ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
🛑ယနေ့ ညနေ (၀၃၅၀)အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊အမှတ်(၂)တံတားအောက် ကမ်းနားလမ်းနှင့် Ocean ရှေ့တွင် အကြမ်းဖက်ဘဲဥများမှ ဖြတ်သန်းသွားလာနေသော ယာဉ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးငွေတောင်းနေကြောင်းသိရှိရပါသည်။🛑

#📅 7.9.2024 Saturday
#📢သတင်းပေးပို့လိုပါက
#💻@specialnewspt007
Forwarded from Hlaing Info
မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်နေ

စက်တင်ဘာလ ၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၁ လအတွင်း လက်နက်ချ အလင်းဝင်ရန် စာထုတ်ပြန်ပြီးနောက် ပျူစောထီး မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်လာကြောင်း အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့ အထိ ၁ လတာအတွင်း သရက်ကန်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနေဖြင့် လက်နက်ချ အလင်းဝင်ရန် အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်ချ အလင်းဝင်ရောက်ခြင်းမရှိသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး အင်အားစုများအနေဖြင့် ကိုင်းတောမရဲစခန်း၊ ဝက်ပုတ်ပျူစခန်းနှင့် ရွာသစ်ရွာ တိုက်ပွဲများ ကဲ့သို့ သရက်ကန် ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု သတိပေးစာတွင် ဖော်ပြထားသည်။

အဆက် - ⤵️⤵️
Forwarded from Magway Regional Scout Network (YU ATARASHI)
8  SEP 2024  6:30  am
⚠️
မြိုင်မြို့နယ်  ၊  ပေါက်မြို့နယ် မှ  မိဘပြည်သူများ  

အကြမ်းဖက်  စစ်ရှုံး စစ်ကောင်စီသည်  အရှုံးကိုလက်မခံနိုင်ဘဲ   တိုက်ပွဲဖြစ်ပွားချင်းမရှိ   စစ်ရေးပစ်မှတ်နှင့်မသက်ဆိုင်တဲ့နေရာတွေကိုပါ   ‌လေကြောင်းတိုက်ခိုက်မှု   ခပ်စိတ်စိတ်ပြုလုပ်လာပါတယ်။

ယမန်နေ့ ညနေကလည်း  ပေါက်မြို့နယ်  ဆေးကြီးတောင် တနေရာကိုလေကြောင်းတိုကခိုက်ခဲ့တယ်လို့သိရပါတယ်။

⚠️⚠️  ပြည်သူများ  သတိထားသွားလာနေထိုင်ကြပါရန်။

#Myaing    #Pauk
MRSN
Sep 8 ,  9:13AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Hlaing Info
"ဒီ ပွဲသည် အနီနဲ့ အစိမ်းကြားက ရန်ပွဲမဟုတ်ဘူး။  NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီက ကြားက ရန်ပွဲမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင် လူပုဂ္ဂိုလ် ၂ ယောက်ကြားက ရန်ပွဲလည်း မဟုတ်ဘူး။ ဒါသည် ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲသာ ဖြစ်တယ်။ မင်းအောင်လှိုင်သည် တိုင်းပြည်နဲ့ လူအားလုံး အားလုံးကို ဒုက္ခမျိုးစုံပေးနေဦးမှာပဲ"

▪️မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း
(နိဂုံး အပိုင်း)

By ရန်ကုန်ခေတ်သစ်

၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို  တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အခုဆိုရင် စစ်ကောင်စီက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်တွေ အထိပါ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ခိုင်းပြီး စစ်ထဲ ဝင်ခိင်းနေပြီ။

အဆက် - ⤵️⤵️
Forwarded from Hlaing Info
Breaking News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက် ၁၀ နာရီခွဲအချိန် လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိ

စက်တင်ဘာလ ၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်းဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လတ်တလော ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

"ရပ်ကွက် ၁ ၊ ဗျူဟာလမ်းနဲ့ တိုင်းရုံးဘက်လို့ ပြောတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ အဆောက်အအုံတွေ ပြိုကုန်တယ်။ ကားတွေလည်း ထိကုန်တယ်။ လေယာဉ်က ဝဲနေတုန်းပဲ။ ဗုံး ၂ လုံးကျဲပြီးသွားတာတောင် ထပ်ဝဲနေတယ်" ဟု လားရှိုးဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အဆက် - ⤵️⤵️
​မော်လိုက်⚠️

ဟုမ္မလင်းလေတပ် ဟလခတက် MI-35P Military Attack Helicopter (1)စီး ​မော်လိုက်မြောက်ခြမ်းဖြတ်၍ တောင်အရပ်သို့ ပျံသန်း။

#NAS
Sep 9, 11:46AM
📡သတင်းပို့ရန် @infonas
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

ယဂိမိုးတွေလာပြီ အညာမြေ
တော်သလင်းမိုးအိမ်အောက်ရှိုး
မြေပုံမှာပါရှိတဲ့ဒေသတွေအားလုံးမှာ မြို့နယ်အလိုက်မိုးရွာနိုင်ပါတယ် မြေပုံလေးကိုထောက်ကြည့်ပါ
ကိုယ်နေတဲ့မြို့နယ်ပါရင် မန့်မှာရေးပေးပါ....
မိုးကြီးရေလျှံနိုင်တဲ့ဒေသတွေကတော့ ညောင်လေးပင်ခရိုင်
တောင်ငူခရိုင် နေပြည်တော်ဧရိယာ လွိုင်ကော်ခရိုင် လင်းခေးခရိုင် ပင်လောင်းပအိုဝ့်ဒေသ တောင်ကြီးခရိုင် ကလောခရိုင်
ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင် ကျောက်ဆည်ခရိုင် မိတ္ထီလာခရိုင်
ရမည်းသင်းခရိုင် မကွေးခရိုင် ချောက်ခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင်ဒေသတွေပဲဖြစ်ကြပါတယ်
ဘေးအန္တရာယ်ကင်းကြပါစေ
ချောင်းပြေးမြောင်းပြေးရွာမည့်မိုးတွေဖြစ်ပါတယ်...
share ပေးကြပါ...
ISSUED TIME
09/09/2024 2:39pm(MMT)


၂၄နာရီအတွင်း
မြို့လှ သာဂရ. ရေတာရှည် နန်ချွန် ကေတုမတီမြို့သစ် ကျွန်းကုန်း မိုးရွာနိုင်ပြီး ဆွာချောင်းရေလှောင်တမံရဲ့ ရေဝေကုန်တန်းမှာမိုးကြီးနိုင်ပါတယ်
ISSUED TIME
09/09/2024 5:22 pm(MMT)


မိတ္ထီလာကန်မယ် 🐟🐟🐟🌧🌧🌧🐟🐟🐟🌧🌧🌧
ဖားကောက်ခဲ့ပါကွယ်
မိုးကြီးမယ် 🐟🐟🐟🐟🐟🐟🐟
ဖောင်တော်ဦးဘုရာပွဲအတွက် မိုးတွေရွာပါလိမ့်မယ် ကြိုတင်ခန့်မှန်းပေးပြီးလည်းဖြစ်ပါတယ်

ဂရုစိုက်ကြပါ
🙏🕊️🌃

မင်း ဂွတ် သီး Su Su San
MRSN
Sep 9 ,  6:39PM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Hlaing Info
ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊

▪️ပခုက္ကူမှ ထွက်လာသော စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး


စက်တင်ဘာလ ၁၀ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေ စကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက် နံနက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကို ဘက်စုံကွေ့အနီးအရောက် အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်လဲကျသေဆုံးပြီး ကျန်စစ် ကောင်စီတပ်သားများမှာ မြို့မရဲစခန်းအတွင်းသို့ ပြန်ပြေးဝင်သွားကြောင်း သိရသည်။

“ရေစကြိုမြို့အဝင်လေးမှာ စောင့်ပစ်တာ၊ နှစ်ဦးကတော့ နေရာတင်မှောက်သွားတယ်။ ကျန်တဲ့သူ တွေက စခန်းထဲပြန်ပြေးဝင်သွားကြတာ၊ ပြီးမှ အဲဒီလဲကျသွားတဲ့ ၂ ဦးကို ပြန်လည်သယ်သွားတာ” ဟု ရေ စကြိုပကဖမှတာဝန်ရှိသူတစ်ဦးကခေတ်သစ်သို့ ပြောကြားသည်။

အဆက် - ⤵️⤵️
ချောက်⚠️

ချောက်နယ်ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဥ် တစ်စီး အရှေ့မြောက်ဘက်သို့ ပျံသန်း။

#WaiHin
Sep 10, 6:23PM
📫သတင်းပို့ရန် @WaiHinScout_Bot
၂၄နာရီအတွင်း
စစ်ကိုင်းတိုင်းအောက်ပိုင်း
မကွေးတိုင်း မန္တလေးတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပြီး
နေပြည်တော်ဧရိယာ ပင်လောင်း ပအိုဝ့်ဒေသ တောင်ကြီးခရိုင် ကလောခရိုင် မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ရှိဒေသတွေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မိုးကြီးရေလျှံနိုင်ပါတယ်။

Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
SSNTIMES
မြန်မာပြည်မှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို နေရာမှန်ရောက်အောင် မပို့နိုင်သရွေ၊ဖြုတ်မချနိုင်သရွေ့တော့

ခင်ဗျားတို့ ကျုပ်တို့ဘဝက ငရဲကို နေ့ချင်းပြန် သွားနေရသလို နေမှာပဲ

အဲ့တော့ ငုံ့ခံမှာလား တုံ့ပြန်မှာလား ကြိုက်တာရွေးကြ ငရဲမှာ ပျော်နေရင်တော့ မသိဘူးဗျာ
Media is too big
VIEW IN TELEGRAM
မကွေးဒေသ၊ မြိုင်မြို့နယ် မြိုင်-ရေစကြိုလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ ၂ ထပ်တိုက်ဂိတ်စခန်းနဲ့ ဘန်ကာတွေကို မြိုင် ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ဒရုန်းလက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

ရခိုင်ရိုးမပေါ်မိုးအားအနည်းငယ်လျော့ကျလာနေသော်လည်း မကွေးတိုင်းအနောက်ပိုင်းဒေသတွေမှာမိုးတော့ရွာပါဦးမယ်
ချင်းပြည်နယ် ဟားခါးခရိုင် မတူပီခရိုင် ပလက်ဝ ကျောက်တော် ဘူးသီးတောင် မောင်းတော ပုဏ္ဍာကျွန်း ရသေ့တောင် စစ်တွေ ကျောက်ဖြူ ရမ်းဗြဲကျွန်း မာန်အောင်ကျွန်း သံတွဲ တောင်ကုတ် မအီ အမ်း မင်းပြား မြောက်ဦး မြေပုံ ဒေသတွေမှာ မိုးကြီးနိုင်ပါတယ် ရှမ်းပြည်နယ်အရှေ့ပိုင်းမှစတင်ဝင်ရောက်လာခဲ့သော YAGI UAC သည် နောက်နှစ်ရက်အတွင်း
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေချ့်နိုင်ငံကိုရောက်ရှိမိုးကြီးမှ ပျက်ပျယ်သွားမှာဖြစ်ပါတယ်
ဘေးအန္တရာယ်ကင်းကြပါစေ
ISSUED TIME
13/09/2024 5:52am(MMT)


Bebinca Typhoon (category 3)
မုန်တိုင်အမည် Bebinca
မကာအိုအမည် ကိတ်မုန့်ပူတင်းလို့အဓိပ္ပါယ်ရပါတယ်
ပူတင်းတိုင်းဖုန်းမုန်တိုင်းပေါ့
တရုတ်နိုင်ငံအရှေ့ပိုင်းဒေသတွေကို စက်တင်ဘာလ၁၅ရက်နေ့မှ ၁၇ရက်နေ့အတွင်း ပူတင်းမိုးတွေအဝကျွေးစေနိုင်ပါတယ် မုန်တိုင်းအဆင့်က cat 3အဖြစ်ဝင်ရောက်နိုင်ပါတယ်
မြန်မာကိုသက်ရောက်ဖွယ်မတွေ့ရှိရသေးပါဘူး
ISSUED TIME
13/09/2024 6:12am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
MRSN
Sep 13 , 8:07AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
ဒီထဲလာဟောင်နေတဲ့ခွေးဝဲစားလေး လာဖတ်လှည့်အုံး😂😂
⤵️⤵️⤵️
‼️နမခ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရ‼️

■ တိုက်ခိုက်ခံရမှုကို သတင်းပေါက်ကြားမှု မရှိစေရေးအတွက် ဖုံးဖိထားကြရန် နမခ တိုင်းမှူး ပြောကြား

စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက မုံရွာ အခြေစိုက် စစ်ရှုံးကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကာ အဆိုပါ သတင်းကို နမခ တိုင်းစစ်ဌာနချုပ်က အပြင်သို့ သတင်းမပေါက်ကြားအောင် ဖုံးဖိထားကြောင်း ဖရဲသီးက သတင်းပေးပို့လာပါတယ်။

၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် နမခအတွင်း ရောက်ရှိနေတဲ့ ခမရ ၁၆ က အရာရှိ စစ်သည်တချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပြီး တိုပြတ် ကျိုးကန်း ဖွာလန်ကြဲတွေကို ၄/၃၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊

အဆိုပါ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်းက နမခ တိုင်းရုံးအတွင်း တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် ဦးဆောင်ကာ အထူး အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ အကြိတ်ခံရတဲ့ကိစ္စကို သတင်းပေါက်ကြားမှု မရှိစေရေးအတွက် ဖုံးဖိထားကြရန် ထပ်ကာထပ်ကာ ပြောဆိုခဲ့ကြောင်း ဖရဲသီးက ဖော်ကောင်လုပ်ထားပါတယ်။

#4C_TruthNews
Forwarded from EAR, Org.
မိတ္ထီလာ

ရှမ်းတဲလေတပ်မှ Y-12 Military Transport Aircraft 1 စင်း အနောက်တောင်သို့ ပျံတက်။

14:05, Sep 13
#EAR
မကွေး⚠️

မကွေးလေတပ် ကလခမှ JF-17 Thunder Fighter Jet(1)စီး အ​နောက်​တောင်အရပ်သို့ ပျံတက်။

#NAS
Sep 13, 2:29PM
📡သတင်းပို့ရန် @infonas
ဟုမ္မလင်း⚠️

ဟုမ္မလင်းလေတပ် ဟလခမှ MI-35P Attack Helicopter (1)စီး အရှေ့တောင်အရပ်သို့ ပျံတက်။

#NAS
Sep 13, 2:30PM
📡သတင်းပို့ရန် @infonas
This media is not supported in your browser
VIEW IN TELEGRAM
ပင်းတယမြို့၊ ပုန်းတလုပ်ရေကန်ကြီး အနီးရှိ ရွှေဥမင်ဘုရားတောင်ခြေမှ ရေများ ပန်းထွက်လာခြင်းဖြစ်ကြောင်း မြို့ခံ တစ်ဦးတင်တာ တွေ့ရပါတယ် အခုလိုမထွက်တာ ၁၉ နှစ်ကျော် ကြာခဲ့ပြီလို့လည်း သိရပါတယ်။

အနီးအနား ပတ်ဝန်းကျင် မြေပြိုမှုများ ဖြစ်ပွားလာနိုင်တဲ့အတွက် နီးစပ်သူတွေ ရှောင်ရှားပြီး ‌သတိနဲ့ နေထိုင်ကြဖို့ အသိပေးပါတယ်။
ဆရာကျားရဲ့ ရေဘေးအလှူပန်းချီကားလေလံကတော့ USD 8000 ရရှိထားပါပြီရှင်။

အမိမြန်မာပြည်ရဲ့ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေထံ အနုပညာအင်အားနဲ့ ဘယ်လောက်ပမာဏ ကူညီခွင့်ရမလဲ ရင်ခုန်စရာပါပဲ။

တစ်ဖက်တစ်လမ်းက အားဖြည့်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိ။
😇
တော်လှန်ရဲဘော်ပြည်သူများ

မင်္ဂလာရှိသော မနက်ခင်းလေးပိုင်ဆိုင်နိုင်ပြီး ကျန်းမာချမ်းသာ ဘေးရန်ကင်းရှင်းစွာဖြင့် တနေ့တာကို ဖြတ်သန်းနိုင်ဖို့ရာ SSNမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏

#SSN
Sep 20,7:43 AM

📫သတင်းပို့ရန် @SagaingSNetworkbot