ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Wai Hin (ဝေဟင်) (LY)
မုံရွာ

မုံရွာနမခမှ ၂စီးမြောက် Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အနောက်တောင်အရပ်သို့ ပျံတက်။

#WaiHin
Apr 15,  11:49 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (LY)
ယင်းမာပင်

ယင်းမာပင်နယ် အရှေ့ခြမ်းဖြတ်၍ မုံရွာနမခမှ ၂စီး မြောက် Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Apr 15,  12:01 PM
📫သတင်းပို့ရန် @WaiHinScout_Bot
နွားထိုးကြီး ရေလည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကိုရင်ငယ် ၁ ပါးနှင့် သံဃာတော် ၁ ပါး အပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ပျက်စီး

ဧပြီလ ၁၅ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရေလည်ဘုန်းတော်ကြီးကျောင်းကို  စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကိုရင်ငယ် ၁ ပါးနှင့် သံဃာတော် ၁ ပါး အပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး ဘုန်း ကြီးကျောင်း ပျက်စီးပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ကျွန်းဒေါင့်ရွာ ရေလည်ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ရေလည်ဘုန်းတော်ကြီးမှ သက်တော် ၅၄ နှစ် အရွယ် ဥူးသဲဝရ အသက်အန္တရာယ် စိုးရိမ်ရပြီး အသက် ၇ နှစ်အရွယ် ကိုရင်ငယ် ၁ ပါး နှင့် ကျောင်းဝေယျာဝစ္စ လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် အမျိုးသား ၁ ဦးတို့ ပြင်းထန်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ပခုက္ကူမြို့ ⚠️ 14-4-2025 နေ့ မှ ပခုဣူ မြို့ သ​င်္ကြန် ပျော်ကြတဲ့ လူငယ်တွေစတင် ဖမ်းစီးခံရပြီးမြို့တွင်း ကားနှင့် ပတ်ပြီ စခ ရခ ပခ များ လိုက်ဖမ်း၍ဖမ်းစီးနေကာ ဘယ်နဉီး အဖမ်းခံရသည်ကိုမသိရသေးသော်လဲ ရွှေမုဌေား ဘုရား အနီး အထက 5 ကျောင်းနားတွင် ၂ဦး အဖမ်းခံရပါကြောင်းသိရပါသည်။…»
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ပေါက်မြို့နယ် 🔴 ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ စက်တပ်လေထီး (Paramotor) ၂ စီးဖြင့် ပေါက်မြို့နယ် သနပ္ပင်ဇင်းရွာ နှင် အင်းတိမ်ရွာ ဝန်းကျင်တွင် ယနေမနက်ပိုင် ၉နာရီ ၄၇ မီနစ်အချိန်က လေကြောင်း တိုက်ခိုက်သွားကြောင်း သိရပါသည်။ ဆိပ်ဖြူ မြို့နယ် ကပစ ၂၂ အတွင်းသို့ ယနေ့မနက်…
ပေါက်မှာ စက်တပ်လေထီးနဲ့ဗုံးချလို့ ဒေသခံ ၂ ဦးဒဏ်ရာရ

ပေါက်၊ ဧပြီ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ္ပင်ဇင်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၄ ရက် မနေ့ကမနက်ပိုင်းမှာ ဆိပ်ဖြူ ကပစ ၂၂ဘက်ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးပေါ်ကနေ စက်လတ်သေနတ်နဲ့ပစ်ခတ်ပြီးနောက် ဗုံးသီး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ကုက္ကိုစုပျူရွာနဲ့ နီးလို့ လာချတာထင်တယ်ဗျ။ သူတို့ ပျူရွာက အနီးပတ်ဝန်းကျင်ရွာတွေကို တိုက်ခိုက်ပေးဖို့ အထက်ကိုပေါက်ကိုယ်တော်က တောင်းဆိုထားတာလို့ကြားတာပဲ”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း - မြိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
15  Apr  2025  7:30 am
⚠️
ဆိပ်ဖြူ  ကပစ  - ၂၂   စစ်ရှုံးကောင်စီ အကြမ်းဖက်  စခ  ပခများသည်  သင်္ကြန်ကာလ   ဖြစ်သော်လည်း  ယမန်နေ့က  ပေါက်မြို့နယ်  အရှေ့ပိုင်းတနေရာကို   ( Paramotor ) အင်္ဂျင်တပ်လေထီးဖြင့်  လေကြောင်း တိုက်ခိုက် နှစ်ရက်ဆက်တိုက်ပြုလုပ်ထားတာတွေ့ရပါတယ်။

သင်္ကြန်တွင်း နေစဉ်တိုက်ခိုက်မှုများ ရှိနေမယ်ယူဆရ၍
သတိထားသွားလာနေထိုင်ကြပါရန်
အသိပေးအပ်ပါသည်။

ဘေးအန္တရာယ် ကင်းကြပါစေ။

#SeikPhyu  #Pauk #Myaing  #MyitChay
#MRSN
#3SM

Apr 15 ,  4:28  PM

သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ထီးလင်းမြို့ကို MI 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့

15.4.2025 ၊ ထီးလင်း

ယနေ့ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်က သင်္ကြန်အကြတ်နေ့မှာ ထီးလင်းမြို့ကို မုံရွာ နမခ (အနောက်မြောက်ပိုင်းစစ်ဌာနချုပ်) မှ ပျံသန်းလာတဲ့ စစ်ထောက်ပို့ Mi 17 စစ်ရဟတ်ယာဥ်တစ်စီး ဆင်းသက်ခဲ့ကြောင်းသိရပါတယ်။

" အဲဒီ ရဟတ်ယာဥ်က ဧပြီလဆန်းကတည်းကဆင်းဖို့ရှိတာပါ၊သတင်းပေါက်ကြားလို့ဆိုပြီး အခုမှဆင်းတာပါ၊ တပ်သားအပြောင်းအလဲနဲ့ လက်နက်ခဲယမ်းတွေပါလာပါတယ်" လို့ ထီးလင်းစစ်သတင်းရင်းမြစ်ကယောအလင်းတန်းကိုပြောပါတယ်။

ဧပြီလ လဆန်းပိုင်းကနေ ထီးလင်းမြို့ကို စစ်ကောင်စီတပ်အဖွဲ့အပြောင်းအလဲနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ၊လက်နက်ခဲယမ်းဖြည့်တင်းရေးများကိုပြုလုပ်ရမည်ဖြစ်သော်လည်း ယောအလင်းတန်းသို့ သတင်းပေါက်ကြား၍ဟုဆိုကာ အချိန်ပြောင်းလဲခဲ့တာဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ကပြောပါတယ်။

ယောအလင်းတန်းကို စစ်သတင်းရင်းမြစ်တွေပေါက်ကြားတယ်ဆိုပြီး ထီးလင်းမြို့စစ်ကောင်စီတပ်ဖွဲ့ထံ ဂန့်ဂေါခလရ ၅၀ က ဖိအားပေးခဲ့တာကအစ ဘယ်နေ့ဘယ်ရက်မှာဘယ်အကြောင်းအရာကို စည်းဝေးခဲ့တယ် ဆိုတာကိုယောအလင်းတန်းက မျက်ကွယ့်ပြုလျက်ရှိနေပါတယ်။

ထီးလင်းအပါဝင် ယောနယ်ကနေရာဒေသတွေကို ထုန်းလိုင်းဆက်သွယ်ရေး ခက်ခဲနေပါသဖြင့် သတင်းအချို့ရဲ့ နောက်ဆက်တွဲသတင်းတွေမှာအတည်ပြုရ ခက်ခဲနေပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Apr 15 ,  5:35 PM

@myaing3starbot


https://t.me/https3starmyaing
ရေစကြိုမြို့ ခလရ ၂၅၈ မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ဧပြီလ ၁၅ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၁၅ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းမှ အင်အား ၁၅၀ ခန့်ဖြင့် ထွက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကံသစ်ကျေးရွာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၄ ဦး သေဆုံးကာ  သေဆုံးသွားသော စစ်သားများ ကိုင်ဆောင်သည့် လက်နက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း အင်အားမမျှတသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Aung Pwel Info
This media is not supported in your browser
VIEW IN TELEGRAM
ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းရွာကို ဗုံးလာကျဲသည့် စက်တပ်လေထီး ၂ စီးကို ပကဖ က ပစ်ခတ်ခဲ့ပြီး လေထီးမောင်းသူ စစ်ကောင်စီ တပ်သား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ဧပြီလ ၁၅ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းရွာကို ဗုံးလာကျဲသည့် စက်တပ်လေထီး ၂ စီးကို ပစ်ခတ်ခဲ့ပြီး လေထီးမောင်းသူ စစ်ကောင်စီ တပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖ က ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ် ပကစ ၂၂ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးသည် ပေါက်မြို့နယ်၊ သနပ်ပင်‌‌ဇင်းရွာကို လာရောက် ဗုံးကျဲ တိုက်ခိုက်စဉ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း လေထီးမောင်းသူ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို ပေါက်၊ မြိုင်၊ ကမ္မ ပကဖ စုဖွဲ့မှုတပ် နှင့် လက်နက်ကြီးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
သင်္ကြန်အကျနေ့မှာ ကနီကို အင်အားသုံးဗုံးကြဲလို့ ဥပုသ်စောင့်လာသူ ၁ ဦးအပါ ၃ ဦးသေဆုံး

ကနီ၊ ဧပြီ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၁၄ ရက်ဒီမနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေ အင်အားသုံးဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကနီမြို့နယ်ထဲက မုဋ္ဌောအရှေ့ရွာ၊ မုဋ္ဌောအနောက်ရွာ၊ နတ်ကြီးရွာ၊ သမင်ခြံရွာ၊ ရွာသာရွာ၊ ဆူးလေကုန်းရွာတွေဘက်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သမင်ခြံရွာဘုန်းကြီးကျောင်းက ကိုရင် ၁ ပါးနဲ့ ဥပုသ်စောင့်လာသူ ၁ ဦး၊ မုဋ္ဌောရွာက အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသား ၁ ဦးကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/3395/
မန္တလေးတိုင်း၊ မန္တလေးမြို့မြောက်ဘက် ဆည်တော်ကြီးဒေသအတွင်း -
💧⚠️ ဧပြီ ၁၆ ရက် ညနေ ၅ နာရီမှ ဧပြီ ၁၇ ရက် ညနေ ၅ နာရီ(၂၄ နာရီအတွင်း) မိုးအလွန်သည်းထန်နိုင်မည့်အခြေအနေတွေရပါသဖြင့် သတိပြုပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါသည်။

https://t.me/https3starmyaing
🔺ရန်ကုန်သားတွေ တာဝန်ကျေကြဖို့ အချိန်တန်ပြီ🔺

ကရင်ပြည်နယ်၊ ကျုံဒိုးနဲ့ ကော့ကရိတ်ကြားရှိ အောင်ဇေယျရဲ့ အသိုက်စုတ်လေးကို အပြတ်ရှင်းဖို့ KNU တပ်တွေနဲ့ တောင်ပိုင်း​စစ်ဒေသက PDF တပ်တွေကတော့ စစ်ရေး လှုပ်ရှားလာပြီ.. ရန်ကုန်သားတွေ အိပ်နေကြဦးမှာလား..?

အညာဒေသမှာ လက်နက်ကိုင် တော်လှန်ရေးစတော့ ခွေးတပ်ကနေ ရွာမီးရှို့လို့ ပြာကျသွားခဲ့တာတောင် အညာသူ အမေအိုကြီးတွေက ရှိတဲ့ နားကပ်လေးတွေ ချွတ်ပေးပြီး တော်လှန်ရေး ရဲဘော်တွေ လိုရာသုံးဖို့ ကူညီ ထောက်ပံ့ခဲ့တဲ့ ရုပ်သံဖိုင်တွေ ကြည့်ဖူးကြမှာပါ။ အဲ့လိုပဲ MDY-PDF ကို ပုံအော ထောက်ပံ့ဖို့ မန်းလေးသားတွေဟာ သွေးမကျဲခဲ့ပါဘူး။ NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေထဲမှာ MDY-PDF ဟာ သူဌေးတပ်လို့ ခေါ်ရလောက်အောင်အထိ မန်းသူမန်းသားတွေဟာ တာဝန်ကျေခဲ့ကြပါတယ်။

အခု စစ်ကိုင်းငလျင်ကြောင့် မန္တလေးနဲ့ အညာဒေသက တော်လှန်ပြည်သူတွေ အထိနာနေချိန်မှာ တောင်ပိုင်းစစ်ဒေသက တော်လှန်ရေးတပ်တွေက စစ်ရှုံးကောင်တွေကို အနားမပေးပဲ ဝိုင်းကြိတ်နေကြပါပြီ။

တောင်ပိုင်းစစ်ဒေသက PDF တပ်တွေ ဆိုတာ ရန်ကုန်ကို ကိုယ်စားပြုထားတဲ့ တော်လှန်ရေးတပ်တွေလို့ ပြောရင်လဲ လုံးဝ မမှားပါဘူး။ ရန်ကုန် လွတ်မြောက်ဖို့ တောင်ပိုင်းက PDF တပ်ရင်းတွေကိုပဲ အားကိုးရမှာပါ။ လက်ရှိအချိန်မှာ စစ်ဘေး၊ မင်းဘေး၊ သဘာဝဘေးတွေကြောင့် တစ်နိုင်ငံလုံးရှိ မြို့တွေရွာတွေ ပျက်စီးနေရချိန်မှာ အကောင်းပကတိအတိုင်း ကျန်တာဆိုလို့ ရန်ကုန် တစ်မြို့ပဲလို့ ဆိုရမှာပါ။

ဒီလို အခြေအနေမှာ ရန်ကုန်သားတွေ ဘာလုပ်ကြမလဲ၊ ဘာလုပ်သင့်သလဲ?

ရန်ကုန်ကို အကောင်းတိုင်းကျန်ဖို့ ဆိုရင် ရန်ကုန်ကို စစ်မရောက်စေပဲ ကျန်တဲ့ ဒေသတွေမှာတင် ပွဲပြတ်အောင် စစ်ရှုံးတပ်ကို အပြတ်လှော်ပလိုက်ဖို့ မလိုဘူးလားဗျာ။

အဲ့တော့ လုံခြုံတဲ့နေရာမှာ အေးချမ်းစွာ စီးပွားရှာရင်း တဖက်တလမ်းကနေ တော်လှန်ရေး တပ်တွေအတွက် ထောက်ကူရင်း အဆုံးသတ် တိုက်ပွဲကို ပျော်ပျော်ကြီး ဝင်နွှဲကြဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

#4C_TruthNews
https://t.me/https3starmyaing
မန္တလေးမှာ မိုးသည်းထန် ရွာသွန်းလို့ ငလျင်ဒဏ်ထိ တိုက်တစ်လုံး ပြိုကျ၊

▪️မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးရွာ ရေကြီးလို့ ငလျင်ဘေးသင့်သူတွေ အခက်တွေ့၊

ဧပြီလ ၁၅ ရက်

မန္တလေးမြို့မှာ ဒီကနေ့ ဧပြီလ ၁၅ရက် ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ၂၆ လမ်း၊ လမ်း၈၀နဲ့ ၈၁လမ်းကြားက  ငလျင်ဒဏ်ထိထားတဲ့ သုံးထပ်ခွဲ တိုက်တစ်လုံး ပြိုကျခဲ့ပါတယ်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အအုံ ထိခိုက်ကာ တိမ်းစောင်းနေတဲ့ ၂၆ လမ်း၊ လမ်း၈၀နဲ့ ၈၁လမ်းကြားက  စတိုးဆိုင်ဖွင့်ထားတဲ့ သုံးထပ်ခွဲတိုက် မိုးရွာချိန် ပြိုကျသွားတာ ဖြစ်ပြီး လူသူ ထိခိုက်တာတော့ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် မိုးသည်းထန်လို့ လမ်းပေါ် ရေလျံကာ သွားလာရေး အခက်တွေ့နေရသလို ငလျင်ဘေးသင့်လို့ နေထိုင်စရာ အိမ်မရှိတော့ဘဲ ငလျင်ရှောင်စခန်းတွေမှာ နေထိုင်ရသူတွေလည်း နေထိုင်ရေး အခက်တွေ့ နေရတယ်လို့ ဆိုပါတယ်။

“ဒုက္ခရောက်တယ်။ မိုးရေတွေလည်း ဝင်လို့။ မိုးကြိုးတွေကပစ်၊ လေတွေက တိုက်၊ မိုးကသည်း” လို့ ငလျင်ရှောင်စခန်းတစ်ခုမှာ ယာယီခိုလှုံနေသူတစ်ဦးက ပြောပါတယ်။
https://t.me/https3starmyaing
🛑 မိဘပြည်သူများ သိရှိစေရန် 🛑

မနက်ဖန် အတက်နေ့ပီးရင် သင်္ကြန်ကာလက ပီးပါပီ
ပြောချင်တာကတော့ အကြမ်းဖက် 🐕 အုပ်စုက လူစည်းကားတဲ့ အချိန် ကာလ မှာပဲ သူတို့လိုသလောက် ပေါ်တာဆွဲမှာပါ
ပြည်သူတွေ အသွားအလာဆင်ခြင်ကြပါ
ကိုယ်ကိုတိုင်မပါသေးရင်တော့  ဘယ်လိုမှ မဖစ်ပေမယ့် အဆွဲခံရရင်လဲ စစ်သားကြီးလုပ်ဖို့ကလွဲပီး ဘာမှရွေးချယ်ခွင့်မရှိပါဘူးနော်🙂
ပြောနေကျ စကားလိုပါပဲ ကိုယ်ဖြစ်ရင်ကိုယ်ပဲခံရမှာပါ
ယခု ၃ရက်အတွင်းမှာတောင် ပြည်သူအတော်များများ ပေါ်တာဆွဲခံရပါတယ် လူစည်ကားချိန်က မနက်ဖန်တရက်ပဲ ကျန်တော့တာမို့ တချို့နေရာတွေအတော်များများမှာလဲ ပေါ်တာဆွဲမဟ်လို့ ကြားမိထားပါတယ်
ပြည်သူတွေသိရှိဖို့ တင်ပြရခြင်းဖစ်ပါတယ်ဗျ
ပျော်တာကိုတော့ မတားပါဘူးအသွားအလာ ဆင်ခြင်ကြပါ ဂရုစိုက်သွားလာကြဖို့ အကြံပြုအပ်ပါတယ်ဗျ🙇‍♀️
အကြမ်းဖက် 🐕 အုပ်စုရန်မှ ကင်းဝေးကြပါစေ🙏

🌹 အညာသား#

3StarMyaing

https://t.me/https3starmyaing