ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
တောင်သာ⚠️

တောင်သာနယ် ဖြတ်၍ ဂျက်ဖိုက်တာ ၁စီး အနောက်မြောက်  အရပ်သို့ ပျံသန်း။

#WaiHin
Mar26,5:53PM
📫သတင်းပို့ရန် @WaiHinScout_Bot

https://t.me/https3starmyaing
နွားထိုးကြီး ⚠️

နွားထိုးကြီးနယ် ဖြတ်၍ ဂျက်ဖိုက်တာ ၁စီး အနောက် အရပ်သို့ ပျံသန်း။

#WaiHin
Mar26,5:54PM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing

စေကြိုမြို့နယ် ရေလယ်ကျွန်း

ရေစကြို၊ မတ် ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မတ် ၂ ရက်ကနေ မတ် ၂၄ ရက်အထိ နေအိမ် ၇၀၀ ကျော်မီးရှို့ခံရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဒေသခံ ၁၆ ဦးအသတ်ခံခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီနောက်ဆုံးပတ်လောက်မှာ ရေစကြိုမြို့နယ်ထဲကိုရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁ ရက်မှာ မြေစွန်းတော်ရွာကို စတင်ဝင်ရောက်ပြီးနောက် ဇရပ်နီ၊ မာလကာခြံရွာ၊ သာဂေါင်ရွာလေး၊ သာဂေါင်ရွာကြီး၊ ပန်းညို၊ မြေတော်၊ ဘိစပ်ကုန်း၊ ငသရော်၊ တောင်ကုန်း၊ ကံဦးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ သတ်ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်လို့ မီးရှို့တာမဟုတ်ဘူး။ ဒီကောင်တွေက ရွာတွေကိုဝင်ရင် ညဘက်ဝင်တယ်။ သေနတ်တွေ ဖောက်တယ်။ လူတွေဖမ်းတယ်။ သတ်တယ်။ မီးရှို့တယ်။ အိမ်ခြေပဲ ၇၀၀ ဝန်းကျင်လောက်ရှိပြီး။ ဒေသခံတွေသေတာလည်းရှိတယ်"လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့လို့ မြေစွန်းတော်ကျေးရွာ အိမ်ခြေ ၂၆၆ လုံး၊ ဇရပ်နီကျေးရွာက အိမ်ခြေ ၆၈ လုံး၊ သာဂေါင်လေးကျေးရွာက ၂၀ လုံး၊ မြေတော်ကျေးရွာက ၂၇၂ လုံး၊ ဘိစပ်ကုန်းနဲ့ ငသရော်ကျေးရွာက တဲတိုက်အလုံး ၂၀ ခန့် စုစုပေါင်း ၆၄၆ လုံး မီးလောင်ပျက်စီးတာကို စာရင်းကောက်ယူထားနိုင်ပြီး စာရင်းမကောက်နိုင်သေးတာတွေလည်းရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေစွန်းတော်ရွာက အသက် ၃၅ ကနေ ၈၈ အရွယ် အမျိုးသား ၇ ဦး၊ အသက် ၆၀ နဲ့ ၈၆ နှစ်အရွယ်အမျိုးသမီး ၂ ဦး၊ မာလကာခြံရွာက အသက် ၅၀ နဲ့ ၇၀ အရွယ်အမျိုးသား ၂ ဦး၊ သာဂေါင်လေးရွာက ၆၅ နှစ်အရွယ်အမျိုးသား ၁ ဦး၊ သာဂေါင်(ရွာမ)က အသက် ၄၂ နှစ်နဲ့ ၉၁ နှစ်အရွယ် အမျိုုးသား ၂ ဦး၊ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး၊ အချက်အလက် အတည်မပြုနိုင်သေးတဲ့ အမျိုးသား ၁ ဦး နဲ့ ရေလယ်ကျွန်းစစ်ကြောင်းက တပ်ဖွဲ့ဝင် မျိုးစစ်သည် တို့လည်း အသတ်ခံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာ ၇ ရွာနဲ့ နီးစပ်ရာကျေးရွာက စုစုပေါင်း ၁၃ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မတ် ၂၅ ရက်ဒီနေ့အထိ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲက ကံဦးနဲ့ တောင်ကုန်းရွာတို့အနီး တပ်စွဲနေတယ်လို့ သိရပါတယ်။
Forwarded from Shwe Moe
This media is not supported in your browser
VIEW IN TELEGRAM
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်အနီးရှိ စစ်ရှုံးကောင်စီရဲ့ ခလယ်ဒေး တပ်စခန်းကို KNLA တပ်မဟာ (၇) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာတိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက်ရရှိလာတဲ့ လက်နက်ခဲယမ်းတွေ
Forwarded from Khit Thit Media
မြိုင်နှင့် ပေါက် မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြာင်း အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင် မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် တစ်ကြိမ် ၊ ၁၁ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် နတ်သတ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

"ပြည်သူထိခိုက်တာတော့ မကြားမိသေးဘူး။ တိုက်ပွဲ မရှိဘူး။ ဟိုနေ့က ချတာ သေဆုံးမရှိလို့များ ထပ်ချနေသလား ထင်ရတယ်" ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မတ်လ ၂၄ ရက်ကလည်း နယ်သတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Forwarded from Maun Media
ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်
မတ် ၂၆၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာနေလူထုနဲ့ NUG မြေပြင်စာသင်ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းစေဖို့အတွက် ဘေးကင်းရိပ်မြုံ အစီအစဉ်အဖြစ် ဗုံးခိုကျင်းတူးဖော်ဖို့ ထောက်ပံ့ငွေပေးတာ၊ ဘေးအန္တရာယ် လျော့ကျရေး ဇာတ်တိုက်လေ့ကျင့်တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ဘေးကင်းရိပ်မြုံအစီအစဉ်ကို ကလေးမြို့နယ် ပကဖ၊ ပအဖ၊ ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (အခြေခံ)၊ သက်မွေးပညာကော်မတီ (ကလေးခရိုင်)နဲ့ Mobile Medical Team-West Division တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မြိုင် -မကွေးတိုင်း⚠️

8:40pm (26 Mar)

မိထ္ထီလာ လေတပ်တက် Jet Fighter (1)စီး မြိုင်ဖြတ် အနောက်မြောက်ဘက်သို့ ပျံသန်း။

⚠️  ချင်း မကွေး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
မြိုင်နယ် ဖြတ် နောက်ထပ်ဂျတ်ဖိုက်တာတစ်စီးအနောက်မြောက်

Mar-26/8:47PM
Daily Highlight 3
March 26 (09:30 PM)

- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ဗန်းမော်နယ် ၆ ကြိမ်
- မြိုင်/ပေါက်နယ်အစပ် ၂ ကြိမ်
- မင်းကင်းနယ် ၁ ကြိမ်
- နောင်ချိုနယ် ၂ ကြိမ်
- ဖလမ်းနယ် ၄ ကြိမ်
- ချောင်းဦးနယ် ၁ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)

(မိမိတို့မှ သတင်းရရှိသော လေကြောင်းတိုက်ခိုက်မှုများကိုသာဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
Wai Hin (ဝေဟင်):
ဆိပ်ဖြူ  ⚠️

ဆိပ်ဖြူ ကပစ ၂၂  မှ စက်တပ်လေထီး (Paramotor ) ၁ စီး ပျံတက်။

#WaiHin
Mar 26, 10:37 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ဆိပ်ဖြူ  ⚠️

ဆိပ်ဖြူ ကပစ ၂၂  မှ ၂စီးမြောက် စက်တပ်လေထီး (Paramotor ) ၁ စီး ထပ်မံ ပျံတက်။

#WaiHin
Mar 26, 10:42 PM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
Forwarded from Hlaing Info
မြိုင်နှင့် ပေါက် မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်

မတ်လ ၂၆ ရက်

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြာင်း အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင်  မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် တစ်ကြိမ် ၊ ၁၁ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် နတ်သတ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆက် - ⤵️⤵️
ပေါက်  ⚠️

ပေါက်နယ် ဖြတ်၍  ၂စီးမြောက် စက်တပ်လေထီး (Paramotor ) ၁ စီး အရှေ့မြောက် သို့ပျံသန်း။

#WaiHin
Mar 26, 10:56 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ  ⚠️

ပခုက္ကူနယ်အနောက်တောင်ခြမ်း ဖြတ်၍   စက်တပ်လေထီး (Paramotor ) ၁ စီး အရှေ့မြောက် သို့ပျံသန်း။

#WaiHin
Mar 26, 11:02 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ကမ္မ ⚠️

ကမ္မနယ်တောင်ခြမ်း ဖြတ်၍  ၂စီးမြောက် စက်တပ်လေထီး (Paramotor ) ၁ စီး အရှေ့တောင်အရပ် သို့ပျံသန်း။

#WaiHin
Mar 26, 11:05 PM
📫သတင်းပို့ရန် @WaiHinScout_Bot