ထင်လားအစား ပခုက္ကူ ၁၀၁ က ဗိုလ်မှူးအောင်ကျော်သူကို အစားထိုးပြောင်းလဲခဲ့တာဖြစ်ပြီး သူနဲ့အတူ အရံတပ်သား ၅ ဦးပါထပ်မံအင်အားဖြည့်ပေးထားခဲ့တယ်လို့ စစ်သတင်းရင်းမြစ်ကပြောပါတယ်။

ထီးလင်းမြို့ကနေပြောင်း ပခုက္ကူကို ပြန်လည်လိုက်ပါသွားရတဲ့ ဗိုလ်မှူးထင်လင်းနဲ့အတူ ဒ-ဏ်ရာ ရ စစ်ကောင်စီတပ်သား ၂ ဦးပါ ရဟတ်ယာဥ်နဲ့လိုက်ပါသွားကြတယ်လို့ သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul -17 , 6:52PM

https://t.me/https3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် ကမ္မ သို့ရောက်ရှိနေသော စစ်ခွေးများမှ အရှေ့မြောက်အရက်သို့ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ထားကြောင်း သိရပါသည်။

#3SM
Jul -17 , 9:15PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့ ဘော်လုံးကွင်းမှ အရှေ့အရပ်သို့ လက်နက်ကြီးဖြင့်၄ကြိမ်ရမ်းသမ်းပစ်ခတ်ထားကြောင်း သိရပါသည်။

#3SM
Jul -18 , 1:12PM
📬 သတင်းပေးပို့ရန် @myaing3starbot
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏
မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။
အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။
မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေ။
🦅3Star🦅
မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏
🚩အာဇာနည်နေ့ ငါတို့မမေ့🚩

2025,July,19ရက်နေ့၌ ကျရောက်သော အာဇာနည်နေ့တွင် အာဇာနည်(၉)ဦးနှင့်တကွ အာဏာရှင်စနစ်တော်လှန်ရေးတွင်ကျဆုံးခဲ့သော၊အသက်ပေးပြီးတိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများကို အစဉ်လေးစားဦးညွတ် ဂါရဝပြုပါ
သည်။


https://t.me/https7starmyaing
This media is not supported in your browser
VIEW IN TELEGRAM
မဂ်လာနံနက်ခင်းပါ🌹🌹🌹

ပြည်သူများအားလုံး စိတ်ချမ်းသာပြီး
ကိုယ်လည်း ကျန်းမာကြပါစေ။ 🌹🌹🌹ဘေးရန်အပေါင်း ကင်းဝေးကာ
အေးချမ်းကြပါစေ🙏🙏🙏
Forwarded from Hlaing Info
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာလုယူ ဖမ်းဆီးထောင်ချထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်များကို ထိန်းသိမ်းရမည်ဟု ဆိုပြန်

ဇူလိုင်လ ၁၉ ရက်

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာလုယူ ဖမ်းဆီးထောင်ချထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်များကို ထိန်းသိမ်းရမည်ဟု ဆိုပြန်သည်။

ယမန်နေ့ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်များ(ခေါ်) ဝန်ကြီးများရုံးသို့ သွားရောက်လေ့လာသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံ ခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့်တိုက်နှင့် အထူးအစည်းအဝေးခန်းများအတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့်စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မင်းအောင်လှိုင်က  ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်အား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်း ဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်က  ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက် အအုံသို့ ရောက်ရှိ ဗိုလ်ချုပ် အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံသည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်ဟု သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် အကြမ်းဖက် မင်းအောင်လှိုင်သည် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရထံမှ အာဏာလုယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်အရေးယူထားသည်။

#KTM
#HlaingInfo
၇၈နှစ်မြောက် အာဇာနည်နေ့

ယနေ့ကျရောက်သော ၇၈နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေစွာဖြင့် ဦးစွာပထမ အလေးပြုအပ်ပါသည်။

"အာဇာနည်မျိုး သေရိုးမရှိ" ဟူသော စကားအတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး ၉ဦးမှာ ကျွန်တော်တို့ ပြည်သူလူထု၏ ရင်ထဲတွင် အစဉ်ထာဝရ ရှင်သန်နေမည်သာ ဖြစ်ပါသည်။

လွတ်လပ်ပြီး တရားမျှတသော၊ တန်းတူညီမျှမှုရှိသော ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် လက်ရှိ နွေဦးတော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ်စွန့်လွှတ်ခဲ့သော အာဇာနည်သူရဲကောင်းများကိုလည်း မိမိတို့မှ လေးစားစွာ အလေးအမြတ်ပြုအပ်ပါသည်။

၇၈နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကြိုးပမ်းပြီး တိုက်ပွဲဝင်ရယူပေးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို အကြမ်းဖက်စစ်အာဏာရှင်စနစ်များလက်အောက်မှ လွတ်မြောက်စေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ပြန်လည်တည်ဆောက်နေသော နွေဦးတော်လှန်ရေးတွင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ပါဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်မံကတိသစ္စာပြုအပ်ပါသည်။

MDY

https://t.me/https3starmyaing
နွားထိုးကြီး ⚠️

နွားထိုးကြီးနယ် ဖြတ်၍ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံတက်။

#WaiHin
Jul 19,  9:51 AM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြို ⚠️

ရေစကြိုနယ် တောင်ခြမ်းဖြတ်၍ မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံတက်။

#WaiHin
Jul 19,  9:53 AM
📫သတင်းပို့ရန် @WaiHinScout_Bot
This media is not supported in your browser
VIEW IN TELEGRAM
19 ဂျုလိုင် မမေ့နိုင် အာဇာနည်နေ့ ဒို့မမေ့
-----------------------------------------------
" (၇၈)နှစ်မြောက် အာဇာနည်နေ့ " မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြသော
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် စစ်အာဏာရှင်ကို တွန်းလှန်ရင်း ကျဆုံးသွားသော သူရဲကောင်းတော်လှန်ရေးရဲဘော်များကို အစဉ်ထာဝရလေးစားလျက်ရှိပါသည်။🫡🫡🫡❤️❤️❤️

#အာဇာနည်နေ့
အာဇာနည်နေ့ အထိမ်းးအမှတ်အဖြစ် ထီးလင်းမြို့ပေါ်က စစ်ကောင်စီနေရာများအား ဒရု-န်းများနဲ့ ဗုံးးသီးချ တို-က် ခို-က်

19.7.2025 ၊ထီးလင်း

ယနေ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက် ၇၈ နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများကို ဒရု-န်း ၂ စီးဖြင့် ဗုံးးသီး ချ တို-က် ခို-က်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်ပြည်သူ့တော်လှ-န်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ YRA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ယောအလင်းတန်းကိုပြောပါတယ်။

ယနေ့မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကနေ ၁၀ နာရီ ၅၀ မိနစ်ခန့်အထိ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာ နေရာတွေကို ဒရု-န်း ၂ စီးနဲ့ ၃ ကြိမ်စီပျံသန်းပြီး ဗုံးး သီးး ၄ လုံးးကြဲ-ချ တို-က် ခို-က်ခဲ့တာဖြစ်တယ်လိုတာဝန်ရှိသူကပြောပါတယ်။

" ထွေအုပ်ရုံးဝင်းထဲမှာ ၂ လုံးကျ-ရောက် ပေါ-က်-ကွဲ-ပါတယ်၊ ကျန်တဲ့ ၂ လုံးကတော့ စစ်ကောင်စီရှိနေတဲ့တနေရာပေါ့ " လို့ YRA  ခရိုင်တပ်ရင်းရဲ့တာဝန်ရှိသူက ယောအလင်းတန်းကိုပြောပါတယ်။

အဆိုပါ ဒရု-န်းနဲ့ ဗုံးးသီးချ တို-က်ခို-က်မှု မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝင်းထဲကို ၂ လုံးကျ-ရောက်ပေါ-က်-ကွဲခဲ့ပြီးကျန် ၂ လုံးကိုတော့ ကျ-ရောက်ရာနေရာကိုစုံစမ်းဆဲဖြစ် ပြီး စစ်ကောင်စီ တပ်သားများထိ-ခို-က်-မှုအခြေအနေကိုလည်းစုံစမ်းအတည်ပြုနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ-YRA အဖွဲ့ရဲ့ ဒရု-န်းအဖွဲ့

#3SM
Jul 19 , 12:51PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စက်တပ်လေထီး (paramotor) 2 စီး ပျံဝဲးနေကြောင်း သိရပါသည်။

#3SM
Jul -19 , 3:57PM
📬 သတင်းပေးပို့ရန် @myaing3starbot