ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «တော်လှန်ရေး ကာလကြာမြင့်သည့် အပြင် အခတ် အခဲးကြားမှ ယခုလို ကူညီဝိုင်းဝန်းပေးကြပါသော တော်လှန်အင်အားစုများ အားလုံးအား 3 Star Myaing (ပခုက္ကူခရိုင် အတွင်းရှိ မြေပြင်သတင်းများ) ချန်နယ် အဖွဲ့သားများမှ အထူးပင်ကျေးဇူးတင်ရိုပါသည်။ ပခုက္ကူမြို့နယ် မြိုင်မြို့နယ်…»
မြင်းခြံ

ညနေ ၆ နာရီဝန်ကျင်း
မြင်းခြံမြို့၊ ဘူတာတိုက်တန်း​မြောက်ဖက်အခြမ်း(အေးကျင်းဘက်)က ဖုန်းဆိုင်ကို ပျူများမှ ကားတစီးဖြင့် ဓားပြ တိုက်သွား။

#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ

Feb 22 , 7:20PM

https://t.me/m2nQSzdXozljZmM1
"အံ့ဖွယ် KBZ ဓားပြ"

ဆေးမစားမီ ရုပ်နဲ့ ဆေးစားပြီး ရုပ်တော့ မဟုတ်ပူး.. ဓားပြတိုက်နေဆဲ ရုပ်နဲ့ ရဲခွေးစခန်းကို ရောက်သွားတဲ့ ရုပ်..

အာ့ကြောင့်လဲ နှာတို ငပေါက်က မယားပါသား လှရွှေတွေကို ခွေးဆဲဝက်ဆဲ ဆဲတာ..

အ..ဟစ်..ဟစ်.. 🤣

#4C_

https://t.me/m2nQSzdXozljZmM1
စစ်ံကောင်စီက ဖမ်းမိပြီဆိုသည့် KBZ ဘဏ်ဓားပြ လူပုံစံ မတူတာကြောင့် ဝေဖန်မှုများ မြင့်တက်နေ...
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၅
မန္တလေးတိုင်း၊ မန္တလေးမြို့က BKZ ဘဏ်ဓားမြတိုက်မှုမှာ တရားခံဖြစ်သူကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့မှာ ဖမ်းဆီးရမိပြီလို့ ကြေညာခဲ့ပေမယ့် တရားခံရဲ့ လူပုံစံကွဲလွဲနေမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၁ ယောက်က ငွေကျပ် သိန်း ၁၅၀၀ ဓားမြတိုက်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ တရားခံဖြစ်သူက ဘဏ်ဝန်ထမ်းကို သေနတ်ပြ ခြိမ်းခြောက်ကာ ငွေတွေ ထုတ်ခိုင်းပြီး ဆိုင်ကယ်နဲ့ ငွေယူထွက်ပြေးသွားတာကို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။
ဒီနေ့မှာတော့ စစ်ကောင်စီကနေ အဲ့ဒီဓားမြမှုတရားခံကို ဖမ်းဆီးရမိပြီလို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်လာပေမယ့် CCTV မှတ်တမ်းက တရားခံနဲ့ ဖမ်းမိထားတဲ့ တရားခံတို့ဟာ ခန္ဓာကိုယ်အချိုးအစား ကွာခြားလွန်းနေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။
“ပြေးရလွှားရလို့ထင်ရဲ့… နှစ်ရက်အတွင်း အတော်ပိန်သွားပါရော” “မနေ့ကလူနဲ့ လုံးဝမတူ” “လူပုံချင်းမတူဘူးနော်” “အရွယ်ပုံစံအနေအထားကအဲ့အဘိုးကြီးမဟုတ်ပါဘူး ဘယ်လိုဖြစ်တာလဲ ဓားမြတိုက်သူက လူလတ်ပိုင်းအရွယ်ပါ CCTVကတွေ့ရတာ” စတဲ့ မှတ်ချက်တွေနဲ့ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ တရားခံဖြစ်သူကို ဖမ်းမိရာမှာ သက်သေခံပစ္စည်း ငွေတွေနဲ့အတူ သေနတ်ကိုပါ တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီ ၇၃ လမ်းနဲ့ ၄၁ လမ်းက ကမ္ဘောဇဘဏ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာလည်း လက်လုပ်သေနတ်နဲ့ ဘဏ်ဓားမြတိုက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာတော့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် တရားခံဖြစ်သူ ဘဏ်ကအထွက်မှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဓားပြတိုက်ခံရတဲ့ဘဏ်ရဲ့ အနီးပတ်ဝန်းကျင်ဟာ လူအသွားအလာမပြတ်တဲ့နေရာဖြစ်ပြီး စစ်တပ်က လုံခြုံရေးယူထားတဲ့ ဘန်ကာတွေလည်း ရှိတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ - CCTV မှတ်တမ်းမှာ တွေ့ရတဲ့ တရားခံပုံနဲ့ စစ်ကောင်စီက ဖမ်းမိထားတဲ့ တရားခံပုံ

https://t.me/m2nQSzdXozljZmM1
Forwarded from Hlaing Info
ဆိပ်ဖြူမြို့နယ် ကပစ ၂၂ တွင် အမောင်းသင်နေသည့် စက်တပ် လေထီး ၁ စီး သစ်ပင်နှင့် တိုက်မိပြီး ပျက်ကျ၍ စစ်သား ၂ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၂ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ တွင် အမောင်းသင်နေသည့် စက်တပ် လေထီး ၁ စီး သစ်ပင်နှင့် တိုက်မိပြီး ပျက်ကျ၍ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နံနက် ၉ နာရီခန့်တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စက်တပ်လေထီး အမောင်းသန်နေစဉ် သစ်ပင်နှင့် တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျက်ကျခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကပစ ၂၂ မှ နေ၍ စက်တပ်လေထီးများဖြင့် ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကရတဲ့ ပစ္စည်းတွေနဲ့ မီးရှို့ခံရတဲ့ရွာကို မီးရအောင် ပြန်လုပ်ပေး(ရုပ်/သံ)

ဆီမီးခုံ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅။

ဆီးမီးခုံ(ဆမိတ်ခုံ)မြို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံက Cable ကြိုးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သွားယူလာပြီး မြင်းခြံမြို့ထဲက မီးရှို့ခံရတဲ့ရွာတရွာကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ Myingyan Black Tiger ( MBT) အဖွဲ့ခေါင်းဆောင်ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံ(ဆမိတ်ခုံ)မြို့ရဲ့ လျှပ်စစ်ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဓါတ်အားပေးစက်ရုံထဲထိဝင်ပြီး မြင်းခြံခရိုင်တပ်ရင်း - ၉(MBT) အဖွဲ့က ဝင်ယူခဲ့ကြတာပါ။

အဲ့ဒီစက်ရုံဟာ စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေထဲမှာရှိတာဖြစ်တဲ့အတွက် MBT အဖွဲ့က လုံခြုံရေးအပြည့်နဲ့ အရဲစွန့်ကာ ဝင်ယူလာခဲ့ကြတာဖြစ်တယ်လို့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီစက်ရုံကရလာတဲ့ Cable ကြိုးတွေအပါ လျှပ်စစ် ဆက်စပ်ပစ္စည်းတွေအသုံးပြုကာ မြင်းခြံမြို့နယ်ထဲက ကျေးရွာတရွာကို ဖေဖော်ဝါရီ ၁၆ ရက်မှာ မီးပြန်လည်ရရှိမအောင်လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာ လျှပ်စစ်မီးရအောင် လုပ်ဆောင်ရာမှာလည်း Myingyan Black Tiger တပ်ဖွဲ့က လျှပ်စစ်ကျွမ်းကျင် ရဲဘော်တချို့နဲ့ ပြည်သူတချို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

လျှပ်စစ်မီးရအောင် သွယ်တန်းပြီးနောက် အသုံးမလိုဘဲ ပိုနေတဲ့ ပစ္စည်းတချို့ကိုတော့ ပြန်ရောင်းပြီး ရလာတဲ့ငွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - ချယ်ရီ၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ဆီမီးခုံ #စစ်ကောင်စီ #လျှပ်စစ်ဓာတ်အားပေးစက်ရုံ

https://youtu.be/zZpJj3MGO3Q
တပတ်အတွင်း မြေလတ်သတင်း

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅။

- မြိုင်မှာ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရလို့ သေဆုံးသူများပြီး မိုင်းထိတဲ့ကားကို စစ်ကောင်စီတပ်က မီးရှို့ထားခဲ့
- တောင်သာ ပျူစောထီးစခန်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း
- အင်းတော်မှာ စစ်ကောင်စီက ထိုးစစ်ပြန်ဆင်လို့ ကာကင်းစခန်းတခု ပြန်ပေးလိုက်ရ
- ကက်သလစ်ဘုန်းတော်ကြီးကို ဓားနဲ့ခုတ်သတ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ကို ရွှေဘိုခရိုင်တပ်ရင်း ၅ ကဖမ်းဆီးထား
- အကျဥ်းသားတွေရဲ့မိသားစုဝင်တွေဆီ ထောင်ဝန်ထမ်းတွေက ငွေသိန်းချီ လိမ်လည်တောင်းနေ
- မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း၊ ကနီ၊ ချောင်းဦးမြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့
- ပြည်-ပေါက်ခေါင်းလမ်းမှာ စစ်တပ်ရိက္ခာကားတန်းတိုက်ခိုက်ခံရလို့ စုစုပေါင်း ၁၁ ဦး သေဆုံး
- ကျောင်းသား ၅၀ နီးပါးအထိ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း ဝန်ခံထားတဲ့ ယာယီကျောင်းအုပ်ကို ရဲက ပုဒ်မ ၃၇၇ နဲ့အမှုဖွင့်
- စလင်းမှာ ၃ ရက်ဆက်ပစ်ခတ်မှုတွေဖြစ်ပြီး ဒေသခံ ၁၅၀၀ ကျော်စစ်ရှောင်နေရ

#မြေလတ်အသံ
#တပတ်အတွင်းမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

https://youtu.be/rYDtRuB0Jtc
🌹 မင်္ဂလာ နံနက်ခင်းလေး ပါဗျ 🌹

စစ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့ပြည်စုံကြပါစေ

စစ်ခွေး အန္တရယ် နှင့် စစ်ခွေးလေကြောင်းအန္တယ်ရယ် မှ ကင်းဝေးကြပါစေ

3 Star အဖွဲ့တော်များအား ဝိုင်းဝန်းကူညီပေးကြသော မိဘပြည်သူများ နှင့်တော်လှန်အင်အားစုများ  အားလုံး အား 3 Star အဖွဲ့တော်သားများမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

အရေးတော်ပုံ  အောင်နိုင်ရေးအတွက် မိမိနယ်မြေမှ  မအလ အကြမ်းဖတ်  ခွေးအုပ်စုရဲ့ သတင်းများကိုလဲး ပေးပို့ပေးပါရန်  မေတ္တာ ရပ်ခံ အပ်ပါသည်။

ပြည်သူမှပြည်သူ သတင်းနှင်ကူ 💪💪💪

ပခုက္ကူခရိုင်အတွင်းရှိ  မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
ဂန့်ဂေါနယ်မြောက်ပိုင်းသတင်း

23.2.2025

ယခု ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီကျေးရွာ (ပျူစောထီးရွာ) ကို နမခ (မုံရွာ) အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကနေပြီး Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ် ၂ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ ဦးခန့်ကို ထပ်မံအင်အားဖြည့်ချထားပေးခဲ့ပါတယ်။၎င်း တို့နဲ့အတူ Paramotor (စက်တပ်လေထီး) ၂ ခုလည်းပါလာခဲ့တယ်လို့သိရပါတယ်။

ဟံသာဝတီရွာ ကာကင်းစခန်းကိုထပ်မံအသစ် အင်အားလာဖြည့်ပေးထားတဲ့ စစ်ကောင်စီတပ်သားများဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က စစ်ကောင်စီတပ်သားများဖြစ်ပြီး လာရှိုးမြို့နဲ့ ရပခ ခေါ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒေသခံတော်-လှ-န်-ရေးတပ်ဖွဲ့ဖြစ်တဲ့ ကိုးကန်တပ်မတော် MNDAA က သိ-မ်း-ပို-က်ရယူစဥ်ကာလအတွင်းက အလံဖြူထောင် စ-စ်-သုံ့-ပ-န်းအ-ဖြ-စ်-ဖ-မ်း-ဆီးးခံ-ခဲ့ရတဲ့ တပ်သားများဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါ စ-စ်-သုံ့-ပ-န်းများကို ကိုးကန်တပ်မတော် MNDAA က ယာယီ-ထိ-န်း-သိ-မ်းထားခဲ့ပြီး လအနည်းငယ်အတွင်းမှာ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဖက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။အခု အချိန်မှာတော့ စစ်သားလိုအပ်ချက်အရ ပြန်လည်အသုံးပြုလာရတာဖြစ်ကာ ယောနယ်၊ဂန့်ဂေါနယ်ကို မုံရွာ နမခ ကတဆင့်ပို့ဆောင်ပေးတာဖြစ်တယ်လို့သိရပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်မနက်ပိုင်းမှာ အဆိုပါအသစ်ရောက်လာတဲ့စစ်ကောင်စီတပ်သားများနဲ့ ဟံသာဝတီရွာကုက္ကားရွာ၊မြောက်ခင်ရန်းရွာက ပျူစောထီးများနဲ့ ပူးပေါင်းအင်အား ၂၀၀ ခန့်ဟာ စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းက ကြံသာရွာဖက်ကို စ-စ်ကြောင်းထိုးး ထွက်ခွာသွားခဲ့ကြပြီး ယခုအချိန်အထိ ကြံသာရွာမှာ ရှိနေကြသေးတယ်လို့သိရပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
MRSN
Feb 23 , 11:06 AM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့နယ်

အင်ပင်ရွာ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ခွေး အင်အား ပါ စစ်ခွေး ကား တစ်စီးရောက်ရှိနေကြောင်း သိရပါသည်။

Feb 23 /11:54AM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
Forwarded from Hlaing Info
"နိုင်ငံရေးဆိုတာ ကိုယ်က ဘယ်လောက်ပဲ
မှန်တာလုပ်လုပ်၊အမှန်တရားဆိုတာ
မပေါ်ပေါက်သေးသရွေ့ ခါးစည်းခံရတာပဲ။

အဲ့ဒါကို စိတ်ပျက် စိတ်ကုန်လို့ မရဘူး၊
ကိုယ့်ရည်မှန်းချက်ပန်းတိုင်က
ရှိသေးတယ်မဟုတ်လား။"

   ဒေါ်အောင်ဆန်းစုကြည်
  နိူင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို 
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးနေပါသည်။

#HlaingInfo
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ပခုက္ကူမြို့နယ် အင်ပင်ရွာ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ခွေး အင်အား ပါ စစ်ခွေး ကား တစ်စီးရောက်ရှိနေကြောင်း သိရပါသည်။ Feb 23 /11:54AM #3SM 3 Star Myaing ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန်…
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အင်ပင်ရွာ သို့ စစ်ခွေး ကား နောက်တစ်စီးရောက်ရှိနေပြီး ယခင်က အင်ပင်ရွာ စစ်ခွေးဂိတ်ရှိ စစ်ခွေး ရဲခွေး ပျူခွေးများအား အချိန်းအပြောင်း လုပ်မယ်ဟု (ယူဆ) ရပါသည်။

Feb-23/12:57PM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
ချန်နယ် စကားဝိုင်းအတွင်းရှိ တော်လှန်အင်အားစုများ စိတ် အနှောက်အယှက်မဖြစ်စေရန် အတွက် 3 Star Myaing ( ပခုက္ကူ ခရိုင်အတွင်းရှိမြေပြင်သတင်း) ချန်နယ် စကားဝိုင်းအတွင်းသို့ တော်လှန်ရေးနှင့် သက်ဆိုင်သော စကားများမှ အပအခြားစကားများအား (လုံးဝ လုံးဝ) မပေးပို့ကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။


မှတ်ချက်။ ။ ထပ်မန်ပေးပို့နေပါက Ban ရပါမည် ။




https://t.me/jhXyJH9BEG4wZTI1
ဂန့်ဂေါသတင်း

23.2.2025

ယခုရက်ပိုင်းတွေမှာ နယ်ကျေးရွာတွေဖက် စစ်ကြောင်းထွက်ခြင်းမပြုလုပ်ဘဲ ငြိမ်ကု-ပ်နေတဲ့ ဂန့်ဂေါမြို့ခလရ ၅၀ တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ မြို့အဝင် /အထွက် ဂိတ်များကို ပိုမိုတ-င်းးကြ-ပ်-စ-စ်-ဆေးးနေကြတယ်လို့သိရပါတယ်။

မြို့အဝင်မှာ မှတ်ပုံတင်ပြရသလို မြို့နေပြည်သူများ နယ်ကျေးရွာတွေဖက်ကိုသွားလျှင်လည်း မှတ်ပုံတင်ပြရပြီး ဘယ်နေရာ၊ဘယ်ရွာကိုသွားမည် လို့သတင်းပေးသွားကြရကြောင်းသိရပါတယ်။

ယမန်နေ့ ခလရ ၅၀ တပ်ထဲမှာ ခိုးးရာပါ ပစ္စည်းများနဲ့ ရောင်းရငွေများကိုဝေစုခွဲဝေကြရာ အဝေမတည့်ဖြစ်ကာ စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများ ထိုးးကြိ-တ် ရို-က်နှ-က်မှုတွေဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။

ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက တော်-လှ-န်-ရေးအဖွဲ့ကနေ ထွ-က်-ပြေးးပြီး ခလရ ၅၀ တပ်ထံ-ခို-လှုံ-ခဲ့တဲ့ ဇဟောရွာသား သ-စ္စာ-ဖော-က်-ဒ-လ-န် ဖိုးခွား က မိမိဝေစုမှာ စ-စ်-သားးများအောက် လျှော့နည်းနေရာမှ အချင်းများအငြင်းပွားကြရာစ-စ်-သားးများက ဝိုင်းဝန်း ထိုးးကြိ-တ်-ရို-က်-နှ-က် ခဲ့တာလို့သိရပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
MRSN
Feb 23 , 1:30PM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
ယောအလင်းတန်းသို့ အတွင်းးသတင်းးများပေါ-က်-ကြားးတယ်ဟုဆိုကာ လျှို့ဝှက်အစည်းအဝေးလုပ်

23.2.2025 ၊ယောနယ်

ယောနယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ရှေ့ဆက်လုပ်ဆောင့်မည့်စ-စ် ​-ရေးး သတင်းများအပါအဝင် ၎င်းတို့ရဲ့ လှုပ်ရှားနေမှုများ စတဲ့ သတင်းတွေကို ယောအလင်းတန်းသို့ စ-စ်ရေးး သတင်းများပေါ-က်ကြားးတယ်လို့ဆိုပြီး ယောနယ်က စစ်ကောင်စီခေါင်းကြီးပိုင်းတွေ လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်သတင်းရင်းမြစ်ကယောအလင်းတန်းကိုပြောပါတယ်။

မည်သည့်မြို့၊မည်သည့်နေ့၊အချိန်က အခုလို လျှို့ဝှက်အစည်းဝေးပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ မိမိတို့ ယောအလင်းတန်းအနေဖြင့် ခေတ္တ လျှို့ဝှက်ထားပါရစေ။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Feb 23 , 4:08 PM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
ပခုက္ကူ ၊ ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၅ ။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းရှိ လက်ပန်ချောင်းရွာအထိုင်စခန်းက‌နေ ထွက်လာပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီလက်‌အောက်ခံ ၈ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်က ဒရုန်းနဲ့ ဗုံးကြဲချပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်း၊ လက်ပန်ချောင်းရွာရှိ စစ်တပ်နဲ့ပျူစောထီး အထိုင်စခန်းက‌နေထွက်လာပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီလက်‌အောက်ခံ ၈ ဦးကို ဒရုန်းနဲ့ ဗုံးကြဲချပြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ရဲ့ စစ်ကူတွေရောက်လာတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT တာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးက လက်ပန်ချောင်းကျေးရွာဟာ ပျူစောထီးအင်အားကောင်းတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် တပ်စွဲနေတာ ၃ နှစ်ခန့်ရှိပြီလို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT၊ ပခုက္ကူခရိုင် တပ်ရင်း ၈ နဲ့ မြစ်ခြေပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ကင်းပုန်းဝပ် #တိုက်ခိုက် #သတင်း
မြိုင်မြို့နယ်🔴

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ တပ်ခွဲ ၃ စခန်းကို မိတ္ထီလာ ရှန်တဲလေတပ်မှ တက်လာသော Mig -29 ဂျက်ဖိုက်တာ တစ်စီးဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မွန်းလွဲ ၁၁ နာရီ ၃၈ မိနစ်နှင့် ၄၂ မိနစ်နှင့် ၅၀ မိနစ်တို့တွင် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး Mi-35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှု မရှိသော်လည်း ရဲဘော်များ အိပ်ဆောင် တဲ ၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot



https://t.me/m2nQSzdXozljZmM1
တော်လှန်ရေးက ဘယ်တော့ပြီးမှာလဲ.......တဲ့

ပြန်မေးချင်တယ် သင်ကိုယ်တိုင်က ဘယ်လောက်ထိ ပါဝင်ပြီးပြီလဲလို့....

ကျနော်တို့ဟာ ငတ်နေလို့ စားစရာမရှိလို့ တော်လှန်နေကြတာမဟုတ်ဘူး ကျတော်တို့ဟာ တော်လှန်ရင်းနဲ့ စားစရာမရှိတာ့တာ စားဝတ်နေရေးအတွက်အလုပ်မလုပ်နိုင်ခဲ့ဘူး နေစရာအိမ်ရှိလျှက်နဲ့ အိမ်မှာ အေးအေးလူလူမနေရဘူး ညီအစ်ကိုမောင်နှမတွေ ဆွေမျိုးသားချင်းတွေရှိခဲ့တယ် အကြောင်းမျိုးစုံနဲ့ ခွဲခွာခဲ့ရတယ် မကောင်းမှုတိုင်းကို ဒီအတိုင်း လက်ပိုက်မကြည့်နိုင်ခဲ့တဲ့ ကျနော်တို့တွေဟာ မကောင်းမှုတွေပေါ်လာတိုင်း တော်လှန်နေကြရဦးမှာဖြစ်တယ်။

တော်လှန်ရေးဆိုတာ ကျနော်တို့အတွက် ဘဝနေထိုင်မှုပုံစံအဖြစ် ရဲရဲဝံ့ဝံ့ခံယူထားပြီးသားဖြစ်တယ် ကျနော်တို့ရဲ့ ခွန်အားတွေ အသက်၊ သွေး၊ ချွေး၊ ခန္ဓာ ပုံအောပြီး ယုံကြည့်ချက် ခံယူချက်အပြည့်နဲ့ တော်လှန်ရေးခရီးရောက်အောင် အားစိုက်နေကြတာဖြစ်တယ်။

စစ်ပညာတွေ တက်မြောက်ဖို့ တိုက်ပွဲတွေအနိုင်ရဖို့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ် ပေါက်လာစေဖို့ အစာရေဆာ အငတ်ခံ ပင်ပန်းဆင်းရဲခံပြီး (နှစ်ယောက်ရှိရင်ရန်ဖြစ်တယ် တစ်ယောက်တည်းရှိရင် ကိုပေါင်ကိုလိမ်ဆွဲတက်တဲ့ ကျနော်တို့မြန်မာလူမျိုးတွေဟာ) ကြိုးစားရုန်းကန်ရင်းနဲ့ စုဖွဲ့မှုတွေအားကောင်းလာတယ် ကျနော်တို့ ရှေ့တန်းရောက်ရဲဘော်တွေဟာ မပြည့်စုံမှုတွေကို လစ်လျှူရှုပြီး ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေတယ်

- ဒါတွေကို သိလို့မေးတာလား

- တကယ်ဘဲ မသိတာလား

ကျနော်ပြောမယ် တော်လှန်ရေးပြီးဖို့ရက်က နီးသည်ထက်နီးလာခဲ့ပြီး တော်လှန်ရေးခရီး ဒီထက်မြန်မြန်ရောက်နိုင်ဖို့ ပြီးဖို့ဆိုတာ ကျနော်တို့အားလုံး ကိုယ်နိုင်တဲ့တာဝန်တွေကို ထမ်းဖို့လိုအပ်တယ် ။

ပြည်သူကို့အခြေပြု ပြည်သူကိုမျက်နှာမူတဲ့ ကောင်းမွန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့ ခရီးဆက်နေဦးမှာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ရဲဘော်တွေဟာ တော်လှန်ရေးခရီးရှည်​ကြာလေလေ ပင်ပန်းလေးပါဘဲ။

- ဒါကြောင့်သင်ကိုယ်တိုင် ရဲဘော်တွေကို ခွန်အားတွေပေးဖို့ ​တောင်းဆိုပါရစေ။

#ပခုက္ကူခရိုင်အမှတ်၁၇တပ်ရင်း

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1