ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
မြောင်⚠️ 🛑 မြောင်နယ် တောင်ခြမ်း တနေရာတွင်  တံတားဦးလေတပ် တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်  ၁ စီး ပျံသန်းဝဲနေ။ #WaiHin Feb 26,12:38PM 📫သတင်းပို့ရန် @WaiHinScout_Bot https://t.me/https3starmyaing
🔴မြောင်🔴

မြောင်နယ် တနေရာတွင် တံတားဦးလေတပ်တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် (12:44),(12:49),(12:51)PM အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့‌ကြောင်းသိရပါသည်။

#WaiHin
Feb 26, 2:00 PM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
မြိုင်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ

ဖေဖော်ဝါရီလ ၂၆ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းရွာမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာပွဲကျင်းပချိန် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိလာပြီလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က RFA ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးရှိပြီး သူတို့ကို ဆေးကုသမှုပေးနေတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လက်ျာက RFA ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။

“ဒေသခံတွေကတော့ ထွက်ပြေးကြတယ်၊ အခုထိတော့ သေဆုံးတာ ၁၂ ဦးရှိပြီ။ အဲဒီထဲက တစ်ဦးကတော့ မီးလောင်နေတဲ့ အထဲကနေ ကောက်ရတာဆိုတော့ နာမည် မသိနိုင်သေးဘူး။ ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးကုနေရတယ်"

သေဆုံးသူတွေဟာ အသက် ၂၉ အရွယ် ကိုဇော်နိုင်၊ အသက် ၂၇ နှစ်အရွယ် ကိုကျော်သူ၊ အသက် ၂၅ နှစ်အရွယ် ကိုကျော်မျိုးဝင်း၊ အသက်၄၉ နှစ်အရွယ် ဦးဖိုးရွှေ၊ အသက် ၅၃ နှစ်အရွယ် ဦးမောင်ကြိုင်၊ အသက် ၃၁ နှစ်အရွယ် ကိုဝေလင်းမောင်၊ အသက် ၃၆နှစ်အရွယ် ကိုခန့်ဝင်း၊ အသက် ၄၄ နှစ်အရွယ် ကိုသောင်းဝင်း၊ အသက် ၅၈ နှစ်အရွယ် ဒေါ်သိန်းမြင့်၊ အသက် ၃၄ နှစ်အရွယ် ကိုသံချောင်း၊ အသက် ၄၉ နှစ်အရွယ် ကိုကံဌေးတို့ဖြစ်ပြီး နာမည်မသိရသေးတဲ့ ပုံပျက်နေတဲ့ ရုပ်အလောင်းတစ်ခု ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ် စာမျက်နာတွေမှာ ဆုံကုန်းရွာ PDF အဖွဲ့ရဲ့ မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမှန်ကန်ပြီး PDF အများအပြား သေဆုံးတယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရေးသားဖြန့် ဝေကြပါတယ်။

RFA ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၁၇၆၉ ဦး သေဆုံးခဲ့ပါတယ်။
_

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြိုင်မြို့နယ်၊ ဆုံကုန်းရွာ အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Facebook/ Red Peacock Photo)

#RFA
#HlaingInfo
#3SM
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက် မြောက်အရပ်သို့ ပျံတက်။

#WaiHin
Feb 26,  3:38PM
📫သတင်းပို့ရန် @WaiHinScout_Bot



https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
မြောင်မြို့နယ် ဖေဖော်ဝါရီ လ ၂၆ ရက်ယနေ့မနက်ပိုင်းက ရေစကြိုမြို့ပေါ်မှ အရှေ့မြောက်အရက်သို့ ထွက်ခွာ သွားသော စစ်ခွေး အင်အား ၂၀၀ ဝန်းကျင်ခန့်မှာ မြောင်မြို့နယ် သုခဒီပရွာ နားသို့ရောက်ရှိနေကြောင်း သိရပါသည်။ Feb 26 -12:30PM #3SM သပြေညိုဌာနေ 3 Star Myaing…
ရေစကြိုမြို့နယ်

ဖေဖော်ဝါရီလ ၂၆ ရက်နေ ယနေ့မနက်ပိုင်းက ရေစကြိုမြို့ပေါ်မှ ထွက်ခွာသွားသော စစ်ခွေး အင်အား ၂၀၀ ဝန်းကျင်ခန့်ပါ စစ်ခွေး စစ်ကြောင်းမှာ မြောင်မြို့နယ်အတွင်းမှတစ်ဆင့် ရေစကြိုမြို့နယ် ကျွန်းမှို ရွာသို့ ယနေ့ ညနေ ၃ နာရီ အချိန်က ရောက်ရှိနေကြောင်း သိရပါသည်။

Feb -26/4:08PM

#3SM
သပြေညိုဌာနေ

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့နယ် ဖေဖော်ဝါရီလ ၂၆ ရက်နေ ယနေ့မနက်ပိုင်းက ရေစကြိုမြို့ပေါ်မှ ထွက်ခွာသွားသော စစ်ခွေး အင်အား ၂၀၀ ဝန်းကျင်ခန့်ပါ စစ်ခွေး စစ်ကြောင်းမှာ မြောင်မြို့နယ်အတွင်းမှတစ်ဆင့် ရေစကြိုမြို့နယ် ကျွန်းမှို ရွာသို့ ယနေ့ ညနေ ၃ နာရီ အချိန်က ရောက်ရှိနေကြောင်း သိရပါသည်။…»
ဂန့်ဂေါသတင်း

26.2.2025

မြို့ပြင်ကိုမ-ထွ-က်-ရဲ တော့တဲ့ ဂန့်ဂေါမြို့ခလရ ၅၀ ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ယနေ့ဖေဖော်ဝါရီလ ၂၆ ရက် နေ့ ညနေ ၃ နာရီ ၇ မိနစ်ခန့်ကစလို့ ယခုအချိန်အထိ မြစ်သာမြစ်အနောက်ဖက်ကမ်းက စိုင်ဒူးရွာဖက်ကို လ-က်-န-က်ကြီးများနဲ့ အကြောင်းမဲ့ပ-စ်-ခ-တ်နေကြတယ်လို့သိရပါတယ်။

ခလရ ၅၀ တပ်ကနေ လွတ်တင်ပြီး စ-စ်ဒရုန်းတစ်စီးနဲ့ပါ ဗုံးးသီးးချ ၊အကြောင်းမဲ့တို-က်-ခို-က်နေတယ်လို့လည်းသိရပါတယ်။

မြို့နားနီးကျေးရွာများနဲ့ မြစ်သာမြစ် အနောက်ဖက်ခြမ်းက မိဘပြည်သူများ ကြိုတင်သတိထားနေထိုက်ကြပါရန် အသိပေးလိုက်ပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
#MRSN
Feb 26 , 4:49PM

@myaing3starbot


https://t.me/https3starmyaing
စက်တပ်လေထီး အသိပညာပေးစာစောင်တွေကို ကျေးရွာပေါင်း ၂၂ ရွာမှာ ဖြန့်ဝေခဲ့

မြေလတ်အသံ၊ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅။

ဖေဖော်ဝါရီတတိယအပတ်အတွင်း ပခုက္ကူမြို့နယ်ထဲက ကျေးရွာ ၂၂ ရွာကို Paramotor - စက်တပ်လေထီး အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေပေးခဲ့တယ်လို့ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၄၊ ၂၅၊ ၂၆ နေ့တွေမှာ ကျေးရွာပေါင်း ၂၂ရွာကို ကွင်းဆင်းပြီး Paramotor - စက်တပ်လေထီး အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေခဲ့သလို သေချာဖတ်ရှုလေ့လာကြဖို့တိုက်တွန်းခဲ့တယ်လို့ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“အာဏာသိမ်းစစ်တပ်ဟာ တနေ့ထက်တနေ့ နယ်မြေတွေ ဆုံးရှုံးတာ၊ စစ်ရှုံးလာရတာနဲ့အမျှ လေယာဉ်၊ လေထီး၊ လက်နက်ကြီးတွေကို ပိုမိုအသုံးပြုလာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ စစ်ရေးအသိရှိကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်” လို့ သူကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/စက်တပ်လေထီး_အသိပညာပေးစာစောင်တွေကို_ကျေးရွာပေါင်း_၂၂ရွာမှာဖြန့်ဝေခဲ့