ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from လူထုခေတ်
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်

ဖေဖော်ဝါရီ ၊ ၁၄ ၊ ၂၀၂၅ ။
လူထုခေတ်

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်ထိပ်တန်းစစ်ခေါင်းဆောင်အချို့ ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်များနှင့် အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိတ်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ -BROUK က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီစ်း(Buenos Aires)တရားရုံးက မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် တောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒါဟာ ရိုဟင်ဂျာတွေနဲ့ ဗမာစစ်တပ်အောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းအတွက် တရားမျှတမှုရရှိစေမဲ့ သမိုင်းဝင်ခြေလှမ်းပဲဖြစ်ပါတယ်။ဒါက ဆယ်စုနှစ်ချီ လူမျိုးတုံးသတ်ဖြတ်မှုဒဏ်ကို ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ၊ သူတို့ မိသားစုဝင်‌တွေ သတ်ဖြတ်တယ်။ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမဲ့ အပြစ်ပေး အရေးယူမှု မရှိတာကို စောင့်ကြည့်နေရတဲ့ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ယူဆောင်လာပေးတာပါ။ ကမ္ဘာတဝှမ်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေ ကြီးထွားလာတဲ့အချိန် နိုင်ငံတကာတရားမျှတမှုအတွက် အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်”ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်သည့် မြန်မာအရပ်သားနှင့်စစ်ဘက်ခေါင်းဆောင်များ၏ အခန်းကဏ္ဏကို အာဂျင်တီးနားတရားရုံးတွင် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။


ယင်းအမှုကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ၏တရားဝင်ကိုယ်စား လှယ် ဦးထွန်းခင်နှင့် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားရုံး၏ စုံစမ်းစစ်ဆေးမှုများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် ဖမ်း၀ရမ်းထုတ်ခံရသူများတွင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၂၃ ဦးပါဝင်ကြောင်းလည်းသိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ တရားလိုရှေ့နေ Karim Khan က တင်ပြတောင်းဆိုခဲ့သေးသည်။

လက်ရှိတွင် ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် စီရင်ချက် မချရသေးသော်လည်း အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်းထုတ်လိုက်သည့် ဆုံး ဖြတ်ချက်ကြောင့် ICC တရား ရုံး၏ ဖမ်းဝရမ်းထုတ်ရေး တောင်းဆိုမှုကို အား ဖြည့် လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်း၀ရမ်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရဲတပ်ဖွဲ့ INTERPOL ထံသို့ ရောက်ရှိနိုင်ပြီး အဖွဲ့ဝင် ၁၉၆ နိုင်ငံအားလုံးတွင် 'အနီရောင်သတိ ပေးချက်' ထုတ်ပြန်ကာ မင်းအောင်လှိုင်နှင့် စစ်တပ်တာဝန်ရှိသူများကို အာဂျင်တီးနားတရားရုံး၏ တရားခွင်သို့လွှဲပြောင်းပေးရန် ဦးတည်သွားနိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် INTERPOL အင်တာပိုလ်ရဲတပ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး အခြေအနေများအရ ဖမ်း၀ရမ်းထုတ်ခံထားရသည့် မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များကို ဖမ်းဆီးပေးနိုင်မည့် အခြေ အနေ မရှိဟု BROUK ၏ ထုတ်ပြန်ချက်တွင် ရေးသားသည်။

#ရိုဟင်ဂျာ #မင်းအောင်လှိုင် #ဖမ်းဝရမ်း
⚠️ရေစကြို

ပခန်းကြီး တောင်မင်းကျောင်း ရပ်ကွက်ဖောင်တော်ဦး ဘုန်းကြီးကျောင်းမှာ ခွေး အင်အား 40ခန့် ရောက်ရှိနေပြီး ဆင်ချောင်း ပျူရွာမှ  ပျူခေါင်းဆောင် ငလင်းမှ  ခဲယမ်းများဖြည့်တင်းသွားကြောင်း သိရှိရ။ 11:23AM

MRSN
#3SM

Feb 14,  11:31PM

https://t.me/m2nQSzdXozljZmM1


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့ပေါ်

​ယမန်နေက မြိုင် စက်မှု ၂ စက်ရုံမှမြိုင်မြို့ပေါ်သို့ဝင်ရောက်ထားသော စစ်ခွေးစစ်ကြောင်းနှင် ရိက္ခာကား ၁၁ တစ်စီး အနက် ၉ စီးအား စီဖြည့် ပြင်ဆင်ထားကြောင်းသိရပါသည်။


Feb 14/12:00PM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/m2nQSzdXozljZmM1
တောင်ကတုံး စခန်းကို KA သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
★★★★★★★★★

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်တပ်၏ ပွိုင့် ၅၄၁၆ တောင်ကတုံးစခန်း (စစ်ဆင်ရေး ခြေကုပ်စခန်း) ကို ကရင်နီတပ်မတော်(KA)က ယမန်နေ့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါသည်။
ယနေ့မနက် ၁၀ နာရီ မီနစ် ၂၀ အချိန်က ကလေးမြို့နယ် နတ်ချောင်း တိုက်နယ်ဆေးရုံ အား ဂျတ်ဖိုက်တာ ၁ စီး ဗုံး ၂လုံး နှင့် တိုက်ပွဲးဖြစ်ပွားခြင်းမရှိ ဘဲးအကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး ပြက်စီးသွားကြောင်းသိရပါသည်။

Feb 14 /6:30PM

#3SM

3 Star Myaing
အထက်တန်းကျောင်းထဲထိ ပေါ်တာ ဝင်ဆွဲနေတယ်ဆိုတဲ့သတင်းက ဒီရက်ထဲ တသဲ့သဲ့ကြားလာနေရပါတယ်။
ရန်ကုန်တိုင်းထဲက ကျောင်း တကျောင်းလို့သိထားရပေမဲ့ ဘယ်ကျောင်းလဲဆိုတာ အတိအကျမသိရသေးပါ။
လူငယ်ကျောင်းသား တချို့ပါသွားတယ်သိရပြီး ပါသွားတဲ့ကျောင်းသားတွေက ယခုအချိန်ထိ အိမ်ပြန်မရောက်လာသေးဘူးလို့လည်း သိရပါတယ်။

သတင်းတိကျခိုင်မာမှုရှိမရှိကို ဆက်လက်စုံစမ်းနေသေးတာမို့ သတင်းအတည်ပြုတာကို စောင့်ပေးကြပါ။

ဖက်ဆစ်ခွေးမိစ္ဆာထိန်းချုပ်နယ်မြေတွေက မိဘပြည်သူများ... မိမိတို့ရဲ့ သားသမီးအရွယ်ကောင်းတွေကို အထူဂရုစိုက်ကြဖို့ အမြဲသတိပေးကြပါ။ ညအိပ်ညနေတွေအပြင်မထွက်ကြဖို့၊ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ဘီလိယက်ခုံတွေမှာ အချိန်နောက်ကျတဲ့အထိ နေတာထိုင်တာတွေကို ​ရှောင်ကြဥ်ကြဖို့ မှာချင်ပါတယ်။
14.2.25.

ပခုက္ကူခွေးခြံ၁၀၁
(၆နာရီ) လောက်တွင်
စက်လေထီး မြောက်အရပ်သို့.(၄၅မိနစ်ခန်)
ပျံဝဲလာသည်လို့သိရ
ပြည်သူများနှင့်တော်လှန်ရေးရဲဘော်များအထူးသတိပြုနေကြပါရန်..

3 Star Myaing

https://t.me/m2nQSzdXozljZmM1
"ဗန္ဓုလ စစ်မှုထမ်းဖို့ ရှက်နေရှာတဲ့ ခွေးတပ်"

ဒုန်း ဝုန်း ဝုန်း ကျွီ ဆိုတဲ့ မြည်သံကြီးနဲ့အတူ ဗန်းမော်မြို့အဝင်က စစ်သူကြီး မဟာဗန္ဓုလအရုပ် အသက်ဝင်လာသည်။

ဘေးဘီလှည့်ကြည့်ရင်း အနားတွေ့သည့် လူတယောက်ကို မေးလိုက်သည်။

"နောင်ကြီး ဘာတွေဖြစ်နေတာလဲဗျ။ တမြို့လုံးလည်း ပွရာကျဲလို့။ သေနတ်သံတွေလည်း ဆူညံပြီး လူတွေလည်း တောင်ပြေးမြောက်ပြေးနဲ့"

"အဲ့ဒါ စစ်ခွေးတွေ KIA ကို မနိုင်လို့ လေယာဉ်နဲ့ဗုံးကျဲပြီး မြို့ရွာတွေ ဖျက်ဆီးနေတာဗျ"

"ဘယ်က စစ်ခွေးလဲ ဒီနားလည်း ဘာခွေးမှ မရှိပါဘူး။ စစ်ခွေးကကော အဲ့လို လုပ်လို့ရလို့လားဗျ။ ကျွန်တော် ဘယ်ခေတ်ရောက်နေတာလဲ"

"ဒါ ၂၁ ရာစုရဲ့ ၂၀ ရာစု အခင်းအကျင်းဗျာ။ စစ်ခွေး ဆိုတာ မင်းအောင်လှိုင်တပ်က မင်းအောင်လှိုင်ကျွန် ခြေနှစ်ချောင်းပေါ်ရပ်ပြီး ခွေးစိတ်ဝင်နေတဲ့ ကောင်တွေ။ အဲ့ကောင်တွေက စစ်မနိုင်တာနဲ့ ပြည်သူ့တွေကို ပတ်ရမ်းနေတာဗျာ။ စစ်ခွေးတွေ သောင်းကျန်းနေတာဗျာ။ ပြည်သူ့အိမ်တွေ မီးရှို့တယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကျဲတယ်။ ပြည်သူကို အနိုင်အထက်ကျင့်တယ်။ လက်နက်ကိုင်ချင်း တွေ့ရင်တော့ အဲ့စစ်ခွေးတွေက ဦးအောင်ပြေးတယ်။ မလွတ်ရင် လက်နက်ချတယ်ဗျာ။ ခေါင်းဆောင်ကစ အောက်ခြေထိ $ခွက်ပြောင်ကြတယ်ဗျာ"

"ဪ အဲ့လိုလား"

"ဒါ့ထက် ငါကိုယ်တော်က ဒီနေရာ ဘယ်လို ရောက်နေတာလဲ"

"ခင်ဗျားကို ရာဇဝင်မှာ စာတင်တဲ့ စစ်ဘုရင် ဆိုပြီး စစ်ခွေးတွေ ခေါ်လာတာပဲဗျာ၊ ခင်ဗျား ဒီနေရာ စောင့်နေရတာ"

"ဟေ....အဲ့လိုလား"

"အခု ခင်ဗျား အသက်ဝင်လာပြီ ဆိုတော့ စစ်ခွေးတွေ ခင်ဗျားကို စစ်မှုထမ်းဥပဒေနဲ့ ဖမ်းပြီး စစ်ခွေးတပ်ထဲထည့်ပြီးတော့ ရှေ့တန်းပို့လိမ့်မယ်။ သူတိူ့လုပ်သလို လုပ်ခိုင်းလိမ့်မယ်ဗျ"

"အောင်မလေးဗျ....တော်ပြီ...တော်ပြီ...ဒီစစ်ခွေးလက် ရောက်ရင်တော့ ငါလည်း စစ်သူကြီး ဗန္ဓုလကနေ စစ်ရှုံးကောင် ဂန်ဒူးကွ ဖြစ်ရလိမ့်မယ်...မဖြစ်ဘူး....ငါ  ရှက်တယ် ငါရှက်တယ်" ဆိုကာ လက်ထဲရှိသော ဓါးဖြင့် မျက်နှာကို လှီးရင်း ပြန်ဝင်လာသော အသက်ကို ဇီဝိန်ပြန်ခြွေလေတော့သတည်း...။

Veo
#4C#

14.2.25. 9:16PM

3 Star Myaing

https://t.me/m2nQSzdXozljZmM1